Premier League

ရမ်းစ်ဒေးလ်ရဲ့ အမှားက အပျင်းကြီးတဲ့ အမှားလို့ ဝိုင်းဝေဖန်လိုက်တဲ့ ပရီးမီးယားလိဂ်ကစားသမားဟောင်းများ

ပေါလ် မာဆန်က လီဗာပူးလ်အသင်းက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ်မှာ ထိန်းချုပ်ခွင့်ရသွားတာဟာ ရမ်းစ်ဒေးလ်ရဲ့ ပျင်းရိတဲ့ အမှားကြောင့်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ပွဲစဉ် ပထမပိုင်း ပွဲကစားချိန် အများစုကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ၈ မိနစ်အတွင်း ၂ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ အာဆင်နယ်နဲ့ပွဲစဉ်က အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ၂ ပွဲလျော့နဲ့ အဆင့် ၄ နေရာမှာသာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂျိုတာရဲ့ အဖွင့်ဂိုးဟာ ရမ်းစ်ဒေးလ်နဲ့ ဂိုးတိုင်ကြား ထောင့်ကျဉ်းလေးထဲကို ကန်သွင်းသွားတာဖြစ်ပြီး အာဆင်နယ်ဂိုးသမားက ပုတ်ထုတ်ခဲ့ပေမယ့်လည်း ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။ ပေါလ် မာဆန်က ရမ်းစ်ဒေးလ်ရဲ့ နေရာယူပုံနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ခဲ့တာဖြစ်ပြီး အာဆင်နယ်ဂိုးသမားဟာ ဂိုးကန်သွင်းချက်ကို ကြိုတင်မှန်းဆနိုင်ခြင်းမရှိခဲ့ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အဲဒါက ဆိုးရွားတဲ့ ခံစစ်ကစားပုံနဲ့ ဆိုးရွားတဲ့ ဂိုးကာကွယ်မှုပါ။ ဂိုးသမားက အပျင်းကြီးနေပြီး ဂျိုတာက ဖြတ်တင်ဘောပဲ ပေးလိမ့်မယ်လို့ သူ ထင်နေပါတယ်။ ခင်ဗျားအနေနဲ့ ဘယ်တော့မှ ဂိုးတိုင်နားကပ်ပြီး ဂိုးသွင်းခံရတာမျိုး အဖြစ်မခံသင့်ပါဘူး”လို့ ပေါလ် မာဆန်က ပြောကြားခဲ့ပါတယ်။

ဂရေမီ ဆောင်းနက်စ်ကလည်း ရမ်းစ်ဒေးလ်ရဲ့ နေရာယူပုံ မှားယွင်းခဲ့တယ်ဆိုတာကို သဘောတူညီခဲ့ပြီး “သူ အဲဒီဂိုးကို လက်စွမ်းကောင်းကောင်းနဲ့ ပုတ်ထုတ်နိုင်ခဲ့ပေမယ့်လည်း လက်အပြည့်ဆန့်လုနီးပါးပဲ ရှိခဲ့တယ်။ အဲဒါက သူ့ရဲ့ နေရာယူပုံ ဘယ်လောက်လွဲနေလဲဆိုတာ ပြသနေတာပါ။ အဲဒါက ဆိုးရွားတဲ့ နေရာယူပုံပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ် ဂန္တဝင် ဂျေမီ ကာရေဂါက ရမ်းစ်ဒေးလ်အနေနဲ့ ဂျိုတာရဲ့ ဂိုးကန်သွင်းချက်ကို တုံ့ပြန်ဖို့အတွက် နောက်ကျသွားခဲ့တာလို့ ယုံကြည်နေပြီး “အဲဒါက ကျွန်တော့်အတွက်တော့ ပြဿနာတစ်ခုလိုမျိုး ပုံစံပေါက်နေပါတယ်။ ဘောလုံးကို ကန်လိုက်တဲ့အချိန်မှာ သူက လေထဲကို ခုန်နေတုန်းပဲ ရှိပါသေးတယ်။ သူ မြေကြီးပေါ် အကျမှာ တုံ့ပြန်တာ နောက်ကျသွားပြီး ကန်သွင်းချက်ကို သူ့ရဲ့လက်နဲ့ ကာကွယ်ဖို့အတွက် သန်မာမှု မရှိခဲ့ပါဘူး”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကလည်း ဗုဒ္ဓဟူးနေ့ညနေက လီဗာပူးလ်နဲ့ပွဲမှာ ရမ်းစ်ဒေးလ်ရဲ့အမှားကနေ အဖွင့်ဂိုးပေးလိုက်ရတာကို စိတ်ပျက်ခဲ့ပြီး ၂ ဂိုးစလုံးက အသင်းရဲ့အဆင့်အတန်းနဲ့ဆိုရင် မပေးခဲ့သင့်တဲ့ ဂိုးတွေလို့ ဝန်ခံခဲ့ပါတယ်။

“သူ(ရမ်းစ်ဒေးလ်) စိတ်ပျက်နေပါလိမ့်မယ်။ ဒါပေမယ့် ဒါက ပွဲရဲ့အစိတ်အပိုင်းတစ်ခုပါ။ အဲဒီတော့ သူ ကျွန်တော်တို့အတွက် အချိန်တိုင်း ကာကွယ်ပေးခဲ့ပြီး အချိန်တိုင်း သူက ထူးခြားကောင်းမွန်ခဲ့ပါတယ်။ ဒီနေ့မှာ သူ ကျွန်တော်တို့ လီဗာပူးလ်နဲ့ပွဲမှာ လုပ်ချင်တဲ့ အရာကို လုပ်နိုင်အောင် ကူညီဖို့ တကယ်ကို ကောင်းမွန်တဲ့အခိုက်အတန့်အချို့ ရှိခဲ့ပါတယ်။ ကံဆိုးစွာနဲ့ ကျွန်တော်တို့ရဲ့ အဆင့်အတန်းမဟုတ်တာဖြစ်ကောင်းဖြစ်နိုင်တဲ့သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရတယ်”လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပါလ္ မာဆန္က လီဗာပူးလ္အသင္းက အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ အေရးႀကီးတဲ့ ပရီးမီးယားလိဂ္မွာ ထိန္းခ်ဳပ္ခြင့္ရသြားတာဟာ ရမ္းစ္ေဒးလ္ရဲ႕ ပ်င္းရိတဲ့ အမွားေၾကာင့္ျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္ဟာ အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ ပြဲစဥ္ ပထမပိုင္း ပြဲကစားခ်ိန္ အမ်ားစုကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ေပမယ့္လည္း ဒုတိယပိုင္းမွာ ၈ မိနစ္အတြင္း ၂ ဂိုးအထိ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ အာဆင္နယ္နဲ႔ပြဲစဥ္က အႏိုင္ရလဒ္ေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးက မန္စီးတီးနဲ႔ ၁ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္အသင္းကေတာ့ ၂ ပြဲေလ်ာ့နဲ႔ အဆင့္ ၄ ေနရာမွာသာ ဆက္လက္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ိဳတာရဲ႕ အဖြင့္ဂိုးဟာ ရမ္းစ္ေဒးလ္နဲ႔ ဂိုးတိုင္ၾကား ေထာင့္က်ဥ္းေလးထဲကို ကန္သြင္းသြားတာျဖစ္ၿပီး အာဆင္နယ္ဂိုးသမားက ပုတ္ထုတ္ခဲ့ေပမယ့္လည္း ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။ ေပါလ္ မာဆန္က ရမ္းစ္ေဒးလ္ရဲ႕ ေနရာယူပုံနဲ႔ပတ္သက္ၿပီး မေက်မနပ္ျဖစ္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ဂိုးသမားဟာ ဂိုးကန္သြင္းခ်က္ကို ႀကိဳတင္မွန္းဆႏိုင္ျခင္းမရွိခဲ့ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အဲဒါက ဆိုး႐ြားတဲ့ ခံစစ္ကစားပုံနဲ႔ ဆိုး႐ြားတဲ့ ဂိုးကာကြယ္မႈပါ။ ဂိုးသမားက အပ်င္းႀကီးေနၿပီး ဂ်ိဳတာက ျဖတ္တင္ေဘာပဲ ေပးလိမ့္မယ္လို႔ သူ ထင္ေနပါတယ္။ ခင္ဗ်ားအေနနဲ႔ ဘယ္ေတာ့မွ ဂိုးတိုင္နားကပ္ၿပီး ဂိုးသြင္းခံရတာမ်ိဳး အျဖစ္မခံသင့္ပါဘူး”လို႔ ေပါလ္ မာဆန္က ေျပာၾကားခဲ့ပါတယ္။

ဂေရမီ ေဆာင္းနက္စ္ကလည္း ရမ္းစ္ေဒးလ္ရဲ႕ ေနရာယူပုံ မွားယြင္းခဲ့တယ္ဆိုတာကို သေဘာတူညီခဲ့ၿပီး “သူ အဲဒီဂိုးကို လက္စြမ္းေကာင္းေကာင္းနဲ႔ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္လည္း လက္အျပည့္ဆန႔္လုနီးပါးပဲ ရွိခဲ့တယ္။ အဲဒါက သူ႔ရဲ႕ ေနရာယူပုံ ဘယ္ေလာက္လြဲေနလဲဆိုတာ ျပသေနတာပါ။ အဲဒါက ဆိုး႐ြားတဲ့ ေနရာယူပုံပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ ဂႏၲဝင္ ေဂ်မီ ကာေရဂါက ရမ္းစ္ေဒးလ္အေနနဲ႔ ဂ်ိဳတာရဲ႕ ဂိုးကန္သြင္းခ်က္ကို တုံ႔ျပန္ဖို႔အတြက္ ေနာက္က်သြားခဲ့တာလို႔ ယုံၾကည္ေနၿပီး “အဲဒါက ကြၽန္ေတာ့္အတြက္ေတာ့ ျပႆနာတစ္ခုလိုမ်ိဳး ပုံစံေပါက္ေနပါတယ္။ ေဘာလုံးကို ကန္လိုက္တဲ့အခ်ိန္မွာ သူက ေလထဲကို ခုန္ေနတုန္းပဲ ရွိပါေသးတယ္။ သူ ေျမႀကီးေပၚ အက်မွာ တုံ႔ျပန္တာ ေနာက္က်သြားၿပီး ကန္သြင္းခ်က္ကို သူ႔ရဲ႕လက္နဲ႔ ကာကြယ္ဖို႔အတြက္ သန္မာမႈ မရွိခဲ့ပါဘူး”လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာကလည္း ဗုဒၶဟူးေန႔ညေနက လီဗာပူးလ္နဲ႔ပြဲမွာ ရမ္းစ္ေဒးလ္ရဲ႕အမွားကေန အဖြင့္ဂိုးေပးလိုက္ရတာကို စိတ္ပ်က္ခဲ့ၿပီး ၂ ဂိုးစလုံးက အသင္းရဲ႕အဆင့္အတန္းနဲ႔ဆိုရင္ မေပးခဲ့သင့္တဲ့ ဂိုးေတြလို႔ ဝန္ခံခဲ့ပါတယ္။

“သူ(ရမ္းစ္ေဒးလ္) စိတ္ပ်က္ေနပါလိမ့္မယ္။ ဒါေပမယ့္ ဒါက ပြဲရဲ႕အစိတ္အပိုင္းတစ္ခုပါ။ အဲဒီေတာ့ သူ ကြၽန္ေတာ္တို႔အတြက္ အခ်ိန္တိုင္း ကာကြယ္ေပးခဲ့ၿပီး အခ်ိန္တိုင္း သူက ထူးျခားေကာင္းမြန္ခဲ့ပါတယ္။ ဒီေန႔မွာ သူ ကြၽန္ေတာ္တို႔ လီဗာပူးလ္နဲ႔ပြဲမွာ လုပ္ခ်င္တဲ့ အရာကို လုပ္ႏိုင္ေအာင္ ကူညီဖို႔ တကယ္ကို ေကာင္းမြန္တဲ့အခိုက္အတန႔္အခ်ိဳ႕ ရွိခဲ့ပါတယ္။ ကံဆိုးစြာနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ အဆင့္အတန္းမဟုတ္တာျဖစ္ေကာင္းျဖစ္ႏိုင္တဲ့သြင္းဂိုး ၂ ဂိုးကို ခြင့္ျပဳခဲ့ရတယ္”လို႔ ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။