International

ဂေးရတာ ကျားတွေအဖို့ မလွယ်လို့ သနားမိကြောင်း ပြောလိုက်တဲ့ ရက်ပီးနိုး

အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး နိုင်ငံအတွက် ၂၀၀၆ ခုနှစ်ကတည်းကနေ နှစ်ပေါင်း ၁၅ နှစ်ကျော် ၁၆ နှစ်နီးပါးကြာအောင် ကစားပေးထားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး မီဂန် ရက်ပီးနိုးက အမျိုးသားကစားသမားတွေကို စာနာသနားမိကြောင်းနဲ့ သူတို့အဖို့ လူသိရှင်ကြား တရားဝင် ဂေးရတယ်ဆိုတာ မလွယ်ကူလှကြောင်း ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် အမေရိကန်လက်ရွေးစင်ဟာ အသင်းအတွက် ၁၈၇ ပွဲမှာ ၆၂ ဂိုး သွင်းယူပေးထားသူဖြစ်ပြီး အမျိုးသမီးအချင်းချင်း စိတ်ဝင်စားတဲ့ ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်သလို ၂၀၁၂ ခုနှစ်ကတည်း ဒီလို လက်စ်ဘီယန်ဆိုတာ ပွင့်ပွင့်လင်းလင်း ဝန်ခံထားသူဖြစ်ပြီး ဩစတေးလျအမျိုးသမီးဘောလုံးသမား ဆာရာ ဝဲ့လ်ရှ်နဲ့ ၂၀၀၉ ကတည်းက ဇာတ်လမ်းရှိခဲ့တယ်လို့ ဆိုခဲ့ဖူးတာပါ။

ရက်ပီးနိုးက အမျိုးသားတွေအနေနဲ့ ဂေးလို့ သူတို့ရဲ့ ရပ်တည်မှုကို တရားဝင်ထုတ်ဖော်လိုက်တဲ့အခါမျိုးမှာ အလွဲသုံးစား ပြောဆိုဆက်ဆံမှုတွေနဲ့ ကြုံတွေ့ရတတ်ပြီး အမျိုးသမီးတွေ လက်စ်ဘီယန်လို့ ဝန်ခံလိုက်သလိုမျိုး ဘေးကင်းကင်းနဲ့ နေခွင့်မရကြကြောင်းနဲ့ ပရိသတ်တွေကတော့ အဓိက ရင်ဆိုင်ကျော်လွှားရမယ့် ပြဿနာကြီးတစ်ခုပဲလို့လည်း ဆိုလိုက်ပါတယ်။

“ဒီအားကစားလောကထဲက လူတိုင်းအတွက်ပေါ့နော်… သူတို့တွေရဲ့ ပြုမူပြောဆိုပုံတိုင်းအတွက် တာဝန်ယူမှုက ကြီးမားပြီး ဒီအစား ကိုယ့်ကို အပြည့်အဝ နားလည်ပေးမယ့် ပတ်ဝန်းကျင်ကို အားလုံးအနေနဲ့ ဝိုင်းဝန်းဖန်တီးပေးနိုင်ဖို့ လိုအပ်နေပါတယ်။ ကျွန်မတို့ အားလုံး ပြောဖူးကြသလိုပဲ ထိပ်တန်းအဆင့်က အမျိုးသားတွေအနေနဲ့ ဂေးကြောင်း ဝန်မခံရဲတာဟာ သူတို့အတွက် ဘေးမကင်းလို့ပါ”

“သူတို့တွေအနေနဲ့ ဘောလုံးပွဲစဉ်အတွင်းမှာကို ကိုယ့်ပရိသတ်ရော ပြိုင်ဘက်ပရိသတ်တွေဆီကပါ လှောင်ပြောင်တိုက်ခိုက်ခြင်းကို ခံရနိုင်တယ်။ အသင်းကနေ ကန်ထုတ်ခံရနိုင်တယ်။ ကွင်းထဲမှာလည်း အချင်းချင်း ထိုးနှက်ခံရနိုင်တယ်။ ခွဲခြားဆက်ဆံခံရနိုင်တယ်”

“အမျိုးသမီးတွေကျတော့ ဒီလို မဟုတ်ဘူး။ ကျွန်မတို့ချင်းမှာ နွေးထွေးတဲ့ နားလည်မှုရှိနေတယ်။ ဝန်ခံလိုက်လည်း ကိစ္စမရှိဘူး။ ဒီအချိန်မှာ အမျိုးသားတွေကိုလည်း နားလည်ပေးဖို့ အသင်းတွေ၊ အားကစားဒါရိုက်တာတွေ၊ ပရိသတ်တွေကို ပြောချင်ပါတယ်”လို့ ရက်ပီးနိုးက တိုက်တွန်းလိုက်ပါတယ်။

ဒီအကြောင်းကို မန်ချက်စတာယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူဟောင်း ပယ်ထရိစ် အီဗရာကလည်း ထောက်ခံဆွေးနွေးသွားပြီး သူ့ရဲ့ ကစားသမားဘဝမှာ ဂေးအသင်းဖော်တွေနဲ့ ကြုံဖူးပေမယ့် ဘယ်သူကမှ လူသိရှင်ကြား မပြောရဲကြသလို အဝတ်လဲခန်းတွေထဲမှာပါ ဒါကို နှိမ့်ချပြောဆိုပြီး ပိတ်ပင်ထားတယ်လို့ ဖွင့်ဟသွားပါတယ်။

အမျိုးသားတွေအနေနဲ့ ဒီလိုဂေးကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ခက်ခဲနေကြပြီး အင်္ဂလန်မှာတော့ သူတို့ဟာ ဂေးတွေပါလို့ ဝန်ခံခဲ့တဲ့ ကစားသမားဆိုလို နယူးကာဆယ်လ်၊ ဝက်စ်ဟမ်း၊ မန်စီးတီးတို့မှာ ကစားဖူးတဲ့ ဂျပ်စတင် ဖက်ရှ်နူးနဲ့ အသင်းငယ်လေးတွေမှာသာ ကျင်လည်ဖူးပြီး လက်ရှိမှာ မော်ဒယ်နဲ့ စီးပွားရေးသမားလုပ်နေတဲ့ သောမတ်စ် ဘီတီတို့သာ ရှိခဲ့တာပါ။

နိုင်ငံတကာနဲ့ ဥရောပဘောလုံးလောကမှာတော့ အက်စ်တန်ဗီလာနဲ့ စတုဂတ်ရဲ့ ဂျာမန်လက်ရွေးစင်ဟောင်း သောမတ်စ် ဟစ်ဇဲလ်စပါဂါဟာ ဒီစာရင်းထဲက တစ်ဦးတည်းနဲ့ နာမည်အကြီးဆုံး ကစားသမားလည်းဖြစ်ပြီး အသင်းဟောင်းရဲ့ စတုဂတ်ရဲ့ အားကစားဒါရိုက်တာအဖြစ် လုပ်ဆောင်နေတဲ့ ကစားသမားဟောင်းကို အသင်းဖော်ဟောင်းဖြစ်တဲ့ လူးကပ်စ် ပိုဒေါလ်စကီးနဲ့ ဂျာမနီလက်ရွေးစင်နည်းပြ ယိုအာခင်မ် လော့ဗ်တို့က ထောက်ခံအားပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေမရိကန္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္ၿပီး ႏိုင္ငံအတြက္ ၂၀၀၆ ခုႏွစ္ကတည္းကေန ႏွစ္ေပါင္း ၁၅ ႏွစ္ေက်ာ္ ၁၆ ႏွစ္နီးပါးၾကာေအာင္ ကစားေပးထားခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး မီဂန္ ရက္ပီးႏိုးက အမ်ိဳးသားကစားသမားေတြကို စာနာသနားမိေၾကာင္းနဲ႔ သူတို႔အဖို႔ လူသိရွင္ၾကား တရားဝင္ ေဂးရတယ္ဆိုတာ မလြယ္ကူလွေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ အေမရိကန္လက္ေ႐ြးစင္ဟာ အသင္းအတြက္ ၁၈၇ ပြဲမွာ ၆၂ ဂိုး သြင္းယူေပးထားသူျဖစ္ၿပီး အမ်ိဳးသမီးအခ်င္းခ်င္း စိတ္ဝင္စားတဲ့ ေဘာလုံးသမားေတြထဲက တစ္ဦးျဖစ္သလို ၂၀၁၂ ခုႏွစ္ကတည္း ဒီလို လက္စ္ဘီယန္ဆိုတာ ပြင့္ပြင့္လင္းလင္း ဝန္ခံထားသူျဖစ္ၿပီး ဩစေတးလ်အမ်ိဳးသမီးေဘာလုံးသမား ဆာရာ ဝဲ့လ္ရွ္နဲ႔ ၂၀၀၉ ကတည္းက ဇာတ္လမ္းရွိခဲ့တယ္လို႔ ဆိုခဲ့ဖူးတာပါ။

ရက္ပီးႏိုးက အမ်ိဳးသားေတြအေနနဲ႔ ေဂးလို႔ သူတို႔ရဲ႕ ရပ္တည္မႈကို တရားဝင္ထုတ္ေဖာ္လိုက္တဲ့အခါမ်ိဳးမွာ အလြဲသုံးစား ေျပာဆိုဆက္ဆံမႈေတြနဲ႔ ႀကဳံေတြ႕ရတတ္ၿပီး အမ်ိဳးသမီးေတြ လက္စ္ဘီယန္လို႔ ဝန္ခံလိုက္သလိုမ်ိဳး ေဘးကင္းကင္းနဲ႔ ေနခြင့္မရၾကေၾကာင္းနဲ႔ ပရိသတ္ေတြကေတာ့ အဓိက ရင္ဆိုင္ေက်ာ္လႊားရမယ့္ ျပႆနာႀကီးတစ္ခုပဲလို႔လည္း ဆိုလိုက္ပါတယ္။

“ဒီအားကစားေလာကထဲက လူတိုင္းအတြက္ေပါ့ေနာ္… သူတို႔ေတြရဲ႕ ျပဳမူေျပာဆိုပုံတိုင္းအတြက္ တာဝန္ယူမႈက ႀကီးမားၿပီး ဒီအစား ကိုယ့္ကို အျပည့္အဝ နားလည္ေပးမယ့္ ပတ္ဝန္းက်င္ကို အားလုံးအေနနဲ႔ ဝိုင္းဝန္းဖန္တီးေပးႏိုင္ဖို႔ လိုအပ္ေနပါတယ္။ ကြၽန္မတို႔ အားလုံး ေျပာဖူးၾကသလိုပဲ ထိပ္တန္းအဆင့္က အမ်ိဳးသားေတြအေနနဲ႔ ေဂးေၾကာင္း ဝန္မခံရဲတာဟာ သူတို႔အတြက္ ေဘးမကင္းလို႔ပါ”

“သူတို႔ေတြအေနနဲ႔ ေဘာလုံးပြဲစဥ္အတြင္းမွာကို ကိုယ့္ပရိသတ္ေရာ ၿပိဳင္ဘက္ပရိသတ္ေတြဆီကပါ ေလွာင္ေျပာင္တိုက္ခိုက္ျခင္းကို ခံရႏိုင္တယ္။ အသင္းကေန ကန္ထုတ္ခံရႏိုင္တယ္။ ကြင္းထဲမွာလည္း အခ်င္းခ်င္း ထိုးႏွက္ခံရႏိုင္တယ္။ ခြဲျခားဆက္ဆံခံရႏိုင္တယ္”

“အမ်ိဳးသမီးေတြက်ေတာ့ ဒီလို မဟုတ္ဘူး။ ကြၽန္မတို႔ခ်င္းမွာ ေႏြးေထြးတဲ့ နားလည္မႈရွိေနတယ္။ ဝန္ခံလိုက္လည္း ကိစၥမရွိဘူး။ ဒီအခ်ိန္မွာ အမ်ိဳးသားေတြကိုလည္း နားလည္ေပးဖို႔ အသင္းေတြ၊ အားကစားဒါ႐ိုက္တာေတြ၊ ပရိသတ္ေတြကို ေျပာခ်င္ပါတယ္”လို႔ ရက္ပီးႏိုးက တိုက္တြန္းလိုက္ပါတယ္။

ဒီအေၾကာင္းကို မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဘယ္ေနာက္ခံလူေဟာင္း ပယ္ထရိစ္ အီဗရာကလည္း ေထာက္ခံေဆြးေႏြးသြားၿပီး သူ႔ရဲ႕ ကစားသမားဘဝမွာ ေဂးအသင္းေဖာ္ေတြနဲ႔ ႀကဳံဖူးေပမယ့္ ဘယ္သူကမွ လူသိရွင္ၾကား မေျပာရဲၾကသလို အဝတ္လဲခန္းေတြထဲမွာပါ ဒါကို ႏွိမ့္ခ်ေျပာဆိုၿပီး ပိတ္ပင္ထားတယ္လို႔ ဖြင့္ဟသြားပါတယ္။

အမ်ိဳးသားေတြအေနနဲ႔ ဒီလိုေဂးေၾကာင္းကို ပြင့္ပြင့္လင္းလင္း ေျပာျပဖို႔ ခက္ခဲေနၾကၿပီး အဂၤလန္မွာေတာ့ သူတို႔ဟာ ေဂးေတြပါလို႔ ဝန္ခံခဲ့တဲ့ ကစားသမားဆိုလို နယူးကာဆယ္လ္၊ ဝက္စ္ဟမ္း၊ မန္စီးတီးတို႔မွာ ကစားဖူးတဲ့ ဂ်ပ္စတင္ ဖက္ရွ္ႏူးနဲ႔ အသင္းငယ္ေလးေတြမွာသာ က်င္လည္ဖူးၿပီး လက္ရွိမွာ ေမာ္ဒယ္နဲ႔ စီးပြားေရးသမားလုပ္ေနတဲ့ ေသာမတ္စ္ ဘီတီတို႔သာ ရွိခဲ့တာပါ။

ႏိုင္ငံတကာနဲ႔ ဥေရာပေဘာလုံးေလာကမွာေတာ့ အက္စ္တန္ဗီလာနဲ႔ စတုဂတ္ရဲ႕ ဂ်ာမန္လက္ေ႐ြးစင္ေဟာင္း ေသာမတ္စ္ ဟစ္ဇဲလ္စပါဂါဟာ ဒီစာရင္းထဲက တစ္ဦးတည္းနဲ႔ နာမည္အႀကီးဆုံး ကစားသမားလည္းျဖစ္ၿပီး အသင္းေဟာင္းရဲ႕ စတုဂတ္ရဲ႕ အားကစားဒါ႐ိုက္တာအျဖစ္ လုပ္ေဆာင္ေနတဲ့ ကစားသမားေဟာင္းကို အသင္းေဖာ္ေဟာင္းျဖစ္တဲ့ လူးကပ္စ္ ပိုေဒါလ္စကီးနဲ႔ ဂ်ာမနီလက္ေ႐ြးစင္နည္းျပ ယိုအာခင္မ္ ေလာ့ဗ္တို႔က ေထာက္ခံအားေပးခဲ့ၾကတယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.