Analysis Premier League

ကိန်းနဲ့ ဆွန် တကျော့ပြန် အတွဲညီခဲ့တဲ့ စပါးစ် 3-1 ဝက်စ်ဟမ်းပွဲအပြီး ထူးထူးခြားခြား ပြောစရာ ၇ ချက်

နောက်ထပ်တစ်ကြိမ် အတွဲညီခဲ့တဲ့ ကိန်းနဲ့ ဆွန်

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် ၂ ဦးထက်ပိုပြီး တစ်ယောက်နဲ့တစ်ယောက် ဂိုးတွေ ထောက်ပံ့ပေးနိုင်တဲ့ ကစားသမား ၂ ဦး ထပ်မရှိတော့ဘဲ ဝက်စ်ဟမ်းနဲ့ပွဲက သွင်းဂိုးတွေဟာ ၎င်းတို့ ၂ ဦးပေါင်း ၃၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ဒါက ၎င်းတို့ရဲ့ အကောင်းဆုံးတွဲဖက်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကိန်းဟာ ကွင်းလယ်စည်းကနေ ဘောလုံးကို ဆွန်ဟောင်မင်ရဲ့ ပြေးလမ်းကြောင်းထဲ ထိုးပေးလိုက်ပြီး တောင်ကိုရီးယားကြယ်ပွင့်က ဘယ်တောင်ပံကနေ အတွင်းချိုးဝင်မလို အယောင်ပြပြီး ဘယ်ခြေနဲ့အဆုံးသတ်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီလို လုပ်မှာကို သိနေပေမယ့်လည်း အလွန်နည်းပါးတဲ့ ဝက်စ်ဟမ်းနောက်တန်းကစားသမားတွေကသာ တားဆီးနိုင်ခဲ့မှာဖြစ်ပြီး အထူးသဖြင့် ဇူးမားဟာ အန္တရာယ်ဇုန်နဲ့ နီးကပ်လာတဲ့ ဆွန်ကို ထိတွေ့မှု ပြုလုပ်ဖို့ တွန့်ဆုတ်နေခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နောက်ခံလူဟာ ၎င်းရဲ့ မတ်တပ်ရပ်ကြည့်နေတဲ့ ခံစစ်ကစားပုံကြောင့် အပြစ်ပေးခြင်းခံခဲ့ရပြီး ဆွန်ဟောင်မင်က အကူအညီမဲ့နေတဲ့ ဖေဘီယန်းစကီးရဲ့ ခေါင်းပေါ်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ စပါးစ်ရဲ့ရှုထောင့်ကနေ အပြုသဘောဆောင်တဲ့အရာအားလုံးဟာ ကိန်းဆီကနေ စီးဆင်းလာခဲ့ပုံပေါ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ နောက်ထိဆင်းပြီး ၎င်းရဲ့ တိကျသေချာတဲ့ ပေးပို့မှုတွေနဲ့အတူ ဝက်စ်ဟမ်းခံစစ်ကို လဲပြိုစေခဲ့တာဖြစ်ပါတယ်။

ဥရောပပွဲ အနာကျနေတဲ့ ဝက်စ်ဟမ်း

ဒေးဗစ် မွိုက်စ်ရဲ့အသင်းဟာ ကြာသပတေးနေ့ညက ဆီဗီလာနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ မိနစ် ၁၂၀ စလုံး အိမ်ရှင်အသင်းရဲ့ ခြိမ်ေးခြာက်မှုတွေကို ဆုပ်ကိုင်ထားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၉ မိနစ်မှာ ကတ် ဇူးမားရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးကြောင့် ဝက်စ်ဟမ်းအသင်းဟာ ချက်ချင်းပဲ နောက်ကနေ လိုက်ကစားခဲ့ရပြီး တစ်အားလျော့ခဲ့ရတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းရဲ့ အားထားရတဲ့ ကစားသမားအများအပြားဟာ ၂ ရက်ပို အနားယူထားရတဲ့ စပါးစ်ကစားသမားတွေနဲ့ ရင်ဆိုင်ရာမှာ လေးလံထိုင်းမှိုင်းနေပုံပေါ်နေခဲ့တာဖြစ်ပါတယ်။

ဘန်ရာမာက ပထမပိုင်း ၃၅ မိနစ်မှာ ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပြီးနောက်မှာတောင် ဝက်စ်ဟမ်းအသင်းဟာ အိမ်ရှင် စပါးစ်ကို သိသာထင်ရှားတဲ့ ဖိအားပေးမှုမျိုး မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစား ပထမပိုင်းတစ်ပိုင်းလုံး စိတ်မပါလက်မပါပုံစံနဲ့ကစားခဲ့ပြီး စပါးစ်အတွက် အကြိုက်တွေ့စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ပွဲစကတည်းက ဝက်စ်ဟမ်းရဲ့ ပွဲပန်းနေမှုက ထင်ရှားနေခဲ့ပြီး စပါးစ်အသင်းဟာ သိပ်ဖိအားမပေးလိုက်ရဘဲ တစ်ဂိုး ရရှိသွားခဲ့တာတာဖြစ်ပြီး ဝက်စ်ဟမ်းဟာ အဓိပ္ပာယ်အများကြီးရှိတဲ့ အခွင့်အရေးအများအပြား ဖန်တီးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ကစားကွက်ချင်း ဆင်တူခဲ့တဲ့ စပါးစ်နဲ့ ဝက်စ်ဟမ်း

ကွန်တီရော ဒေးဗစ် မွိုက်ပါ တောင်ပံတွေကနေ ခြိမ်းခြောက်မှုကို ပျက်ပြယ်အောင်လုပ်နိုင်ဖို့ ခံစစ် ၅ ဦးကစားကွက်နဲ့ ပွဲထွက်လာခဲ့ပေမယ့်လည်း ဗဟိုခံစစ်ကစားသမား ခရိတ် ဒေါ်ဆင်ဆီကနေ ဘောလုံးက နောက်ခံတောင်ပံ ကစားသမား မာဆူအာကူဆီ ရောက်ရှိခဲ့တဲ့အချိန်မှာ မတ် ဒိုဟာတီက လျင်လျင်မြန်မြန်ပဲ ရယူသွားခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ စပါးစ်ရဲ့ တန်ပြန်တိုက်စစ် မိသွားခဲ့ပါတယ်။ ဒိုဟာတီဟာ လျင်လျင်မြန်မြန်ပဲ ကိန်းနဲ့ ချိတ်ဆက်ခဲ့ပြီး စပါးစ်အသင်းခေါင်းဆောင်က ၎င်းရဲ့ ကြံ့ခိုင်မှုကို အသုံးချပြီး ပြိုင်ဘက်နောက်ခံလူတွေကို ကာရင်း ပင်နယ်တီဧရိယာထဲအရောက်မှာ ဘောလုံးကို ဖြတ်တင်ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဟာရီ ကိန်းရဲ့ ဖြတ်တင်ပေးပို့မှုဟာ ကတ်ဇူးမားရဲ့ ဒူးနဲ့ထိသွားခဲ့တာကြောင့် လမ်းကြောင်းပြောင်းသွားခဲ့ပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သိပ်မကြာခင်မှာပဲ မတ် ဒိုဟာတီဆီကနေ နောက်ထပ်ဖိအားပေးမှုကို ဖိတ်ခေါ်ခဲ့တဲ့ ဒေါ်ဆင်ဆီကနေ မသေသပ်တဲ့ နောက်ထပ်ဘောလုံးပေးပို့မှုကို မြင်တွေ့ခဲ့ရပြီး စပါးစ် နောက်ခံတောင်ပံကစားသမားတွေဟာ ပွဲစဉ်အတွင်း ဝက်စ်ဟမ်းရဲ့ခံစစ်ကို ပိုမို ထိန်းချုပ်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲချိန်အများစုမှာ ဝက်စ်ဟမ်းနောက်ခံတောင်ပံကစားသမားတွေဟာ မာဆူအာကူနဲ့ ဘန် ဂျွန်ဆန်တို့ ခံစစ်တာဝန်တွေပဲ မည်းနေတာကြောင့် လွှမ်းမိုးမှုနည်းပါးခဲ့ပြီး ဒေးဗစ် မွိုက်စ်က မာဆူအာကူကို ဒုတိယပိုင်း ၅၆ မိနစ်မှာ လူစားလဲလှယ်ခဲ့ပြီးနောက် ခံစစ် ၄ ဦးကစားကွက်ကို ပြန်လည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

နောက်ထပ်တစ်ကြိမ်မြင်တွေ့ခဲ့ရတဲ့ ဂိုးတိုင်နဲ့ ချည်ပြီး ဆန္ဒပြမှု

အဲဗာတန်အသင်းက နယူးကာဆယ်လ်ကို နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကတိုင်းပဲ တော့တင်ဟမ်ဟော့စပါးကွင်းထဲမှာ ‘just stop oil’လှုံ့ဆော်ဆန္ဒပြမှုကို ထပ်မံမြင်တွေ့ခဲ့ရပါတယ်။ ဆန္ဒထုတ်ဖော်သူ ၂ ဦးဟာ စပါးအသင်းက ထောင့်ကန်ဘောကို ကန်တင်ဖို့ ပြင်ဆင်နေချိန်မှာ ၎င်းတို့ကိုယ်ကို ကေဘယ်လ်ကြိုးနဲ့ ဂိုးတိုင်မှာ ချည်ဖို့ ကြိုးပမ်းခဲ့ပြီး ကွင်းလုံခြုံရေးတွေက အလျင်အမြန် ကြားဝင်တားဆီးခဲ့ရပါတယ်။ အဲဒါကြောင့် အဲဗာတန်နဲ့ နယူးကာဆယ်လ်တို့ပွဲစဉ်တုန်းကလောက် အချိန်အလဟဿဆုံးရှုံးမရှိဘဲ လျင်လျင်မြန်မြန်နဲ့ ပွဲကို ပြန်လည်စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့တဲ့ စပါးစ်

ပရီးမီးယားလိဂ်ကို ကောင်းကောင်းနားလည်တဲ့သူတစ်ဦးရှိတယ်ဆိုရင် အဲဒီလူက ကွန်တီပဲ ဖြစ်ပါလိမ့်မယ်။ အီတလီလူမျိုးနည်းပြဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်မှာ အံ့အားသင့်စရာတွေကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၆-၂၀၁၇ ရာသီမှာ အမှတ်ပေးဖလားချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကွန်တီဟာ စပါးစ်နည်းပြအဖြစ် ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပြီး လန်ဒန်ကလပ်အသင်းကို နောက်တဆင့်ကို ပို့ဆောင်ပေးဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ် နည်းပြလက်အောက်မှာ စပါးစ်ဟာ ဂိုးသွင်းဖို့နဲ့ ခုခံဖို့ ခက်ခဲတဲ့အသင်းတစ်သင်း ဖြစ်လာနေပြီး ၁ ပွဲအပိုကစားထားပြီး အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းက အသာရထားတာ ရှင်းလင်းနေပေမယ့်လည်း ဒီ ၂ သင်းစလုံးရဲ့ လက်ကျန်ပွဲစဉ်တွေက စပါးစ်ဟာ ပြိုင်ဘက်တွေကို ကျော်တက်နိုင်ဖို့ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ညွှန်ပြနေတာဖြစ်ပါတယ်။ စပါးစ်ရဲ့ နောက်ဆုံး ၉ ပွဲထဲက ၅ ပွဲဟာ အမှတ်ပေးဇယားအလယ်က ပြိုင်ဘက်တွေနဲ့ ဖြစ်ပြီး ကျန်တဲ့ ၄ ပွဲကတော့ အက်စတန် ဗီလာ၊ လက်စတာစီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့နဲ့ တွေ့ဆုံသွားရမှာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ ဝက်စ်ဟမ်းတို့နဲ့ နောက်ထပ်တကျော့ပြန် ကစားရမှာဖြစ်ပါတယ်။ အဲဒါက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အရမ်းကို နီးစပ်တဲ့ ပြိုင်ပွဲဖြစ်လာတော့မှာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်း ၂ သင်းစလုံးဟာ ဥရောပဝင်ခွင့်အတွက် အားကုန်ထုတ် ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။

အထင်ကြီးဖွယ် ခံစစ်ကစားပုံပြသခဲ့တဲ့ စပါးစ်

စပါးစ်ဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ခံစစ်ပိုင်းမှာ ကောင်းမွန်ခဲ့ပြီး ဝက်စ်ဟမ်းရဲ့ တိုက်စစ်စွမ်းအားကို သဲထဲရေသွန်သလို ဖြစ်စေခဲ့ပါတယ်။ အိမ်ရှင်အသင်းဟာ ရူးကြောင်ကြောင် ထောင့်ကန်ဘောကနေတဆင့် ဂိုးပေးခဲ့ရပေမယ့်လည်း ဧည့်သည်အသင်းဟာ စပါးစ်ကို ကစားကွက်ကနေ ဘာမှ ပြဿနာဖြစ်အောင်မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကွန်တီရဲ့အသင်းဟာ ဝက်စ်ဟမ်းရဲ့ ခံစစ်နောက်မှာ ကြီးမားတဲ့ နေရာလွတ်ကြီးတွေ ပေါ်လာအောင် လုပ်နိုင်ခဲ့ပြီး ခံစစ်ပိုင်းမှာလည်း အထူးသဖြင့် ဝက်စ်ဟမ်းက ဘောလုံးပိုင်ဆိုင်နေချိန်မှာ အရမ်းကို ကျစ်လစ်ခဲ့တာဖြစ်ပါတယ်။ ဒေးဗစ် မွိုက်စ်ရဲ့အသင်းဟာ မိနစ် ၈၀ နီးပါး ဂိုးရဖို့ အသည်းအသန် လိုက်ကစားခဲ့ရပြီး အဲဒါတောင်မှ စပါးစ်ရဲ့ ဂိုးပေါက်ကန်သွင်းဖို့ ကြိုးပမ်းမှုအကြိမ်ရေရဲ့ တဝက်တောင်မရှိခဲ့တာဖြစ်ပါတယ်။ စပါးစ်ဟာ ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်း ထိန်းသိမ်းထားခဲ့ပြီး ဒုတိယပိုင်းမှာ မောပန်းနွမ်းနယ်နေတဲ့ ဝက်စ်ဟမ်းကစားသမားတွေကို ကြောင်က ကြွက်ကို ကစားသလိုမျိုး ကစားနေခဲ့တာဖြစ်ပါတယ်။

ဂိုးဖန်တီးမှု ဟက်ထရစ်ရယူခဲ့တဲ့ ဟာရီ ကိန်း

ဒီရာသီအစမှာ အထနှေးခဲ့တဲ့ ဟာရီ ကိန်းဟာ အသင်းက အလိုအပ်ဆုံးအချိန်ကျရင် ပုံမှန် ခြေစွမ်းပြသခဲ့သူဖြစ်ပြီး ‘ခြေစွမ်းဟာ ယာယီ၊ အဆင့်အတန်းသည် ထာဝရ’ဆိုတဲ့ စကားအတိုင်းပဲ ၎င်းရဲ့အရည်အသွေးတွေကို ပွဲကြီးပွဲကောင်းတွေမှာ သက်သေပြသဖို့ ဆက်လက်ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ စပါးစ်ရဲ့ နောက်ဆုံး လိဂ်ရ ပွဲမှာ ၆ ပွဲအထိ ဂိုးသွင်းယူပေးခဲ့ပြီး အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးက ၎င်းရဲ့အသင်းကို ဥရောပဝင်ခွင့်အတွက် နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်နိုင်အောင် အားကုန်ထုတ်ပြီး ကစားပေးခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲက ပထမဆုံး ဂိုးဖန်တီးမှုဟာ ဇူးမားရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ဂိုးကြောင့် စာရင်းမဝင်ခဲ့ပေမယ့် ပရိသတ်တွေကတော့ ဂိုးဖန်တီးမှုအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ ဟာရီ ကိန်းဟာ ၎င်းရဲ့ တိုက်စစ်တွဲဘက်ဖြစ်တဲ့ ဆွန်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကိုလည်း ဖန်တီးပေးခဲ့ပြီး ခံစစ်ကစားသမားတွေကို ဖရိုဖရဲဖြစ်စေတဲ့ ပေးပို့မှုနဲ့ တောင်ကိုရီးယားကြယ်ပွင့် ဂိုးသွင်းယူနိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ တတိယဂိုးမှာတော့ ကိန်းဟာ လိုရစ်ရဲ့ အဝေးကန်တင်ဘောကို ဝက်စ်ဟမ်းရဲ့ ဗဟိုခံစစ်ကစားသမား ၂ ဦးနဲ့ ခေါင်းချင်းယှဉ်တိုက်ပြီး ဆွန်ဟောင်မင်ဆီ လွတ်လွတ်ကျွတ်ကျွတ် ချပေးခဲ့ရာမှာ တောင်ကိုရီးယားတိုက်စစ်မှူးက ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနာက္ထပ္တစ္ႀကိမ္ အတြဲညီခဲ့တဲ့ ကိန္းနဲ႔ ဆြန္

ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ ၂ ဦးထက္ပိုၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ဂိုးေတြ ေထာက္ပံ့ေပးနိုင္တဲ့ ကစားသမား ၂ ဦး ထပ္မရွိေတာ့ဘဲ ဝက္စ္ဟမ္းနဲ႔ပြဲက သြင္းဂိုးေတြဟာ ၎တို႔ ၂ ဦးေပါင္း ၃၈ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ၿပီး ဒါက ၎တို႔ရဲ့ အေကာင္းဆုံးတြဲဖက္မႈေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ ကိန္းဟာ ကြင္းလယ္စည္းကေန ေဘာလုံးကို ဆြန္ေဟာင္မင္ရဲ့ ေျပးလမ္းေၾကာင္းထဲ ထိုးေပးလိုက္ၿပီး ေတာင္ကိုရီးယားၾကယ္ပြင့္က ဘယ္ေတာင္ပံကေန အတြင္းခ်ိဳးဝင္မလို အေယာင္ျပၿပီး ဘယ္ေျခနဲ႔အဆုံးသတ္ကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဒီလို လုပ္မွာကို သိေနေပမယ့္လည္း အလြန္နည္းပါးတဲ့ ဝက္စ္ဟမ္းေနာက္တန္းကစားသမားေတြကသာ တားဆီးနိုင္ခဲ့မွာျဖစ္ၿပီး အထူးသျဖင့္ ဇူးမားဟာ အႏၲရာယ္ဇုန္နဲ႔ နီးကပ္လာတဲ့ ဆြန္ကို ထိေတြ႕မႈ ျပဳလုပ္ဖို႔ တြန႔္ဆုတ္ေနခဲ့တာျဖစ္ပါတယ္။ ျပင္သစ္ေနာက္ခံလူဟာ ၎ရဲ့ မတ္တပ္ရပ္ၾကည့္ေနတဲ့ ခံစစ္ကစားပုံေၾကာင့္ အျပစ္ေပးျခင္းခံခဲ့ရၿပီး ဆြန္ေဟာင္မင္က အကူအညီမဲ့ေနတဲ့ ေဖဘီယန္းစကီးရဲ့ ေခါင္းေပၚကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ စပါးစ္ရဲ့ရႈေထာင့္ကေန အျပဳသေဘာေဆာင္တဲ့အရာအားလုံးဟာ ကိန္းဆီကေန စီးဆင္းလာခဲ့ပုံေပၚၿပီး အဂၤလန္တိုက္စစ္မႉးဟာ ေနာက္ထိဆင္းၿပီး ၎ရဲ့ တိက်ေသခ်ာတဲ့ ေပးပို႔မႈေတြနဲ႔အတူ ဝက္စ္ဟမ္းခံစစ္ကို လဲၿပိဳေစခဲ့တာျဖစ္ပါတယ္။

ဥေရာပပြဲ အနာက်ေနတဲ့ ဝက္စ္ဟမ္း

ေဒးဗစ္ မြိဳက္စ္ရဲ့အသင္းဟာ ၾကာသပေတးေန႔ညက ဆီဗီလာနဲ႔ကစားခဲ့တဲ့ ယူရိုပါလိဂ္ပြဲမွာ မိနစ္ ၁၂၀ စလုံး အိမ္ရွင္အသင္းရဲ့ ၿခိမ္ေးျခာက္မႈေတြကို ဆုပ္ကိုင္ထားနိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ပြဲခ်ိန္ ၉ မိနစ္မွာ ကတ္ ဇူးမားရဲ့ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုးေၾကာင့္ ဝက္စ္ဟမ္းအသင္းဟာ ခ်က္ခ်င္းပဲ ေနာက္ကေန လိုက္ကစားခဲ့ရၿပီး တစ္အားေလ်ာ့ခဲ့ရတာျဖစ္ပါတယ္။ ဝက္စ္ဟမ္းရဲ့ အားထားရတဲ့ ကစားသမားအမ်ားအျပားဟာ ၂ ရက္ပို အနားယူထားရတဲ့ စပါးစ္ကစားသမားေတြနဲ႔ ရင္ဆိုင္ရာမွာ ေလးလံထိုင္းမွိုင္းေနပုံေပၚေနခဲ့တာျဖစ္ပါတယ္။

ဘန္ရာမာက ပထမပိုင္း ၃၅ မိနစ္မွာ ေခ်ပဂိုး တစ္ဂိုး ျပန္လည္သြင္းယူေပးခဲ့ၿပီးေနာက္မွာေတာင္ ဝက္စ္ဟမ္းအသင္းဟာ အိမ္ရွင္ စပါးစ္ကို သိသာထင္ရွားတဲ့ ဖိအားေပးမႈမ်ိဳး မျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီအစား ပထမပိုင္းတစ္ပိုင္းလုံး စိတ္မပါလက္မပါပုံစံနဲ႔ကစားခဲ့ၿပီး စပါးစ္အတြက္ အႀကိဳက္ေတြ႕စရာျဖစ္ခဲ့တာျဖစ္ပါတယ္။ ပြဲစကတည္းက ဝက္စ္ဟမ္းရဲ့ ပြဲပန္းေနမႈက ထင္ရွားေနခဲ့ၿပီး စပါးစ္အသင္းဟာ သိပ္ဖိအားမေပးလိုက္ရဘဲ တစ္ဂိုး ရရွိသြားခဲ့တာတာျဖစ္ၿပီး ဝက္စ္ဟမ္းဟာ အဓိပၸာယ္အမ်ားႀကီးရွိတဲ့ အခြင့္အေရးအမ်ားအျပား ဖန္တီးနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ကစားကြက္ခ်င္း ဆင္တူခဲ့တဲ့ စပါးစ္နဲ႔ ဝက္စ္ဟမ္း

ကြန္တီေရာ ေဒးဗစ္ မြိဳက္ပါ ေတာင္ပံေတြကေန ၿခိမ္းေျခာက္မႈကို ပ်က္ျပယ္ေအာင္လုပ္နိုင္ဖို႔ ခံစစ္ ၅ ဦးကစားကြက္နဲ႔ ပြဲထြက္လာခဲ့ေပမယ့္လည္း ဗဟိုခံစစ္ကစားသမား ခရိတ္ ေဒၚဆင္ဆီကေန ေဘာလုံးက ေနာက္ခံေတာင္ပံ ကစားသမား မာဆူအာကူဆီ ေရာက္ရွိခဲ့တဲ့အခ်ိန္မွာ မတ္ ဒိုဟာတီက လ်င္လ်င္ျမန္ျမန္ပဲ ရယူသြားခဲ့တာေၾကာင့္ ဝက္စ္ဟမ္းတို႔ စပါးစ္ရဲ့ တန္ျပန္တိုက္စစ္ မိသြားခဲ့ပါတယ္။ ဒိုဟာတီဟာ လ်င္လ်င္ျမန္ျမန္ပဲ ကိန္းနဲ႔ ခ်ိတ္ဆက္ခဲ့ၿပီး စပါးစ္အသင္းေခါင္းေဆာင္က ၎ရဲ့ ႀကံ့ခိုင္မႈကို အသုံးခ်ၿပီး ၿပိဳင္ဘက္ေနာက္ခံလူေတြကို ကာရင္း ပင္နယ္တီဧရိယာထဲအေရာက္မွာ ေဘာလုံးကို ျဖတ္တင္ေပးပို႔ခဲ့တာျဖစ္ပါတယ္။

ဟာရီ ကိန္းရဲ့ ျဖတ္တင္ေပးပို႔မႈဟာ ကတ္ဇူးမားရဲ့ ဒူးနဲ႔ထိသြားခဲ့တာေၾကာင့္ လမ္းေၾကာင္းေျပာင္းသြားခဲ့ၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္သိပ္မၾကာခင္မွာပဲ မတ္ ဒိုဟာတီဆီကေန ေနာက္ထပ္ဖိအားေပးမႈကို ဖိတ္ေခၚခဲ့တဲ့ ေဒၚဆင္ဆီကေန မေသသပ္တဲ့ ေနာက္ထပ္ေဘာလုံးေပးပို႔မႈကို ျမင္ေတြ႕ခဲ့ရၿပီး စပါးစ္ ေနာက္ခံေတာင္ပံကစားသမားေတြဟာ ပြဲစဥ္အတြင္း ဝက္စ္ဟမ္းရဲ့ခံစစ္ကို ပိုမို ထိန္းခ်ဳပ္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္အမ်ားစုမွာ ဝက္စ္ဟမ္းေနာက္ခံေတာင္ပံကစားသမားေတြဟာ မာဆူအာကူနဲ႔ ဘန္ ဂၽြန္ဆန္တို႔ ခံစစ္တာဝန္ေတြပဲ မည္းေနတာေၾကာင့္ လႊမ္းမိုးမႈနည္းပါးခဲ့ၿပီး ေဒးဗစ္ မြိဳက္စ္က မာဆူအာကူကို ဒုတိယပိုင္း ၅၆ မိနစ္မွာ လူစားလဲလွယ္ခဲ့ၿပီးေနာက္ ခံစစ္ ၄ ဦးကစားကြက္ကို ျပန္လည္ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္တစ္ႀကိမ္ျမင္ေတြ႕ခဲ့ရတဲ့ ဂိုးတိုင္နဲ႔ ခ်ည္ၿပီး ဆႏၵျပမႈ

အဲဗာတန္အသင္းက နယူးကာဆယ္လ္ကို ေနာက္က်အနိုင္ဂိုးနဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္ကတိုင္းပဲ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းထဲမွာ ‘just stop oil’လႈံ႔ေဆာ္ဆႏၵျပမႈကို ထပ္မံျမင္ေတြ႕ခဲ့ရပါတယ္။ ဆႏၵထုတ္ေဖာ္သူ ၂ ဦးဟာ စပါးအသင္းက ေထာင့္ကန္ေဘာကို ကန္တင္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ၎တို႔ကိုယ္ကို ေကဘယ္လ္ႀကိဳးနဲ႔ ဂိုးတိုင္မွာ ခ်ည္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ကြင္းလုံျခဳံေရးေတြက အလ်င္အျမန္ ၾကားဝင္တားဆီးခဲ့ရပါတယ္။ အဲဒါေၾကာင့္ အဲဗာတန္နဲ႔ နယူးကာဆယ္လ္တို႔ပြဲစဥ္တုန္းကေလာက္ အခ်ိန္အလဟႆဆုံးရႈံးမရွိဘဲ လ်င္လ်င္ျမန္ျမန္နဲ႔ ပြဲကို ျပန္လည္စတင္နိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ အမွတ္ကြာဟမႈကို ေလၽွာ့ခ်နိုင္ခဲ့တဲ့ စပါးစ္

ပရီးမီးယားလိဂ္ကို ေကာင္းေကာင္းနားလည္တဲ့သူတစ္ဦးရွိတယ္ဆိုရင္ အဲဒီလူက ကြန္တီပဲ ျဖစ္ပါလိမ့္မယ္။ အီတလီလူမ်ိဳးနည္းျပဟာ ခ်ဲလ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္မွာ အံ့အားသင့္စရာေတြကို လုပ္ေဆာင္ခဲ့သူျဖစ္ၿပီး ၂၀၁၆-၂၀၁၇ ရာသီမွာ အမွတ္ေပးဖလားခ်န္ပီယံျဖစ္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ကြန္တီဟာ စပါးစ္နည္းျပအျဖစ္ ပရီးမီးယားလိဂ္ကို ျပန္လည္ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လန္ဒန္ကလပ္အသင္းကို ေနာက္တဆင့္ကို ပို႔ေဆာင္ေပးဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ အသက္ ၅၂ ႏွစ္အရြယ္ နည္းျပလက္ေအာက္မွာ စပါးစ္ဟာ ဂိုးသြင္းဖို႔နဲ႔ ခုခံဖို႔ ခက္ခဲတဲ့အသင္းတစ္သင္း ျဖစ္လာေနၿပီး ၁ ပြဲအပိုကစားထားၿပီး အဆင့္ ၄ ေနရာက အာဆင္နယ္နဲ႔ ၃ မွတ္အကြာ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနၿပီျဖစ္ပါတယ္။

အာဆင္နယ္အသင္းက အသာရထားတာ ရွင္းလင္းေနေပမယ့္လည္း ဒီ ၂ သင္းစလုံးရဲ့ လက္က်န္ပြဲစဥ္ေတြက စပါးစ္ဟာ ၿပိဳင္ဘက္ေတြကို ေက်ာ္တက္နိုင္ဖို႔ လုပ္နိုင္စြမ္းရွိတယ္ဆိုတာကို ညႊန္ျပေနတာျဖစ္ပါတယ္။ စပါးစ္ရဲ့ ေနာက္ဆုံး ၉ ပြဲထဲက ၅ ပြဲဟာ အမွတ္ေပးဇယားအလယ္က ၿပိဳင္ဘက္ေတြနဲ႔ ျဖစ္ၿပီး က်န္တဲ့ ၄ ပြဲကေတာ့ အက္စတန္ ဗီလာ၊ လက္စတာစီးတီး၊ အာဆင္နယ္၊ လီဗာပူးလ္တို႔နဲ႔ ေတြ႕ဆုံသြားရမွာျဖစ္ပါတယ္။ အာဆင္နယ္ကေတာ့ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူနိုက္တက္၊ ဝက္စ္ဟမ္းတို႔နဲ႔ ေနာက္ထပ္တေက်ာ့ျပန္ ကစားရမွာျဖစ္ပါတယ္။ အဲဒါက ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာအတြက္ အရမ္းကို နီးစပ္တဲ့ ၿပိဳင္ပြဲျဖစ္လာေတာ့မွာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္း ၂ သင္းစလုံးဟာ ဥေရာပဝင္ခြင့္အတြက္ အားကုန္ထုတ္ ယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။

အထင္ႀကီးဖြယ္ ခံစစ္ကစားပုံျပသခဲ့တဲ့ စပါးစ္

စပါးစ္ဟာ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ခံစစ္ပိုင္းမွာ ေကာင္းမြန္ခဲ့ၿပီး ဝက္စ္ဟမ္းရဲ့ တိုက္စစ္စြမ္းအားကို သဲထဲေရသြန္သလို ျဖစ္ေစခဲ့ပါတယ္။ အိမ္ရွင္အသင္းဟာ ႐ူးေၾကာင္ေၾကာင္ ေထာင့္ကန္ေဘာကေနတဆင့္ ဂိုးေပးခဲ့ရေပမယ့္လည္း ဧည့္သည္အသင္းဟာ စပါးစ္ကို ကစားကြက္ကေန ဘာမွ ျပႆနာျဖစ္ေအာင္မလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ ကြန္တီရဲ့အသင္းဟာ ဝက္စ္ဟမ္းရဲ့ ခံစစ္ေနာက္မွာ ႀကီးမားတဲ့ ေနရာလြတ္ႀကီးေတြ ေပၚလာေအာင္ လုပ္နိုင္ခဲ့ၿပီး ခံစစ္ပိုင္းမွာလည္း အထူးသျဖင့္ ဝက္စ္ဟမ္းက ေဘာလုံးပိုင္ဆိုင္ေနခ်ိန္မွာ အရမ္းကို က်စ္လစ္ခဲ့တာျဖစ္ပါတယ္။ ေဒးဗစ္ မြိဳက္စ္ရဲ့အသင္းဟာ မိနစ္ ၈၀ နီးပါး ဂိုးရဖို႔ အသည္းအသန္ လိုက္ကစားခဲ့ရၿပီး အဲဒါေတာင္မွ စပါးစ္ရဲ့ ဂိုးေပါက္ကန္သြင္းဖို႔ ႀကိဳးပမ္းမႈအႀကိမ္ေရရဲ့ တဝက္ေတာင္မရွိခဲ့တာျဖစ္ပါတယ္။ စပါးစ္ဟာ ေဘာလုံးပိုင္ဆိုင္မႈ ၅၄ ရာခိုင္ႏႈန္း ထိန္းသိမ္းထားခဲ့ၿပီး ဒုတိယပိုင္းမွာ ေမာပန္းႏြမ္းနယ္ေနတဲ့ ဝက္စ္ဟမ္းကစားသမားေတြကို ေၾကာင္က ႂကြက္ကို ကစားသလိုမ်ိဳး ကစားေနခဲ့တာျဖစ္ပါတယ္။

ဂိုးဖန္တီးမႈ ဟက္ထရစ္ရယူခဲ့တဲ့ ဟာရီ ကိန္း

ဒီရာသီအစမွာ အထေႏွးခဲ့တဲ့ ဟာရီ ကိန္းဟာ အသင္းက အလိုအပ္ဆုံးအခ်ိန္က်ရင္ ပုံမွန္ ေျခစြမ္းျပသခဲ့သူျဖစ္ၿပီး ‘ေျခစြမ္းဟာ ယာယီ၊ အဆင့္အတန္းသည္ ထာဝရ’ဆိုတဲ့ စကားအတိုင္းပဲ ၎ရဲ့အရည္အေသြးေတြကို ပြဲႀကီးပြဲေကာင္းေတြမွာ သက္ေသျပသဖို႔ ဆက္လက္ႀကိဳးပမ္းေနခဲ့တာျဖစ္ပါတယ္။ အဂၤလန္တိုက္စစ္မႉးဟာ စပါးစ္ရဲ့ ေနာက္ဆုံး လိဂ္ရ ပြဲမွာ ၆ ပြဲအထိ ဂိုးသြင္းယူေပးခဲ့ၿပီး အသက္ ၂၈ ႏွစ္အရြယ္တိုက္စစ္မႉးက ၎ရဲ့အသင္းကို ဥေရာပဝင္ခြင့္အတြက္ ေနာက္ထပ္တစ္ႀကိမ္ ယွဥ္ၿပိဳင္နိုင္ေအာင္ အားကုန္ထုတ္ၿပီး ကစားေပးခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲက ပထမဆုံး ဂိုးဖန္တီးမႈဟာ ဇူးမားရဲ့ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိတဲ့ဂိုးေၾကာင့္ စာရင္းမဝင္ခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ ဂိုးဖန္တီးမႈအျဖစ္ သတ္မွတ္မွာျဖစ္ပါတယ္။ ဟာရီ ကိန္းဟာ ၎ရဲ့ တိုက္စစ္တြဲဘက္ျဖစ္တဲ့ ဆြန္အတြက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးကိုလည္း ဖန္တီးေပးခဲ့ၿပီး ခံစစ္ကစားသမားေတြကို ဖရိုဖရဲျဖစ္ေစတဲ့ ေပးပို႔မႈနဲ႔ ေတာင္ကိုရီးယားၾကယ္ပြင့္ ဂိုးသြင္းယူနိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။ တတိယဂိုးမွာေတာ့ ကိန္းဟာ လိုရစ္ရဲ့ အေဝးကန္တင္ေဘာကို ဝက္စ္ဟမ္းရဲ့ ဗဟိုခံစစ္ကစားသမား ၂ ဦးနဲ႔ ေခါင္းခ်င္းယွဥ္တိုက္ၿပီး ဆြန္ေဟာင္မင္ဆီ လြတ္လြတ္ကၽြတ္ကၽြတ္ ခ်ေပးခဲ့ရာမွာ ေတာင္ကိုရီးယားတိုက္စစ္မႉးက ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.