La Liga Ligue1

လူတကာကို ဂတုံးပေါ်ထိပ်ကွက်နိုင်ခဲ့ပေမယ့် အမ်ဘာပေရဲ့မိခင်နဲ့မှ နှာနုဖြတ်ရိုက်ခံလိုက်ရတဲ့ ပီရက်ဇ်

ခီလီယန် အမ်ဘာပေရဲ့ မိခင် ဖေဇာ လာမာရီဟာ ရီးရဲလ်မက်ဒရစ်အသင်းကို စာချုပ်လက်မှတ်ထိုးကြေး ပေါင် ၁၂၅ သန်းအထိ အံ့အားသင့်ဖွယ်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ လာမယ့် နွေရာသီမှာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှေ့ဆုံးကနေ ရေပန်းစားနေတယ်လို့ ယူဆရပါတယ်။ အမ်ဘာပေရဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ ကြီးမားတဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မယ့်အခြေအနေဟာ လာလီဂါထိပ်သီးအသင်းကြီးအတွက် မယုံနိုင်လောက်ဖွယ်ကောင်းတဲ့ ငွေကြေးပမာဏ ကုန်ကျစေတော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အမ်ဘာပေရဲ့ မိခင်ဟာ ယခုလာမယ့်နွေရာသီမှာ ပြင်သစ်ကနေ စပိန်ကို ပြောင်းရွှေ့လာဖို့အတွက် လက်မှတ်ထိုးကြေး ပေါင် ၁၂၅ သန်းအထိ တောင်းဆိုခဲ့တာကြောင့်ဖြစ်တယ်လို့ Okdiario ဆောင်းပါးရှင် အက်ဒွါဒို အင်ဒါရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမ်ဘာပေဟာ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပေါင် ၁၆၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်မှတ်ထိုးကြေး ပေါင် ၁၂၅ သန်းဟာ ၂၀၁၈ ခုနှစ်တုန်းက ပြောင်းရွှေ့ကြေးနဲ့ သိပ်တောင်ကွာဟခြင်းမရှိတော့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းအတွက် ကစားပေးခဲ့တာ ၅ ရာသီရှိနေပြီဖြစ်ပြီး လိဂန်းထိပ်သီးအသင်းကြီးမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဂိုးသွင်းနှုန်းကို ပြသနေတဲ့ ကစားသမားဖြစ်ပါတယ်။

ယခုရာသီမှာ ပြိုင်ပွဲစုံ ၂၆ ဂိုး သွင်းယူထားတဲ့ အမ်ဘာပေဟာ ကစားသမားဘဝတလျှောက် သွင်းဂိုး ၁၅၀ ကျော် သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ဒီရာသီဟာ ပီအက်စ်ဂျီအတွက် နောက်ဆုံးကစားပေးတဲ့ရာသီဖြစ်နိုင်ပေမယ့် လိဂန်းထိပ်သီးအသင်းကြီးက ၎င်းတို့ရဲ့ကြယ်ပွင့်ကစားသမားကို ထိန်းသိမ်းထားနိုင်ဖို့ လုပ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မကြာသေးမီက လက်မှတ်ထိုးကြေး ပေါင် ၈၃ သန်းပါဝင်တဲ့ ကြောက်မက်ဖွယ် စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ငွေကြေးပမာဏဟာ ကြောက်မက်ဖွယ်များပြားပေမယ့်လည်း အမ်ဘာပေရဲ့နောက်ထပ်အပြောင်းအရွှေ့ဟာ ငွေကြေးထက် ခံစားမှုပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာဖြစ်လိမ့်မယ်လို့ မန်ယူနိုက်တက်နောက်ခံလူဟောင်း ဆီဗက်စတာက မျှော်လင့်ထားတာဖြစ်ပါတယ်။

“သူ ရီးရဲလ်မက်ဒရစ်ကို သွားမယ့်အကြောင်း အများကြီး ပြောနေတာတွေရှိတယ်။ အဲဒါက စိတ်ပျက်စရာအဖြစ် ခံစားရမှာတော့ မဟုတ်ပါဘူး။ အဲဒါက ပီအက်စ်ဂျီ ဒီနှစ်မှာ ဘာတွေရရှိမလဲနဲ့ ရာသီကို ဘယ်လိုပြီးဆုံးမလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်တယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ သူ ပီအက်စ်ဂျီနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။ သူ့အိမ်အနေနဲ့ခံစားရလား။ ဘာလို့လဲဆိုတော့ သူက ပဲရစ်ကို သူ့အိမ်လုပ်ပြီး နေနေတာလေ။ အဲဒါက ငွေကြေးဆိုတာထက် ခံစားချက်က အများကြီးပိုလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခီလီယန္ အမ္ဘာေပရဲ့ မိခင္ ေဖဇာ လာမာရီဟာ ရီးရဲလ္မက္ဒရစ္အသင္းကို စာခ်ဳပ္လက္မွတ္ထိုးေၾကး ေပါင္ ၁၂၅ သန္းအထိ အံ့အားသင့္ဖြယ္ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

စပိန္လာလီဂါထိပ္သီးအသင္းႀကီးဟာ လာမယ့္ ေႏြရာသီမွာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး အမ္ဘာေပကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူနိုင္ဖို႔ ေရွ႕ဆုံးကေန ေရပန္းစားေနတယ္လို႔ ယူဆရပါတယ္။ အမ္ဘာေပရဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းဟာ ႀကီးမားတဲ့ အေျပာင္းအေရႊ႕ကို အၿပီးသတ္နိုင္ဖို႔ စီစဥ္ေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးရဲ့ ရီးရဲလ္မက္ဒရစ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕မယ့္အေျခအေနဟာ လာလီဂါထိပ္သီးအသင္းႀကီးအတြက္ မယုံနိုင္ေလာက္ဖြယ္ေကာင္းတဲ့ ေငြေၾကးပမာဏ ကုန္က်ေစေတာ့မွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အမ္ဘာေပရဲ့ မိခင္ဟာ ယခုလာမယ့္ေႏြရာသီမွာ ျပင္သစ္ကေန စပိန္ကို ေျပာင္းေရႊ႕လာဖို႔အတြက္ လက္မွတ္ထိုးေၾကး ေပါင္ ၁၂၅ သန္းအထိ ေတာင္းဆိုခဲ့တာေၾကာင့္ျဖစ္တယ္လို႔ Okdiario ေဆာင္းပါးရွင္ အက္ဒြါဒို အင္ဒါရဲ့ ေျပာၾကားခ်က္အရ သိရပါတယ္။

အမ္ဘာေပဟာ မိုနာကိုအသင္းကေန ပီအက္စ္ဂ်ီအသင္းကို ေပါင္ ၁၆၃ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး လက္မွတ္ထိုးေၾကး ေပါင္ ၁၂၅ သန္းဟာ ၂၀၁၈ ခုႏွစ္တုန္းက ေျပာင္းေရႊ႕ေၾကးနဲ႔ သိပ္ေတာင္ကြာဟျခင္းမရွိေတာ့တာ ျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ကစားေပးခဲ့တာ ၅ ရာသီရွိေနၿပီျဖစ္ၿပီး လိဂန္းထိပ္သီးအသင္းႀကီးမွာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ဂိုးသြင္းႏႈန္းကို ျပသေနတဲ့ ကစားသမားျဖစ္ပါတယ္။

ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၂၆ ဂိုး သြင္းယူထားတဲ့ အမ္ဘာေပဟာ ကစားသမားဘဝတေလၽွာက္ သြင္းဂိုး ၁၅၀ ေက်ာ္ သြင္းယူထားနိုင္ခဲ့ၿပီျဖစ္ၿပီး ဒီရာသီဟာ ပီအက္စ္ဂ်ီအတြက္ ေနာက္ဆုံးကစားေပးတဲ့ရာသီျဖစ္နိုင္ေပမယ့္ လိဂန္းထိပ္သီးအသင္းႀကီးက ၎တို႔ရဲ့ၾကယ္ပြင့္ကစားသမားကို ထိန္းသိမ္းထားနိုင္ဖို႔ လုပ္နိုင္သမၽွ အစြမ္းကုန္လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ မၾကာေသးမီက လက္မွတ္ထိုးေၾကး ေပါင္ ၈၃ သန္းပါဝင္တဲ့ ေၾကာက္မက္ဖြယ္ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ေငြေၾကးပမာဏဟာ ေၾကာက္မက္ဖြယ္မ်ားျပားေပမယ့္လည္း အမ္ဘာေပရဲ့ေနာက္ထပ္အေျပာင္းအေရႊ႕ဟာ ေငြေၾကးထက္ ခံစားမႈေပၚမွာ မူတည္ၿပီး ဆုံးျဖတ္တာျဖစ္လိမ့္မယ္လို႔ မန္ယူနိုက္တက္ေနာက္ခံလူေဟာင္း ဆီဗက္စတာက ေမၽွာ္လင့္ထားတာျဖစ္ပါတယ္။

“သူ ရီးရဲလ္မက္ဒရစ္ကို သြားမယ့္အေၾကာင္း အမ်ားႀကီး ေျပာေနတာေတြရွိတယ္။ အဲဒါက စိတ္ပ်က္စရာအျဖစ္ ခံစားရမွာေတာ့ မဟုတ္ပါဘူး။ အဲဒါက ပီအက္စ္ဂ်ီ ဒီႏွစ္မွာ ဘာေတြရရွိမလဲနဲ႔ ရာသီကို ဘယ္လိုၿပီးဆုံးမလဲဆိုတဲ့အေပၚမွာ အမ်ားႀကီး မူတည္တယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ၿပီးေတာ့ သူ ပီအက္စ္ဂ်ီနဲ႔ပတ္သက္ၿပီး ဘယ္လိုခံစားရလဲ။ သူ႔အိမ္အေနနဲ႔ခံစားရလား။ ဘာလို႔လဲဆိုေတာ့ သူက ပဲရစ္ကို သူ႔အိမ္လုပ္ၿပီး ေနေနတာေလ။ အဲဒါက ေငြေၾကးဆိုတာထက္ ခံစားခ်က္က အမ်ားႀကီးပိုလိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.