International

ကမ္ဘာ့ဘောလုံး Hall of Fame ထဲပါဝင်ခွင့်ရလို့ ဝမ်းသာမျက်ရည်တွေ ကျခဲ့ရတဲ့ ရော်နယ်လ်ဒင်ညို

ကိုဗစ်-၁၉ ကြောင့် ၂ နှစ်အထိ ဖျက်သိမ်းခဲ့ရတဲ့ ၁၀ ကြိမ်မြောက် ကမ္ဘာ့ဘောလုံး ဂုဏ်သတင်းကျော်စောသူများစာရင်း မိတ်ဆက်ပွဲကို အင်္ဂါနေ့ညက မက္ကဆီကိုနိုင်ငံမှာ ကျင်းပခဲ့ပြီး ရော်နယ်လ်ဒင်ညိုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂုဏ်သတင်းကျော်စောသူများစာရင်းမှာ အခြားဂန္တဝင်ကစားသမားတွေနဲ့အတူ ထည့်သွင်းခြင်းခံခဲ့ရပါတယ်။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးဟာ အီတလီနောက်ခံလူ ဖေဘီယို ကနာဗားရိုး၊ စပိန်တိုက်စစ်မှူး ရာအူးလ် ဂွန်ဇာလက်ဇ်၊ ဘရာဇီးလ်နောက်ခံလူ ရော်ဘတ်တို ကားလို့စ်နဲ့ ဆွီဒင်နည်းပြ ပီယာ မာရီအေ ဆွန်းဟေးတို့နဲ့အတူ ကမ္ဘာ့ဘောလုံးရဲ့ ဂုဏ်သတင်းကျော်စောသူများစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

ရော်နယ်လ်ဒင်ညို
ရော်နယ်လ်ဒင်ညိုဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ကလပ်အသင်း ၈ သင်းအတွက် ကစားပေးခဲ့ရာမှာ ကစားသမားဘဝ ရရှိနိုင်သမျှ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး အဲဒီထဲကမှ အကြီးမားဆုံးအောင်မြင်မှုကတော့ ၂၀၀၂ ကမ္ဘာ့ဖလား၊ ၁၉၉၉ ကိုပါအမေရိက၊ ၂၀၀၅ ကွန်ဖက်ဒရေးရှင်းဖလား၊ ၂၀၀၅ ချန်ပီယံလိဂ်ဖလားတို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒင်ညိုဟာ ၎င်းရဲ့ ရိုးသားဖော်ရွေတဲ့ အပြုံး၊ သူမတူတဲ့ ပါရမီတွေကြောင့် အသင်းဖော်တွေနဲ့ ပြိုင်ဘက်ကစားသမားတွေကတောင် လေးစားချစ်ခင်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖေဘီယို ကနာဗားရိုး
ကနာဗားရိုးဟာ ၁၉၉၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့သူဖြစ်ပြီး ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့အတွက် ကစားပေးခဲ့တဲ့ကာလတွေဟာ ပရိသတ်အများစု အမှတ်ရဆုံးကာလတွေဖြစ်ခဲ့ပါတယ်။ ကနာဗားရိုးအတွက် အကြီးမားဆုံးအောင်မြင်မှုက ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး အဲဒီနှစ်ရဲ့ ဘလွန်ဒေါဆုရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

ရာအူးလ်
ရာအူးလ်ရဲ့အကြောင်းပြောမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လက်ရွေးစင်အသင်းရဲ့ အောင်မြင်မှုတွေအကြောင်း ပြောရမှာဖြစ်ပြီး ၁၉၉၄ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ကစားခဲ့တဲ့ စပိန်တိုက်စစ်မှူးဟာ အသင်းသမိုင်းမှာ ၇၄၁ ပွဲနဲ့ ပွဲအများဆုံးပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ ရာအူးလ်ရဲ့ ကစားသမားဘဝမှာ နောက်ထပ်ကြီးမားတဲ့အောင်မြင်မှုက ကစားသမားဘဝတလျှောက်လုံး အနီကတ်ပြား တစ်ကြိမ်မှ ပြသခံခဲ့ရခြင်းမရှိဘဲ အသန့်ရှင်းဆုံး ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်ဘတ်တို ကားလို့စ်
ကားလို့စ်ဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံး နောက်ခံတောင်ပံ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အတွက် ကလပ်အသင်းအဆင့်ပွဲစဉ် ၃၇၀ ပွဲအထိ ကစားပေးခဲ့တာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်က ဘရာဇီးလ်နဲ့ ပြင်သစ်တို့ကစားခဲ့တဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ ကားလို့စ်က ဘောလုံးသမိုင်းမှာ တသက်နဲ့တစ်ကိုယ် ဘယ်သူမှ မမြင်ဖူးတဲ့ အလှပဆုံး အလွတ်တည်ကန်ဘောကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကားလို့စ်ရဲ့ အကြီးမားဆုံးအောင်မြင်မှုဟာ နောက်ထပ် ၅ နှစ်အကြာမှ ရောက်လာခဲ့တာဖြစ်ပြီး ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းနဲ့အတူ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ပီယာ ဆန်းဟေး
နောက်ဆုံးတော့ ဆွီဒင်လူမျိုးနည်းပြ ပီယာ ဆန်းဟေးဟာ အမေရိကန်လက်ရွေးစင်အသင်းကို ၂၀၀၈ ခုနှစ် ဘေကျင်း အိုလံပစ်နဲ့ ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ထိုက်တန်တဲ့ အသိအမှတ်ပြုမှုမျိုး ရရှိခဲ့ပြီဖြစ်ပါတယ်။ ဆွီဒင်လူမျိုး အမျိုးသမီးနည်းပြဟာ ၂၀၁၂ ခုနှစ်မှာ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးနည်းပြအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၀၊ ၂၀၁၁နဲ့ ၂၀၁၃ ခုနှစ်တို့မှာ နောက်ဆုံးဆန်ခါတင် ၃ ဦးစာရင်းထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ကိုဗစ္-၁၉ ေၾကာင့္ ၂ ႏွစ္အထိ ဖ်က္သိမ္းခဲ့ရတဲ့ ၁၀ ႀကိမ္ေျမာက္ ကမၻာ့ေဘာလုံး ဂုဏ္သတင္းေက်ာ္ေစာသူမ်ားစာရင္း မိတ္ဆက္ပြဲကို အဂၤါေန႔ညက မကၠဆီကိုနိုင္ငံမွာ က်င္းပခဲ့ၿပီး ေရာ္နယ္လ္ဒင္ညိဳဟာ ကမၻာ့ေဘာလုံးေလာကရဲ့ ဂုဏ္သတင္းေက်ာ္ေစာသူမ်ားစာရင္းမွာ အျခားဂႏၲဝင္ကစားသမားေတြနဲ႔အတူ ထည့္သြင္းျခင္းခံခဲ့ရပါတယ္။

ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးဟာ အီတလီေနာက္ခံလူ ေဖဘီယို ကနာဗားရိုး၊ စပိန္တိုက္စစ္မႉး ရာအူးလ္ ဂြန္ဇာလက္ဇ္၊ ဘရာဇီးလ္ေနာက္ခံလူ ေရာ္ဘတ္တို ကားလို႔စ္နဲ႔ ဆြီဒင္နည္းၿပ ပီယာ မာရီေအ ဆြန္းေဟးတို႔နဲ႔အတူ ကမၻာ့ေဘာလုံးရဲ့ ဂုဏ္သတင္းေက်ာ္ေစာသူမ်ားစာရင္းထဲမွာ ပါဝင္ခဲ့ပါတယ္။

ေရာ္နယ္လ္ဒင္ညိဳ

ေရာ္နယ္လ္ဒင္ညိဳဟာ ၁၉၉၈ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိ ကလပ္အသင္း ၈ သင္းအတြက္ ကစားေပးခဲ့ရာမွာ ကစားသမားဘဝ ရရွိနိုင္သမၽွ ဆုဖလားအားလုံးကို ဆြတ္ခူးနိုင္ခဲ့ၿပီး အဲဒီထဲကမွ အႀကီးမားဆုံးေအာင္ျမင္မႈကေတာ့ ၂၀၀၂ ကမၻာ့ဖလား၊ ၁၉၉၉ ကိုပါအေမရိက၊ ၂၀၀၅ ကြန္ဖက္ဒေရးရွင္းဖလား၊ ၂၀၀၅ ခ်န္ပီယံလိဂ္ဖလားတို႔ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္လ္ဒင္ညိဳဟာ ၎ရဲ့ ရိုးသားေဖာ္ေရြတဲ့ အျပဳံး၊ သူမတူတဲ့ ပါရမီေတြေၾကာင့္ အသင္းေဖာ္ေတြနဲ႔ ၿပိဳင္ဘက္ကစားသမားေတြကေတာင္ ေလးစားခ်စ္ခင္မႈကို ခံခဲ့ရတာ ျဖစ္ပါတယ္။

ေဖဘီယို ကနာဗားရိုး

ကနာဗားရိုးဟာ ၁၉၉၁ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အထိ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို ျဖတ္သန္းခဲ့သူျဖစ္ၿပီး ဂ်ဴဗင္တပ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔အတြက္ ကစားေပးခဲ့တဲ့ကာလေတြဟာ ပရိသတ္အမ်ားစု အမွတ္ရဆုံးကာလေတြျဖစ္ခဲ့ပါတယ္။ ကနာဗားရိုးအတြက္ အႀကီးမားဆုံးေအာင္ျမင္မႈက ၂၀၀၆ ခုႏွစ္ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အီတလီအသင္းကို အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ၿပီး ခ်န္ပီယံျဖစ္ေအာင္ ကူညီေပးနိုင္ခဲ့တာျဖစ္ၿပီး အဲဒီႏွစ္ရဲ့ ဘလြန္ေဒါဆုရွင္အျဖစ္လည္း သတ္မွတ္ခံခဲ့ရပါတယ္။

ရာအူးလ္

ရာအူးလ္ရဲ့အေၾကာင္းေျပာမယ္ဆိုရင္ ရီးရဲလ္မက္ဒရစ္နဲ႔ စပိန္လက္ေရြးစင္အသင္းရဲ့ ေအာင္ျမင္မႈေတြအေၾကာင္း ေျပာရမွာျဖစ္ၿပီး ၁၉၉၄ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အထိ ကစားခဲ့တဲ့ စပိန္တိုက္စစ္မႉးဟာ အသင္းသမိုင္းမွာ ၇၄၁ ပြဲနဲ႔ ပြဲအမ်ားဆုံးပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။ ရာအူးလ္ရဲ့ ကစားသမားဘဝမွာ ေနာက္ထပ္ႀကီးမားတဲ့ေအာင္ျမင္မႈက ကစားသမားဘဝတေလၽွာက္လုံး အနီကတ္ျပား တစ္ႀကိမ္မွ ျပသခံခဲ့ရျခင္းမရွိဘဲ အသန႔္ရွင္းဆုံး ကစားနိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္ဘတ္တို ကားလို႔စ္

ကားလို႔စ္ဟာ ေဘာလုံးသမိုင္းမွာ အေကာင္းဆုံး ေနာက္ခံေတာင္ပံ ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အတြက္ ကလပ္အသင္းအဆင့္ပြဲစဥ္ ၃၇၀ ပြဲအထိ ကစားေပးခဲ့တာျဖစ္ပါတယ္။ ၁၉၉၇ ခုႏွစ္က ဘရာဇီးလ္နဲ႔ ျပင္သစ္တို႔ကစားခဲ့တဲ့ ခ်စ္ၾကည္ေရးပြဲစဥ္မွာ ကားလို႔စ္က ေဘာလုံးသမိုင္းမွာ တသက္နဲ႔တစ္ကိုယ္ ဘယ္သူမွ မျမင္ဖူးတဲ့ အလွပဆုံး အလြတ္တည္ကန္ေဘာကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကားလို႔စ္ရဲ့ အႀကီးမားဆုံးေအာင္ျမင္မႈဟာ ေနာက္ထပ္ ၅ ႏွစ္အၾကာမွ ေရာက္လာခဲ့တာျဖစ္ၿပီး ၂၀၀၂ ကမၻာ့ဖလားမွာ ဘရာဇီးလ္အသင္းနဲ႔အတူ ဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။

ပီယာ ဆန္းေဟး

ေနာက္ဆုံးေတာ့ ဆြီဒင္လူမ်ိဳးနည္းၿပ ပီယာ ဆန္းေဟးဟာ အေမရိကန္လက္ေရြးစင္အသင္းကို ၂၀၀၈ ခုႏွစ္ ေဘက်င္း အိုလံပစ္နဲ႔ ၂၀၁၂ လန္ဒန္အိုလံပစ္ၿပိဳင္ပြဲမွာ ေရႊတံဆိပ္ရရွိေအာင္ ဦးေဆာင္ေပးနိုင္ခဲ့ၿပီးေနာက္ ထိုက္တန္တဲ့ အသိအမွတ္ျပဳမႈမ်ိဳး ရရွိခဲ့ၿပီျဖစ္ပါတယ္။ ဆြီဒင္လူမ်ိဳး အမ်ိဳးသမီးနည္းျပဟာ ၂၀၁၂ ခုႏွစ္မွာ ဖီဖာရဲ့ တစ္ႏွစ္တာအေကာင္းဆုံး အမ်ိဳးသမီးနည္းျပအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ၂၀၁၀၊ ၂၀၁၁နဲ႔ ၂၀၁၃ ခုႏွစ္တို႔မွာ ေနာက္ဆုံးဆန္ခါတင္ ၃ ဦးစာရင္းထဲမွာ ပါဝင္ခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.