Carabao & FA Match Report Premier League

ဒုက္ခပေးနေကျ ဆောက်သမ်တန်ကို အေးအေးဆေးဆေး အနိုင်ယူခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲကို လူစုံထုတ်လာခဲ့ပြီး ခံစစ်မှာ ဂိုးသမား စတက်ဖင်၊ လာပေါ့တ်၊ စတုန်းစ်၊ ဝေါ်လ်ကာ၊ ကန်ဆယ်လိုတို့နဲ့ ခင်းကျင်းလာခဲ့သလို ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနား၊ ဂရီးလစ်ရှ်၊ စတာလင်နဲ့ ဂျေဆူးစ်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆောက်သမ်တန်တို့ကတော့ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ စတီဖင်စ်၊ ဆာလီဆူး၊ လီဗရာမန်တို၊ ဝေါ်လ်ကာ-ပီတာစ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ရိုမီယူ၊ ဝါ့ဒ်-ပရောက်စ်၊ အယ်လ်ယူနူဆီ၊ စတူးဝပ် အမ်းစ်ထရောင်းတို့နဲ့ ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ အဒမ် အမ်းစ်ထရောင်းနဲ့ ရှိန်းလောင်းတို့ ကစားလာခဲ့ကြတာပါ။

ဒီနေ့ပွဲမှာ စတာလင် တော်တော်လေး ကြိုးစားခဲ့တာကို တွေ့ရပြီး သူ့ကို ဖန်တီးပေးမယ့် ဂွန်ဒိုးဝမ် နောက်ကျနေလို့သာ ဂိုးရဖို့ စောင့်ခဲ့ရတာဖြစ်သလို ပွဲချိန် ၁၀ မိနစ်မှာတော့ မန်စီးတီးတို့ ဖိကစားနေရင်းနဲ့ ရိုမီယူပေးတာကို အဒမ် အမ်းစ်ထရောင်းကန်တာ တိုင်ထိသွားခဲ့ပြီး ဒီဂိုးသာ ဝင်သွားခဲ့ရင် ပေါ့ပေါ့ဆဆပုံစံနဲ့ ဘေးထွက်သွားမှာပါဆိုပြီး ရပ်ကြည့်နေတဲ့ ဂျွန်စတုန်းစ်တစ်ယောက် မြို့မေတ္တာခံယူရဖို့ ရှိခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ပထမနှစ်ကြိမ်မှာ စိတ်ပျက်ခဲ့ရတဲ့ စတာလင်က ဆောက်သမ်တန် ခံစစ်အမှားကနေ ဘောလုံးပြန်ရခဲ့တဲ့ ညာတောင်ပံသမား ဂျေဆူးစ်ရဲ့ ဖန်တီးမှုကို ဂိုးသမား ဖော်စတာရဲ့ အောက်ထောင့်ထဲ မနားတမ်းကန်သွင်းပြီး အဆုံးသတ်နိုင်ခဲ့တာပါ။

ဂရီးလစ်ရှ်ကတော့ ပေါင်ဆယ်သန်းလောက်တန်တဲ့ ခြေစွမ်းကိုပဲ ပြသနေခဲ့သလို တိုက်စစ်မှာ အလွဲတွေ များနေခဲ့ပြီး ဆောက်သမ်တန်တို့ရဲ့ ကောင်တာတွေကတောင် ပိုရင်ခုန်ဖို့ ကောင်းနေခဲ့သလို ရှိန်းလောင်းနဲ့ အဒမ် အမ်းစ်ထရောင်းတို့ကတောင် စီးတီးခံစစ်ကို ရင်ခုန်အောင် ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာတော့ ကန်ဆယ်လို ဖြတ်ပို့တာကို ဂွန်ဒိုးဝမ်ကန်ချက်က တိုင်ထိခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ စီးတီးတို့ ဂိုးပြန်ပေးခဲ့ရပြီး နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဝါ့ဒ်-ပရောက်စ် ပေးတာကို လူကျွံထောင်ချောက်ကို ဖြတ်ထွက်ပြီး ဘောလုံးသွားခဲ့တဲ့ အယ်လ်ယူနူစီက ထွက်ဖို့ နောက်ကျနေတဲ့ ဂိုးသမား စတက်ဖင်ရှေ့က ဖြတ်ဆွဲယူပြီး ပြန်ချိုးပေးခဲ့ရာမှာ နောက်ခံလူ လာပေါ့တ်နဲ့ထိပြီး ဝင်သွားခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း စီးတီးခံစစ်က သိပ်မငြိမ်ခဲ့တာကို တွေ့ရပြီး ဆောက်သမ်တန်တို့ကို ၁၃ ကြိမ်အထိ ကန်ခွင့်ပေးခဲ့သလို သုံးကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး အဆုံးသတ်မကောင်းခဲ့တဲ့ အိမ်ရှင်တွေကြောင့်သာ သက်သာခဲ့ရချိန်မှာ ဂွါဒီယိုလာအနေနဲ့တော့ ဘောလုံးကိုင်တာကလွဲပြီး မလိုအပ်ဘဲ အလှအပ တွဲလုံးတွေ များလွန်းနေတာကြောင့် ဂိုးပေါက် ခြိမ်းခြောက်မှု နည်းတဲ့ သူ့ရဲ့ ပုံစံကို တိုးတက်အောင်လုပ်ဖို့ လိုနေသေးတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ မန်စီးတီးတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ညာခြမ်းကနေ ဧရိယာထဲ ဆွဲဝင်တဲ့ ဂျေဆူးစ်ကို အဖျက်နောက်ကျတဲ့ ဆောက်သမ်တန်နောက်ခံလူ ဆာလီဆူးကြောင့် ပင်နယ်တီ ပေးခဲ့ရတာကို ဒီဘရိုင်းနားကန်သွင်းခဲ့ရာမှာ ဖော်စတာ ခန့်မှန်းနိုင်ခဲ့ပေမယ့် ကိုယ်လုံးကိုယ်ထည်ကြီးမားမှုအရ ဒိုက်ဗစ်တာ လေးနေခဲ့လို့ ထောင့်ထဲကို ဝင်သွားခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒီဂိုးရအပြီးမှာတော့ မန်စီးတီးဘက်က ဂျေဆူးစ်အစား မာရက်ဇ်နဲ့ ခြေစွမ်းမပြနိုင်တဲ့ ဂရီးလစ်ရှ်အစား ဖိုဒန်တို့ ဝင်ကစားခဲ့ကြပြီး ဆောက်သမ်တန်ကတော့ ဖြုန်းတီးနေတဲ့ ရှေ့တန်းနှစ်ယောက်ဖြစ်တဲ့ ရှိန်းလောင်းနဲ့ အမ်းစ်ထရောင်းတို့အစား ရှေအက်ဒမ်စ်နဲ့ ဘရိုယာတို့ကို ထည့်သွင်းခဲ့ကြပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ စီးတီးတို့ တတိယ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပြီး ညာခြမ်းကနေ လက်ပစ်ဘောက ဘောလုံးပြန်ရလာခဲ့တဲ့ ဒီဘရိုင်းနားက ထိုးပေးရာမှာ နောက်ခံလူ ဆာလီဆူးနဲ့ မလွတ်ဘဲ ပြန်ကျလာကို ရသွားခဲ့တဲ့ လူစားဝင်ကစားသမား ဖိုဒန်က အတွင်းကို တစ်ချက်ဆွဲဝင်ပြီး အပြင်းကန်သွင်းနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ ဆောက်သမ်တန်တို့ကို အပြီးတိုင် ချေမှုန်းနိုင်မယ့် စတုတ္ထမြောက်ဂိုးကို ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ကန်ဆယ်လို တင်ပေးလိုက်တဲ့ ဘောလုံးကို ဧရိယာထဲမှာ ရသွားတဲ့ ဂွန်ဒိုးဝမ်က ညာခြမ်းကို ချပေးရာမှာ ပေါ့ပေါ့ဆဆလုပ်နေခဲ့ကြတဲ့ ဆောက်သမ်တန် ခံစစ်သမား ၃ ယောက်ဘေးကနေ မာရက်ဇ်က အနီးတိုင်ခြေကို အပြင်းကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဆောက်သမ်တန်ဘက်က စတူးဝပ် အမ်းစ်ထရောင်း၊ အယ်လ်ယူနူဆီနဲ့ ရိုမီယူတို့အစား ဂျီနီပို၊ ဒီယာလိုနဲ့ စမောလ်ဘုန်းတို့ ဝင်ကစားခဲ့ကြပြီး စီးတီးတို့ဘက်ကတော့ ကန်ဆယ်လိုနဲ့ လာပေါ့တ်တို့နေရာမှာ ဇင်ချန်ကိုနဲ့ အာကေတို့ လူစားဝင်ကစားခဲ့ကြပြီး ပွဲချိန်အပြည့်မှာတော့ လေးဂိုး-တစ်ဂိုးနဲ့ ဧည့်သည်တွေ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

နှစ် ၁၅၀ ပြည့် အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ လာမယ့်ပွဲမှာတော့ လက်ရှိ အင်္ဂလန်ဘောလုံးလောကမှာ နှစ်သင်းတည်းပြိုင်တဲ့ ပြိုင်ဘက်ဖြစ်နေတဲ့ လီဗာပူးလ်တို့နဲ့ တွေ့ဆုံရတော့မှာဖြစ်ပြီး ကျန်တစ်ပွဲမှာတော့ ချဲလ်ဆီးနဲ့ ခရစ္စတယ်လ်ပဲလေ့စ်တို့ ကစားကြရမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲကို လူစုံထုတ္လာခဲ့ၿပီး ခံစစ္မွာ ဂိုးသမား စတက္ဖင္၊ လာေပါ့တ္၊ စတုန္းစ္၊ ေဝၚလ္ကာ၊ ကန္ဆယ္လိုတို႔နဲ႔ ခင္းက်င္းလာခဲ့သလို ကြင္းလယ္နဲ႔ တိုက္စစ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္၊ ဒီဘ႐ိုင္းနား၊ ဂရီးလစ္ရွ္၊ စတာလင္နဲ႔ ေဂ်ဆူးစ္တို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေဆာက္သမ္တန္တို႔ကေတာ့ ဂိုးသမား ေဖာ္စတာ၊ ခံစစ္မွာ စတီဖင္စ္၊ ဆာလီဆူး၊ လီဗရာမန္တို၊ ေဝၚလ္ကာ-ပီတာစ္တို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုမီယူ၊ ဝါ့ဒ္-ပေရာက္စ္၊ အယ္လ္ယူႏူဆီ၊ စတူးဝပ္ အမ္းစ္ထေရာင္းတို႔နဲ႔ ခင္းက်င္းခဲ့သလို တိုက္စစ္မွာေတာ့ အဒမ္ အမ္းစ္ထေရာင္းနဲ႔ ရွိန္းေလာင္းတို႔ ကစားလာခဲ့ၾကတာပါ။

ဒီေန႔ပြဲမွာ စတာလင္ ေတာ္ေတာ္ေလး ႀကိဳးစားခဲ့တာကို ေတြ႕ရၿပီး သူ႔ကို ဖန္တီးေပးမယ့္ ဂြန္ဒိုးဝမ္ ေနာက္က်ေနလို႔သာ ဂိုးရဖို႔ ေစာင့္ခဲ့ရတာျဖစ္သလို ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဖိကစားေနရင္းနဲ႔ ႐ိုမီယူေပးတာကို အဒမ္ အမ္းစ္ထေရာင္းကန္တာ တိုင္ထိသြားခဲ့ၿပီး ဒီဂိုးသာ ဝင္သြားခဲ့ရင္ ေပါ့ေပါ့ဆဆပုံစံနဲ႔ ေဘးထြက္သြားမွာပါဆိုၿပီး ရပ္ၾကည့္ေနတဲ့ ဂြၽန္စတုန္းစ္တစ္ေယာက္ ၿမိဳ႕ေမတၱာခံယူရဖို႔ ရွိခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ပထမႏွစ္ႀကိမ္မွာ စိတ္ပ်က္ခဲ့ရတဲ့ စတာလင္က ေဆာက္သမ္တန္ ခံစစ္အမွားကေန ေဘာလုံးျပန္ရခဲ့တဲ့ ညာေတာင္ပံသမား ေဂ်ဆူးစ္ရဲ႕ ဖန္တီးမႈကို ဂိုးသမား ေဖာ္စတာရဲ႕ ေအာက္ေထာင့္ထဲ မနားတမ္းကန္သြင္းၿပီး အဆုံးသတ္ႏိုင္ခဲ့တာပါ။

ဂရီးလစ္ရွ္ကေတာ့ ေပါင္ဆယ္သန္းေလာက္တန္တဲ့ ေျခစြမ္းကိုပဲ ျပသေနခဲ့သလို တိုက္စစ္မွာ အလြဲေတြ မ်ားေနခဲ့ၿပီး ေဆာက္သမ္တန္တို႔ရဲ႕ ေကာင္တာေတြကေတာင္ ပိုရင္ခုန္ဖို႔ ေကာင္းေနခဲ့သလို ရွိန္းေလာင္းနဲ႔ အဒမ္ အမ္းစ္ထေရာင္းတို႔ကေတာင္ စီးတီးခံစစ္ကို ရင္ခုန္ေအာင္ ဖိအားေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ကန္ဆယ္လို ျဖတ္ပို႔တာကို ဂြန္ဒိုးဝမ္ကန္ခ်က္က တိုင္ထိခဲ့ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ စီးတီးတို႔ ဂိုးျပန္ေပးခဲ့ရၿပီး နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဝါ့ဒ္-ပေရာက္စ္ ေပးတာကို လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ထြက္ၿပီး ေဘာလုံးသြားခဲ့တဲ့ အယ္လ္ယူႏူစီက ထြက္ဖို႔ ေနာက္က်ေနတဲ့ ဂိုးသမား စတက္ဖင္ေရွ႕က ျဖတ္ဆြဲယူၿပီး ျပန္ခ်ိဳးေပးခဲ့ရာမွာ ေနာက္ခံလူ လာေပါ့တ္နဲ႔ထိၿပီး ဝင္သြားခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း စီးတီးခံစစ္က သိပ္မၿငိမ္ခဲ့တာကို ေတြ႕ရၿပီး ေဆာက္သမ္တန္တို႔ကို ၁၃ ႀကိမ္အထိ ကန္ခြင့္ေပးခဲ့သလို သုံးႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး အဆုံးသတ္မေကာင္းခဲ့တဲ့ အိမ္ရွင္ေတြေၾကာင့္သာ သက္သာခဲ့ရခ်ိန္မွာ ဂြါဒီယိုလာအေနနဲ႔ေတာ့ ေဘာလုံးကိုင္တာကလြဲၿပီး မလိုအပ္ဘဲ အလွအပ တြဲလုံးေတြ မ်ားလြန္းေနတာေၾကာင့္ ဂိုးေပါက္ ၿခိမ္းေျခာက္မႈ နည္းတဲ့ သူ႔ရဲ႕ ပုံစံကို တိုးတက္ေအာင္လုပ္ဖို႔ လိုေနေသးတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ မန္စီးတီးတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ညာျခမ္းကေန ဧရိယာထဲ ဆြဲဝင္တဲ့ ေဂ်ဆူးစ္ကို အဖ်က္ေနာက္က်တဲ့ ေဆာက္သမ္တန္ေနာက္ခံလူ ဆာလီဆူးေၾကာင့္ ပင္နယ္တီ ေပးခဲ့ရတာကို ဒီဘ႐ိုင္းနားကန္သြင္းခဲ့ရာမွာ ေဖာ္စတာ ခန႔္မွန္းႏိုင္ခဲ့ေပမယ့္ ကိုယ္လုံးကိုယ္ထည္ႀကီးမားမႈအရ ဒိုက္ဗစ္တာ ေလးေနခဲ့လို႔ ေထာင့္ထဲကို ဝင္သြားခဲ့ၿပီး ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒီဂိုးရအၿပီးမွာေတာ့ မန္စီးတီးဘက္က ေဂ်ဆူးစ္အစား မာရက္ဇ္နဲ႔ ေျခစြမ္းမျပႏိုင္တဲ့ ဂရီးလစ္ရွ္အစား ဖိုဒန္တို႔ ဝင္ကစားခဲ့ၾကၿပီး ေဆာက္သမ္တန္ကေတာ့ ျဖဳန္းတီးေနတဲ့ ေရွ႕တန္းႏွစ္ေယာက္ျဖစ္တဲ့ ရွိန္းေလာင္းနဲ႔ အမ္းစ္ထေရာင္းတို႔အစား ေရွအက္ဒမ္စ္နဲ႔ ဘ႐ိုယာတို႔ကို ထည့္သြင္းခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ စီးတီးတို႔ တတိယ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန လက္ပစ္ေဘာက ေဘာလုံးျပန္ရလာခဲ့တဲ့ ဒီဘ႐ိုင္းနားက ထိုးေပးရာမွာ ေနာက္ခံလူ ဆာလီဆူးနဲ႔ မလြတ္ဘဲ ျပန္က်လာကို ရသြားခဲ့တဲ့ လူစားဝင္ကစားသမား ဖိုဒန္က အတြင္းကို တစ္ခ်က္ဆြဲဝင္ၿပီး အျပင္းကန္သြင္းႏိုင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ကို အၿပီးတိုင္ ေခ်မႈန္းႏိုင္မယ့္ စတုတၳေျမာက္ဂိုးကို ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ကန္ဆယ္လို တင္ေပးလိုက္တဲ့ ေဘာလုံးကို ဧရိယာထဲမွာ ရသြားတဲ့ ဂြန္ဒိုးဝမ္က ညာျခမ္းကို ခ်ေပးရာမွာ ေပါ့ေပါ့ဆဆလုပ္ေနခဲ့ၾကတဲ့ ေဆာက္သမ္တန္ ခံစစ္သမား ၃ ေယာက္ေဘးကေန မာရက္ဇ္က အနီးတိုင္ေျခကို အျပင္းကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေဆာက္သမ္တန္ဘက္က စတူးဝပ္ အမ္းစ္ထေရာင္း၊ အယ္လ္ယူႏူဆီနဲ႔ ႐ိုမီယူတို႔အစား ဂ်ီနီပို၊ ဒီယာလိုနဲ႔ စေမာလ္ဘုန္းတို႔ ဝင္ကစားခဲ့ၾကၿပီး စီးတီးတို႔ဘက္ကေတာ့ ကန္ဆယ္လိုနဲ႔ လာေပါ့တ္တို႔ေနရာမွာ ဇင္ခ်န္ကိုနဲ႔ အာေကတို႔ လူစားဝင္ကစားခဲ့ၾကၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ေလးဂိုး-တစ္ဂိုးနဲ႔ ဧည့္သည္ေတြ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ႏွစ္ ၁၅၀ ျပည့္ အက္ဖ္ေအဖလားရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ လာမယ့္ပြဲမွာေတာ့ လက္ရွိ အဂၤလန္ေဘာလုံးေလာကမွာ ႏွစ္သင္းတည္းၿပိဳင္တဲ့ ၿပိဳင္ဘက္ျဖစ္ေနတဲ့ လီဗာပူးလ္တို႔နဲ႔ ေတြ႕ဆုံရေတာ့မွာျဖစ္ၿပီး က်န္တစ္ပြဲမွာေတာ့ ခ်ဲလ္ဆီးနဲ႔ ခရစၥတယ္လ္ပဲေလ့စ္တို႔ ကစားၾကရမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.