Article Premier League

လမ်းကြောင်းမှန်ပေါ်က အာဆင်နယ်အတွက် လီဗာပူးလ်ကို ရှုံးခဲ့တဲ့ပွဲက သင်ယူခဲ့ရတဲ့ တန်ဖိုးရှိတဲ့ သင်ခန်းစာ

အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်မှာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှင်းလင်းပြတ်သားတဲ့အခွင့်အရေးတစ်ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘဲ သိပ်မကြာခင်မှာပဲ မမျှော်လင့်ထားတဲ့အမှားကနေတဆင့် ဂိုးတွေ ခွင့်ပြုခဲ့ရပါတယ်။

လာကာဇက်က သီယေဂို အယ်လ်ကန်တာရာရဲ့ နမော်နမဲ့နိုင်တဲ့ နောက်ပြန်ပေးတဲ့ ဘောလုံးကို ကြားဖြတ်ရယူသွားချိန်မှာ ပွဲကစားချိန်က ၅၁ မိနစ် ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညက ပွဲစဉ်မှာ လီဗာပူးလ်နဲ့ ရေကုန်ရေခမ်း စီးချင်းထိုးခဲ့ပြီးနောက် အဲဒီအချိန်ဟာ အာဆင်နယ်အတွက် တိုက်စစ်မှာ စောင့်ဆိုင်းနေခဲ့ရတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။

လာကာဇက်က ဂိုးသမားကို ကျော်ပြီး လူကပ်ခံထားရခြင်းမရှိတဲ့ အော်ဒီဂွါဒ်ဆီ ထိုးပေးခဲ့ပြီး နော်ဝေကွင်းလယ်ကြယ်ပွင့်က အယ်လစ်ဆန်ရဲ့ အနောက် ဂိုးပိုက်ထဲ အပြင်းကန်သွင်းခဲ့ပေမယ့်လည်း ပုတ်ထုတ်ကာကွယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ကြီးမားတဲ့အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီး ၃ မိနစ်အတွင်းမှာပဲ ဂျိုတာရဲ့ အမှတ်မထင်ကန်သွင်းမှုကို အာရွန် ရမ်းစ်ဒေးလ်ရဲ့ ပေါ့ဆမှုကြောင့် ဂိုးအဖြစ် ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး အာတီတာအသင်းအတွက် ပြန်လာနိုင်စရာ အကြောင်းမရှိတော့တာဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သိပ်မကြာခင်မှာ ဖာမီနိုက သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ အမ်းမရိတ်စ်က နိုင်ပွဲကြောင့် မန်စီးတီးနဲ့ ၁ မှတ်အကွာကို တက်လှမ်းသွားနိုင်ခဲ့ပြီး လက်ကျန်ရာသီကုန်အထိ အမှားအယွင်းမရှိ နိုင်ပွဲတွေ ရယူဖို့ပဲ ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက် နိုင်ပွဲ ရပ်တန့်သွားခဲ့ရပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိချင်တယ်ဆိုရင် ဒီပွဲစဉ်ကနေ ရရှိခဲ့တဲ့ တန်ဖိုးရှိတဲ့ သင်ခန်းစာကို အရယူရမှာဖြစ်ပါတယ်။ အကောင်းတကာ့ အကောင်းဆုံးအသင်းတွေနဲ့ ရင်ဆိုင်ကစားရတဲ့အခါမှာ အခွင့်အရေးရလာတဲ့အချိန်မှာ အရယူရမှာဖြစ်ပြီး ခံစစ်ပိုင်းမှာလည်း လက်ဆောင်သေးသေးလေးတောင် သွားပေးလို့ မရနိုင်တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ပွဲစဉ် ၅၁ မိနစ်အထိ ကောင်းကောင်း ယှဉ်ကစားနိုင်ခဲ့ပေမယ့်လည်း ၂ သင်းစလုံး ဂိုးရှေ့မှာ အခွင့်အရေးတွေ ရောက်လာချိန်မှာ ဘယ်သူက အသုံးချနိုင်လဲဆိုတာက စကားပြောသွားတာဖြစ်ပါတယ်။ “ရလဒ်က အသင်းရဲ့စွမ်းဆောင်ရည်ကို ကောင်းကောင်း ထင်ဟပ်စေတယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့က အချိန်တော်တော်များများမှာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပြီး စီစဉ်ထားတဲ့အတိုင်း အားလုံးလုပ်နိုင်ခဲ့တယ်”

” ကျွန်တော့ကောင်လေးတွေ ကစားသွားတဲ့ပုံစံက ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း ကစားဖို့အတွက် သူတို့ သတ္တိရှိတယ်ဆိုတာကို ပြသခဲ့တာပါ။ သူတို့တွေက သူတို့ရဲ့ခြေစွမ်းအဆင့်အတန်းကို အမှန်တကယ် မြှင့်တင်နိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ပွဲတွေက ကိန်းဂဏန်းတွေထဲမှာ အနိုင်အရှုံးဆုံးဖြတ်တာဖြစ်ခဲ့တော့ အဲဒါက ပြင်းထန်တဲ့ ကွဲပြားခြားနားမှုဖြစ်ခဲ့ပါတယ်”လို့ အာတီတာက လီဗာပူးလ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အဓိကအကျိုးရှိစေမယ့်အရာကတော့ ဒီရှုံးပွဲက အစကောင်းခဲ့တဲ့ ၂၀၂၂ ခုနှစ်ကို နှောင့်နှေးသွားစေနိုင်မှာမဟုတ်တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညပွဲစဉ်ကို ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၉ ပွဲအနိုင်ရခဲ့တဲ့အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဂျိုတာရဲ့ဂိုးမတိုင်ခင်အထိ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာကို နှစ်သစ်နေ့မှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ပွဲတုန်းကလိုပဲ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့လူငယ်အသင်းဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ခြေစွမ်း ကြီးကြီးမားမား တိုးတက်လာခဲ့ပြီး အခုကနေ ရာသီကုန်အထိ ပွဲအများကြီး ကစားဖို့လည်း ကျန်ရှိနေသေးတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေဆဲဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်နေတဲ့ ပြိုင်ဘက်အသင်းတွေထက် ၂ ပွဲလျော့နေသေးတာဖြစ်ပါတယ်။ အမှန်ကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းဖြစ်လာဖို့ နီးစပ်လာနေတယ်ဆိုတာ သံသယဖြစ်စရာမရှိချိန်မှာ အဲဒီအဆင့်ကိုလည်း မရောက်သေးဘူးဆိုတာကို သိလိုက်ရတာဖြစ်ပြီး အဲဒါနဲ့ပတ်သက်ပြီးလည်း အရှက်ရစရာလည်း မရှိတာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညက အာဆင်နယ်အသင်းဟာ တန်ဖိုးရှိတဲ့ သင်ခန်းစာ ပေးခြင်းခံခဲ့ရပြီး အဲဒီသင်ခန်းစာတစ်ခုကိုပဲ မဖြစ်မနေ သင်ယူရမှာဖြစ်ပါတယ်။ “ကျွန်တော်တို့ ကွာဟချက်ကို အများကြီး နီးစပ်အောင်လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒါက မလုံလောက်ခဲ့ဘူး။ ခင်ဗျား သူတို့နဲ့ ကစားတဲ့အခါ အခွင့်အရေးရလာတဲ့အချိန်ကျရင် ခင်ဗျား အဲဒီအခွင့်အရေးကို ရအောင်ယူရမယ်”လို့ အာတီတာက ပြောသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာတော့ စနေနေ့ညနေ အက်စတန် ဗီလာအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ရှုံးပွဲကနေ ပြန်လာနိုင်ဖို့ အခွင့်အရေးရှိနေပြီဖြစ်ပေမယ့် အာဆင်နယ်သာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင် အခုထက်ပိုပြီး ပွဲဆက်တွေများပြီး တောင်းဆိုမှုများတဲ့ ပွဲချိန်ဇယားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အတွက်တော့ ဗုဒ္ဓဟူးနေ့ညဟာ တန်ဖိုးရှိတဲ့ ဘက်ပေါင်းစုံကနေ သင်ယူစရာ သင်ခန်းစာတစ်ခုဖြစ်ခဲ့ပြီး လီဗာပူးလ်က အကောင်းဆုံးတွေထဲကတစ်သင်းအဖြစ် မှတ်ယူခံရဖို့အတွက် ရှိရမယ့် အဆင့်အတန်းကို ပြသသွားခဲ့တာဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းအနေနဲ့ အဲဒီလို အဆင့်အတန်းမျိုးကို မရောက်ရှိသေးပေမယ့်လည်း လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီဖြစ်တာကြောင့် တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဆိုတဲ့စကားအတိုင်း တနေ့နေ့ တချိန်ချိန်မှာတော့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာနိုင်တာ မြေကြီးလက်ခတ်မလွဲဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ အမ္းမရိတ္စ္မွာ လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ရွင္းလင္းျပတ္သားတဲ့အခြင့္အေရးတစ္ႀကိမ္ကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ျခင္းမရွိခဲ့ဘဲ သိပ္မၾကာခင္မွာပဲ မေမွ်ာ္လင့္ထားတဲ့အမွားကေနတဆင့္ ဂိုးေတြ ခြင့္ျပဳခဲ့ရပါတယ္။

လာကာဇက္က သီေယဂို အယ္လ္ကန္တာရာရဲ႕ နေမာ္နမဲ့ႏိုင္တဲ့ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ၾကားျဖတ္ရယူသြားခ်ိန္မွာ ပြဲကစားခ်ိန္က ၅၁ မိနစ္ ရွိေနခဲ့ၿပီျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ညက ပြဲစဥ္မွာ လီဗာပူးလ္နဲ႔ ေရကုန္ေရခမ္း စီးခ်င္းထိုးခဲ့ၿပီးေနာက္ အဲဒီအခ်ိန္ဟာ အာဆင္နယ္အတြက္ တိုက္စစ္မွာ ေစာင့္ဆိုင္းေနခဲ့ရတဲ့ အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။

လာကာဇက္က ဂိုးသမားကို ေက်ာ္ၿပီး လူကပ္ခံထားရျခင္းမရွိတဲ့ ေအာ္ဒီဂြါဒ္ဆီ ထိုးေပးခဲ့ၿပီး ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္က အယ္လစ္ဆန္ရဲ႕ အေနာက္ ဂိုးပိုက္ထဲ အျပင္းကန္သြင္းခဲ့ေပမယ့္လည္း ပုတ္ထုတ္ကာကြယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ ႀကီးမားတဲ့အခြင့္အေရး ဆုံးရႈံးသြားခဲ့ၿပီး ၃ မိနစ္အတြင္းမွာပဲ ဂ်ိဳတာရဲ႕ အမွတ္မထင္ကန္သြင္းမႈကို အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ေပါ့ဆမႈေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

အဲဒီအခ်ိန္ကစၿပီး အာတီတာအသင္းအတြက္ ျပန္လာႏိုင္စရာ အေၾကာင္းမရွိေတာ့တာျဖစ္ၿပီး လီဗာပူးလ္အသင္းအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သိပ္မၾကာခင္မွာ ဖာမီႏိုက သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းကေတာ့ အမ္းမရိတ္စ္က ႏိုင္ပြဲေၾကာင့္ မန္စီးတီးနဲ႔ ၁ မွတ္အကြာကို တက္လွမ္းသြားႏိုင္ခဲ့ၿပီး လက္က်န္ရာသီကုန္အထိ အမွားအယြင္းမရွိ ႏိုင္ပြဲေတြ ရယူဖို႔ပဲ ႀကိဳးပမ္းရေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္ကေတာ့ ပရီးမီးယားလိဂ္မွာ ၅ ပြဲဆက္ ႏိုင္ပြဲ ရပ္တန႔္သြားခဲ့ရၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခ်င္တယ္ဆိုရင္ ဒီပြဲစဥ္ကေန ရရွိခဲ့တဲ့ တန္ဖိုးရွိတဲ့ သင္ခန္းစာကို အရယူရမွာျဖစ္ပါတယ္။ အေကာင္းတကာ့ အေကာင္းဆုံးအသင္းေတြနဲ႔ ရင္ဆိုင္ကစားရတဲ့အခါမွာ အခြင့္အေရးရလာတဲ့အခ်ိန္မွာ အရယူရမွာျဖစ္ၿပီး ခံစစ္ပိုင္းမွာလည္း လက္ေဆာင္ေသးေသးေလးေတာင္ သြားေပးလို႔ မရႏိုင္တာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ ပြဲစဥ္ ၅၁ မိနစ္အထိ ေကာင္းေကာင္း ယွဥ္ကစားႏိုင္ခဲ့ေပမယ့္လည္း ၂ သင္းစလုံး ဂိုးေရွ႕မွာ အခြင့္အေရးေတြ ေရာက္လာခ်ိန္မွာ ဘယ္သူက အသုံးခ်ႏိုင္လဲဆိုတာက စကားေျပာသြားတာျဖစ္ပါတယ္။ “ရလဒ္က အသင္းရဲ႕စြမ္းေဆာင္ရည္ကို ေကာင္းေကာင္း ထင္ဟပ္ေစတယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ကြၽန္ေတာ္တို႔က အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ပိုေကာင္းတဲ့အသင္းျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ၿပီး စီစဥ္ထားတဲ့အတိုင္း အားလုံးလုပ္ႏိုင္ခဲ့တယ္”

” ကြၽန္ေတာ့ေကာင္ေလးေတြ ကစားသြားတဲ့ပုံစံက ကြၽန္ေတာ္တို႔ ကစားခ်င္တဲ့ပုံစံအတိုင္း ကစားဖို႔အတြက္ သူတို႔ သတၱိရွိတယ္ဆိုတာကို ျပသခဲ့တာပါ။ သူတို႔ေတြက သူတို႔ရဲ႕ေျခစြမ္းအဆင့္အတန္းကို အမွန္တကယ္ ျမႇင့္တင္ႏိုင္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ ပြဲေတြက ကိန္းဂဏန္းေတြထဲမွာ အႏိုင္အရႈံးဆုံးျဖတ္တာျဖစ္ခဲ့ေတာ့ အဲဒါက ျပင္းထန္တဲ့ ကြဲျပားျခားနားမႈျဖစ္ခဲ့ပါတယ္”လို႔ အာတီတာက လီဗာပူးလ္နဲ႔ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္အသင္းအတြက္ အဓိကအက်ိဳးရွိေစမယ့္အရာကေတာ့ ဒီရႈံးပြဲက အစေကာင္းခဲ့တဲ့ ၂၀၂၂ ခုႏွစ္ကို ေႏွာင့္ေႏွးသြားေစႏိုင္မွာမဟုတ္တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညပြဲစဥ္ကို ပရီးမီးယားလိဂ္ ၁၁ ပြဲမွာ ၉ ပြဲအႏိုင္ရခဲ့တဲ့အသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ဂ်ိဳတာရဲ႕ဂိုးမတိုင္ခင္အထိ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ႏိုင္တယ္ဆိုတာကို ႏွစ္သစ္ေန႔မွာ ကစားခဲ့တဲ့ မန္စီးတီးနဲ႔ပြဲတုန္းကလိုပဲ ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ အာတီတာရဲ႕လူငယ္အသင္းဟာ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာ ေျခစြမ္း ႀကီးႀကီးမားမား တိုးတက္လာခဲ့ၿပီး အခုကေန ရာသီကုန္အထိ ပြဲအမ်ားႀကီး ကစားဖို႔လည္း က်န္ရွိေနေသးတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၄ ေနရာမွာ ရပ္တည္ေနဆဲျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ယွဥ္ၿပိဳင္ေနတဲ့ ၿပိဳင္ဘက္အသင္းေတြထက္ ၂ ပြဲေလ်ာ့ေနေသးတာျဖစ္ပါတယ္။ အမွန္ကေတာ့ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးအသင္းျဖစ္လာဖို႔ နီးစပ္လာေနတယ္ဆိုတာ သံသယျဖစ္စရာမရွိခ်ိန္မွာ အဲဒီအဆင့္ကိုလည္း မေရာက္ေသးဘူးဆိုတာကို သိလိုက္ရတာျဖစ္ၿပီး အဲဒါနဲ႔ပတ္သက္ၿပီးလည္း အရွက္ရစရာလည္း မရွိတာျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ညက အာဆင္နယ္အသင္းဟာ တန္ဖိုးရွိတဲ့ သင္ခန္းစာ ေပးျခင္းခံခဲ့ရၿပီး အဲဒီသင္ခန္းစာတစ္ခုကိုပဲ မျဖစ္မေန သင္ယူရမွာျဖစ္ပါတယ္။ “ကြၽန္ေတာ္တို႔ ကြာဟခ်က္ကို အမ်ားႀကီး နီးစပ္ေအာင္လုပ္ခဲ့တယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ အဲဒါက မလုံေလာက္ခဲ့ဘူး။ ခင္ဗ်ား သူတို႔နဲ႔ ကစားတဲ့အခါ အခြင့္အေရးရလာတဲ့အခ်ိန္က်ရင္ ခင္ဗ်ား အဲဒီအခြင့္အေရးကို ရေအာင္ယူရမယ္”လို႔ အာတီတာက ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္ဟာ လက္ရွိမွာေတာ့ စေနေန႔ညေန အက္စတန္ ဗီလာအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မွာ ရႈံးပြဲကေန ျပန္လာႏိုင္ဖို႔ အခြင့္အေရးရွိေနၿပီျဖစ္ေပမယ့္ အာဆင္နယ္သာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့မယ္ဆိုရင္ အခုထက္ပိုၿပီး ပြဲဆက္ေတြမ်ားၿပီး ေတာင္းဆိုမႈမ်ားတဲ့ ပြဲခ်ိန္ဇယားနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ အာဆင္နယ္အတြက္ေတာ့ ဗုဒၶဟူးေန႔ညဟာ တန္ဖိုးရွိတဲ့ ဘက္ေပါင္းစုံကေန သင္ယူစရာ သင္ခန္းစာတစ္ခုျဖစ္ခဲ့ၿပီး လီဗာပူးလ္က အေကာင္းဆုံးေတြထဲကတစ္သင္းအျဖစ္ မွတ္ယူခံရဖို႔အတြက္ ရွိရမယ့္ အဆင့္အတန္းကို ျပသသြားခဲ့တာျဖစ္ပါတယ္။

ေျမာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ အဲဒီလို အဆင့္အတန္းမ်ိဳးကို မေရာက္ရွိေသးေပမယ့္လည္း လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနၿပီျဖစ္တာေၾကာင့္ တစ္ေန႔တစ္လံ ပုဂံဘယ္မေ႐ြ႕ဆိုတဲ့စကားအတိုင္း တေန႔ေန႔ တခ်ိန္ခ်ိန္မွာေတာ့ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္လာႏိုင္တာ ေျမႀကီးလက္ခတ္မလြဲျဖစ္ပါေၾကာင္း တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.