Match Report Premier League

ဝုလ်ဗ်စ်ကို အဝေးကွင်းမှာ Come Back Win နဲ့ အနိုင်ယူပြီး တန်းဆင်းဇုန်ရုန်းတဲ့ လိဒ်စ်

ဒီနေ့ပွဲမှာ ဝုလ်ဗာဟမ့်ပ်တန်တို့အနေနဲ့ ခံစစ်မှာ ဂိုးသမား ဂျိုဆေးဆား၊ ကိုဒီ၊ ဆိုက်စ်နဲ့ ဘိုလီတို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဂျွန်နီ၊ အိုက်နူရီ၊ ရူဘင် နာဗက်စ်၊ ဂျာအို မော်တင်ညို၊ ဒန်ဒွန့်ကာတို့ကို သုံးစွဲခဲ့ပြီး တိုက်စစ်မှာတော့ ပိုဒင့်စ်နဲ့ ရာအူးလ် ဟီမီနက်ဇ်တို့ကို ၃-၅-၁-၁ ပုံစံနဲ့ အသုံးပြုပြီး ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

လိဒ်စ်တို့ကတော့ ဒဏ်ရာက ပြန်လာတဲ့ အဓိက တိုက်စစ်မှူး ဘမ်ဖို့ဒ်ကို အထောင်ထားခဲ့ပြီး သူ့နောက်က ရိုဒရီဂို၊ ဒန်ဂျိမ်းစ်နဲ့ ဟာရီဆန်တို့ လိုက်ပါကစားခဲ့သလို ကွင်းလယ်မှာတော့ ဖော်ရှောနဲ့ ကလစ်ချ်တို့ပဲ ကစားခဲ့ကြချိန်မှာ ခံစစ်မှာတော့ ဂိုးသမား မေလီယေး၊ စထရိုက်ခ်၊ ယော်ရန်တေ၊ ဒါးလက်စ်နဲ့ ကပ္ပတိန် အေးလင်းတို့ ပွဲထွက်လာခဲ့ကြတာပါ။

ဝုလ်ဗ်စ်တို့ရဲ့ အထလေးတဲ့ ခံစစ်ကို လိဒ်စ်ရဲ့ လျင်မြန်တဲ့ တိုက်စစ်ကစားသမားတွေ ဖိအားပေးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေကတော့ အားရစရာ မရှိခဲ့လို့ လွဲချော်နေခဲ့သလို အိမ်ရှင်ဝုလ်ဗ်စ်တို့ဘက်ကလည်း တိုက်စစ်တွေမှာ တွဲလုံးနဲ့ မကစားဘဲ ပိုဒင့်စ် တစ်ကိုယ်ကောင်းဆန်နေလို့ ပိတ်ဆို့ခံခဲ့ရပါတယ်။

ပွဲချိန် ၁၁ မိနစ်မှတော့ ဒီထက်ကောင်းတာ ဘုန်းကြီးတူမပဲ ရှိတော့တယ်ဆိုတဲ့ အခွင့်အရေးမျိုးကို ဘမ်ဖို့ဒ်က ဘေးချော်ကန်ပစ်ခဲ့ပြီး ဂိုးကို ဂိုးရမယ့် အပိုင်တစ်လုံးကို ဖြုန်းတီးပစ်ခဲ့ချိန်မှာ ပွဲချိန် ၂၁ မိနစ်မှာတော့ လူကျွံဘောကို ပေါင်ဖြဲပြီး လိုက်ယူတာ အလဟဿဖြစ်ခဲ့တဲ့နောက် အင်္ဂလန်သား ဒဏ်ရာရသွားပြီး အာဆင်နယ်က ရောက်လာတဲ့ လူငယ်တိုက်စစ်မှူး ဆမ် ဂရင်းဝုဒ်နဲ့ လဲလှယ်ခဲ့ရတာပါ။

ပွဲချိန် ၂၅ မိနစ်မှာ နောက်ထပ် ဒဏ်ရာရှင် ရူဘင် နီဗက်စ်အစား ထရင်ကာအိုကို ထည့်ပြီး ဝုလ်ဗ်စ်နည်းပြ ဘရူနို လာဂျီက ၃-၄-၃ ပြန်ပြောင်းကစားခဲ့သလို တစ်မိနစ်အကြာမှာတော့ ကွင်းလယ်ကနေ မော်တင်ညိုက ညာခြမ်းကို တင်ပေးလိုက်တာကို ထရင်ကာအိုက ပြေးလိုက်ပြီး Cut Back လုပ်ပေးရာမှာ မာကင်လွတ်နေတဲ့ ဂျွန်နီ အော့တိုက အဝေးတိုင်ဘက်ကို အနိမ့်ဘောကန်သွင်းပြီး အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာ ဧည့်သည်တွေဘက်က ယော်ရန်တေးအစား ကို့ချ်ကို လူစားလဲခဲ့ရပြန်ပြီး ဒဏ်ရာတွေနဲ့ အထိအခိုက်များခဲ့လို နာကျင်အချိန်ပို ၈ မိနစ်အထိ သတ်မှတ်ပေးခဲ့ရတဲ့ပွဲမှာ ထရင်ကာအိုရဲ့ အဝေးကန်ချက်က တိုင်ထိထွက်ခဲ့လို့ လိဒ်စ်တို့ ဂိုးသမား နေရာယူမမှန်ချိန်မှာ သက်သာခွင့်ရခဲ့သလို အချိန်ပို ၆ မိနစ်မှာတော့ ကွင်းလယ်လူ ကလစ်ချ် ဒဏ်ရာရသွားပြီး ခရက်စ်ဝဲလ်နဲ့ ထပ်လဲခဲ့ရလို့ သတ်မှတ်မိနစ်က ပိုတိုးလာခဲ့ချိန်မှာ ဟီမီနက်ဇ်ကတော့ ညံ့ဖျင်းလွန်းနေခဲ့တာပါ။

နာကျင်အချိန်ပို ၁၁ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့ ဒုတိယဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကို မော်တင်ညိုက အမြန်ကန်ပို့ပေးရာမှာ ပိုဒင့်စ်က ရသွားပြီး နောက်ပြန်ချပေးတာကို နေရာလွတ်တွေ ရထားတဲ့ ထရင်ကာအိုက အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့လို့ လိဒ်စ်ဂိုးသမား မေလီယေး ဘာမှ မတတ်နိုင်ခဲ့ဘဲ ပထမပိုင်းက အိမ်ရှင်တွေရဲ့ အသာစီးနဲ့ နှစ်ဂိုး-ဂိုးမရှိရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဝုလ်ဗ်စ်ခံစစ်က ကန်တင်လိုက်တော့ ဘောလုံးကို ရှေ့တက်ရှင်းတဲ့ လိဒ်စ်ဂိုးသမား မေလီယေးကို အဝင်နောက်ကျခဲ့တဲ့ ရာအူးလ် ဟီမီနက်ဇ် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရလို့ အိမ်ရှင်တွေ ၁၀ ယောက်ဖြစ်သွားခဲ့သလို ဒါက ပွဲရဲ့ အလှည့်အပြောင်းဖြစ်သွားခဲ့ပြီး ဆက်မကစားနိုင်တဲ့ မေလီယေးနေရာမှာတော့ အရေးပေါ် ၄ ယောက်မြောက် လူစားလဲမှုအဖြစ် အရန်ဂိုးသမား ကလာဆန် ဝင်ကစားခဲ့ရတာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ တစ်ယောက်သာသွားတဲ့ လိဒ်စ်တို့ မရချင်ရချင်နဲ့ တစ်ဂိုးသွင်းယူနိုင်ခဲ့ကြပြီး ညာခြမ်းက အေးလင်းရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့ချိန်မှာ ဆိုက်စ်က ကိုယ့်ဂိုးထဲကိုယ် ပြန်ကန်မိတာကို အသင်းခေါင်းဆောင် ကိုဒီက ဂိုးစည်းပေါ်က ရှင်းထုတ်နိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ ဟာရီဆန်က ပိတ်သွင်းပြီး နေရာလွဲနေတဲ့ ဂိုးသမား ဂျိုဆေးဆားကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုး-တစ်ဂိုးဖြစ်သွားလို့ လိဒ်စ်တို့ စိတ်ဓာတ်ပိုတက်လာခဲ့ကြပြီး ပွဲချိန် ၆၆ မိနစ်မှာတော့ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဝုလ်ဗ်စ်ဂိုးရှေ့မှာ ဝဲနေတဲ့ ဘောလုံးကို ဂရင်းဝုဒ် ရယူပေးခဲ့ရာမှာ နောက်က ပြေးဝင်လာတဲ့ ရိုဒရီဂိုက ဂိုးသမား ဂျိုဆေးဆားကို ကျော်ဖြတ်ပြီး ထောင့်ကျဉ်းအနေအထားကနေ ကန်သွင်းယူသွားနိုင်ခဲ့လို့ သုံးမိနစ်အတွင်း Come Back ပြီး နှစ်ဂိုးစီဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ တစ်ယောက်လျော့ ဝုလ်ဗ်စ်တို့ သူတို့လုပ်နေကျပုံစံအတိုင်း ကွင်းလယ်လူ ဒန်ဒွန့်ကာကို အထောင်မှာ လိုက်ကစားစေပြီး အိမ်ကွင်းမှာ အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် လိဒ်စ်တို့ရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့သလို ဂျက်ဆီ မာ့ရှ်ရဲ့ လူတွေကတော့ ကောင်တာတွေနဲ့ ထိုးနှက်ဖို့ ကြိုးစားနေခဲ့ကြပြီး တောင်ပံကစားသမား ဟာရီဆန်ကတော့ အထူးခြေစွမ်းပြနေခဲ့ပါတယ်။

ဒုတိယပိုင်းအတွက်လည်း နာကျင်အချိန်ပို ၈ မိနစ်အထိ သတ်မှတ်ပေးခဲ့ပြန်ပြီး ပွဲချိန် ၉၁ မိနစ်မှာတော့ ဖရီးကစ်ကနေ ပြန်ကျလာတာကို စထရိုက်ခ်က ချပေးခဲ့ရာမှာ နောက်ခံလူ အေးလင်းက အနီးကပ်ကန်သွင်းပြီး ဂိုးသမား ဂျိုဆေးဆားကို ထိုးနှက်နိုင်ခဲ့လို့ လိဒ်စ်တို့ နောက်ကနေ သုံးဂိုး-နှစ်ဂိုးနဲ့ Come Back Win ဖြစ်လာခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ တန်းဆင်းဇုန်ရုန်းနေရပြီး အမှတ်လိုနေတဲ့ လိဒ်စ်တို့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ရမှတ်သုံးမှတ်ကြောင့် အဆင့် ၁၆ နေရာအထိ တက်ရောက်နိုင်ခဲ့သလို အဲဗာတန်နဲ့ သူတို့တွေ ဒီရာသီအကုန်မှာ လွတ်မြောက်ဖို့ လမ်းကြောင်းပေါ် ရောက်လာခဲ့ကြချိန်မှာ ဝတ်ဖို့ဒ်၊ ဘန်လေနဲ့ နော့ဝစ်ချ်တို့ အတွက်တော့ စိုးရိမ်စရာဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေန႔ပြဲမွာ ဝုလ္ဗာဟမ့္ပ္တန္တို႔အေနနဲ႔ ခံစစ္မွာ ဂိုးသမား ဂ်ိဳေဆးဆား၊ ကိုဒီ၊ ဆိုက္စ္နဲ႔ ဘိုလီတို႔ကို သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂြၽန္နီ၊ အိုက္ႏူရီ၊ ႐ူဘင္ နာဗက္စ္၊ ဂ်ာအို ေမာ္တင္ညိဳ၊ ဒန္ဒြန႔္ကာတို႔ကို သုံးစြဲခဲ့ၿပီး တိုက္စစ္မွာေတာ့ ပိုဒင့္စ္နဲ႔ ရာအူးလ္ ဟီမီနက္ဇ္တို႔ကို ၃-၅-၁-၁ ပုံစံနဲ႔ အသုံးျပဳၿပီး ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

လိဒ္စ္တို႔ကေတာ့ ဒဏ္ရာက ျပန္လာတဲ့ အဓိက တိုက္စစ္မႉး ဘမ္ဖို႔ဒ္ကို အေထာင္ထားခဲ့ၿပီး သူ႔ေနာက္က ႐ိုဒရီဂို၊ ဒန္ဂ်ိမ္းစ္နဲ႔ ဟာရီဆန္တို႔ လိုက္ပါကစားခဲ့သလို ကြင္းလယ္မွာေတာ့ ေဖာ္ေရွာနဲ႔ ကလစ္ခ်္တို႔ပဲ ကစားခဲ့ၾကခ်ိန္မွာ ခံစစ္မွာေတာ့ ဂိုးသမား ေမလီေယး၊ စထ႐ိုက္ခ္၊ ေယာ္ရန္ေတ၊ ဒါးလက္စ္နဲ႔ ကပၸတိန္ ေအးလင္းတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ဝုလ္ဗ္စ္တို႔ရဲ႕ အထေလးတဲ့ ခံစစ္ကို လိဒ္စ္ရဲ႕ လ်င္ျမန္တဲ့ တိုက္စစ္ကစားသမားေတြ ဖိအားေပးႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းေတြကေတာ့ အားရစရာ မရွိခဲ့လို႔ လြဲေခ်ာ္ေနခဲ့သလို အိမ္ရွင္ဝုလ္ဗ္စ္တို႔ဘက္ကလည္း တိုက္စစ္ေတြမွာ တြဲလုံးနဲ႔ မကစားဘဲ ပိုဒင့္စ္ တစ္ကိုယ္ေကာင္းဆန္ေနလို႔ ပိတ္ဆို႔ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွေတာ့ ဒီထက္ေကာင္းတာ ဘုန္းႀကီးတူမပဲ ရွိေတာ့တယ္ဆိုတဲ့ အခြင့္အေရးမ်ိဳးကို ဘမ္ဖို႔ဒ္က ေဘးေခ်ာ္ကန္ပစ္ခဲ့ၿပီး ဂိုးကို ဂိုးရမယ့္ အပိုင္တစ္လုံးကို ျဖဳန္းတီးပစ္ခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ လူကြၽံေဘာကို ေပါင္ၿဖဲၿပီး လိုက္ယူတာ အလဟႆျဖစ္ခဲ့တဲ့ေနာက္ အဂၤလန္သား ဒဏ္ရာရသြားၿပီး အာဆင္နယ္က ေရာက္လာတဲ့ လူငယ္တိုက္စစ္မႉး ဆမ္ ဂရင္းဝုဒ္နဲ႔ လဲလွယ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာ ေနာက္ထပ္ ဒဏ္ရာရွင္ ႐ူဘင္ နီဗက္စ္အစား ထရင္ကာအိုကို ထည့္ၿပီး ဝုလ္ဗ္စ္နည္းျပ ဘ႐ူႏို လာဂ်ီက ၃-၄-၃ ျပန္ေျပာင္းကစားခဲ့သလို တစ္မိနစ္အၾကာမွာေတာ့ ကြင္းလယ္ကေန ေမာ္တင္ညိဳက ညာျခမ္းကို တင္ေပးလိုက္တာကို ထရင္ကာအိုက ေျပးလိုက္ၿပီး Cut Back လုပ္ေပးရာမွာ မာကင္လြတ္ေနတဲ့ ဂြၽန္နီ ေအာ့တိုက အေဝးတိုင္ဘက္ကို အနိမ့္ေဘာကန္သြင္းၿပီး အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာ ဧည့္သည္ေတြဘက္က ေယာ္ရန္ေတးအစား ကို႔ခ်္ကို လူစားလဲခဲ့ရျပန္ၿပီး ဒဏ္ရာေတြနဲ႔ အထိအခိုက္မ်ားခဲ့လို နာက်င္အခ်ိန္ပို ၈ မိနစ္အထိ သတ္မွတ္ေပးခဲ့ရတဲ့ပြဲမွာ ထရင္ကာအိုရဲ႕ အေဝးကန္ခ်က္က တိုင္ထိထြက္ခဲ့လို႔ လိဒ္စ္တို႔ ဂိုးသမား ေနရာယူမမွန္ခ်ိန္မွာ သက္သာခြင့္ရခဲ့သလို အခ်ိန္ပို ၆ မိနစ္မွာေတာ့ ကြင္းလယ္လူ ကလစ္ခ်္ ဒဏ္ရာရသြားၿပီး ခရက္စ္ဝဲလ္နဲ႔ ထပ္လဲခဲ့ရလို႔ သတ္မွတ္မိနစ္က ပိုတိုးလာခဲ့ခ်ိန္မွာ ဟီမီနက္ဇ္ကေတာ့ ညံ့ဖ်င္းလြန္းေနခဲ့တာပါ။

နာက်င္အခ်ိန္ပို ၁၁ မိနစ္မွာေတာ့ ဝုလ္ဗ္စ္တို႔ ဒုတိယဂိုး ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ညာျခမ္းမွာ ရတဲ့ ဖရီးကစ္ကို ေမာ္တင္ညိဳက အျမန္ကန္ပို႔ေပးရာမွာ ပိုဒင့္စ္က ရသြားၿပီး ေနာက္ျပန္ခ်ေပးတာကို ေနရာလြတ္ေတြ ရထားတဲ့ ထရင္ကာအိုက အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ကန္သြင္းယူႏိုင္ခဲ့လို႔ လိဒ္စ္ဂိုးသမား ေမလီေယး ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ပထမပိုင္းက အိမ္ရွင္ေတြရဲ႕ အသာစီးနဲ႔ ႏွစ္ဂိုး-ဂိုးမရွိရလဒ္ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ဝုလ္ဗ္စ္ခံစစ္က ကန္တင္လိုက္ေတာ့ ေဘာလုံးကို ေရွ႕တက္ရွင္းတဲ့ လိဒ္စ္ဂိုးသမား ေမလီေယးကို အဝင္ေနာက္က်ခဲ့တဲ့ ရာအူးလ္ ဟီမီနက္ဇ္ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရလို႔ အိမ္ရွင္ေတြ ၁၀ ေယာက္ျဖစ္သြားခဲ့သလို ဒါက ပြဲရဲ႕ အလွည့္အေျပာင္းျဖစ္သြားခဲ့ၿပီး ဆက္မကစားႏိုင္တဲ့ ေမလီေယးေနရာမွာေတာ့ အေရးေပၚ ၄ ေယာက္ေျမာက္ လူစားလဲမႈအျဖစ္ အရန္ဂိုးသမား ကလာဆန္ ဝင္ကစားခဲ့ရတာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ တစ္ေယာက္သာသြားတဲ့ လိဒ္စ္တို႔ မရခ်င္ရခ်င္နဲ႔ တစ္ဂိုးသြင္းယူႏိုင္ခဲ့ၾကၿပီး ညာျခမ္းက ေအးလင္းရဲ႕ ကန္ခ်က္က တိုင္ထိထြက္ခဲ့ခ်ိန္မွာ ဆိုက္စ္က ကိုယ့္ဂိုးထဲကိုယ္ ျပန္ကန္မိတာကို အသင္းေခါင္းေဆာင္ ကိုဒီက ဂိုးစည္းေပၚက ရွင္းထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ ဟာရီဆန္က ပိတ္သြင္းၿပီး ေနရာလြဲေနတဲ့ ဂိုးသမား ဂ်ိဳေဆးဆားကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ႏွစ္ဂိုး-တစ္ဂိုးျဖစ္သြားလို႔ လိဒ္စ္တို႔ စိတ္ဓာတ္ပိုတက္လာခဲ့ၾကၿပီး ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဝုလ္ဗ္စ္ဂိုးေရွ႕မွာ ဝဲေနတဲ့ ေဘာလုံးကို ဂရင္းဝုဒ္ ရယူေပးခဲ့ရာမွာ ေနာက္က ေျပးဝင္လာတဲ့ ႐ိုဒရီဂိုက ဂိုးသမား ဂ်ိဳေဆးဆားကို ေက်ာ္ျဖတ္ၿပီး ေထာင့္က်ဥ္းအေနအထားကေန ကန္သြင္းယူသြားႏိုင္ခဲ့လို႔ သုံးမိနစ္အတြင္း Come Back ၿပီး ႏွစ္ဂိုးစီျဖစ္ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ တစ္ေယာက္ေလ်ာ့ ဝုလ္ဗ္စ္တို႔ သူတို႔လုပ္ေနက်ပုံစံအတိုင္း ကြင္းလယ္လူ ဒန္ဒြန႔္ကာကို အေထာင္မွာ လိုက္ကစားေစၿပီး အိမ္ကြင္းမွာ အႏိုင္ယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ လိဒ္စ္တို႔ရဲ႕ ခံစစ္ကို မေက်ာ္ႏိုင္ခဲ့သလို ဂ်က္ဆီ မာ့ရွ္ရဲ႕ လူေတြကေတာ့ ေကာင္တာေတြနဲ႔ ထိုးႏွက္ဖို႔ ႀကိဳးစားေနခဲ့ၾကၿပီး ေတာင္ပံကစားသမား ဟာရီဆန္ကေတာ့ အထူးေျခစြမ္းျပေနခဲ့ပါတယ္။

ဒုတိယပိုင္းအတြက္လည္း နာက်င္အခ်ိန္ပို ၈ မိနစ္အထိ သတ္မွတ္ေပးခဲ့ျပန္ၿပီး ပြဲခ်ိန္ ၉၁ မိနစ္မွာေတာ့ ဖရီးကစ္ကေန ျပန္က်လာတာကို စထ႐ိုက္ခ္က ခ်ေပးခဲ့ရာမွာ ေနာက္ခံလူ ေအးလင္းက အနီးကပ္ကန္သြင္းၿပီး ဂိုးသမား ဂ်ိဳေဆးဆားကို ထိုးႏွက္ႏိုင္ခဲ့လို႔ လိဒ္စ္တို႔ ေနာက္ကေန သုံးဂိုး-ႏွစ္ဂိုးနဲ႔ Come Back Win ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ တန္းဆင္းဇုန္႐ုန္းေနရၿပီး အမွတ္လိုေနတဲ့ လိဒ္စ္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ရမွတ္သုံးမွတ္ေၾကာင့္ အဆင့္ ၁၆ ေနရာအထိ တက္ေရာက္ႏိုင္ခဲ့သလို အဲဗာတန္နဲ႔ သူတို႔ေတြ ဒီရာသီအကုန္မွာ လြတ္ေျမာက္ဖို႔ လမ္းေၾကာင္းေပၚ ေရာက္လာခဲ့ၾကခ်ိန္မွာ ဝတ္ဖို႔ဒ္၊ ဘန္ေလနဲ႔ ေနာ့ဝစ္ခ်္တို႔ အတြက္ေတာ့ စိုးရိမ္စရာျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.