International

ယူကရိန်းပြည်သူတွေကို လှူဒါန်းဖို့ ကိုယ်လုံးတီးပုံကို တင်ခဲ့တဲ့ အိုလံပစ်အားကစားမယ်

ဆောင်းရာသီ အိုလံပစ် နှင်းလျှောစီး အားကစားမယ် ဂျူလီယန် ဆီးဖာ့တ်ဟာ ယူကရိန်းပြည်သူတွေအတွက် ရန်ပုံငွေများများ ရှာဖွေနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကိုယ်လုံးတီး ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ပြန်လည်မျှဝေခဲ့ပါတယ်။

ဆီးဖာ့တ်ဟာ ဘေကျင်းမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ အမျိုးသမီး ပုံမှန်တစ်ဦးချင်း နှင်းလျှောစီးပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လက ပလေးဘွိုင်းမဂ္ဂဇင်းအတွက် ကိုယ်လုံးတီးပုံ ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီးဖာ့တ်ဟာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခခံစားနေရတဲ့ ယူကရိန်း ပြည်သူတွေအတွက် ရန်ပုံငွေ ရှာဖွေိုင်ဖို့အတွက် အဲဒီ ကိုယ်လုံးတီးပုံတွေကို နောက်ထပ်တစ်ကြိမ် ထပ်တင်ခဲ့သလို သူမရဲ့ အကျႌကိုလည်း လေလံတင်ခဲ့ပါတယ်။(ပုံကြည့်ချင်သူများ Juliane Seyfarth Playboy လို့ ရိုက်ပြီးရှာပါ)

ပလေးဘွိုင်းက အင်စတာဂရမ်မှာ ဆီးဖာ့တ်ရဲ့ သားမြတ်ကို ဆင်ဆာဖြတ်ထားတဲ့ပုံနဲ့အတူ “ဂျူလီယန် ဆီးဖာ့တ်ရဲ့ ကြီးမားတဲ့လေလံပွဲကြီး။ နှင်းလျှောစီးသမားနဲ့ မတ်လ ၂၀၂၁ ခုနှစ်ရဲ့ ပလေးဘွိုင်းကာဗာအလှမယ်ဟာ ဝတ်ဆင်ထားတဲ့ အကျႌနဲ့ ၂၀၂၂ ဘေကျင်း ဆောင်းရာသီ အိုလံပစ်အတွက် လက်မှတ်ထိုးထားတဲ့ ဝတ်စုံနံပါတ်တွေကို ပေးသွားမှာဖြစ်ပါတယ်။

သူမဟာ ဒီကရတဲ့ ငွေကြေးအားလုံးကို ယူကရိန်းစစ်ပွဲမှာ ခံစားနေရတဲ့ ပြည်သူတွေကို ထောက်ပံ့ဖို့ @rtlwirhelfenkindern ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ @unitedcharity မှာ ဝတ်စုံနံပါတ်အတွက် လေလံတင်နိုင်ပါပြီ။ ဘာတွေများ စောင့်ဆိုင်းနေတာလဲ”လို့ ရေးသားခဲ့ပါတယ်။

Wir helfen Kindern ဟာ အင်္ဂလိပ်လို အဓိပ္ပာယ်ဆိုရင် We Help Children လို့ အဓိပ္ပာယ်ရပြီး ယူကရိန်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကို တိုက်ရိုက် အာရုံစိုက် လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အားကစားကြယ်ပွင့်တွေကလည်း လက်ရှိမှာတော့ လူအများသိအောင် လုပ်ဆောင်ပေးနေကြပြီဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီးဖာ့တ်ဟာ ဘေကျင်း ဆောင်းရာသီအိုလံပစ်မှာ စွမ်းဆောင်ရည်ကောင်း မပြသနိုင်ခဲ့ဘဲ အဆင့် ၁၉ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ဆလိုဗက်ကီးယား အာဆာ ဘိုဂိုတာ့ဂျ်က ရွှေတံဆိပ်ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီးဖာ့တ်ဟာ သူမရဲ့ စိတ်ပျက်စရာ ပြိုင်ပွဲရလဒ်ကို မေ့ဖျောက်နိုင်ဖို့အတွက် အကောင်းဆုံးနည်းက ဥရောပမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဒဏ်ခံနေရသူတွေအတွက် ရန်ပုံငွေကို အွန်လိုင်းကနေ ရှာဖွေဖို့ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဆာင္းရာသီ အိုလံပစ္ ႏွင္းေလၽွာစီး အားကစားမယ္ ဂ်ဴလီယန္ ဆီးဖာ့တ္ဟာ ယူကရိန္းျပည္သူေတြအတြက္ ရန္ပုံေငြမ်ားမ်ား ရွာေဖြနိုင္ဖို႔ ေမၽွာ္လင့္ခ်က္နဲ႔ ကိုယ္လုံးတီး ရိုက္ကူးထားတဲ့ ဓာတ္ပုံကို ျပန္လည္မၽွေဝခဲ့ပါတယ္။

ဆီးဖာ့တ္ဟာ ေဘက်င္းမွာ က်င္းပခဲ့တဲ့ ေဆာင္းရာသီ အိုလံပစ္ၿပိဳင္ပြဲမွာ အမ်ိဳးသမီး ပုံမွန္တစ္ဦးခ်င္း ႏွင္းေလၽွာစီးၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ မတ္လက ပေလးဘြိဳင္းမဂၢဇင္းအတြက္ ကိုယ္လုံးတီးပုံ ရိုက္ကူးေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆီးဖာ့တ္ဟာ ႐ုရွားရဲ့ က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ စစ္ေဘးဒုကၡခံစားေနရတဲ့ ယူကရိန္း ျပည္သူေတြအတြက္ ရန္ပုံေငြ ရွာေဖြိုင္ဖို႔အတြက္ အဲဒီ ကိုယ္လုံးတီးပုံေတြကို ေနာက္ထပ္တစ္ႀကိမ္ ထပ္တင္ခဲ့သလို သူမရဲ့ အက်ႌကိုလည္း ေလလံတင္ခဲ့ပါတယ္။(ပုံၾကည့္ခ်င္သူမ်ား Juliane Seyfarth Playboy လို႔ ရိုက္ၿပီးရွာပါ)

ပေလးဘြိဳင္းက အင္စတာဂရမ္မွာ ဆီးဖာ့တ္ရဲ့ သားျမတ္ကို ဆင္ဆာျဖတ္ထားတဲ့ပုံနဲ႔အတူ “ဂ်ဴလီယန္ ဆီးဖာ့တ္ရဲ့ ႀကီးမားတဲ့ေလလံပြဲႀကီး။ ႏွင္းေလၽွာစီးသမားနဲ႔ မတ္လ ၂၀၂၁ ခုႏွစ္ရဲ့ ပေလးဘြိဳင္းကာဗာအလွမယ္ဟာ ဝတ္ဆင္ထားတဲ့ အက်ႌနဲ႔ ၂၀၂၂ ေဘက်င္း ေဆာင္းရာသီ အိုလံပစ္အတြက္ လက္မွတ္ထိုးထားတဲ့ ဝတ္စုံနံပါတ္ေတြကို ေပးသြားမွာျဖစ္ပါတယ္။

သူမဟာ ဒီကရတဲ့ ေငြေၾကးအားလုံးကို ယူကရိန္းစစ္ပြဲမွာ ခံစားေနရတဲ့ ျပည္သူေတြကို ေထာက္ပံ့ဖို႔ @rtlwirhelfenkindern ေဖာင္ေဒးရွင္းကို လႉဒါန္းသြားမွာျဖစ္ပါတယ္။ @unitedcharity မွာ ဝတ္စုံနံပါတ္အတြက္ ေလလံတင္နိုင္ပါၿပီ။ ဘာေတြမ်ား ေစာင့္ဆိုင္းေနတာလဲ”လို႔ ေရးသားခဲ့ပါတယ္။

Wir helfen Kindern ဟာ အဂၤလိပ္လို အဓိပၸာယ္ဆိုရင္ We Help Children လို႔ အဓိပၸာယ္ရၿပီး ယူကရိန္းမွာ လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡကို တိုက္ရိုက္ အာ႐ုံစိုက္ လႉဒါန္းမႈေတြ ျပဳလုပ္ေနတာျဖစ္ၿပီး အားကစားၾကယ္ပြင့္ေတြကလည္း လက္ရွိမွာေတာ့ လူအမ်ားသိေအာင္ လုပ္ေဆာင္ေပးေနၾကၿပီျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဆီးဖာ့တ္ဟာ ေဘက်င္း ေဆာင္းရာသီအိုလံပစ္မွာ စြမ္းေဆာင္ရည္ေကာင္း မျပသနိုင္ခဲ့ဘဲ အဆင့္ ၁၉ ေနရာမွာသာ ရပ္တည္နိုင္ခဲ့ၿပီး ဆလိုဗက္ကီးယား အာဆာ ဘိုဂိုတာ့ဂ်္က ေရႊတံဆိပ္ဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆီးဖာ့တ္ဟာ သူမရဲ့ စိတ္ပ်က္စရာ ၿပိဳင္ပြဲရလဒ္ကို ေမ့ေဖ်ာက္နိုင္ဖို႔အတြက္ အေကာင္းဆုံးနည္းက ဥေရာပမွာ ျဖစ္ပြားေနတဲ့ စစ္ပြဲဒဏ္ခံေနရသူေတြအတြက္ ရန္ပုံေငြကို အြန္လိုင္းကေန ရွာေဖြဖို႔ျဖစ္တယ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.