Premier League

မမျှတတဲ့ပွဲချိန်ဇယားလို့ ပြောလိုက်တဲ့ အာတီတာကို ရာရာစစကွာလို့ တုံ့ပြန်လိုက်တဲ့ ကွန်တီ

တော့တင်ဟမ်ဟော့စပါးနည်းပြ အန်တိုနီယို ကွန်တီက ယခုနှစ်အစောပိုင်း မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ရွှေ့နဲ့ဆိုင်းဖို့ တောင်းဆိုခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ပွဲချိန်ဇယားနဲ့ပတ်သက်ပြီး စောဒကတက်မယ်ဆို အာတီတာအနေနဲ့ ၂ ခါပြန်စဉ်းစားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာတီတာက ယနေ့နေ့လယ်မှာ အက်စတန် ဗီလာအိမ်ကွင်းကို သွားရောက်မယှဉ်ပြိုင်မီ ဗုဒ္ဓဟူးနေ့က လီဗာပူးလ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့ရတဲ့ အာဆင်နယ်ရဲ့ ပွဲချိန်ဇယားဟာ မမျှတဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ၁၁ ပွဲမှာလည်း နောက်ထပ် ဗုဒ္ဓဟူးနဲ့ စနေ ပွဲချိန်ဇယားအတိုင်း ထပ်မံကစားဖို့ သတ်မှတ်ပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဇန်နဝါရီလတုန်းက စပါးစ်နဲ့ ကစားရမယ့် ဒါဘီပွဲစဉ်ဟာ လက်ရှိအချိန်အထိ ပြန်လည်စီစဉ်ရခြင်းမရှိသေးတာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ကစားသမား တစ်ဦးတည်း ရှိနေချိန်မှာ ပွဲကို ရွှေ့ဆိုင်းဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒါက တော့တင်ဟမ်ဟော့စပါးအသင်းကို စိတ်ပျက်ဒေါသထွက်စေခဲ့ပြီး အဲဒီအချိန်ကနေ လက်ရှိအချိန်အထိ ၂ လကြာပြီဖြစ်ပေမယ့်လည်း နည်းပြ ကွန်တီအတွက် အခဲမကြေနိုင်သေးတဲ့ကိစ္စ ဖြစ်ခဲ့ပုံ ပေါ်ပါတယ်။

“ကျွန်တော် အာတီတာ မှတ်မိအောင် သတိပေးချင်တာက ကျွန်တော်တို့ ရွှေ့ဆိုင်းခဲ့တဲ့ တော့တင်ဟမ်နဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်တစ်ပွဲတည်းပါ။ ဟုတ်ပြီလား။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တရားမျှတတာ ဒါမှမဟုတ် မမျှတတာနဲ့ပတ်သက်ပြီး စကားပြောမယ်ဆိုရင် ကောင်းပြီ။ ကျွန်တော် ရပ်လိုက်မယ်။ ယေဘုယျအားဖြင့် ကျွန်တော့်အဖြေက လုံလောက်နေပြီလို့ ထင်ပါတယ်။ ဟုတ်ပြီလား။ အဲဒါက လုံလောက်နေပြီ။ တကယ်လို့ တစ်ယောက်ယောက်က တရားမျှတတာ ဒါမှမဟုတ် မမျှတာနဲ့ပတ်ပတ်သက်ပြီး ပြောချင်တယ်ဆိုရင် ကျွန်တော်တို့ စပါးစ်နဲ့ အာဆင်နယ်ပွဲစဉ်ကို ရွှေ့ဆိုင်းခံခဲ့ရတယ်”

“ခင်ဗျား မှတ်မိဦးမယ်ဆိုရင်ပေါ့။ ကျွန်တော်ကတော့ အဲဒါကို မမေ့နိုင်ပါဘူး။ အဲဒီတော့ တရားမျှတတာ ဒါမှမဟုတ် မမျှတာနဲ့ပတ်သက်ပြီး ပြောခွင့်ကို မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ အီတလီလူမျိုးနည်းပြရဲ့ တုံ့ပြန်ပြောဆိုမှုဟာ ဧပြီ သို့မဟုတ် မေလမှာ ပြန်လည်ကျင်းပဖို့ စီစဉ်မယ့် စပါးစ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာ တွေ့ဆုံတဲ့အခါ နောက်ထပ် ဖိအားတွေ ဖြစ်လာတော့မှာဖြစ်ပါတယ်။

အက်စတန် ဗီလာနဲ့မတွေ့ဆုံမီ သောကြာနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြောက်လန်ဒန်ဒါဘီပွဲကို ဘယ်အချိန်မှာ ပြန်လည်စီစဉ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်မိလားလို့ မေးမြန်းခဲ့တဲ့အခါမှာ အာတီတာက “ဟုတ်ပါတယ်။ စိုးရိမ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် မသိလို့ပါ။ ကျွန်တော်တို့က ဆုံးဖြတ်ရမှာမဟုတ်လို့ပါ။ အဲဒီပွဲက အရမ်းကို အရေးကြီးလာပါလိမ့်မယ်”

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေနဲ့ ငြင်းခုံမှုတွေ မြင့်တက်စေနိုင်မလားဆိုတဲ့အပေါ်မှာ စပိန်လူမျိုးနည်းပြက “အဲဒါက ကျွန်တော်နဲ့ မဆိုင်ပါဘူး။ အသင်းက အဲဒါကို စီစဉ်ရမှာပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါးနည္းၿပ အန္တိုနီယို ကြန္တီက ယခုႏွစ္အေစာပိုင္း ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကို ေရႊ႕နဲ႔ဆိုင္းဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ့ ပြဲခ်ိန္ဇယားနဲ႔ပတ္သက္ၿပီး ေစာဒကတက္မယ္ဆို အာတီတာအေနနဲ႔ ၂ ခါျပန္စဥ္းစားသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာက ယေန႔ေန႔လယ္မွာ အက္စတန္ ဗီလာအိမ္ကြင္းကို သြားေရာက္မယွဥ္ၿပိဳင္မီ ဗုဒၶဟူးေန႔က လီဗာပူးလ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ အာဆင္နယ္ရဲ့ ပြဲခ်ိန္ဇယားဟာ မမၽွတဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ရဲ့ ေနာက္ဆုံး ၁၁ ပြဲမွာလည္း ေနာက္ထပ္ ဗုဒၶဟူးနဲ႔ စေန ပြဲခ်ိန္ဇယားအတိုင္း ထပ္မံကစားဖို႔ သတ္မွတ္ေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဇန္နဝါရီလတုန္းက စပါးစ္နဲ႔ ကစားရမယ့္ ဒါဘီပြဲစဥ္ဟာ လက္ရွိအခ်ိန္အထိ ျပန္လည္စီစဥ္ရျခင္းမရွိေသးတာျဖစ္ၿပီး အာဆင္နယ္အသင္းဟာ ကိုဗစ္-၁၉ ကူးစက္ခံထားရတဲ့ ကစားသမား တစ္ဦးတည္း ရွိေနခ်ိန္မွာ ပြဲကို ေရႊ႕ဆိုင္းဖို႔အတြက္ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ အဲဒါက ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို စိတ္ပ်က္ေဒါသထြက္ေစခဲ့ၿပီး အဲဒီအခ်ိန္ကေန လက္ရွိအခ်ိန္အထိ ၂ လၾကာၿပီျဖစ္ေပမယ့္လည္း နည္းၿပ ကြန္တီအတြက္ အခဲမေၾကနိုင္ေသးတဲ့ကိစၥ ျဖစ္ခဲ့ပုံ ေပၚပါတယ္။

“ကၽြန္ေတာ္ အာတီတာ မွတ္မိေအာင္ သတိေပးခ်င္တာက ကၽြန္ေတာ္တို႔ ေရႊ႕ဆိုင္းခဲ့တဲ့ ေတာ့တင္ဟမ္နဲ႔ အာဆင္နယ္တို႔ရဲ့ပြဲစဥ္တစ္ပြဲတည္းပါ။ ဟုတ္ၿပီလား။ ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ တရားမၽွတတာ ဒါမွမဟုတ္ မမၽွတတာနဲ႔ပတ္သက္ၿပီး စကားေျပာမယ္ဆိုရင္ ေကာင္းၿပီ။ ကၽြန္ေတာ္ ရပ္လိုက္မယ္။ ေယဘုယ်အားျဖင့္ ကၽြန္ေတာ့္အေျဖက လုံေလာက္ေနၿပီလို႔ ထင္ပါတယ္။ ဟုတ္ၿပီလား။ အဲဒါက လုံေလာက္ေနၿပီ။ တကယ္လို႔ တစ္ေယာက္ေယာက္က တရားမၽွတတာ ဒါမွမဟုတ္ မမၽွတာနဲ႔ပတ္ပတ္သက္ၿပီး ေျပာခ်င္တယ္ဆိုရင္ ကၽြန္ေတာ္တို႔ စပါးစ္နဲ႔ အာဆင္နယ္ပြဲစဥ္ကို ေရႊ႕ဆိုင္းခံခဲ့ရတယ္”

“ခင္ဗ်ား မွတ္မိဦးမယ္ဆိုရင္ေပါ့။ ကၽြန္ေတာ္ကေတာ့ အဲဒါကို မေမ့နိုင္ပါဘူး။ အဲဒီေတာ့ တရားမၽွတတာ ဒါမွမဟုတ္ မမၽွတာနဲ႔ပတ္သက္ၿပီး ေျပာခြင့္ကို မရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ အီတလီလူမ်ိဳးနည္းျပရဲ့ တုံ႔ျပန္ေျပာဆိုမႈဟာ ဧၿပီ သို႔မဟုတ္ ေမလမွာ ျပန္လည္က်င္းပဖို႔ စီစဥ္မယ့္ စပါးစ္နဲ႔ အာဆင္နယ္တို႔ရဲ့ ပြဲစဥ္မွာ ေတြ႕ဆုံတဲ့အခါ ေနာက္ထပ္ ဖိအားေတြ ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

အက္စတန္ ဗီလာနဲ႔မေတြ႕ဆုံမီ ေသာၾကာေန႔က ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျမာက္လန္ဒန္ဒါဘီပြဲကို ဘယ္အခ်ိန္မွာ ျပန္လည္စီစဥ္သြားမလဲဆိုတာနဲ႔ပတ္သက္ၿပီး စိုးရိမ္မိလားလို႔ ေမးျမန္းခဲ့တဲ့အခါမွာ အာတီတာက “ဟုတ္ပါတယ္။ စိုးရိမ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ မသိလို႔ပါ။ ကၽြန္ေတာ္တို႔က ဆုံးျဖတ္ရမွာမဟုတ္လို႔ပါ။ အဲဒီပြဲက အရမ္းကို အေရးႀကီးလာပါလိမ့္မယ္”

ပရီးမီးယားလိဂ္တာဝန္ရွိသူေတြနဲ႔ ျငင္းခုံမႈေတြ ျမင့္တက္ေစနိုင္မလားဆိုတဲ့အေပၚမွာ စပိန္လူမ်ိဳးနည္းျပက “အဲဒါက ကၽြန္ေတာ္နဲ႔ မဆိုင္ပါဘူး။ အသင္းက အဲဒါကို စီစဥ္ရမွာပါ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.