La Liga Match Report

El Clasico ရှုံးကြွေးတွေကို အတိုးနဲ့ဆပ်ပြီး ရီးရဲလ်ကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်တဲ့ ဘာဆာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ အယ်လ်ကလာစီကို ပွဲစဉ်တွေမှာ လာလီဂါ လေးပွဲနဲ့ ဆူပါဖလားတစ်ပွဲ၊ ငါးပွဲဆက်တိုက် ရှုံးထားခဲ့တဲ့ ရှုံးကြွေးကို ဒီနေ့ပွဲမှာတော့ ပြန်ဆပ်နိုင်ခဲ့ပြီး ၂၀၁၉ မတ်လနောက်ပိုင်း အနိုင်မရတဲ့ မှတ်တမ်းဆိုးကိုလည်း နည်းပြသစ် ဇာဗီလက်ထက်မှာ ချေဖျက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်တို့အနေနဲ့ ဒီနေ့ပွဲကို တိုက်စစ်မှူး ဘင်ဇီးမား မပါဘဲ ၄-၆-၀ ပုံစံနဲ့ ပွဲထွက်လာခဲ့သလို ဒီပွဲမစခင်မှာမှ လာလီဂါအကောင်းဆုံး ကစားသမား တစ်လတာဆုကို ရရှိခဲ့တဲ့ ဂိုးသမား ကူထွာ၊ မီလီတို၊ အလာဘာ၊ ကာဗာဟယ်လ်၊ နာချိုတို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ကာစီမီရို၊ တိုနီ ခရူးစ်၊ ဗယ်လ်ဗာဒီ၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ကို နည်းပြ အန်ချယ်လော့တီက ပွဲထုတ်ခဲ့တာပါ။

ဘာစီလိုနာတို့ကတော့ သူတို့ရဲ့ ကစားနေကျ ၄-၃-၃ ပုံစံကိုပဲ အသုံးပြုခဲ့ပြီး ခံစစ်မှာ တာစတီဂန်၊ ပီကေး၊ အဲရစ် ဂါစီယာ၊ အရော်ဂျိုနဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဖရင်ကီ ဒီယုံး၊ ဘူးစကွက်စ်၊ ပက်ဒရီတို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ အတွဲမိနေတဲ့ ဖယ်ရန် တောရက်စ်၊ အူဘာမီယန်းနဲ့ ဒမ်ဘီလီတို့ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

ယိုဗစ်ချ်နဲ့ မာရီယာနို ဒီယက်ဇ်တို့ကို မသုံးရဲတဲ့ အိမ်ရှင်တွေအနေနဲ့ ကောင်တာပဲ ကစားခဲ့ရပြီးပွဲချိန် ၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ရိုဒရီဂိုက အခွင့်အရေးကို ဖြုန်းတီးခဲ့သလို ပွဲချိန် ၇ မိနစ်မှာလည်း ကောင်တာကနေပဲ ဗီနီးရှပ်စ် တစ်ကိုယ်တော် ခြေစွမ်းနဲ့ ပြန်ချိုးပေးတာကို ဗယ်လ်ဗာဒီ ကန်ခွင့် ရခဲ့ပေမယ့် တာစတီဂန် ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

တဖြည်းဖြည်းနဲ့ ပွဲချိန် ၁၅ မိနစ်ကျော်လောက်မှာ ပွဲကို ဘာစီလိုနာတို့ စိုးမိုးစပြုလာခဲ့ပြီး သူတို့ရဲ့ ဘောလုံးကိုင်ကစားတဲ့ ပုံစံက ပိုအလုပ်ဖြစ်ခဲ့ချိန်မှာ အူဘာမီယန်းရဲ့ အနီးကပ်ကန်ချက်ကို ဂိုးသမား ကူတွာ ကာကွယ်ခဲ့ရပြီး ဘယ်ခြမ်းက တောရက်စ်ရဲ့ ဝိုက်ကန်ချက်ကတော့ တိုင်ဘေးက ကပ်ထွက်သွားခဲ့လို့ ရီးရဲလ်တို့ ဂိုးပေးရဖို့ သက်သာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ ကစားပုံ ပိုထိရောက်နေတဲ့ ဘာစီလိုနာတို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ကြပြီး ညာတောင်ပံကနေ ဘောလုံးပြန်ရလာခဲ့တဲ့ ဒမ်ဘီလီက နာချိုကို ကျော်ပြီး ဖြတ်တင်ပေးခဲ့ရာမှာ အူဘာမီယန်းက အဖျက်ညံ့ခဲ့တဲ့ အလာဘာနဲ့ မီလီတိုတို့ကြားကနေ အနီးကပ်ခေါင်းတိုက်ပြီး ဂိုးသမား ကူတွာကို အနိုင်ယူသွားခဲ့တာပါ။

ရီးရဲလ်ခံစစ်ကတော့ သိပ်တော့ မဟုတ်သေးဘဲ စုဖွဲ့မှု မကောင်းဘဲဖြစ်နေခဲ့ပြီး နောက်ပိုင်း ၃-၄ နှစ်လောက်မှာမှ ဘိုင်ယန်မြူးနစ်မှာ ဘယ်အစွန်လူနေရာကနေ ဗဟိုခံစစ်မှူး Ball Playing Defender Role ကို ပြောင်းကစားခဲ့တဲ့ အလာဘာကို ကာကွယ်ပေးနိုင်တဲ့ ခံစစ်ကျောက်ဆောင်တွဲဘက်မျိုး အန်ဆယ်လော့တီမှာ မရှိတာက သူတို့နောက်တန်းကို ဝါးအစည်းပြေစေသလို အူဘာမီယန်းကတောင် ပွဲချိန် ၃၅ မိနစ်မှာ ဟက်ထရစ်လောက် ရခဲ့သင့်တာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ မိုဒရစ်ချ် ချပေးတဲ့ ဘောလုံးကို ဆွဲပြေးလာခဲ့ပြီး ကိုယ့်အစွမ်းအစနဲ့ကိုယ် ဂိုးမသွင်းဘဲ ပင်နယ်တီ ဧရိယာထဲမှာ ဒိုင်ဗင်ထိုးဖို့ ကြိုးစားခဲ့တဲ့ ဗီနီးရှပ်စ် ဂျူနီယာကို ဘာစီလိုနာနောက်ခံလူတွေက ဝိုင်းဝန်းလှောင်ပြောင်တိုက်ခိုက်ခဲ့ကြပြီး အဲရစ် ဂါစီယာနဲ့ ပီကေးတို့က ဖဲ့ခဲ့ကြချိန်မှာ သူ့ကို မှားမှားမှန်မှန် ကာကွယ်ပေးမယ့်သူမျိုး မရှိတာက ဆာဂျီယို ရာမို့စ်ကို လွမ်းချင်စရာဖြစ်ခဲ့ရသေးတာပါ။

ပွဲချိန် ၃၈ မိနစ်မှာတော့ ဘာစီလိုနာတို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဒမ်ဘီလီကပဲ ခပ်သာသာ အမြောက်ကန်တင်ပေးခဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ်ခံစစ်ရဲ့ အားနည်းချက်ဖြစ်နေပြီး အရပ်အမောင်းလည်း နိမ့်တဲ့ အလာဘာ ရှင်းမထုတ်နိုင်ဘဲ ကျော်ပြီး ကျလာတာကို အရော်ဂျိုက ခေါင်းတိုက်ခဲ့ရာမှာ အရပ်ရှည်တဲ့ ဂိုးသမား ကူတွာ ဗိုက်အောက်ကို ဝင်သွားခဲ့လို့ ခံစားသွားခဲ့ရတာဖြစ်ပါတယ်။

ဘာနေဗျူးက အယ်လ်ကလာစီကိုရဲ့ ပထမပိုင်းမှာ ဘာစီလိုနာတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်စချိန်မှာတော့ ရီးရဲလ်တို့အနေနဲ့ ညာနောက်ခံလူ ကာဗာဟယ်လ်အစား တိုက်စစ်မှူး မာရီယာနို ဒီယက်ဇ်နဲ့ တိုနီ ခရူးစ်အစား ကာမာဗင်ဂါတို့ကို ပြန်ထည့်ပြီး ၄-၃-၃ ပုံစံ ပြောင်းကစားခဲ့သလို ဘာဆာတို့ ပွဲစစချင်း စက္ကန့်ပိုင်းအတွင်းမှာ ဂိုးသွင်းခွင့် ထပ်ရခဲ့ပေမယ့် လွတ်ထွက်သွားတဲ့ ဖယ်ရန် တောရက်စ်က ဖြုန်းခဲ့သေးတာပါ။

ပွဲချိန် ၄၇ မိနစ်မှာတော့ အခွင့်အရေးတွေ များစွာ ဖော်ဆောင်နေနိုင်တဲ့ ဘာစီလိုနာတို့ တတိယဂိုး ရရှိခဲ့ကြပြီး အလာဘာ ဘောလုံးပျက်ရာကနေ ပြန်ဖြတ်ယူသွားခဲ့တဲ့ ကွင်းလယ်လူ ဒီယုံးက ဒမ်ဘီလီနဲ့ ဝမ်းတူးရိုက်ပြီး ချပေးတာကို အူဘာမီယန်းက ကန်သွင်းရမယ့်အစား နောက်ပေါက်နဲ့ ဘယ်ခြမ်းကို ချပေးခဲ့ရာမှာ အလွဲကြီး လွဲနေတဲ့ ဖယ်ရန် တောရက်စ်က ပြေးပိတ်ပြီး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပုံစံနဲ့မှ မဟုတ်ရင် ဒီပွဲမှာ ဂိုးရဖို့ မလွယ်နိုင်မှန်း သူ့ကိုယ်သူ သိနေတဲ့ ဖယ်ရန် တောရက်စ်ကတော့ အယ်လ်ကလာစီကို သွင်းဂိုးအတွက် အူဘာမီယန်းကို ပြေးဖက်ပြီး အောင်ပွဲခံသွားခဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် မိုဒရစ်ချ်ရဲ့ မျက်နှာမှာတော့ စိတ်ပျက်လက်ပျက်နဲ့ အသင်းရဲ့ ပြိုလဲမှုကို မယုံနိုင်တဲ့ အရိပ်အယောင်တွေကို တွေ့ခဲ့ရသေးတာပါ။

ပွဲချိန် ၅၁ မိနစ်မှာတော့ ဘာစီလိုနာတို့ပဲ နောက်ထပ်တစ်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ပီကေး ကန်တင်ပေးလိုက်တာကို လူကျွံဘောဖမ်းဖို့ ကြိုးစားတဲ့ နာချိုနဲ့ မီလီတို့တို့ကြားကနေ ဘောလုံးရသွားခဲ့တဲ့ ဖယ်ရန် တောရက်စ်က ချပေးခဲ့တာကို အူဘာမီယန်းက သူလုပ်နေကျ ပုံစံအတိုင်း ရှေ့ထွက်လာတဲ့ ဂိုးသမားကို ကျော်ကန်သွင်းယူသွားခဲ့ပြီး စည်းကြပ်ဒိုင်ကတော့ ဒီအချိန်မှာ အလံထောင်နေခဲ့သေးတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဒိုင်ထောင်ချင်ထောင် မှုတ်ချင်မှုတ်၊ စိတ်ချရအောင် ဂိုးထဲ ကန်ထားဖို့က ကိုယ့်အလုပ်ဆိုတာကို ကောင်းကောင်းနားလည်ခဲ့တဲ့ ဂါဘွန်သားရဲ့ ပါးနပ်မှုက ဘာဆာတို့ကို အကျိုးပြုခဲ့ပြီး VAR ပြန်ကြည့်ရာမှာတော့ ရီးရဲလ်တို့ ဘယ်လိုပဲ စောဒကတက်တက် တောရက်စ်ကို ဖမ်းခဲ့တဲ့ လူကျွံထောင်ချောက်မှာ ဒီနေ့ပွဲရဲ့ ဒလန် အလာဘာကပဲ ဘယ်ခြမ်းမှာ ကျန်နေလို့ ဘာနေဗျူးမှာ လေးဂိုး-ဂိုးမရှိနဲ့ အားနာစရာဖြစ်ခဲ့ရသေးတာပါ။

ဒီနောက်ပိုင်းမှာ အန်ချယ်လော့တီက နာချိုနဲ့ ရိုဒရီဂိုတို့ နေရာမှာ လူးကပ်စ် ဗက်ဇ်ကေးနဲ့ အဆန်စီယိုတို့ကို ထည့်သွင်းခဲ့ပေမယ့် ဆေးမမီခဲ့သလို ဘာစီလိုနာတို့ကတော့ ဟက်ထရစ်လွဲခဲ့တဲ့ အူဘာမီယန်းနဲ့ ဒီယုံးတို့ကို ဒီပိုင်း၊ ဂါဗီတို့နဲ့ စလဲခဲ့ပြီး ဒမ်ဘီလီအစား အဒါမာ ထရာအိုရေးနဲ့ ပွဲပြီးခါနီးမှာ ဂျော်ဒီ အယ်လ်ဘာအစား ဒါနီ အဲလ်ဗက်စ်နဲ့ ပက်ဒရီအစား နီကို ဂွန်ဇာလက်ဇ်တို့ကို ထည့်ကစားပြီး ပွဲကို ထိန်းသိမ်းသွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို ဘာစီလိုနာတို့ လေးဂိုး-ဂိုးမရှိနဲ့ မယှဉ်သာအောင် အပြတ်အသတ် အနိုင်ရခဲ့ပြီး အက်သလက်တီကို မက်ဒရစ်ရဲ့ စနေနေ့ပွဲ ကစားပြီး တတိယနေရာကို လာလာကျူးကျော်နေမှုကို တစ်ပွဲလျော့၊ ဂိုးကွာခြားချက်နဲ့ ပြန်သိမ်းနိုင်ခဲ့သလို ရမှတ် ၅၄ မှတ်နဲ့ ဒုတိယနေရာက ဆီဗီလာနဲ့ သုံးမှတ်အကွာကို ရောက်ရှိလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ အယ္လ္ကလာစီကို ပြဲစဥ္ေတြမွာ လာလီဂါ ေလးပြဲနဲ႔ ဆူပါဖလားတစ္ပြဲ၊ ငါးပြဲဆက္တိုက္ ရႈံးထားခဲ့တဲ့ ရႈံးေႂကြးကို ဒီေန႔ပြဲမွာေတာ့ ျပန္ဆပ္ႏိုင္ခဲ့ၿပီး ၂၀၁၉ မတ္လေနာက္ပိုင္း အႏိုင္မရတဲ့ မွတ္တမ္းဆိုးကိုလည္း နည္းျပသစ္ ဇာဗီလက္ထက္မွာ ေခ်ဖ်က္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္တို႔အေနနဲ႔ ဒီေန႔ပြဲကို တိုက္စစ္မႉး ဘင္ဇီးမား မပါဘဲ ၄-၆-၀ ပုံစံနဲ႔ ပြဲထြက္လာခဲ့သလို ဒီပြဲမစခင္မွာမွ လာလီဂါအေကာင္းဆုံး ကစားသမား တစ္လတာဆုကို ရရွိခဲ့တဲ့ ဂိုးသမား ကူထြာ၊ မီလီတို၊ အလာဘာ၊ ကာဗာဟယ္လ္၊ နာခ်ိဳတို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုဒရစ္ခ်္၊ ကာစီမီ႐ို၊ တိုနီ ခ႐ူးစ္၊ ဗယ္လ္ဗာဒီ၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ႐ိုဒရီဂိုတို႔ကို နည္းျပ အန္ခ်ယ္ေလာ့တီက ပြဲထုတ္ခဲ့တာပါ။

ဘာစီလိုနာတို႔ကေတာ့ သူတို႔ရဲ႕ ကစားေနက် ၄-၃-၃ ပုံစံကိုပဲ အသုံးျပဳခဲ့ၿပီး ခံစစ္မွာ တာစတီဂန္၊ ပီေကး၊ အဲရစ္ ဂါစီယာ၊ အေရာ္ဂ်ိဳနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဖရင္ကီ ဒီယုံး၊ ဘူးစကြက္စ္၊ ပက္ဒရီတို႔ကို အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ အတြဲမိေနတဲ့ ဖယ္ရန္ ေတာရက္စ္၊ အူဘာမီယန္းနဲ႔ ဒမ္ဘီလီတို႔ကို ပြဲထြက္ေစခဲ့တာျဖစ္ပါတယ္။

ယိုဗစ္ခ်္နဲ႔ မာရီယာႏို ဒီယက္ဇ္တို႔ကို မသုံးရဲတဲ့ အိမ္ရွင္ေတြအေနနဲ႔ ေကာင္တာပဲ ကစားခဲ့ရၿပီးပြဲခ်ိန္ ၅ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ႐ိုဒရီဂိုက အခြင့္အေရးကို ျဖဳန္းတီးခဲ့သလို ပြဲခ်ိန္ ၇ မိနစ္မွာလည္း ေကာင္တာကေနပဲ ဗီနီးရွပ္စ္ တစ္ကိုယ္ေတာ္ ေျခစြမ္းနဲ႔ ျပန္ခ်ိဳးေပးတာကို ဗယ္လ္ဗာဒီ ကန္ခြင့္ ရခဲ့ေပမယ့္ တာစတီဂန္ ပုတ္ထုတ္သြားႏိုင္ခဲ့တာပါ။

တျဖည္းျဖည္းနဲ႔ ပြဲခ်ိန္ ၁၅ မိနစ္ေက်ာ္ေလာက္မွာ ပြဲကို ဘာစီလိုနာတို႔ စိုးမိုးစျပဳလာခဲ့ၿပီး သူတို႔ရဲ႕ ေဘာလုံးကိုင္ကစားတဲ့ ပုံစံက ပိုအလုပ္ျဖစ္ခဲ့ခ်ိန္မွာ အူဘာမီယန္းရဲ႕ အနီးကပ္ကန္ခ်က္ကို ဂိုးသမား ကူတြာ ကာကြယ္ခဲ့ရၿပီး ဘယ္ျခမ္းက ေတာရက္စ္ရဲ႕ ဝိုက္ကန္ခ်က္ကေတာ့ တိုင္ေဘးက ကပ္ထြက္သြားခဲ့လို႔ ရီးရဲလ္တို႔ ဂိုးေပးရဖို႔ သက္သာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ကစားပုံ ပိုထိေရာက္ေနတဲ့ ဘာစီလိုနာတို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၾကၿပီး ညာေတာင္ပံကေန ေဘာလုံးျပန္ရလာခဲ့တဲ့ ဒမ္ဘီလီက နာခ်ိဳကို ေက်ာ္ၿပီး ျဖတ္တင္ေပးခဲ့ရာမွာ အူဘာမီယန္းက အဖ်က္ညံ့ခဲ့တဲ့ အလာဘာနဲ႔ မီလီတိုတို႔ၾကားကေန အနီးကပ္ေခါင္းတိုက္ၿပီး ဂိုးသမား ကူတြာကို အႏိုင္ယူသြားခဲ့တာပါ။

ရီးရဲလ္ခံစစ္ကေတာ့ သိပ္ေတာ့ မဟုတ္ေသးဘဲ စုဖြဲ႕မႈ မေကာင္းဘဲျဖစ္ေနခဲ့ၿပီး ေနာက္ပိုင္း ၃-၄ ႏွစ္ေလာက္မွာမွ ဘိုင္ယန္ျမဴးနစ္မွာ ဘယ္အစြန္လူေနရာကေန ဗဟိုခံစစ္မႉး Ball Playing Defender Role ကို ေျပာင္းကစားခဲ့တဲ့ အလာဘာကို ကာကြယ္ေပးႏိုင္တဲ့ ခံစစ္ေက်ာက္ေဆာင္တြဲဘက္မ်ိဳး အန္ဆယ္ေလာ့တီမွာ မရွိတာက သူတို႔ေနာက္တန္းကို ဝါးအစည္းေျပေစသလို အူဘာမီယန္းကေတာင္ ပြဲခ်ိန္ ၃၅ မိနစ္မွာ ဟက္ထရစ္ေလာက္ ရခဲ့သင့္တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန မိုဒရစ္ခ်္ ခ်ေပးတဲ့ ေဘာလုံးကို ဆြဲေျပးလာခဲ့ၿပီး ကိုယ့္အစြမ္းအစနဲ႔ကိုယ္ ဂိုးမသြင္းဘဲ ပင္နယ္တီ ဧရိယာထဲမွာ ဒိုင္ဗင္ထိုးဖို႔ ႀကိဳးစားခဲ့တဲ့ ဗီနီးရွပ္စ္ ဂ်ဴနီယာကို ဘာစီလိုနာေနာက္ခံလူေတြက ဝိုင္းဝန္းေလွာင္ေျပာင္တိုက္ခိုက္ခဲ့ၾကၿပီး အဲရစ္ ဂါစီယာနဲ႔ ပီေကးတို႔က ဖဲ့ခဲ့ၾကခ်ိန္မွာ သူ႔ကို မွားမွားမွန္မွန္ ကာကြယ္ေပးမယ့္သူမ်ိဳး မရွိတာက ဆာဂ်ီယို ရာမို႔စ္ကို လြမ္းခ်င္စရာျဖစ္ခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ဒမ္ဘီလီကပဲ ခပ္သာသာ အေျမာက္ကန္တင္ေပးခဲ့ခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ခံစစ္ရဲ႕ အားနည္းခ်က္ျဖစ္ေနၿပီး အရပ္အေမာင္းလည္း နိမ့္တဲ့ အလာဘာ ရွင္းမထုတ္ႏိုင္ဘဲ ေက်ာ္ၿပီး က်လာတာကို အေရာ္ဂ်ိဳက ေခါင္းတိုက္ခဲ့ရာမွာ အရပ္ရွည္တဲ့ ဂိုးသမား ကူတြာ ဗိုက္ေအာက္ကို ဝင္သြားခဲ့လို႔ ခံစားသြားခဲ့ရတာျဖစ္ပါတယ္။

ဘာေနဗ်ဴးက အယ္လ္ကလာစီကိုရဲ႕ ပထမပိုင္းမွာ ဘာစီလိုနာတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္စခ်ိန္မွာေတာ့ ရီးရဲလ္တို႔အေနနဲ႔ ညာေနာက္ခံလူ ကာဗာဟယ္လ္အစား တိုက္စစ္မႉး မာရီယာႏို ဒီယက္ဇ္နဲ႔ တိုနီ ခ႐ူးစ္အစား ကာမာဗင္ဂါတို႔ကို ျပန္ထည့္ၿပီး ၄-၃-၃ ပုံစံ ေျပာင္းကစားခဲ့သလို ဘာဆာတို႔ ပြဲစစခ်င္း စကၠန႔္ပိုင္းအတြင္းမွာ ဂိုးသြင္းခြင့္ ထပ္ရခဲ့ေပမယ့္ လြတ္ထြက္သြားတဲ့ ဖယ္ရန္ ေတာရက္စ္က ျဖဳန္းခဲ့ေသးတာပါ။

ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ အခြင့္အေရးေတြ မ်ားစြာ ေဖာ္ေဆာင္ေနႏိုင္တဲ့ ဘာစီလိုနာတို႔ တတိယဂိုး ရရွိခဲ့ၾကၿပီး အလာဘာ ေဘာလုံးပ်က္ရာကေန ျပန္ျဖတ္ယူသြားခဲ့တဲ့ ကြင္းလယ္လူ ဒီယုံးက ဒမ္ဘီလီနဲ႔ ဝမ္းတူး႐ိုက္ၿပီး ခ်ေပးတာကို အူဘာမီယန္းက ကန္သြင္းရမယ့္အစား ေနာက္ေပါက္နဲ႔ ဘယ္ျခမ္းကို ခ်ေပးခဲ့ရာမွာ အလြဲႀကီး လြဲေနတဲ့ ဖယ္ရန္ ေတာရက္စ္က ေျပးပိတ္ၿပီး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပုံစံနဲ႔မွ မဟုတ္ရင္ ဒီပြဲမွာ ဂိုးရဖို႔ မလြယ္ႏိုင္မွန္း သူ႔ကိုယ္သူ သိေနတဲ့ ဖယ္ရန္ ေတာရက္စ္ကေတာ့ အယ္လ္ကလာစီကို သြင္းဂိုးအတြက္ အူဘာမီယန္းကို ေျပးဖက္ၿပီး ေအာင္ပြဲခံသြားခဲ့ခ်ိန္မွာ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ မိုဒရစ္ခ်္ရဲ႕ မ်က္ႏွာမွာေတာ့ စိတ္ပ်က္လက္ပ်က္နဲ႔ အသင္းရဲ႕ ၿပိဳလဲမႈကို မယုံႏိုင္တဲ့ အရိပ္အေယာင္ေတြကို ေတြ႕ခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ပဲ ေနာက္ထပ္တစ္ဂိုး သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ပီေကး ကန္တင္ေပးလိုက္တာကို လူကြၽံေဘာဖမ္းဖို႔ ႀကိဳးစားတဲ့ နာခ်ိဳနဲ႔ မီလီတို႔တို႔ၾကားကေန ေဘာလုံးရသြားခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္က ခ်ေပးခဲ့တာကို အူဘာမီယန္းက သူလုပ္ေနက် ပုံစံအတိုင္း ေရွ႕ထြက္လာတဲ့ ဂိုးသမားကို ေက်ာ္ကန္သြင္းယူသြားခဲ့ၿပီး စည္းၾကပ္ဒိုင္ကေတာ့ ဒီအခ်ိန္မွာ အလံေထာင္ေနခဲ့ေသးတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ဒိုင္ေထာင္ခ်င္ေထာင္ မႈတ္ခ်င္မႈတ္၊ စိတ္ခ်ရေအာင္ ဂိုးထဲ ကန္ထားဖို႔က ကိုယ့္အလုပ္ဆိုတာကို ေကာင္းေကာင္းနားလည္ခဲ့တဲ့ ဂါဘြန္သားရဲ႕ ပါးနပ္မႈက ဘာဆာတို႔ကို အက်ိဳးျပဳခဲ့ၿပီး VAR ျပန္ၾကည့္ရာမွာေတာ့ ရီးရဲလ္တို႔ ဘယ္လိုပဲ ေစာဒကတက္တက္ ေတာရက္စ္ကို ဖမ္းခဲ့တဲ့ လူကြၽံေထာင္ေခ်ာက္မွာ ဒီေန႔ပြဲရဲ႕ ဒလန္ အလာဘာကပဲ ဘယ္ျခမ္းမွာ က်န္ေနလို႔ ဘာေနဗ်ဴးမွာ ေလးဂိုး-ဂိုးမရွိနဲ႔ အားနာစရာျဖစ္ခဲ့ရေသးတာပါ။

ဒီေနာက္ပိုင္းမွာ အန္ခ်ယ္ေလာ့တီက နာခ်ိဳနဲ႔ ႐ိုဒရီဂိုတို႔ ေနရာမွာ လူးကပ္စ္ ဗက္ဇ္ေကးနဲ႔ အဆန္စီယိုတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ေဆးမမီခဲ့သလို ဘာစီလိုနာတို႔ကေတာ့ ဟက္ထရစ္လြဲခဲ့တဲ့ အူဘာမီယန္းနဲ႔ ဒီယုံးတို႔ကို ဒီပိုင္း၊ ဂါဗီတို႔နဲ႔ စလဲခဲ့ၿပီး ဒမ္ဘီလီအစား အဒါမာ ထရာအိုေရးနဲ႔ ပြဲၿပီးခါနီးမွာ ေဂ်ာ္ဒီ အယ္လ္ဘာအစား ဒါနီ အဲလ္ဗက္စ္နဲ႔ ပက္ဒရီအစား နီကို ဂြန္ဇာလက္ဇ္တို႔ကို ထည့္ကစားၿပီး ပြဲကို ထိန္းသိမ္းသြားခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘာေနဗ်ဴးမွာ ရီးရဲလ္မက္ဒရစ္ကို ဘာစီလိုနာတို႔ ေလးဂိုး-ဂိုးမရွိနဲ႔ မယွဥ္သာေအာင္ အျပတ္အသတ္ အႏိုင္ရခဲ့ၿပီး အက္သလက္တီကို မက္ဒရစ္ရဲ႕ စေနေန႔ပြဲ ကစားၿပီး တတိယေနရာကို လာလာက်ဴးေက်ာ္ေနမႈကို တစ္ပြဲေလ်ာ့၊ ဂိုးကြာျခားခ်က္နဲ႔ ျပန္သိမ္းႏိုင္ခဲ့သလို ရမွတ္ ၅၄ မွတ္နဲ႔ ဒုတိယေနရာက ဆီဗီလာနဲ႔ သုံးမွတ္အကြာကို ေရာက္ရွိလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.