Carabao & FA Match Report Premier League

ပဲလေ့စ်ကို ဂိုးပြတ်ရှုံးတဲ့ အဲဗာတန်နဲ့ ဗီယာရာ ပညာပေးတာကို ခံခဲ့ရတဲ့ လမ်းပတ်

ခရစ္စတယ်လ်ပဲလေ့စ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဂွိုင်တာကို အနားပေးခဲ့ပြီး ဘတ်လန်းကို ပွဲထုတ်ခဲ့သလို ခံစစ်မှာတော့ ကလိုင်း၊ ဂေးဟီ၊ အန်ဒါဆန်၊ မစ်ချဲလ်တို့နဲ့ အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဂယ်လာဂါ၊ ကူယာတေးနဲ့ အီဇီတို့ ကစားခဲ့ကြပြီး တောင်ပံတွေမှာ ဇာဟာနဲ့ အိုလီဆေးတို့ကို နေရာချခဲ့ချိန်မှာ တိုက်စစ်မှာတော့ မာတီတာကို အထောင်ထားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်တို့ကတော့ တစ်ပွဲတစ်မျိုး မရိုးရတဲ့ ၃-၄-၃ လိုလို ၅-၄-၁ လိုလို ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ခံစစ်မှာ ပစ်ခ်ဖို့ဒ်၊ ဂေါ့ဖရီ၊ မိုက်ကယ် ကီးန်နဲ့ ဟိုလ်ဂိတ်တို့ ကစားခဲ့ချိန်မှာ ကွင်းလယ်မှာတော့ အန်ဒရီ ဂိုမက်စ်၊ ဒူကူရေး၊ ကိုးလ်မန်းနဲ့ ကင်နီတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ တောင်းဆန်း၊ ဂေါ်ဒန်နဲ့ ရစ်ချာလစ်ဆန်တို့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲအစပိုင်းမှာ အဲဗာတန်တို့ ဖိကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ညံ့ဖျင်းမှု ပြဿနာအတွက် ဘယ်သူကမှ ဖြေရှင်းမပေးနိုင်ခဲ့ဘဲ ရစ်ချာလစ်ဆန်ကအစ ကြုံသလို ဝတ္တရားကျေ ကန်နေကြချိန်မှာ ပဲလေ့စ်ခံစစ်က အကောင်းကြီး မဟုတ်ပေမယ့် အသည်းအသန် ကာကွယ်ရတာမျိုး ရှားခဲ့ပြီး လမ်းပတ်ရဲ့ လူတွေကတော့ ဘာလုပ်ချင်နေတာလဲဆိုတာ မသိအောင်ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ ပဲလေ့စ်တို့ကပဲ အဖွင့်ဂိုး သွင်းယူသွားခဲ့ကြပြီး ညာခြမ်းမှာ ထောင့်ကန်ဘောကနေ အိုလီဆေး ကန်တင်ပေးတာကို ဒီပွဲမှာ ကပ္ပတိန်တာဝန်ယူထားတဲ့ အင်္ဂလန်လက်ရွေးစင် ပူပူနွေးနွေး ဂေးဟီက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူပြီး ဖရိုဖရဲ ကာကွယ်နေခဲ့တဲ့ အဲဗာတန်ခံစစ်ကို ပညာပေးသွားခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ညာတောင်ပံက ဘောလုံးရလာတဲ့ မာတီတာက အတွင်းကို ပြန်ချိုးပေးတာကို ဇာဟာရဲ့ အနီးကပ် ကန်ချက် တိုင်ဘေးက ထွက်သွားခဲ့သလို ပွဲချိန် ၃၉ မိနစ်မှာတော့ အဲဗာတန်တို့ ကောင်တာဖောက်ထွက်ပြီး ရစ်ချာလစ်ဆန် ကန်သွင်းခဲ့တာက ဂိုးသမား ဘတ်လန်းတည့်တည့်ပဲ ရောက်သွားခဲ့ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ အိမ်ရှင် ပဲလေ့စ်တို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ အီဇီ ထိုးပေးလိုက်တာကို ဇာဟာက အတွင်းကို Cut Back လုပ်ပေးခဲ့ရာမှာ မာတီတာက အဲဗာတန်နောက်ခံလူ ဟိုလ်ဂိတ်နဲ့အတွေ့မှာ တုံ့ဆိုင်းမနေဘဲ အမြန်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပစ်ခ်ဖို့ဒ်အောက်က ဝင်သွားခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ အဲဗာတန်တို့ဘက်က ကင်နီအစား ကဲလ်ဗတ်-လူဝင်ကို ထည့်သွင်းကစားခဲ့ပြီး ဒီမာရိုင် ဂရေး ခြေစွမ်းပြလာနိုင်ခဲ့ပေမယ့် ဂိုးဖြစ်ဖို့တော့ သိပ်မနီးစပ်ခဲ့တာကြောင့် လမ်းပတ်ရဲ့ ဗျူဟာတွေက အလုပ်မဖြစ်ခဲ့ချိန်မှာ ဗီယာရာကတော့ အသင်းကို တည်ငြိမ်အောင် အီဇီနဲ့ မာတီတာတို့ နေရာတွေမှာ မီလီဗိုယေဗစ်ချ်နဲ့ အေဒူယာတို့ကို ထည့်သွင်းခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ပဲလေ့စ်တို့ တတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းက ထိုးဖောက်လာခဲ့တဲ့ ဇာဟာက ဂိုးရှေ့ကို ချပေးရာမှာ အိုလီဆေးရဲ့ ကန်ချက် တိုင်ထိပြီး ပြန်ထွက်လာတာကို ကြောင်နေကြတဲ့ အဲဗာတန်နောက်ခံလူတွေ မလှုပ်ရှားနိုင်သေးချိန်မှာ နောက်ကနေ အသာအယာ လိုက်ပိတ်သွင်းယူပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်ကို အနိုင်ယူသွားခဲ့တာပါ။

အာဆင်နယ်ဂန္ထဝင် ဗီယာရာရဲ့ ချဲလ်ဆီးဟောင်းကြီး လမ်းပတ်အပေါ် ပညာပေးမှုကတော့ ဒီလောက်နဲ့ ရပ်တန့်မသွားခဲ့သေးဘဲ ပွဲချိန် ၈၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘောလုံးရသွားခဲ့တဲ့ ဂယ်လာဂါက တစ်ပတ်လှည့်ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပစ်ခ်ဖို့ဒ် ပုတ်ထုတ်လို့ ပြန်ထွက်လာခဲ့တာကို နောက်က လိုက်လာတဲ့ လူစားဝင်ကွင်းလယ်လူ ဝေလ် ဟယူးချ်က အနီးကပ်ပိတ်သွင်းပြီး စတုတ္ထဂိုး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိမ်ရှင် ခရစ္စတယ်လ် ပဲလေ့စ်တို့ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး အဲဗာတန်ကို ပြတ်ပြတ်သားသား နှိပ်ကွပ်ခဲ့အပြီးမှာတော့ နှစ်ပေါင်း ၂၅ နှစ်အတွင်း အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်သွားနိုင်ခဲ့ကြချိန်မှာတော့ ချဲလ်ဆီးအသင်းနဲ့ လာမယ့်ပွဲမှာ ရင်ဆိုင်ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတယ္လ္ပဲေလ့စ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဂြိဳင္တာကို အနားေပးခဲ့ၿပီး ဘတ္လန္းကို ပြဲထုတ္ခဲ့သလို ခံစစ္မွာေတာ့ ကလိုင္း၊ ေဂးဟီ၊ အန္ဒါဆန္၊ မစ္ခ်ဲလ္တို႔နဲ႔ အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဂယ္လာဂါ၊ ကူယာေတးနဲ႔ အီဇီတို႔ ကစားခဲ့ၾကၿပီး ေတာင္ပံေတြမွာ ဇာဟာနဲ႔ အိုလီေဆးတို႔ကို ေနရာခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ မာတီတာကို အေထာင္ထားခဲ့တာျဖစ္ပါတယ္။

အဲဗာတန္တို႔ကေတာ့ တစ္ပြဲတစ္မ်ိဳး မ႐ိုးရတဲ့ ၃-၄-၃ လိုလို ၅-၄-၁ လိုလို ကစားကြက္နဲ႔ ပြဲထြက္လာခဲ့ၿပီး ခံစစ္မွာ ပစ္ခ္ဖို႔ဒ္၊ ေဂါ့ဖရီ၊ မိုက္ကယ္ ကီးန္နဲ႔ ဟိုလ္ဂိတ္တို႔ ကစားခဲ့ခ်ိန္မွာ ကြင္းလယ္မွာေတာ့ အန္ဒရီ ဂိုမက္စ္၊ ဒူကူေရး၊ ကိုးလ္မန္းနဲ႔ ကင္နီတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ေတာင္းဆန္း၊ ေဂၚဒန္နဲ႔ ရစ္ခ်ာလစ္ဆန္တို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲအစပိုင္းမွာ အဲဗာတန္တို႔ ဖိကစားႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ညံ့ဖ်င္းမႈ ျပႆနာအတြက္ ဘယ္သူကမွ ေျဖရွင္းမေပးႏိုင္ခဲ့ဘဲ ရစ္ခ်ာလစ္ဆန္ကအစ ႀကဳံသလို ဝတၱရားေက် ကန္ေနၾကခ်ိန္မွာ ပဲေလ့စ္ခံစစ္က အေကာင္းႀကီး မဟုတ္ေပမယ့္ အသည္းအသန္ ကာကြယ္ရတာမ်ိဳး ရွားခဲ့ၿပီး လမ္းပတ္ရဲ႕ လူေတြကေတာ့ ဘာလုပ္ခ်င္ေနတာလဲဆိုတာ မသိေအာင္ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ကပဲ အဖြင့္ဂိုး သြင္းယူသြားခဲ့ၾကၿပီး ညာျခမ္းမွာ ေထာင့္ကန္ေဘာကေန အိုလီေဆး ကန္တင္ေပးတာကို ဒီပြဲမွာ ကပၸတိန္တာဝန္ယူထားတဲ့ အဂၤလန္လက္ေ႐ြးစင္ ပူပူေႏြးေႏြး ေဂးဟီက လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းယူၿပီး ဖ႐ိုဖရဲ ကာကြယ္ေနခဲ့တဲ့ အဲဗာတန္ခံစစ္ကို ပညာေပးသြားခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ညာေတာင္ပံက ေဘာလုံးရလာတဲ့ မာတီတာက အတြင္းကို ျပန္ခ်ိဳးေပးတာကို ဇာဟာရဲ႕ အနီးကပ္ ကန္ခ်က္ တိုင္ေဘးက ထြက္သြားခဲ့သလို ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အဲဗာတန္တို႔ ေကာင္တာေဖာက္ထြက္ၿပီး ရစ္ခ်ာလစ္ဆန္ ကန္သြင္းခဲ့တာက ဂိုးသမား ဘတ္လန္းတည့္တည့္ပဲ ေရာက္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ အိမ္ရွင္ ပဲေလ့စ္တို႔ ဒုတိယဂိုး ထပ္မံရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန အီဇီ ထိုးေပးလိုက္တာကို ဇာဟာက အတြင္းကို Cut Back လုပ္ေပးခဲ့ရာမွာ မာတီတာက အဲဗာတန္ေနာက္ခံလူ ဟိုလ္ဂိတ္နဲ႔အေတြ႕မွာ တုံ႔ဆိုင္းမေနဘဲ အျမန္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္ေအာက္က ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ အဲဗာတန္တို႔ဘက္က ကင္နီအစား ကဲလ္ဗတ္-လူဝင္ကို ထည့္သြင္းကစားခဲ့ၿပီး ဒီမာ႐ိုင္ ဂေရး ေျခစြမ္းျပလာႏိုင္ခဲ့ေပမယ့္ ဂိုးျဖစ္ဖို႔ေတာ့ သိပ္မနီးစပ္ခဲ့တာေၾကာင့္ လမ္းပတ္ရဲ႕ ဗ်ဴဟာေတြက အလုပ္မျဖစ္ခဲ့ခ်ိန္မွာ ဗီယာရာကေတာ့ အသင္းကို တည္ၿငိမ္ေအာင္ အီဇီနဲ႔ မာတီတာတို႔ ေနရာေတြမွာ မီလီဗိုေယဗစ္ခ်္နဲ႔ ေအဒူယာတို႔ကို ထည့္သြင္းခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ တတိယဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းက ထိုးေဖာက္လာခဲ့တဲ့ ဇာဟာက ဂိုးေရွ႕ကို ခ်ေပးရာမွာ အိုလီေဆးရဲ႕ ကန္ခ်က္ တိုင္ထိၿပီး ျပန္ထြက္လာတာကို ေၾကာင္ေနၾကတဲ့ အဲဗာတန္ေနာက္ခံလူေတြ မလႈပ္ရွားႏိုင္ေသးခ်ိန္မွာ ေနာက္ကေန အသာအယာ လိုက္ပိတ္သြင္းယူၿပီး ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို အႏိုင္ယူသြားခဲ့တာပါ။

အာဆင္နယ္ဂႏၴဝင္ ဗီယာရာရဲ႕ ခ်ဲလ္ဆီးေဟာင္းႀကီး လမ္းပတ္အေပၚ ပညာေပးမႈကေတာ့ ဒီေလာက္နဲ႔ ရပ္တန႔္မသြားခဲ့ေသးဘဲ ပြဲခ်ိန္ ၈၇ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ေဘာလုံးရသြားခဲ့တဲ့ ဂယ္လာဂါက တစ္ပတ္လွည့္ၿပီး ကန္သြင္းခဲ့ရာမွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္ ပုတ္ထုတ္လို႔ ျပန္ထြက္လာခဲ့တာကို ေနာက္က လိုက္လာတဲ့ လူစားဝင္ကြင္းလယ္လူ ေဝလ္ ဟယူးခ်္က အနီးကပ္ပိတ္သြင္းၿပီး စတုတၳဂိုး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ ခရစၥတယ္လ္ ပဲေလ့စ္တို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အဲဗာတန္ကို ျပတ္ျပတ္သားသား ႏွိပ္ကြပ္ခဲ့အၿပီးမွာေတာ့ ႏွစ္ေပါင္း ၂၅ ႏွစ္အတြင္း အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ကို ပထမဆုံးအႀကိမ္ တက္ေရာက္သြားႏိုင္ခဲ့ၾကခ်ိန္မွာေတာ့ ခ်ဲလ္ဆီးအသင္းနဲ႔ လာမယ့္ပြဲမွာ ရင္ဆိုင္ကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.