Match Report Premier League

ဆရာလမ်းပတ် လက်ကျိုးခဲ့ပြီး ၁ ယောက်လျော့နဲ့ ၁၁၅ မိနစ်အထိ ကစားပြီး အနိုင် ၃ မှတ်ယူခဲ့တဲ့ အဲဗာတန်

ကြာသပတေးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်နဲ့ နယူးကာဆယ်လ်တို့ရဲ့ပွဲစဉ်မှာ အဲဗာတန်အသင်းက ၁ ယောက်လျော့နဲ့ ၉၉ မိနစ်မှာ အီဝိုဘီရဲ့ နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ပထမပိုင်းမှာ ဧည့်သည် နယူးကာဆယ်လ်အသင်းရဲ့ တစ်ဖက်သတ် ဖိအားပေး တိုက်စစ်ဆင်ခြင်းကို ခံခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှုအရလည်း အသာစီး ရယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အိမ်ရှင် အဲဗာတန်တို့ ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ အရှိန်မြှင့်ခဲ့ပေမယ့်လည်း ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမျိုး မလုပ်နိုင်ခဲ့ဘဲ မိနစ် ၇၀ မှာ ဂီမာရေးစ်ရဲ့ ၈ ကိုက်အကွာက ဂိုးကန်သွင်းချက်ကို ဘီဂိုဗစ် အသည်းအသန် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့သာ ဦးဆောင်ဂိုး မပေးခဲ့ရတာဖြစ်ပါတယ်။

မိနစ် ၈၀ မှာ ဂေါ်ဒန် ပင်နယ်တီဧရိယာထိပ်ကနေ ဂိုးဘယ်ဖက် အပေါ်ထောင့်ဆီ အပြင်းကန်သွင်းခဲ့တာကို နယူးကာဆယ်လ်ဂိုးသမား ဒူဘရက်ဗ်ကာက လှလှပပ ခုန်ပျံ ပုတ်ထုတ်သွားခဲ့တာကြောင့် အိမ်ရှင်အဲဗာတန်တို့ ဦးဆောင်ဂိုးရရှိမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

၈၃ မိနစ်မှာ အဲဗာတန်ကွင်းလယ်ကစားသမား အလန်ဟာ စိန့်-မက်ဆီမင်ကို ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုပြုလုပ်ခဲ့တာကြောင့် အဝါကတ်ပြား ပြသခြင်းခံခဲ့ရပေမယ့်လည်း VAR က အနီကတ်ပြားအဖြစ် ပြောင်းလဲခဲ့တာကြောင့် ဒေါသထွက်ခဲ့ပေမယ့်လည်း ထိုက်တန်တဲ့အနီကတ်ဖြစ်တာကြောင့် စောဒကတက်စရာမရှိခဲ့ဘဲ အိမ်ရှင် အဲဗာတန်တို့ အရေးကြီးတဲ့နောက်ဆုံးမိနစ်တွေမှာ ၁ ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

နာကျင်အချိန်ပို ၉၉ မိနစ်မှာ ကိုးမန်းက စိန့်-မက်ဆီမင်ဆီကနေ ဘောလုံးလုယူပြီး အီဝိုဘီ ဆီပေးပို့ခဲ့ရာမှာ အီဝိုဘီက ပင်နယ်တီဧရိယာထိပ်မှာ စောင့်နေတဲ့ ကယ်လ်ဗတ်-လူဝင်ဆီကို ပေးပို့ခဲ့ပါတယ်။ ကယ်လ်ဗတ်-လူဝင်က ဘောလုံးပေးပြီး ပင်နယ်တီ ဧရိယာထဲကို ပြေးဝင်သွားတဲ့ အီဝိုဘီဆီကို အကွက်မြင်မြင်နဲ့ ဘောလုံးကို ဖနောင့်နဲ့ ထိုးပေးခဲ့ပြီး အီဝိုဘီက ဒူဘရက်ဗ်ကာ ဘယ်လိုမှ ကာကွယ်ချိန်မရသေးခင်မှာ အလျင်အမြန် ဘယ်ခြေနဲ့ မြေလှိမ့်ဘော အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နည်းပြ ဖရန့်ခ် လမ်းပတ်ဟာ အီဝိုဘီရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် နယူးကာဆယ်လ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အောင်ပွဲခံရင်းနဲ့ လက်ကျိုးသွားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဗာတန်အသင်းဟာ ဒီနိုင်ပွဲကြောင့် တန်းဆင်းဇုန်နဲ့ ၃ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အောင်ပွဲခံနေရင်းနဲ့ လက်ကို ချိုးသလို ဖြစ်သွားခဲ့တယ်။ ၃ မှတ်ကိုပဲ စိတ်ဝင်စားတယ်။ အဲဒါက ဂိုးအတွက် အောင်ပွဲခံရာမှာ ဖြစ်ခဲ့တာပါ။ ကျွန်တော် အဲဒီအချိန်တုန်းက မသိခဲ့ပါဘူး။ ဒါပေမယ့် ပွဲက ဆက်ကစားနေတဲ့အချိန်မှာ လက်က နည်းနည်း နာလာတယ်။ နာလို နည်းနည်းတုန်နေပေမယ့် အဲဒါက အဆင်ပြေပါတယ်။ ကျွန်တော် ဂရုမစိုက်ပါဘူး”လို့ လမ်းပတ်က ကွင်းဘေးစည်းက ဘောလုံးဝေဖန်သူကို လက်ကို ပြရင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ၾကာသပေတးေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဲဗာတန္နဲ႔ နယူးကာဆယ္လ္တို႔ရဲ့ပြဲစဥ္မွာ အဲဗာတန္အသင္းက ၁ ေယာက္ေလ်ာ့နဲ႔ ၉၉ မိနစ္မွာ အီဝိုဘီရဲ့ ေနာက္က်အနိုင္ဂိုးနဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။

အဲဗာတန္အသင္းဟာ ပထမပိုင္းမွာ ဧည့္သည္ နယူးကာဆယ္လ္အသင္းရဲ့ တစ္ဖက္သတ္ ဖိအားေပး တိုက္စစ္ဆင္ျခင္းကို ခံခဲ့ရၿပီး ေဘာလုံးပိုင္ဆိုင္မႈအရလည္း အသာစီး ရယူနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ အိမ္ရွင္ အဲဗာတန္တို႔ ဦးေဆာင္ဂိုး သြင္းယူနိုင္ဖို႔ အရွိန္ျမႇင့္ခဲ့ေပမယ့္လည္း ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈမ်ိဳး မလုပ္နိုင္ခဲ့ဘဲ မိနစ္ ၇၀ မွာ ဂီမာေရးစ္ရဲ့ ၈ ကိုက္အကြာက ဂိုးကန္သြင္းခ်က္ကို ဘီဂိုဗစ္ အသည္းအသန္ ပုတ္ထုတ္ကာကြယ္နိုင္ခဲ့လို႔သာ ဦးေဆာင္ဂိုး မေပးခဲ့ရတာျဖစ္ပါတယ္။

မိနစ္ ၈၀ မွာ ေဂၚဒန္ ပင္နယ္တီဧရိယာထိပ္ကေန ဂိုးဘယ္ဖက္ အေပၚေထာင့္ဆီ အျပင္းကန္သြင္းခဲ့တာကို နယူးကာဆယ္လ္ဂိုးသမား ဒူဘရက္ဗ္ကာက လွလွပပ ခုန္ပ်ံ ပုတ္ထုတ္သြားခဲ့တာေၾကာင့္ အိမ္ရွင္အဲဗာတန္တို႔ ဦးေဆာင္ဂိုးရရွိမယ့္ အခြင့္အေရး ဆုံးရႈံးခဲ့ရပါတယ္။

၈၃ မိနစ္မွာ အဲဗာတန္ကြင္းလယ္ကစားသမား အလန္ဟာ စိန႔္-မက္ဆီမင္ကို ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈျပဳလုပ္ခဲ့တာေၾကာင့္ အဝါကတ္ျပား ျပသျခင္းခံခဲ့ရေပမယ့္လည္း VAR က အနီကတ္ျပားအျဖစ္ ေျပာင္းလဲခဲ့တာေၾကာင့္ ေဒါသထြက္ခဲ့ေပမယ့္လည္း ထိုက္တန္တဲ့အနီကတ္ျဖစ္တာေၾကာင့္ ေစာဒကတက္စရာမရွိခဲ့ဘဲ အိမ္ရွင္ အဲဗာတန္တို႔ အေရးႀကီးတဲ့ေနာက္ဆုံးမိနစ္ေတြမွာ ၁ ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၉၉ မိနစ္မွာ ကိုးမန္းက စိန႔္-မက္ဆီမင္ဆီကေန ေဘာလုံးလုယူၿပီး အီဝိုဘီ ဆီေပးပို႔ခဲ့ရာမွာ အီဝိုဘီက ပင္နယ္တီဧရိယာထိပ္မွာ ေစာင့္ေနတဲ့ ကယ္လ္ဗတ္-လူဝင္ဆီကို ေပးပို႔ခဲ့ပါတယ္။ ကယ္လ္ဗတ္-လူဝင္က ေဘာလုံးေပးၿပီး ပင္နယ္တီ ဧရိယာထဲကို ေျပးဝင္သြားတဲ့ အီဝိုဘီဆီကို အကြက္ျမင္ျမင္နဲ႔ ေဘာလုံးကို ဖေနာင့္နဲ႔ ထိုးေပးခဲ့ၿပီး အီဝိုဘီက ဒူဘရက္ဗ္ကာ ဘယ္လိုမွ ကာကြယ္ခ်ိန္မရေသးခင္မွာ အလ်င္အျမန္ ဘယ္ေျခနဲ႔ ေျမလွိမ့္ေဘာ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဲဗာတန္နည္းၿပ ဖရန႔္ခ္ လမ္းပတ္ဟာ အီဝိုဘီရဲ့ ေနာက္က် အနိုင္ဂိုးေၾကာင့္ နယူးကာဆယ္လ္ကို အနိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ေအာင္ပြဲခံရင္းနဲ႔ လက္က်ိဳးသြားခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အဲဗာတန္အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ တန္းဆင္းဇုန္နဲ႔ ၃ မွတ္အကြာကို တက္လွမ္းနိုင္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ေအာင္ပြဲခံေနရင္းနဲ႔ လက္ကို ခ်ိဳးသလို ျဖစ္သြားခဲ့တယ္။ ၃ မွတ္ကိုပဲ စိတ္ဝင္စားတယ္။ အဲဒါက ဂိုးအတြက္ ေအာင္ပြဲခံရာမွာ ျဖစ္ခဲ့တာပါ။ ကၽြန္ေတာ္ အဲဒီအခ်ိန္တုန္းက မသိခဲ့ပါဘူး။ ဒါေပမယ့္ ပြဲက ဆက္ကစားေနတဲ့အခ်ိန္မွာ လက္က နည္းနည္း နာလာတယ္။ နာလို နည္းနည္းတုန္ေနေပမယ့္ အဲဒါက အဆင္ေျပပါတယ္။ ကၽြန္ေတာ္ ဂ႐ုမစိုက္ပါဘူး”လို႔ လမ္းပတ္က ကြင္းေဘးစည္းက ေဘာလုံးေဝဖန္သူကို လက္ကို ျပရင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.