Premier League

ဒိုင်လူကြီးတွေကို တောင်းဆိုခဲ့တဲ့ ဆာကာကို ငါ့ဖင်ကိုလည်း လာကြည့်လိုက်ဦးလို့ တုံ့ပြန်လိုက်တဲ့ ဂျရတ်

စတီဗင် ဂျရတ်ဟာ အက်စတန် ဗီလာအသင်းကို အာဆင်နယ်က အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဒိုင်လူကြီးတွေကို အကာအကွယ်ပိုပေးကြဖို့ တောင်းဆိုခဲ့ပြီးနောက် အာဆင်နယ်ကြယ်ပွင့် ဆာကာကို ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဆာကာရဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးက ၎င်းရဲ့ ယခုရာသီပရီးမီးယားလိဂ် ၁၀ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပိုမိုအားကောင်းစေဖို့အတွက် အဝေးကွင်း ၅ ပွဲမြောက်နိုင်ပွဲကို ရရှိစေဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။

ဗီလာပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရတဲ့ပွဲစဉ်ဟာ အာတီတာရဲ့အသင်းအတွက် ၆ ရက်အတွင်း ၃ ပွဲမြောက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပေမယ့်လည်း နိုင်ပွဲကြောင့် အဆင့် ၅ နေရာက မန်ချက်စတာယူနိုက်တက်ထက် ၄ မှတ်အသာ ပွဲအရေအတွက် ပိုမိုလျော့နည်းပြီး အဆင့် ၄ နေရာမှာ အခိုင်အမာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ မစ်ဒ်လန်းစ်က ၎င်းတို့ရဲ့ အောင်ပွဲအတွက် အောင်ပွဲခံခဲ့ပေမယ့်လည်း ဂျရတ်ရဲ့အသင်းဟာ နောက်ဆုံး ဝီစီမမှုတ်ခင်အထိ ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ဆာကာဟာ ဗီလာရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကို ခံခဲ့ရပြီး ဒိုင်လူကြီး အန်ဒရူး မက်ဒ်လေကို စောဒကတက်ခဲ့ပြီးနောက် အက်စတန် ဗီလာပရိသတ်တွေအတွက် နံပါတ် ၁ ရန်သူ ဖြစ်လာခဲ့တာဖြစ်ပေမယ့် အသက် ၂၀ အရွယ်ကစားသမားက ဒိုင်လူကြီးနဲ့ စကားစမြည်ပြောဆိုခဲ့တာက ပြိုင်ဘက်ကစားသမားတွေရဲ့ ဖျက်ထုတ်မှုကနေ ပိုမိုအကာအကွယ်ပေးဖို့အတွက် တောင်းဆိုခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော် စောဒကတက်ခဲ့တာမဟုတ်ပေမယ့် ဒါက ကျွန်တော့်ရဲ့ပွဲဆိုတာ သူ့ကို သိစေချင်ခဲ့ပါတယ်။ ကျွန်တော် ကစားသမားတွေဆီကို ပြေးလွှားမယ်။ ပြိုင်ဘက်ကစားသမားတွေက ကျွန်တော့်ကို ကန်ထုတ်ဖို့ ကြိုးပမ်းတဲ့အခါမှာ တစ်ခါတလေကျရင် ကျွန်တော် နည်းနည်းပိုပြီး အကာအကွယ်ပေးမှုမျိုး လိုအပ်ပါတယ်။ ကျွန်တော့်ခြေချင်းဝတ်က နည်းနည်း သွေးထွက်နေတယ်။ ဒါပေမယ့် ကျွန်တော် နောက်လာမယ့်ပွဲမှာ တူညီတဲ့အရာတွေကို လုပ်ဖို့ ပါဝင်ကစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲတလျှောက်လုံး စိတ်ပျက်နေတဲ့ ပုံစံပေါ်နေခဲ့တဲ့ အက်စတန် ဗီလာနည်းပြ စတီဗင် ဂျရတ်က ဆာကာရဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမားအတွက် သင်ယူရမယ့်အခိုက်အတန့်ဖြစ်သင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူက ကစားသမားကောင်းတစ်ယောက်ပါ။ အရမ်းထူးချွန်တဲ့ ပါရမီရှိတဲ့သူပါ။ ကျွန်တော် သူ့ကို နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ သူ စောဒကတက်လို့မရပါဘူး။ ဒါက ဘောလုံးကစားနေတာပါ။ ကျွန်တော်အခု ဒီမှာထိုင်နေတာ တင်ပါးမှာ ချုပ်ရာတွေနဲ့ပါ။ ကျွန်တော် ခွဲစိတ်ကုသမှု ၁၆ ကြိမ်လောက် ခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက အားကစားခန်းမကို သွားဖို့တောင် ကျွန်တော် ရုန်းကန်ခဲ့ရပါတယ်။ ဒါက အင်္ဂလိပ်ဘောလုံးလောကရဲ့ နောက်ကွယ်က နေထိုင်မှုပါပဲ။ သူ လေ့လာသင်ယူရမှာဖြစ်ပြီး လျင်လျင်မြန်မြန်ပဲ သင်ယူရပါလိမ့်မယ်”

“ကျွန်တော်တို့က အရမ်းကြမ်းတမ်းတယ်လို့ သူ ပြောခဲ့တာလား။ သူတို့တွေကရော ဒီနေ့ ဘာပြစ်ဒဏ်မှ မကျူးလွန်ခဲ့ကြဘူးလား။ အဲဒါက ပြိုင်ပွဲရဲ့အစိတ်အပိုင်းတစ်ခုပဲ။ နောက်ဆုံးတစ်ခေါက် ကျွန်တော်ကြည့်ခဲ့တဲ့အချိန်မှာ အဲဒါက ထိတွေ့မှုမရှိတဲ့ အားကစားမဟုတ်ပါဘူး။ ဖျက်ထုတ်မှုတွေက ခွင့်ပြုခြင်းခံထားရတယ်လို့ ကျွန်တော် ထင်တယ်။ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကို ခွင့်ပြုထားတယ်။ တရားမျှတမှုရှိနေသရွေ့တော့ ကြမ်းကြမ်းတမ်းတမ်း ကစားတာကို ခွင့်ပြုထားပါတယ်”

ဆာကာရဲ့ပွဲအပေါ် သုံးသပ်မှုနဲ့ပတ်သက်ပြီး သဘောမတူခဲ့ပေမယ့်လည်း ဂျရတ်က ၎င်းအသင်းရဲ့ စွမ်းဆောင်ရည်ကင်းမဲ့မှုနဲ့ပတ်သက်ပြီး ရိုးရိုးသားသား လက်ခံခဲ့ပြီး ဧည့်သည်အာဆင်နယ်အသင်းအနေနဲ့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲဒါက ခက်ခဲတဲ့ ပထမပိုင်းတစ်ပိုင်းဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲကို ခက်ခဲအောင် ခွင့်ပြုခဲ့လို့ပါ။ ကျွန်တော်တို့ လုပ်ဖို့ ကြိုးပမ်းခဲ့တဲ့အရာတွေမှာ အဆုံးအဖြတ်ပေးနိုင်စွမ်းမရှိခဲ့ကြဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်က ယုံကြည်မှုကင်းမဲ့နေခဲ့တယ်လို့ ထင်ပါတယ်။ အဲဒါက ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ ပိုပြီးကောင်းမွန်အောင် ကစားနိုင်တယ်ဆိုတာကို ပြသခဲ့တဲ့အချိန်မတိုင်ခင်အထိပါပဲ။ ကျွန်တော်တို့ ပထမပိုင်းမှာ နောက်ကနေလိုက်ကစားရဖို့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့က ဒုတိယအကောင်းဆုံးပါ။ ကျွန်တော်တို့ ကြမ်းကြမ်းတမ်းတမ်း ကစားဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကျွန်တော်တို့လုပ်နေတာတွေမှာ ယုံကြည်မှုကင်းမဲ့နေခဲ့ပါတယ်”

“တစ်ဦးချင်းစီမှာ ယုံကြည်မှုကင်းမဲ့နေတာလို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျား ဘာလုပ်နေလဲဆိုတာကို မယုံကြည်ဘူးဆိုရင် ပွဲဗျူဟာအတိုင်း အဆုံးသတ်ဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့က ဒုတိယပိုင်းမှာ အဆုံးအဖြတ်ပေးနိုင်စွမ်းမရှိတာ လျော့ပါးလာခဲ့ပြီး အဲဒီကနေတဆင့် စိတ်ဝင်စားစရာအခိုက်အတန့် ၄ ခုကို ဖန်တီးနိုင်ခဲ့တယ်။ စွမ်းဆောင်ရည်ကတော့ အများကြီးပိုပြီး အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:စတီဗင္ ဂ်ရတ္ဟာ အက္စတန္ ဗီလာအသင္းကို အာဆင္နယ္က အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီး ဒိုင္လူႀကီးေတြကို အကာအကြယ္ပိုေပးၾကဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ အာဆင္နယ္ၾကယ္ပြင့္ ဆာကာကို ျပင္းျပင္းထန္ထန္ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

ဆာကာရဲ့ ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ သြင္းဂိုးက ၎ရဲ့ ယခုရာသီပရီးမီးယားလိဂ္ ၁၀ ဂိုးေျမာက္သြင္းဂိုးျဖစ္ၿပီး အာဆင္နယ္အသင္းအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ေမၽွာ္လင့္ခ်က္ ပိုမိုအားေကာင္းေစဖို႔အတြက္ အေဝးကြင္း ၅ ပြဲေျမာက္နိုင္ပြဲကို ရရွိေစဖို႔ လုံေလာက္ခဲ့တာျဖစ္ပါတယ္။

ဗီလာပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ပြဲစဥ္ဟာ အာတီတာရဲ့အသင္းအတြက္ ၆ ရက္အတြင္း ၃ ပြဲေျမာက္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ရတာျဖစ္ေပမယ့္လည္း နိုင္ပြဲေၾကာင့္ အဆင့္ ၅ ေနရာက မန္ခ်က္စတာယူနိုက္တက္ထက္ ၄ မွတ္အသာ ပြဲအေရအတြက္ ပိုမိုေလ်ာ့နည္းၿပီး အဆင့္ ၄ ေနရာမွာ အခိုင္အမာရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ မစ္ဒ္လန္းစ္က ၎တို႔ရဲ့ ေအာင္ပြဲအတြက္ ေအာင္ပြဲခံခဲ့ေပမယ့္လည္း ဂ်ရတ္ရဲ့အသင္းဟာ ေနာက္ဆုံး ဝီစီမမႈတ္ခင္အထိ ႐ုပ္ပိုင္းဆိုင္ရာစြမ္းေဆာင္ရည္နဲ႔ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ ဆာကာဟာ ဗီလာရဲ့ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေတြကို ခံခဲ့ရၿပီး ဒိုင္လူႀကီး အန္ဒ႐ူး မက္ဒ္ေလကို ေစာဒကတက္ခဲ့ၿပီးေနာက္ အက္စတန္ ဗီလာပရိသတ္ေတြအတြက္ နံပါတ္ ၁ ရန္သူ ျဖစ္လာခဲ့တာျဖစ္ေပမယ့္ အသက္ ၂၀ အရြယ္ကစားသမားက ဒိုင္လူႀကီးနဲ႔ စကားစျမည္ေျပာဆိုခဲ့တာက ၿပိဳင္ဘက္ကစားသမားေတြရဲ့ ဖ်က္ထုတ္မႈကေန ပိုမိုအကာအကြယ္ေပးဖို႔အတြက္ ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔ ပြဲအၿပီးမွာ ဝန္ခံေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ ေစာဒကတက္ခဲ့တာမဟုတ္ေပမယ့္ ဒါက ကၽြန္ေတာ့္ရဲ့ပြဲဆိုတာ သူ႔ကို သိေစခ်င္ခဲ့ပါတယ္။ ကၽြန္ေတာ္ ကစားသမားေတြဆီကို ေျပးလႊားမယ္။ ၿပိဳင္ဘက္ကစားသမားေတြက ကၽြန္ေတာ့္ကို ကန္ထုတ္ဖို႔ ႀကိဳးပမ္းတဲ့အခါမွာ တစ္ခါတေလက်ရင္ ကၽြန္ေတာ္ နည္းနည္းပိုၿပီး အကာအကြယ္ေပးမႈမ်ိဳး လိုအပ္ပါတယ္။ ကၽြန္ေတာ့္ေျခခ်င္းဝတ္က နည္းနည္း ေသြးထြက္ေနတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ေနာက္လာမယ့္ပြဲမွာ တူညီတဲ့အရာေတြကို လုပ္ဖို႔ ပါဝင္ကစားသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ပြဲၿပီးသတင္းစာရွင္းလင္းပြဲတေလၽွာက္လုံး စိတ္ပ်က္ေနတဲ့ ပုံစံေပၚေနခဲ့တဲ့ အက္စတန္ ဗီလာနည္းၿပ စတီဗင္ ဂ်ရတ္က ဆာကာရဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္ခဲ့ၿပီး အဂၤလန္ေတာင္ပံကစားသမားအတြက္ သင္ယူရမယ့္အခိုက္အတန႔္ျဖစ္သင့္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူက ကစားသမားေကာင္းတစ္ေယာက္ပါ။ အရမ္းထူးခၽြန္တဲ့ ပါရမီရွိတဲ့သူပါ။ ကၽြန္ေတာ္ သူ႔ကို ႏွစ္သက္ပါတယ္။ ဒါေပမယ့္ အဲဒီအပိုင္းနဲ႔ပတ္သက္ၿပီးေတာ့ သူ ေစာဒကတက္လို႔မရပါဘူး။ ဒါက ေဘာလုံးကစားေနတာပါ။ ကၽြန္ေတာ္အခု ဒီမွာထိုင္ေနတာ တင္ပါးမွာ ခ်ဳပ္ရာေတြနဲ႔ပါ။ ကၽြန္ေတာ္ ခြဲစိတ္ကုသမႈ ၁၆ ႀကိမ္ေလာက္ ခံခဲ့ရတယ္။ အဲဒီအခ်ိန္တုန္းက အားကစားခန္းမကို သြားဖို႔ေတာင္ ကၽြန္ေတာ္ ႐ုန္းကန္ခဲ့ရပါတယ္။ ဒါက အဂၤလိပ္ေဘာလုံးေလာကရဲ့ ေနာက္ကြယ္က ေနထိုင္မႈပါပဲ။ သူ ေလ့လာသင္ယူရမွာျဖစ္ၿပီး လ်င္လ်င္ျမန္ျမန္ပဲ သင္ယူရပါလိမ့္မယ္”

“ကၽြန္ေတာ္တို႔က အရမ္းၾကမ္းတမ္းတယ္လို႔ သူ ေျပာခဲ့တာလား။ သူတို႔ေတြကေရာ ဒီေန႔ ဘာျပစ္ဒဏ္မွ မက်ဴးလြန္ခဲ့ၾကဘူးလား။ အဲဒါက ၿပိဳင္ပြဲရဲ့အစိတ္အပိုင္းတစ္ခုပဲ။ ေနာက္ဆုံးတစ္ေခါက္ ကၽြန္ေတာ္ၾကည့္ခဲ့တဲ့အခ်ိန္မွာ အဲဒါက ထိေတြ႕မႈမရွိတဲ့ အားကစားမဟုတ္ပါဘူး။ ဖ်က္ထုတ္မႈေတြက ခြင့္ျပဳျခင္းခံထားရတယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈကို ခြင့္ျပဳထားတယ္။ တရားမၽွတမႈရွိေနသေရြ႕ေတာ့ ၾကမ္းၾကမ္းတမ္းတမ္း ကစားတာကို ခြင့္ျပဳထားပါတယ္”

ဆာကာရဲ့ပြဲအေပၚ သုံးသပ္မႈနဲ႔ပတ္သက္ၿပီး သေဘာမတူခဲ့ေပမယ့္လည္း ဂ်ရတ္က ၎အသင္းရဲ့ စြမ္းေဆာင္ရည္ကင္းမဲ့မႈနဲ႔ပတ္သက္ၿပီး ရိုးရိုးသားသား လက္ခံခဲ့ၿပီး ဧည့္သည္အာဆင္နယ္အသင္းအေနနဲ႔ အနိုင္ရလဒ္နဲ႔ ထိုက္တန္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“အဲဒါက ခက္ခဲတဲ့ ပထမပိုင္းတစ္ပိုင္းျဖစ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ပြဲကို ခက္ခဲေအာင္ ခြင့္ျပဳခဲ့လို႔ပါ။ ကၽြန္ေတာ္တို႔ လုပ္ဖို႔ ႀကိဳးပမ္းခဲ့တဲ့အရာေတြမွာ အဆုံးအျဖတ္ေပးနိုင္စြမ္းမရွိခဲ့ၾကဘူးလို႔ ကၽြန္ေတာ္ ထင္တယ္။ ကၽြန္ေတာ္တို႔ရဲ့စြမ္းေဆာင္ရည္က ယုံၾကည္မႈကင္းမဲ့ေနခဲ့တယ္လို႔ ထင္ပါတယ္။ အဲဒါက ပထမပိုင္းအၿပီးမွာ ကၽြန္ေတာ္တို႔ ပိုၿပီးေကာင္းမြန္ေအာင္ ကစားနိုင္တယ္ဆိုတာကို ျပသခဲ့တဲ့အခ်ိန္မတိုင္ခင္အထိပါပဲ။ ကၽြန္ေတာ္တို႔ ပထမပိုင္းမွာ ေနာက္ကေနလိုက္ကစားရဖို႔ ထိုက္တန္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔က ဒုတိယအေကာင္းဆုံးပါ။ ကၽြန္ေတာ္တို႔ ၾကမ္းၾကမ္းတမ္းတမ္း ကစားဖို႔ စီစဥ္ခဲ့ေပမယ့္လည္း ကၽြန္ေတာ္တို႔လုပ္ေနတာေတြမွာ ယုံၾကည္မႈကင္းမဲ့ေနခဲ့ပါတယ္”

“တစ္ဦးခ်င္းစီမွာ ယုံၾကည္မႈကင္းမဲ့ေနတာလို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ခင္ဗ်ား ဘာလုပ္ေနလဲဆိုတာကို မယုံၾကည္ဘူးဆိုရင္ ပြဲဗ်ဴဟာအတိုင္း အဆုံးသတ္ဖို႔ ခက္ခဲပါတယ္။ ကၽြန္ေတာ္တို႔က ဒုတိယပိုင္းမွာ အဆုံးအျဖတ္ေပးနိုင္စြမ္းမရွိတာ ေလ်ာ့ပါးလာခဲ့ၿပီး အဲဒီကေနတဆင့္ စိတ္ဝင္စားစရာအခိုက္အတန႔္ ၄ ခုကို ဖန္တီးနိုင္ခဲ့တယ္။ စြမ္းေဆာင္ရည္ကေတာ့ အမ်ားႀကီးပိုၿပီး အေပါင္းလကၡဏာေဆာင္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.