Analysis UCL&UEL

ယူရိုပါလိဂ်နှင့် ကွန်ဖရင့်လိဂ် ကွာတားဖိုင်နယ် ရေးဆွဲမှုများနှင့် ခန့်မှန်းချက်များ

ယူရိုပါလိဂ်ကတော့ ခါတိုင်းလို မဟုတ်ဘဲ ဘာစီလိုနာ ပါလာတာကြောင့် စိတ်ဝင်စားစရာ ပိုကောင်းခဲ့တဲ့အပြင် အင်္ဂလန်ကိုယ်စားပြု ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒက်ကလန် ရိုက်စ်ရဲ့ နူးကမ့်ကိုမှ ရွေးသွားချင်တာဆိုတဲ့ လေလုံးထွားမှုကြောင့် ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မရေးဆွဲခင်မှာ လူတွေက ပိုပြီး သတိထားမိခဲ့ကြတာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ် ၁ အဖြစ်တော့ စပါးတပ်စ် မော်စကိုအသင်းကို ပိတ်ပင်မှုကြောင့် ၁၆ သင်းအဆင့် မကစားရဘဲ တက်လာခဲ့ပြီး သူများတွေထက် အခွင့်ထူးခံလိုဖြစ်နေခဲ့တဲ့ ဂျာမန်ကလပ် RB လိုက်ပ်ဇစ်နဲ့ အီတလီကလပ် အတ္တလန်တာတို့ တွေ့ဆုံနေကြတာပါ။ ချန်ပီယံလိဂ်ပြုတ် တတိယနှစ်သင်းတွေ့ဆုံပွဲမှာ ကစားပုံပိုညက်တဲ့ အတ္တလန်တာတို့ ပြိုင်ပွဲပြောင်းလဲပြီးချိန်မှာ ခြေစွမ်းပြနေကြပြီး အိုလံပီယာကော့စ်နဲ့ လေဗာကူဆင်တို့ကို ဖြတ်ကျော်အပြီးမှာ နောက်ထပ်ဂျာမန်တစ်သင်းကို ဖြတ်ကျော်သွားရင်လည်း ဂျန်ပျယ်ရို ဂက်စ်ပါရီနီရဲ့လက်ထဲ ၆ နှစ်တောင် ရှိနေပြီဖြစ်တဲ့ တည်ငြိမ်မှုကို အံ့ဩစရာတော့ သိပ်မရှိတာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ် ၂ အဖြစ်တော့ အိုင့်ထရက်ချ် ဖရန့်ဖတ်နဲ့ အင်အားကြီး ဘာစီလိုနာတို့ တွေ့ဆုံခဲ့ကြပြီး ဒီပွဲကိုတော့ အရင်ကလို စုစည်းမှုအား သိပ်မကောင်းတဲ့ ဂျာမန်ကလပ်ကြောင့် တစ်ဖက်ကိုပဲ အလေးပေးရဖို့ ရှိလာခဲ့ပါတယ်။ လူကာ ယိုဗစ်ချ်နဲ့ အန်ဒရီ ဆေးလ်ဗားတို့လို ကစားသမားတွေ ဆက်တိုက်ရောင်းချခဲ့ပေမယ့် တိုက်စစ်မှာ အင်အားဖြည့်ထားတဲ့ ဘော်ရီက ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၈ ဂိုးသာ ရထားပြီး ဂျပန်သား ဒါအိချိ ကာမာဒါရဲ့ ဂိုးတချို့နဲ့ အသင်းရလဒ်တွေကို ဖာထေးနေခဲ့ရချိန်မှာ တစ်မူဆန်းသစ်နေတဲ့ ဇာဗီရဲ့ အင်အားပြင်းတိုက်စစ်နဲ့ ဘာဆာပဲ နောက်တစ်ဆင့်တက်ဖို့ ရှိနေပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ် ၃ အဖြစ်တော့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ လီယွန်တို့ တွေ့ဆုံနေကြပြီး အသင်းခေါင်းဆောင် ရိုက်စ်ရဲ့ နူးကမ့်သွားချင်တဲ့ ဆန္ဒကတော့ ဒီအဆင့်မှာ လွဲချော်ခဲ့တာပါ။ လီယွန်ကတော့ တိုက်စစ်မှူး မူဆာ ဒမ်ဘီလီ ခြေကျသွားချိန်မှာ ကင်းမရွန်းသား တိုကို အီကမ်ဘီကို အားကိုးနေရပြီး ပြင်သစ်လိဂန်မှာလည်း အဆင့် ၁၀ အထိ ရောက်ရှိနေခဲ့လို့ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၆ ဟမ်းမားတွေကို ယှဉ်ဖို့က အခက်အခဲများနေမှာလည်း ဖြစ်ပါတယ်။ ယူရိုပါလိဂ်ဂျိုးကြီး ဆီဗီလာကို ဖြုတ်ချနိုင်ခဲ့တဲ့ ဒေးဗစ် မွိုက်စ်အတွက်တော့ ကွာတားဖိုင်နယ်က အတားအဆီးမဖြစ်နိုင်ဘူးထင်ပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ် ၄ ကတော့ ပရိသတ် စိတ်ဝင်စားမှုအနည်းဆုံးပွဲစဉ် ဖြစ်လာနိုင်ပြီး ပေါ်တူဂီရဲ့ ဘရာဂါနဲ့ စကော့တလန်ရဲ့ ရိန်းဂျားစ်တို့ တွေ့ဆုံနေခဲ့တာဖြစ်ပါတယ်။ အိမ်ကွင်းတစ်ခုတည်းနဲ့ လုပ်စားနေတဲ့ ဘရာဂါတို့အနေနဲ့ ရက်ဒ်စတား ဘဲလ်ဂရိတ်နောက်က အုပ်စုဒုတိယကို ကုပ်ကတ်ပြီး ယူနိုင်ခဲ့သလို မိုနာကိုကိုလည်း အိမ်ကွင်းအားနဲ့ပဲ အလဲထိုးခဲ့တာဖြစ်ပြီး တစ်ဖက်မှာတော့ ဒေါ့မွန်ကို ဖြုတ်ချခဲ့တဲ့ ရိန်းဂျားစ်တို့က နည်းနည်းပိုပြီး အထင်ကြီးစရာ ရှိနေခဲ့လို့ စကော့တလန်သားတွေ နောက်တစ်ဆက်တက်ဖို့ ထင်မြင်နိုင်ကြမှာပါ။

ဆီမီးဖိုင်နယ်ပွဲတွေကို ဆက်လက်ရေးဆွဲရာမှာတော့ ကွာတားပွဲစဉ်(၁) RB လိုက်ပ်ဇစ်/အတ္တလန်တာနဲ့ ကွာတားပွဲစဉ်(၄) ဘရာဂါ/ရိန်းဂျားစ်တို့ ဆုံတွေ့နေခဲ့ကြပြီး ဒီအဆင့်မှာတော့ ချန်ပီယံလိဂ် အုပ်စုတတိယနှစ်သင်းနဲ့ ယူရိုပါလိဂ်အုပ်စု ဒုတိယနှစ်သင်းတို့ အဆင့်အတန်းချင်း ကွာဟနေတာကြောင့် ပွဲစဉ်(၁)က ဘယ်သူပဲတက်တက် ဖိုင်နယ်သွားနိုင်ပြီး ပွဲစဉ်(၄)က အသင်းတွေ နင်းခြေခံရဖို့ပဲ ဖြစ်လာပါလိမ့်မယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်(၂)မှာတော့ ကွာတားပွဲစဉ်(၃)ဝက်စ်ဟမ်း/လီယွန်နဲ့ ကွာတားပွဲစဉ်(၂) ဖရန့်ဖတ်/ဘာစီလိုနာတို့ တွေ့ဆုံနေမှုက ဒက်ကလန် ရိုက်စ်ကို ဆန္ဒပြည့်ဝစေနိုင်ပြီး သူ့အနေနဲ့ ကွာတားအဆင့်မှာ မသွားခဲ့ရတဲ့ နူးကမ့်ကို ဆီမီးအဆင့်မှာ သွားရောက်နိုင်ဖို့ များနေသလို သွားရောက်တာက ဖိုင်နယ်သွားဖို့ မဟုတ်ဘဲ အလယ်သက်သက်ပဲဖြစ်လာနိုင်တာပါ။

နည်းပြ ဇာဗီလက်ထဲမှာ ခြေတက်လာတဲ့ ဘာစီလိုနာတို့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေချိန်မှာ ဒီပြိုင်ပွဲကို နောက်ဆုံးဗိုလ်လုပွဲကျင်းပရာ ဆီဗီလာအသင်းရဲ့ စပိန်မြေ ရာမွန် ဆန်ချက် ပစ်ဟွမ်ကွင်းကို ကာတာလန်သားတွေကတော့ ရှောရှောရှူရှူ ရောက်သွားနိုင်ချိန်မှာ တစ်ဖက်ကတော့ RB လိုက်ပ်ဇစ်လား အတ္တလန်တာလား ဆိုတာပဲ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဧပြီလ ၇ ရက်နေ့မှာ ပထမအကျော့ ကစားကြမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ၁၄ ရက်နေ့မှာ ကစားကြဖို့ ရှိနေသလို ဆီမီးဖိုင်နယ်ကိုတော့ ဧပြီလ ၈ ရက်နေ့နဲ့ မေလ ၅ ရက်နေ့တွေမှာ တစ်ကျော့နှစ်ကျော့ တေးကို သီသွားကြဖို့ UEFA က ရေးဆွဲထားခဲ့ပါတယ်။

ယူရိုပါကွန်ဖရင့်လိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ (၁) ဘိုဒို/ဂလင့်နဲ့ ရိုးမား၊ (၂) ဖီယင်နုနဲ့ ဆလားဗီးယား ပရပ်ဂ်၊ (၃) မာဆေးလ်နဲ့ PAOK၊ (၄) လက်စတာနဲ့ PSV တို့ တွေ့ဆုံနေကြပြီး ခက်ခဲတဲ့ ပွဲစဉ်တွေ ဖြစ်လာနိုင်သလို ဆီမီးဖိုင်နယ်မှာတော့ ကွာတားတွဲဆိုင်း (၄)နဲ့(၁)၊ (၂)နဲ့(၃)တို့ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် ပွဲကျပ်နေတဲ့ ဘရန်ဒန် ရော့ဂျားစ်တို့ အင်္ဂလန် ဂုဏ်ဆောင်ဖို့ ခက်နိုင်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူ႐ိုပါလိဂ္ကေတာ့ ခါတိုင္းလို မဟုတ္ဘဲ ဘာစီလိုနာ ပါလာတာေၾကာင့္ စိတ္ဝင္စားစရာ ပိုေကာင္းခဲ့တဲ့အျပင္ အဂၤလန္ကိုယ္စားျပဳ ဝက္စ္ဟမ္း အသင္းေခါင္းေဆာင္ ဒက္ကလန္ ႐ိုက္စ္ရဲ႕ ႏူးကမ့္ကိုမွ ေ႐ြးသြားခ်င္တာဆိုတဲ့ ေလလုံးထြားမႈေၾကာင့္ ကြာတားဖိုင္နယ္ပြဲစဥ္ေတြကို မေရးဆြဲခင္မွာ လူေတြက ပိုၿပီး သတိထားမိခဲ့ၾကတာျဖစ္ပါတယ္။

ကြာတားဖိုင္နယ္ပြဲစဥ္ ၁ အျဖစ္ေတာ့ စပါးတပ္စ္ ေမာ္စကိုအသင္းကို ပိတ္ပင္မႈေၾကာင့္ ၁၆ သင္းအဆင့္ မကစားရဘဲ တက္လာခဲ့ၿပီး သူမ်ားေတြထက္ အခြင့္ထူးခံလိုျဖစ္ေနခဲ့တဲ့ ဂ်ာမန္ကလပ္ RB လိုက္ပ္ဇစ္နဲ႔ အီတလီကလပ္ အတၱလန္တာတို႔ ေတြ႕ဆုံေနၾကတာပါ။ ခ်န္ပီယံလိဂ္ျပဳတ္ တတိယႏွစ္သင္းေတြ႕ဆုံပြဲမွာ ကစားပုံပိုညက္တဲ့ အတၱလန္တာတို႔ ၿပိဳင္ပြဲေျပာင္းလဲၿပီးခ်ိန္မွာ ေျခစြမ္းျပေနၾကၿပီး အိုလံပီယာေကာ့စ္နဲ႔ ေလဗာကူဆင္တို႔ကို ျဖတ္ေက်ာ္အၿပီးမွာ ေနာက္ထပ္ဂ်ာမန္တစ္သင္းကို ျဖတ္ေက်ာ္သြားရင္လည္း ဂ်န္ပ်ယ္႐ို ဂက္စ္ပါရီနီရဲ႕လက္ထဲ ၆ ႏွစ္ေတာင္ ရွိေနၿပီျဖစ္တဲ့ တည္ၿငိမ္မႈကို အံ့ဩစရာေတာ့ သိပ္မရွိတာျဖစ္ပါတယ္။

ကြာတားဖိုင္နယ္ပြဲစဥ္ ၂ အျဖစ္ေတာ့ အိုင့္ထရက္ခ်္ ဖရန႔္ဖတ္နဲ႔ အင္အားႀကီး ဘာစီလိုနာတို႔ ေတြ႕ဆုံခဲ့ၾကၿပီး ဒီပြဲကိုေတာ့ အရင္ကလို စုစည္းမႈအား သိပ္မေကာင္းတဲ့ ဂ်ာမန္ကလပ္ေၾကာင့္ တစ္ဖက္ကိုပဲ အေလးေပးရဖို႔ ရွိလာခဲ့ပါတယ္။ လူကာ ယိုဗစ္ခ်္နဲ႔ အန္ဒရီ ေဆးလ္ဗားတို႔လို ကစားသမားေတြ ဆက္တိုက္ေရာင္းခ်ခဲ့ေပမယ့္ တိုက္စစ္မွာ အင္အားျဖည့္ထားတဲ့ ေဘာ္ရီက ၿပိဳင္ပြဲစုံ ၃၅ ပြဲမွာ ၈ ဂိုးသာ ရထားၿပီး ဂ်ပန္သား ဒါအိခ်ိ ကာမာဒါရဲ႕ ဂိုးတခ်ိဳ႕နဲ႔ အသင္းရလဒ္ေတြကို ဖာေထးေနခဲ့ရခ်ိန္မွာ တစ္မူဆန္းသစ္ေနတဲ့ ဇာဗီရဲ႕ အင္အားျပင္းတိုက္စစ္နဲ႔ ဘာဆာပဲ ေနာက္တစ္ဆင့္တက္ဖို႔ ရွိေနပါတယ္။

ကြာတားဖိုင္နယ္ ပြဲစဥ္ ၃ အျဖစ္ေတာ့ ဝက္စ္ဟမ္းယူႏိုက္တက္နဲ႔ လီယြန္တို႔ ေတြ႕ဆုံေနၾကၿပီး အသင္းေခါင္းေဆာင္ ႐ိုက္စ္ရဲ႕ ႏူးကမ့္သြားခ်င္တဲ့ ဆႏၵကေတာ့ ဒီအဆင့္မွာ လြဲေခ်ာ္ခဲ့တာပါ။ လီယြန္ကေတာ့ တိုက္စစ္မႉး မူဆာ ဒမ္ဘီလီ ေျခက်သြားခ်ိန္မွာ ကင္းမ႐ြန္းသား တိုကို အီကမ္ဘီကို အားကိုးေနရၿပီး ျပင္သစ္လိဂန္မွာလည္း အဆင့္ ၁၀ အထိ ေရာက္ရွိေနခဲ့လို႔ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၆ ဟမ္းမားေတြကို ယွဥ္ဖို႔က အခက္အခဲမ်ားေနမွာလည္း ျဖစ္ပါတယ္။ ယူ႐ိုပါလိဂ္ဂ်ိဳးႀကီး ဆီဗီလာကို ျဖဳတ္ခ်ႏိုင္ခဲ့တဲ့ ေဒးဗစ္ မြိဳက္စ္အတြက္ေတာ့ ကြာတားဖိုင္နယ္က အတားအဆီးမျဖစ္ႏိုင္ဘူးထင္ပါတယ္။

ကြာတားဖိုင္နယ္ ပြဲစဥ္ ၄ ကေတာ့ ပရိသတ္ စိတ္ဝင္စားမႈအနည္းဆုံးပြဲစဥ္ ျဖစ္လာႏိုင္ၿပီး ေပၚတူဂီရဲ႕ ဘရာဂါနဲ႔ စေကာ့တလန္ရဲ႕ ရိန္းဂ်ားစ္တို႔ ေတြ႕ဆုံေနခဲ့တာျဖစ္ပါတယ္။ အိမ္ကြင္းတစ္ခုတည္းနဲ႔ လုပ္စားေနတဲ့ ဘရာဂါတို႔အေနနဲ႔ ရက္ဒ္စတား ဘဲလ္ဂရိတ္ေနာက္က အုပ္စုဒုတိယကို ကုပ္ကတ္ၿပီး ယူႏိုင္ခဲ့သလို မိုနာကိုကိုလည္း အိမ္ကြင္းအားနဲ႔ပဲ အလဲထိုးခဲ့တာျဖစ္ၿပီး တစ္ဖက္မွာေတာ့ ေဒါ့မြန္ကို ျဖဳတ္ခ်ခဲ့တဲ့ ရိန္းဂ်ားစ္တို႔က နည္းနည္းပိုၿပီး အထင္ႀကီးစရာ ရွိေနခဲ့လို႔ စေကာ့တလန္သားေတြ ေနာက္တစ္ဆက္တက္ဖို႔ ထင္ျမင္ႏိုင္ၾကမွာပါ။

ဆီမီးဖိုင္နယ္ပြဲေတြကို ဆက္လက္ေရးဆြဲရာမွာေတာ့ ကြာတားပြဲစဥ္(၁) RB လိုက္ပ္ဇစ္/အတၱလန္တာနဲ႔ ကြာတားပြဲစဥ္(၄) ဘရာဂါ/ရိန္းဂ်ားစ္တို႔ ဆုံေတြ႕ေနခဲ့ၾကၿပီး ဒီအဆင့္မွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စုတတိယႏွစ္သင္းနဲ႔ ယူ႐ိုပါလိဂ္အုပ္စု ဒုတိယႏွစ္သင္းတို႔ အဆင့္အတန္းခ်င္း ကြာဟေနတာေၾကာင့္ ပြဲစဥ္(၁)က ဘယ္သူပဲတက္တက္ ဖိုင္နယ္သြားႏိုင္ၿပီး ပြဲစဥ္(၄)က အသင္းေတြ နင္းေျခခံရဖို႔ပဲ ျဖစ္လာပါလိမ့္မယ္။

ဆီမီးဖိုင္နယ္ပြဲစဥ္(၂)မွာေတာ့ ကြာတားပြဲစဥ္(၃)ဝက္စ္ဟမ္း/လီယြန္နဲ႔ ကြာတားပြဲစဥ္(၂) ဖရန႔္ဖတ္/ဘာစီလိုနာတို႔ ေတြ႕ဆုံေနမႈက ဒက္ကလန္ ႐ိုက္စ္ကို ဆႏၵျပည့္ဝေစႏိုင္ၿပီး သူ႔အေနနဲ႔ ကြာတားအဆင့္မွာ မသြားခဲ့ရတဲ့ ႏူးကမ့္ကို ဆီမီးအဆင့္မွာ သြားေရာက္ႏိုင္ဖို႔ မ်ားေနသလို သြားေရာက္တာက ဖိုင္နယ္သြားဖို႔ မဟုတ္ဘဲ အလယ္သက္သက္ပဲျဖစ္လာႏိုင္တာပါ။

နည္းျပ ဇာဗီလက္ထဲမွာ ေျခတက္လာတဲ့ ဘာစီလိုနာတို႔ ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းစားေနခ်ိန္မွာ ဒီၿပိဳင္ပြဲကို ေနာက္ဆုံးဗိုလ္လုပြဲက်င္းပရာ ဆီဗီလာအသင္းရဲ႕ စပိန္ေျမ ရာမြန္ ဆန္ခ်က္ ပစ္ဟြမ္ကြင္းကို ကာတာလန္သားေတြကေတာ့ ေရွာေရွာရႉရႉ ေရာက္သြားႏိုင္ခ်ိန္မွာ တစ္ဖက္ကေတာ့ RB လိုက္ပ္ဇစ္လား အတၱလန္တာလား ဆိုတာပဲ ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။

ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္ပြဲစဥ္ေတြကိုေတာ့ ဧၿပီလ ၇ ရက္ေန႔မွာ ပထမအေက်ာ့ ကစားၾကမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကိုေတာ့ ၁၄ ရက္ေန႔မွာ ကစားၾကဖို႔ ရွိေနသလို ဆီမီးဖိုင္နယ္ကိုေတာ့ ဧၿပီလ ၈ ရက္ေန႔နဲ႔ ေမလ ၅ ရက္ေန႔ေတြမွာ တစ္ေက်ာ့ႏွစ္ေက်ာ့ ေတးကို သီသြားၾကဖို႔ UEFA က ေရးဆြဲထားခဲ့ပါတယ္။

ယူ႐ိုပါကြန္ဖရင့္လိဂ္ ကြာတားဖိုင္နယ္ပြဲစဥ္ေတြမွာေတာ့ (၁) ဘိုဒို/ဂလင့္နဲ႔ ႐ိုးမား၊ (၂) ဖီယင္ႏုနဲ႔ ဆလားဗီးယား ပရပ္ဂ္၊ (၃) မာေဆးလ္နဲ႔ PAOK၊ (၄) လက္စတာနဲ႔ PSV တို႔ ေတြ႕ဆုံေနၾကၿပီး ခက္ခဲတဲ့ ပြဲစဥ္ေတြ ျဖစ္လာႏိုင္သလို ဆီမီးဖိုင္နယ္မွာေတာ့ ကြာတားတြဲဆိုင္း (၄)နဲ႔(၁)၊ (၂)နဲ႔(၃)တို႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္တာေၾကာင့္ ပြဲက်ပ္ေနတဲ့ ဘရန္ဒန္ ေရာ့ဂ်ားစ္တို႔ အဂၤလန္ ဂုဏ္ေဆာင္ဖို႔ ခက္ႏိုင္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.