Premier League

ယူနိုက်တက်နဲ့ ရော်နယ်လ်ဒိုတို့ ကတ္တီပါလမ်းခွဲနိုင်တဲ့ အခြေအနေကို ပြောပြလိုက်တဲ့ ဂယ်ရီ နဗီး

ဂယ်ရီ နဗီးက ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ လာမယ့်ရာသီ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်နေချင်တယ်ဆိုရင် ၎င်းရဲ့ အခန်းကဏ္ဍဟာ အကန့်အသတ်နဲ့ရှိလာနိုင်တာကို လက်ခံကောင်း လက်ခံရနိုင်ပြီး အသင်းကို စွန့်ခွာနိုင်ခြေက ၅၀-၅၀ ပဲလို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပရိသတ်အချို့ကတော့ ယူနိုက်တက်မှာ လိုအပ်နေတဲ့ နောက်ဆုံးအပိုင်းအစတစ်ခုဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြိုင်ပွဲစုံမှာ ၁၈ ဂိုးသွင်းယူပေးထားပေမယ့် ယခုရာသီမှာလည်း ဆုဖလား တစ်လုံးမှ မရဘဲ ဇာတ်သိမ်းရတော့မှာဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၅ နေရာအထိ ခြေချော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ဂယ်ရီ နဗီးက ပေါ်တူဂီကြယ်ပွင့်ရဲ့ အနာဂတ်ဟာ အသင်းက ခန့်အပ်မယ့် နည်းပြသစ်အပေါ်မှာ မူတည်မှာဖြစ်သလို ပုံမှန်ပွဲကစားချိန် မရနိုင်တာကိုလည်း လက်ခံရလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် မသေချာပါဘူး။ သူ အသင်းက ထွက်၊ မထွက်ဆိုတာက နည်းပြက ဘယ်သူဖြစ်မလဲနဲ့ နည်းပြသစ်အတွက် စီမံကိန်းက ဘာဖြစ်မလဲဆိုတဲ့အပေါ်မှာ မူတည်မှာပါ။ နည်းပြသစ်က အားကစားသမားပီသပြီး တိုးတက်တဲ့ လူငယ်အသင်းတစ်သင်းကို တည်ဆောက်ချင်တာလား။ ရော်နယ်လ်ဒိုက အဲဒီအသင်းထဲမှာ ကစားနိုင်ပါတယ်။ ဒါပေမယ့် သူ အပတ်တိုင်း ကစားချင်တယ်ဆိုရင်တော့ ပြဿနာရှိလာနိုင်တဲ့ပုံပေါ်ပါတယ်။ ပြီးတော့ နည်းပြသစ်က အသစ်ပြန်လည်စတင်ချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“နည်းပြသစ်က တိုက်စစ်မှာ ပုံမှန်အားဖြင့် ဖိအားမြင့်မြင့်ပေးနိုင်ပြီး အဲဒီပုံစံနဲ့ မြင့်မားတဲ့ကစားပုံအဆင့်အတန်းကို ဖန်တီးနိုင်တဲ့ လူငယ်ကစားသမားတွေကို လိုချင်တာ ဖြစ်နိုင်ပါတယ်။ နည်းပြသစ်သာ မတူညီတဲ့နည်းလမ်းနဲ့ ကစားချင်ပြီး အရင်တုန်းက တသက်တာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ တစ်စုံတယောက်က အသင်းထဲမှာ ရှိရမယ်ဆိုတာကို လက်ခံနိုင်မယ်ဆိုရင်တော့ ဟုတ်ပါတယ်။ ရော်နယ်လ်ဒိုအတွက် တစ်နေရာရှိပါလိမ့်မယ်”

“ဒါပေမယ့် အဲဒါက ရော်နယ်လ်ဒိုအနေနဲ့ သူ အပတ်တိုင်း မကစားရနိုင်ဘူးဆိုတာကို လက်ခံမှ ရလိမ့်မယ်လို့ ကျွန်တော် ထင်ပြီး သူ မကစားရတဲ့အချိန်တွေလည်း ရှိနိုင်ပါတယ်။ အဲဒါက တကယ့်ပြဿနာလို့ ကျွန်တော်ထင်တယ်။ သူ အဲဒါကိုတော့ အေးအေးဆေးဆေးနဲ့ လက်ခံမယ့်ပုံမပေါ်ဘဲ သူက စိတ်ဓာတ်ပြင်းထန်ပြီး ပွဲတိုင်းကစားချင်တဲ့သူဆိုတာ သိသာပါတယ်”

“ဒါပေမယ့် ကျွန်တော် ၅၀-၅၀ ပါပဲ။ အသင်းက သူ့ကို ဆက်ထိန်းသိမ်းထားချင်လားဆိုတဲ့ ရှုထောင့်ကနေဆိုရင်တော့ ကျွန်တော် ၅၀-၅၀ မဟုတ်ပါဘူး။ ဒါပေမယ့် ခရစ္စတီယာနို ရော်နယ်လ်ဒိုက မန်ချက်စတာမှာ ဆက်နေပြီး အသင်းမှာ သူ့အသက် ၃၈ နှစ်၊ ၃၉ နှစ်အထိ ကစားပေးချင်မလားဆိုတာလည်း ရှိပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂယ္ရီ နဗီးက ခရစၥတီယာနို ေရာ္နယ္လ္ဒိုအေနနဲ႔ လာမယ့္ရာသီ မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ဆက္ေနခ်င္တယ္ဆိုရင္ ၎ရဲ့ အခန္းက႑ဟာ အကန႔္အသတ္နဲ႔ရွိလာနိုင္တာကို လက္ခံေကာင္း လက္ခံရနိုင္ၿပီး အသင္းကို စြန႔္ခြာနိုင္ေျခက ၅၀-၅၀ ပဲလို႔ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ဴဗင္တပ္ကေန မန္ခ်က္စတာယူနိုက္တက္ကို ျပန္လည္ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ပရိသတ္အခ်ိဳ႕ကေတာ့ ယူနိုက္တက္မွာ လိုအပ္ေနတဲ့ ေနာက္ဆုံးအပိုင္းအစတစ္ခုျဖစ္လိမ့္မယ္လို႔ ယုံၾကည္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္ဟာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုက ၿပိဳင္ပြဲစုံမွာ ၁၈ ဂိုးသြင္းယူေပးထားေပမယ့္ ယခုရာသီမွာလည္း ဆုဖလား တစ္လုံးမွ မရဘဲ ဇာတ္သိမ္းရေတာ့မွာျဖစ္သလို ပရီးမီးယားလိဂ္မွာလည္း အဆင့္ ၅ ေနရာအထိ ေျခေခ်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ့အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဂယ္ရီ နဗီးက ေပၚတူဂီၾကယ္ပြင့္ရဲ့ အနာဂတ္ဟာ အသင္းက ခန႔္အပ္မယ့္ နည္းျပသစ္အေပၚမွာ မူတည္မွာျဖစ္သလို ပုံမွန္ပြဲကစားခ်ိန္ မရနိုင္တာကိုလည္း လက္ခံရလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္ မေသခ်ာပါဘူး။ သူ အသင္းက ထြက္၊ မထြက္ဆိုတာက နည္းျပက ဘယ္သူျဖစ္မလဲနဲ႔ နည္းျပသစ္အတြက္ စီမံကိန္းက ဘာျဖစ္မလဲဆိုတဲ့အေပၚမွာ မူတည္မွာပါ။ နည္းျပသစ္က အားကစားသမားပီသၿပီး တိုးတက္တဲ့ လူငယ္အသင္းတစ္သင္းကို တည္ေဆာက္ခ်င္တာလား။ ေရာ္နယ္လ္ဒိုက အဲဒီအသင္းထဲမွာ ကစားနိုင္ပါတယ္။ ဒါေပမယ့္ သူ အပတ္တိုင္း ကစားခ်င္တယ္ဆိုရင္ေတာ့ ျပႆနာရွိလာနိုင္တဲ့ပုံေပၚပါတယ္။ ၿပီးေတာ့ နည္းျပသစ္က အသစ္ျပန္လည္စတင္ခ်င္တာလည္း ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”

“နည္းျပသစ္က တိုက္စစ္မွာ ပုံမွန္အားျဖင့္ ဖိအားျမင့္ျမင့္ေပးနိုင္ၿပီး အဲဒီပုံစံနဲ႔ ျမင့္မားတဲ့ကစားပုံအဆင့္အတန္းကို ဖန္တီးနိုင္တဲ့ လူငယ္ကစားသမားေတြကို လိုခ်င္တာ ျဖစ္နိုင္ပါတယ္။ နည္းျပသစ္သာ မတူညီတဲ့နည္းလမ္းနဲ႔ ကစားခ်င္ၿပီး အရင္တုန္းက တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့တဲ့ တစ္စုံတေယာက္က အသင္းထဲမွာ ရွိရမယ္ဆိုတာကို လက္ခံနိုင္မယ္ဆိုရင္ေတာ့ ဟုတ္ပါတယ္။ ေရာ္နယ္လ္ဒိုအတြက္ တစ္ေနရာရွိပါလိမ့္မယ္”

“ဒါေပမယ့္ အဲဒါက ေရာ္နယ္လ္ဒိုအေနနဲ႔ သူ အပတ္တိုင္း မကစားရနိုင္ဘူးဆိုတာကို လက္ခံမွ ရလိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္ၿပီး သူ မကစားရတဲ့အခ်ိန္ေတြလည္း ရွိနိုင္ပါတယ္။ အဲဒါက တကယ့္ျပႆနာလို႔ ကၽြန္ေတာ္ထင္တယ္။ သူ အဲဒါကိုေတာ့ ေအးေအးေဆးေဆးနဲ႔ လက္ခံမယ့္ပုံမေပၚဘဲ သူက စိတ္ဓာတ္ျပင္းထန္ၿပီး ပြဲတိုင္းကစားခ်င္တဲ့သူဆိုတာ သိသာပါတယ္”

“ဒါေပမယ့္ ကၽြန္ေတာ္ ၅၀-၅၀ ပါပဲ။ အသင္းက သူ႔ကို ဆက္ထိန္းသိမ္းထားခ်င္လားဆိုတဲ့ ရႈေထာင့္ကေနဆိုရင္ေတာ့ ကၽြန္ေတာ္ ၅၀-၅၀ မဟုတ္ပါဘူး။ ဒါေပမယ့္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုက မန္ခ်က္စတာမွာ ဆက္ေနၿပီး အသင္းမွာ သူ႔အသက္ ၃၈ ႏွစ္၊ ၃၉ ႏွစ္အထိ ကစားေပးခ်င္မလားဆိုတာလည္း ရွိပါေသးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.