Analysis Bundesliga La Liga Premier League UCL&UEL

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် မဲခွဲရေးဆွဲမှုနှင့် အကြိုခန့်မှန်းချက်များ

ဒီနေ့ညနေက ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ချန်ပီယံလိဂ် နောက်ဆုံး ၈ သင်း ကွာတားဖိုင်နယ်အဆင့် ရေးဆွဲမှုအဖြစ် လက်ရှိချန်ပီယံ ချဲလ်ဆီး၊ မန်ချက်စတာစီးတီး၊ လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကို မက်ဒရစ်၊ ဗီလာရီးရဲလ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဘင်ဖီကာတို့ ပါဝင်တဲ့ မဲနှိုက်နေရာချထားမှုကို ပြုလုပ်ခဲ့ပြီး အင်္ဂလန်နဲ့ စပိန် ၃ သင်းအထိ ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။

ကွာတားဖိုင်နယ် နံပါတ် ၁ အဖြစ်တော့ လက်ရှိချန်ပီယံ ချဲလ်ဆီးနဲ့ စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်တို့ ကစားဖို့ဖြစ်လာခဲ့ကြပြီး လက်ရှိအနေအထားမှာ အဖက်ဖက်က ဖိအားများနေတဲ့ လန်ဒန်ကလပ်အတွက်တော့ ကြီးမားတဲ့ စမ်းသပ်မှုလည်းဖြစ်လာခဲ့သလို ပြီးခဲ့တဲ့နှစ်က ဆီမီးဖိုင်နယ် မကျေပွဲလည်း ဖြစ်လာဦးမှာပါ။ ဒီတစ်နှစ်မှာတော့ စပိန်သားတွေ ရှုံးကြွေးပြန်ဆပ်နိုင်ဖို့ မျှော်လင့်နေကြမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ် နံပါတ် ၂ ကိုတော့ မန်ချက်စတာစီးတီးအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်တို့ ကစားကြရဖို့ ဖြစ်လာခဲ့ပြီး ဒါက သူတို့နှစ်သင်းရဲ့ သမိုင်းတစ်လျှောက်မှာတော့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သလို နည်းပြ ဂွါဒီယိုလာကတော့ ပြိုင်ဘက်ဟောင်း ဆီမီယွန်နီနဲ့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံရမှာဖြစ်သလို ပြီးခဲ့တဲ့ ပွဲတွေမှာတော့ မန်စီးတီးနည်းပြက နှစ်ပွဲ-တစ်ပွဲနဲ့ ဦးဆောင်ထားတာကို ပိတ်ကစားရင် တိုင်ပတ်တတ်တဲ့ ဗျူဟာက ဒီပွဲမှာရော ရှေ့ဆက်နိုင်ဦးမလား စောင့်ကြည့်ရမှာပါ။

ကွာတားဖိုင်နယ် နံပါတ် ၃ ကတော့ ဗီလာရီးရဲလ်နဲ့ ဘိုင်ယန်မြူးနစ်တို့ဖြစ်ခဲ့ကြပြီး ဂျူဗင်တပ်စ်ကို အနိုင်ယူလာခဲ့လို့ စိတ်အားတက်ကြွနေတဲ့ စပိန်ကလပ်အနေနဲ့ ချန်ပီယံလိဂ်ကမှ သူတို့ရဲ့ ဆုဖလားမျှော်လင့်ချက်အစစ်လို့ အမြဲဆိုနေခဲ့တဲ့ ပြည်တွင်းဖလားမုန်း ဂျာမန်တွေကို ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရမှာပါ။ အူနိုင်း အမ်မရီရဲ့ ခပ်ရိုးရိုးနဲ့ ခံစစ်ကနေ တန်ပြန်တိုက်စစ်ကို ကူးပြောင်းတတ်တဲ့ ဗျူဟာကို ဂျူလီယန် နာဂဲလ်စ်မန်းတစ်ယောက် လျှော့တွက်ပြီး အတတ်မဆန်းဖို့တော့လိုပြီး ယူရိုပါလိဂ်ဘုရင်တစ်ယောက် ဒီအဆင့်မှာ ရပ်တန့်သွားမယ်လို့ပဲ ထင်မိပါတယ်။

ကွာတားဖိုင်နယ် နံပါတ် ၄ ကတော့ လီဗာပူးလ်တို့အတွက်ဖြစ်ခဲ့ပြီး သူတို့ကတော့ ဒီအဆင့်မှာ အချောင်ဆုံးပြိုင်ဘက်ဖြစ်တဲ့ ဘင်ဖီကာကို ရရှိခဲ့သလို ယာဂန် ကလော့ပ်အတွက်တော့ ဂုဏ်သိက္ခာတွေကို တိုးမြှင့်နိုင်ဖို့ မဖြစ်မနေ ဆီမီးတက်ရမယ့်ပွဲလည်းဖြစ်နေခဲ့တာပါ။ ဘင်ဖီကာ အိမ်ကွင်းမှာ စတင်ကစားရမယ့် ပွဲကို လူသစ် လူးဝစ် ဒီယက်ဇ်ရဲ့ ပူပူနွေးနွေး ပေါ်တူဂီအတွေ့အကြုံတွေနဲ့ အသုံးချလာဖို့ ရှိနေပြီး ဒီအသင်းနဲ့ ဒီအသင်းမှ လီဗာပူးလ်တို့ ဆီမီးမတက်ဘူးဆိုရင် ညံ့လို့ပဲလို့ ပြောရပါလိမ့်မယ်။

ဆီမီးဖိုင်နယ်အဆင့်တွေကို တစ်ခါတည်း ရေးဆွဲခဲ့ရာမှာတော့ အိမ်ကွင်းစကစားရမယ့် ကွာတားပွဲစဉ် ၂ ဖြစ်တဲ့ မန်စီးတီး/တီကိုနဲ့ ကွာတားပွဲစဉ် ၁ ချဲလ်ဆီး/ရီးရဲလ်တို့ ကစားကြဖို့ ဖြစ်လာခဲ့ကြပြီး မန်စီးတီးနဲ့ ရီးရဲလ်တို့ တွေ့ဆုံဖို့ အကြမ်းဖျင်းဖြစ်လာနိုင်သလို ချဲလ်ဆီးကလည်း ရုန်းအားနဲ့ မခံချင်စိတ်တွေအရတော့ ကြိုးစားနိုင်ပေမယ့် ကန့်သတ်ပိတ်ဆို့ခံထားရမှုတွေနဲ့အတူ အင်္ဂလန်မှာလို မလွယ်ကူဘဲ ခြားနားချက်တွေအရ ကျန်ခဲ့ဖို့ပဲ များနေပါတယ်။ ဆီမီးကို မန်စီးတီးသာ တက်ရောက်လာခဲ့ရင်တော့ ဖိုင်နယ်တက်မှာလည်း သူတို့ပဲဖြစ်လာဖို့ ထင်မြင်မိပါတယ်။

နောက်တစ်ပွဲအဖြစ်တော့ အိမ်ကွင်းစကစားရမယ့် ကွာတားပွဲစဉ် ၄ ဘင်ဖီကာ/လီဗာပူးလ်နဲ့ ကွာတားပွဲစဉ် ၃ ဗီလာရီးရဲလ်/ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံနေပြီး လီဗာပူးနဲ့ ဘိုင်ယန်တို့ပွဲစဉ်ပဲ မလွဲမသွေဖြစ်လာဖို့ ရှိနေချိန်မှာ လီဗာပူးလ်နည်းပြ ဂျာမန်သားကြီးအနေနဲ့ ဒေါ့မွန်နဲ့ သူရင်ဆိုင်ခဲ့ဖူးတဲ့ ဘိုင်ယန်နဲ့ သူ ဘွန်ဒက်စ်လီဂါမှာ ရှိစဉ်က အသင်းကြီးနည်းပြတောင် မဖြစ်သေးတဲ့ သူငယ်လေး နာဂဲလ်စ်မန်းနဲ့ တွေ့ရာမှာတော့ အသာစီးရယူသွားနိုင်ဖို့က ဖြစ်လာနိုင်မလား စောင့်ကြည့်ရမှာပါ။

ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ဧပြီလ ၅ ရက်နဲ့ ၆ ရက်မှာ ကစားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကစားသွားကြမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကိုတော့ ဧပြီလ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ ကစားကြမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မေလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကစားဖို့ စီစဉ်ရေးဆွဲထားတာပါ။

ပွဲစဉ်တွေအရတော့ ဒီနှစ်မှာလည်း All English Final ဖြစ်လာဖို့ များနေပြီး လီဗာပူးလ်အသင်းနဲ့ နည်းပြ ယာဂန် ကလော့ပ်တို့ ဖိုင်နယ်ရောက်နိုင်ဖို့ ရေပန်းစားနေသလို တစ်ဖက်ခြမ်းမှာတော့ နည်းနည်း မှန်းရခက်နေပြီး ဂွါဒီယိုလာ၊ ဆီမီယွန်နီ၊ တူဟယ်လ်နဲ့ အန်ချယ်လော့တီတို့ လေးဦးရဲ့ တွေ့ဆုံမှုတွေက အသက်ရှူမှားစရာ စိတ်ဝင်စားမှုမျိုးကို ပေးစွမ်းနိုင်နေချိန်မှာတော့ ပရိသတ်တွေအနေနဲ့ အိပ်ရေးပျက်ကောင်းကြဦးမယ်လို့ပဲ စုစည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေန႔ညေနက ဆြစ္ဇာလန္ႏိုင္ငံ နီယြန္ၿမိဳ႕မွာ ခ်န္ပီယံလိဂ္ ေနာက္ဆုံး ၈ သင္း ကြာတားဖိုင္နယ္အဆင့္ ေရးဆြဲမႈအျဖစ္ လက္ရွိခ်န္ပီယံ ခ်ဲလ္ဆီး၊ မန္ခ်က္စတာစီးတီး၊ လီဗာပူးလ္၊ ရီးရဲလ္မက္ဒရစ္၊ အက္သလက္တီကို မက္ဒရစ္၊ ဗီလာရီးရဲလ္၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ဘင္ဖီကာတို႔ ပါဝင္တဲ့ မဲႏႈိက္ေနရာခ်ထားမႈကို ျပဳလုပ္ခဲ့ၿပီး အဂၤလန္နဲ႔ စပိန္ ၃ သင္းအထိ ပါဝင္လာခဲ့တာလည္းျဖစ္ပါတယ္။

ကြာတားဖိုင္နယ္ နံပါတ္ ၁ အျဖစ္ေတာ့ လက္ရွိခ်န္ပီယံ ခ်ဲလ္ဆီးနဲ႔ စပိန္အင္အားႀကီး ရီးရဲလ္မက္ဒရစ္တို႔ ကစားဖို႔ျဖစ္လာခဲ့ၾကၿပီး လက္ရွိအေနအထားမွာ အဖက္ဖက္က ဖိအားမ်ားေနတဲ့ လန္ဒန္ကလပ္အတြက္ေတာ့ ႀကီးမားတဲ့ စမ္းသပ္မႈလည္းျဖစ္လာခဲ့သလို ၿပီးခဲ့တဲ့ႏွစ္က ဆီမီးဖိုင္နယ္ မေက်ပြဲလည္း ျဖစ္လာဦးမွာပါ။ ဒီတစ္ႏွစ္မွာေတာ့ စပိန္သားေတြ ရႈံးေႂကြးျပန္ဆပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကမွာျဖစ္ပါတယ္။

ကြာတားဖိုင္နယ္ နံပါတ္ ၂ ကိုေတာ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ ကစားၾကရဖို႔ ျဖစ္လာခဲ့ၿပီး ဒါက သူတို႔ႏွစ္သင္းရဲ႕ သမိုင္းတစ္ေလွ်ာက္မွာေတာ့ ပထမဆုံးအႀကိမ္ ေတြ႕ဆုံမႈျဖစ္သလို နည္းျပ ဂြါဒီယိုလာကေတာ့ ၿပိဳင္ဘက္ေဟာင္း ဆီမီယြန္နီနဲ႔ စတုတၳအႀကိမ္ေျမာက္ ေတြ႕ဆုံရမွာျဖစ္သလို ၿပီးခဲ့တဲ့ ပြဲေတြမွာေတာ့ မန္စီးတီးနည္းျပက ႏွစ္ပြဲ-တစ္ပြဲနဲ႔ ဦးေဆာင္ထားတာကို ပိတ္ကစားရင္ တိုင္ပတ္တတ္တဲ့ ဗ်ဴဟာက ဒီပြဲမွာေရာ ေရွ႕ဆက္ႏိုင္ဦးမလား ေစာင့္ၾကည့္ရမွာပါ။

ကြာတားဖိုင္နယ္ နံပါတ္ ၃ ကေတာ့ ဗီလာရီးရဲလ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ျဖစ္ခဲ့ၾကၿပီး ဂ်ဴဗင္တပ္စ္ကို အႏိုင္ယူလာခဲ့လို႔ စိတ္အားတက္ႂကြေနတဲ့ စပိန္ကလပ္အေနနဲ႔ ခ်န္ပီယံလိဂ္ကမွ သူတို႔ရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္အစစ္လို႔ အၿမဲဆိုေနခဲ့တဲ့ ျပည္တြင္းဖလားမုန္း ဂ်ာမန္ေတြကို ေက်ာ္ျဖတ္ႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။ အူႏိုင္း အမ္မရီရဲ႕ ခပ္႐ိုး႐ိုးနဲ႔ ခံစစ္ကေန တန္ျပန္တိုက္စစ္ကို ကူးေျပာင္းတတ္တဲ့ ဗ်ဴဟာကို ဂ်ဴလီယန္ နာဂဲလ္စ္မန္းတစ္ေယာက္ ေလွ်ာ့တြက္ၿပီး အတတ္မဆန္းဖို႔ေတာ့လိုၿပီး ယူ႐ိုပါလိဂ္ဘုရင္တစ္ေယာက္ ဒီအဆင့္မွာ ရပ္တန႔္သြားမယ္လို႔ပဲ ထင္မိပါတယ္။

ကြာတားဖိုင္နယ္ နံပါတ္ ၄ ကေတာ့ လီဗာပူးလ္တို႔အတြက္ျဖစ္ခဲ့ၿပီး သူတို႔ကေတာ့ ဒီအဆင့္မွာ အေခ်ာင္ဆုံးၿပိဳင္ဘက္ျဖစ္တဲ့ ဘင္ဖီကာကို ရရွိခဲ့သလို ယာဂန္ ကေလာ့ပ္အတြက္ေတာ့ ဂုဏ္သိကၡာေတြကို တိုးျမႇင့္ႏိုင္ဖို႔ မျဖစ္မေန ဆီမီးတက္ရမယ့္ပြဲလည္းျဖစ္ေနခဲ့တာပါ။ ဘင္ဖီကာ အိမ္ကြင္းမွာ စတင္ကစားရမယ့္ ပြဲကို လူသစ္ လူးဝစ္ ဒီယက္ဇ္ရဲ႕ ပူပူေႏြးေႏြး ေပၚတူဂီအေတြ႕အႀကဳံေတြနဲ႔ အသုံးခ်လာဖို႔ ရွိေနၿပီး ဒီအသင္းနဲ႔ ဒီအသင္းမွ လီဗာပူးလ္တို႔ ဆီမီးမတက္ဘူးဆိုရင္ ညံ့လို႔ပဲလို႔ ေျပာရပါလိမ့္မယ္။

ဆီမီးဖိုင္နယ္အဆင့္ေတြကို တစ္ခါတည္း ေရးဆြဲခဲ့ရာမွာေတာ့ အိမ္ကြင္းစကစားရမယ့္ ကြာတားပြဲစဥ္ ၂ ျဖစ္တဲ့ မန္စီးတီး/တီကိုနဲ႔ ကြာတားပြဲစဥ္ ၁ ခ်ဲလ္ဆီး/ရီးရဲလ္တို႔ ကစားၾကဖို႔ ျဖစ္လာခဲ့ၾကၿပီး မန္စီးတီးနဲ႔ ရီးရဲလ္တို႔ ေတြ႕ဆုံဖို႔ အၾကမ္းဖ်င္းျဖစ္လာႏိုင္သလို ခ်ဲလ္ဆီးကလည္း ႐ုန္းအားနဲ႔ မခံခ်င္စိတ္ေတြအရေတာ့ ႀကိဳးစားႏိုင္ေပမယ့္ ကန႔္သတ္ပိတ္ဆို႔ခံထားရမႈေတြနဲ႔အတူ အဂၤလန္မွာလို မလြယ္ကူဘဲ ျခားနားခ်က္ေတြအရ က်န္ခဲ့ဖို႔ပဲ မ်ားေနပါတယ္။ ဆီမီးကို မန္စီးတီးသာ တက္ေရာက္လာခဲ့ရင္ေတာ့ ဖိုင္နယ္တက္မွာလည္း သူတို႔ပဲျဖစ္လာဖို႔ ထင္ျမင္မိပါတယ္။

ေနာက္တစ္ပြဲအျဖစ္ေတာ့ အိမ္ကြင္းစကစားရမယ့္ ကြာတားပြဲစဥ္ ၄ ဘင္ဖီကာ/လီဗာပူးလ္နဲ႔ ကြာတားပြဲစဥ္ ၃ ဗီလာရီးရဲလ္/ဘိုင္ယန္ျမဴးနစ္တို႔ ေတြ႕ဆုံေနၿပီး လီဗာပူးနဲ႔ ဘိုင္ယန္တို႔ပြဲစဥ္ပဲ မလြဲမေသြျဖစ္လာဖို႔ ရွိေနခ်ိန္မွာ လီဗာပူးလ္နည္းျပ ဂ်ာမန္သားႀကီးအေနနဲ႔ ေဒါ့မြန္နဲ႔ သူရင္ဆိုင္ခဲ့ဖူးတဲ့ ဘိုင္ယန္နဲ႔ သူ ဘြန္ဒက္စ္လီဂါမွာ ရွိစဥ္က အသင္းႀကီးနည္းျပေတာင္ မျဖစ္ေသးတဲ့ သူငယ္ေလး နာဂဲလ္စ္မန္းနဲ႔ ေတြ႕ရာမွာေတာ့ အသာစီးရယူသြားႏိုင္ဖို႔က ျဖစ္လာႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ေတြကို ဧၿပီလ ၅ ရက္နဲ႔ ၆ ရက္မွာ ကစားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကိုေတာ့ ၁၂ ရက္နဲ႔ ၁၃ ရက္ေန႔ေတြမွာ ကစားသြားၾကမွာျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ေတြကိုေတာ့ ဧၿပီလ ၂၆ ရက္နဲ႔ ၂၇ ရက္ေတြမွာ ကစားၾကမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကိုေတာ့ ေမလ ၃ ရက္နဲ႔ ၄ ရက္ေန႔ေတြမွာ ကစားဖို႔ စီစဥ္ေရးဆြဲထားတာပါ။

ပြဲစဥ္ေတြအရေတာ့ ဒီႏွစ္မွာလည္း All English Final ျဖစ္လာဖို႔ မ်ားေနၿပီး လီဗာပူးလ္အသင္းနဲ႔ နည္းျပ ယာဂန္ ကေလာ့ပ္တို႔ ဖိုင္နယ္ေရာက္ႏိုင္ဖို႔ ေရပန္းစားေနသလို တစ္ဖက္ျခမ္းမွာေတာ့ နည္းနည္း မွန္းရခက္ေနၿပီး ဂြါဒီယိုလာ၊ ဆီမီယြန္နီ၊ တူဟယ္လ္နဲ႔ အန္ခ်ယ္ေလာ့တီတို႔ ေလးဦးရဲ႕ ေတြ႕ဆုံမႈေတြက အသက္ရႉမွားစရာ စိတ္ဝင္စားမႈမ်ိဳးကို ေပးစြမ္းႏိုင္ေနခ်ိန္မွာေတာ့ ပရိသတ္ေတြအေနနဲ႔ အိပ္ေရးပ်က္ေကာင္းၾကဦးမယ္လို႔ပဲ စုစည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.