La Liga

ရီးရဲလ်နဲ့ပွဲက အူဘာမီယန်းရဲ့ အောင်ပွဲခံဟန်က ဘယ်လိုအဓိပ္ပာယ်ကို ဖော်ဆောင်ခဲ့တာလဲ

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းဟာ ဘောလုံးရဲ့အကြီးမားဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ပွဲကြမ်းခဲ့ပြီး ကမ္ဘာ့အကျော်ကြားဆုံး ကာတွန်းဇာတ်ကောင်တွေထဲက တစ်ခုကို ရည်ညွှန်းပြီး အောင်ပွဲခံခဲ့ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်ကို အယ်ကလက်စီကိုပွဲစဉ်မှာ ၄-၀ နဲ့ အပြတ်အသတ်ချေမှုန်းခဲ့တဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဇာဗီရဲ့အသင်းဟာ ၎င်းတို့ရဲ့ပုံရိပ်ကို ပြန်လည်တည်ဆောက်ဖို့ အကောင်းဆုံးနိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်းက ၎င်းရဲ့ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူခဲ့ပြီးနောက် ထောင့်ကန်ဘော အလံတိုင်ရှိရာကို ပြေးသွားခဲ့ပြီး ဘာစီလိုနာပရိသတ်တွေ တသက်တာ အမှတ်ရနေစေဖို့ Dragon Ball Z ဇာတ်လမ်းကို ရည်ညွှန်းပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဂါဘွန်တိုက်စစ်မှူးရဲ့ အောင်ပွဲခံမှုဟာ Dragon Ball Z ရဲ့ အထင်ကရ ဇာတ်ကောင်ဖြစ်တဲ့ ဂိုခုကို ရည်ညွှန်းခဲ့ပုံပေါ်ပြီး အူဘာမီယန်းရဲ့ အမူအရာဟာ ဂိုခုရဲ့ အတွင်းအားထုတ်လွှင့်ခြင်းနဲ့ ဆင်တူခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်က အမြင်စူးရှကြတဲ့ ပရိသတ်တွေဟာ ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူးရဲ့ ရည်ညွှန်းမှုကို လျင်လျင်မြန်မြန်ပဲ သိသွားခဲ့ကြတာဖြစ်ပါတယ်။

“ဟုတ်တာပေါ့။အတိအကျပဲ။ Dragon Ball Z ပဲ”လို့ နောက်ပိုင်းမှာ အူဘာမီယန်းက ၎င်းရဲ့ အောင်ပွဲခံဟန်ရဲ့ အဓိပ္ပာယ်ကို အတည်ပြုပြောကြားခဲ့ပါတယ်။ “ကျွန်တော့်မှာ ဆန္ဒတစ်ခု ရှိခဲ့တယ်။ အဲဒါက ဒီမှာ အနိုင်ရဖို့ပါပဲ။ ကျွန်တော့်မိသားစု၊ ကျွန်တော်တို့နဲ့အတူရှိမနေကြတော့တဲ့ ကျွန်တော့် အဖိုးအဖွားတွေနဲ့ပတ်သက်ပြီး အများကြီး တွေးခဲ့မိတယ်။ ဒါပေမယ့် ဒီမှာ ဒီနေ့ သူတို့အတွက် ကျွန်တော် ဂိုးသွင်းယူပေးရလို့ ပျော်ရွှင်မိပါတယ်”

ဒီအောင်ပွဲခံမှုဟာ အူဘာမီယန်းက လူသိများတဲ့ ကာတွန်းဇာတ်လမ်းတွေကို နှစ်သက်မှုကို ပြသခဲ့တဲ့ ပထမဆုံးအကြိမ်မဟုတ်ဘဲ ဂါဘွန်တိုက်စစ်မှူးဟာ Dragon Ball Z ကို ဂါရဝပြုတဲ့အနေနဲ့ ဆေးမှင်ကြောင် ထိုးထားတာဖြစ်ပါတယ်။ အူဘာမီယန်းရဲ့ အောင်ပွဲခံဟန်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားခြင်းမရှိခဲ့မှာ သေချာတဲ့သူကတော့ တိုနီ ခရူးစ်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟာ အရင်တုန်းက အာဆင်နယ်တိုက်စစ်မှူးဟောင်းရဲ့ အောင်ပွဲခံဟန်နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ရတာတွေကို မနှစ်သက်ကြောင်း ပြောကြားပြီး ဝေဖန်ခဲ့ဖူးတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဝါရင့်ကွင်းလယ်လူက အူဘာမီယန်းရဲ့ အရင်တုန်းက အောင်ပွဲခံဟန်တွေဖြစ်တဲ့ ဘလက်ပန်သာနဲ့ စပိုက်ဒါမန်း မျက်နှာဖုံးနဲ့ အောင်ပွဲခံဟန်ကို ထောက်ပြပြီး ပရိသတ်တွေရဲ့ စံနမူနာတစ်ဦးအနေနဲ့ သင့်လျော်ခြင်းမရှိဘူးလို့ ပြောကြားခဲ့သလို အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာၾကယ္ပြင့္တိုက္စစ္မႉး အူဘာမီယန္းဟာ ေဘာလုံးရဲ့အႀကီးမားဆုံးပြဲစဥ္ေတြထဲက တစ္ပြဲျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ ပြဲၾကမ္းခဲ့ၿပီး ကမၻာ့အေက်ာ္ၾကားဆုံး ကာတြန္းဇာတ္ေကာင္ေတြထဲက တစ္ခုကို ရည္ညႊန္းၿပီး ေအာင္ပြဲခံခဲ့ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ဘာစီလိုနာအသင္းက ရီးရဲလ္မက္ဒရစ္ကို အယ္ကလက္စီကိုပြဲစဥ္မွာ ၄-၀ နဲ႔ အျပတ္အသတ္ေခ်မႈန္းခဲ့တဲ့ပြဲမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္နိုင္ခဲ့ၿပီး ဇာဗီရဲ့အသင္းဟာ ၎တို႔ရဲ့ပုံရိပ္ကို ျပန္လည္တည္ေဆာက္ဖို႔ အေကာင္းဆုံးနိုင္ပြဲ ရရွိခဲ့တာျဖစ္ပါတယ္။

အူဘာမီယန္းက ၎ရဲ့ ဒုတိယေျမာက္သြင္းဂိုးကို သြင္းယူခဲ့ၿပီးေနာက္ ေထာင့္ကန္ေဘာ အလံတိုင္ရွိရာကို ေျပးသြားခဲ့ၿပီး ဘာစီလိုနာပရိသတ္ေတြ တသက္တာ အမွတ္ရေနေစဖို႔ Dragon Ball Z ဇာတ္လမ္းကို ရည္ညႊန္းၿပီး ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

ဂါဘြန္တိုက္စစ္မႉးရဲ့ ေအာင္ပြဲခံမႈဟာ Dragon Ball Z ရဲ့ အထင္ကရ ဇာတ္ေကာင္ျဖစ္တဲ့ ဂိုခုကို ရည္ညႊန္းခဲ့ပုံေပၚၿပီး အူဘာမီယန္းရဲ့ အမူအရာဟာ ဂိုခုရဲ့ အတြင္းအားထုတ္လႊင့္ျခင္းနဲ႔ ဆင္တူခဲ့တာျဖစ္ပါတယ္။ လူမႈကြန္ရက္ေပၚက အျမင္စူးရွၾကတဲ့ ပရိသတ္ေတြဟာ ဘာစီလိုနာၾကယ္ပြင့္တိုက္စစ္မႉးရဲ့ ရည္ညႊန္းမႈကို လ်င္လ်င္ျမန္ျမန္ပဲ သိသြားခဲ့ၾကတာျဖစ္ပါတယ္။

“ဟုတ္တာေပါ့။အတိအက်ပဲ။ Dragon Ball Z ပဲ”လို႔ ေနာက္ပိုင္းမွာ အူဘာမီယန္းက ၎ရဲ့ ေအာင္ပြဲခံဟန္ရဲ့ အဓိပၸာယ္ကို အတည္ျပဳေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ့္မွာ ဆႏၵတစ္ခု ရွိခဲ့တယ္။ အဲဒါက ဒီမွာ အနိုင္ရဖို႔ပါပဲ။ ကၽြန္ေတာ့္မိသားစု၊ ကၽြန္ေတာ္တို႔နဲ႔အတူရွိမေနၾကေတာ့တဲ့ ကၽြန္ေတာ့္ အဖိုးအဖြားေတြနဲ႔ပတ္သက္ၿပီး အမ်ားႀကီး ေတြးခဲ့မိတယ္။ ဒါေပမယ့္ ဒီမွာ ဒီေန႔ သူတို႔အတြက္ ကၽြန္ေတာ္ ဂိုးသြင္းယူေပးရလို႔ ေပ်ာ္ရႊင္မိပါတယ္”

ဒီေအာင္ပြဲခံမႈဟာ အူဘာမီယန္းက လူသိမ်ားတဲ့ ကာတြန္းဇာတ္လမ္းေတြကို ႏွစ္သက္မႈကို ျပသခဲ့တဲ့ ပထမဆုံးအႀကိမ္မဟုတ္ဘဲ ဂါဘြန္တိုက္စစ္မႉးဟာ Dragon Ball Z ကို ဂါရဝျပဳတဲ့အေနနဲ႔ ေဆးမွင္ေၾကာင္ ထိုးထားတာျဖစ္ပါတယ္။ အူဘာမီယန္းရဲ့ ေအာင္ပြဲခံဟန္နဲ႔ပတ္သက္ၿပီး စိတ္လႈပ္ရွားျခင္းမရွိခဲ့မွာ ေသခ်ာတဲ့သူကေတာ့ တိုနီ ခ႐ူးစ္ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ဟာ အရင္တုန္းက အာဆင္နယ္တိုက္စစ္မႉးေဟာင္းရဲ့ ေအာင္ပြဲခံဟန္နဲ႔ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္ၿပီး လုပ္ေဆာင္ရတာေတြကို မႏွစ္သက္ေၾကာင္း ေျပာၾကားၿပီး ေဝဖန္ခဲ့ဖူးတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဝါရင့္ကြင္းလယ္လူက အူဘာမီယန္းရဲ့ အရင္တုန္းက ေအာင္ပြဲခံဟန္ေတြျဖစ္တဲ့ ဘလက္ပန္သာနဲ႔ စပိုက္ဒါမန္း မ်က္ႏွာဖုံးနဲ႔ ေအာင္ပြဲခံဟန္ကို ေထာက္ျပၿပီး ပရိသတ္ေတြရဲ့ စံနမူနာတစ္ဦးအေနနဲ႔ သင့္ေလ်ာ္ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့သလို အဓိပၸာယ္မရွိတဲ့လုပ္ရပ္လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.