Premier League

အာဆင်နယ်ကို နိုင်တာ ဖလားရသလို အောင်ပွဲခံမနေနဲ့လို့ လီဗာပူးလ်ကို သတိပေးလိုက်တဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က အာဆင်နယ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်အသင်းရဲ့ အောင်ပွဲခံပုံကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဂျိုတာ၊ ဖာမီနိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ဗုဒ္ဓဟူးနေ့ညနေက အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲဟာ အခုဆိုရင် ပိုလို့တောင် စိတ်လှုပ်ရှားစရာကောင်းလာပြီဆိုတာ သံသယဖြစ်စရာမရှိဘဲ အထူးသဖြင့် ဂွါဒီယိုလာရဲ့မန်စီးတီးဟာ လာမယ့်လမှာ လီဗာပူးလ်ကို အိမ်ကွင်း အီတီဟတ်မှာ လက်ခံယှဉ်ပြိုင်ရမှာကြောင့် ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးလ်အသင်းရဲ့အထက် ၆ မှတ်ဖြတ် ဦးဆောင်နိုင်မှုကို ပြန်လည်ရယူနိုင်ခဲ့ပေမယ့်လည်း တနင်္လာနေ့ညနေက ဆဲလ်ဟတ်စ်ပါ့ခ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို လီဗာပူးလ်က အနိုင်ရရှိသွားခဲ့ပေမယ့်လည်း ပေါလ် မာဆန်က လက်ရှိမှာ ကလော့ပ်ရဲ့အသင်းလက်ထဲကို ဆုဖလားမျှော်လင့်ချက် ရောက်နေပြီဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပြီး မန်စီးတီးနဲ့ ရာသီကုန်တဲ့အထိ တိုက်ပွဲဝင်သွားရဦးမှာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“မန်စီးတီးက ခင်ဗျားရဲ့ အန္တရာယ်ပါပဲ။ ဘာမှ တကယ် ပြောင်းလဲမသွားခဲ့ပါဘူး။ လီဗာပူးလ်အနေနဲ့ ပွဲတိုင်းကို နိုင်ပွဲရဖို့ လိုပါသေးတယ်။ မန်စီးတီးက ၁ မှတ်သာနေသေးပြီး သူတို့တွေ လီဗာပူးလ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာပါ။ မန်စီးတီးသာ ပွဲတိုင်းနိုင်ပြီး လီဗာပူးလ်နဲ့ပွဲမှာ သရေကျရင် သူတို့တွေ ဗိုလ်စွဲသွားမှာပါ။ ဆုဖလားက လီဗာပူးလ်ရဲ့လက်ထဲမှာမဟုတ်ပါဘူး”

“ခင်ဗျားပြောနေတာက ပြီးခဲ့တဲ့ ၃ နှစ်၊ ၄ နှစ်အတွင်း အကြိမ်ပေါင်းများစွာ ၁၄ ပွဲဆက် ဒါမှမဟုတ် အဲဒီထက်များတဲ့ပွဲတွေကို အနိုင်ရခဲ့တဲ့ မန်စီးတီးအကြောင်းပါ။ အားလုံးက ဒီညမှာ မသိရင် သူတို့ပဲ လိဂ်ဖလားရသွားသလိုလို အောင်ပွဲခံနေကြတယ်။ မန်စီးတီးက ဆဲလ်ဟတ်စ်ပါ့ခ်မှာ ဂိုးမရှိသရေကျခဲ့တယ်။ သူတို့တွေ ဘောလုံးပွဲ ၂ ပွဲကို အနိုင်ရဖို့ လုံလောက်တဲ့အခွင့်အရေးတွေရခဲ့တယ်။ သူတို့တွေကို ကြည့်ရတာက ဂိုးသွင်းတော့မှာမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုး မပေါက်ပါဘူး”

မာဆေးဆိုဒ်ကလပ်အသင်းအတွက် အမ်းမရိတ်စ်က ရလဒ်ဟာ ကြီးမားတဲ့ရလဒ်ဆိုတာ သိပေမယ့်လည်း အောင်ပွဲခံပုံဟာ ပရီးမီးယားလိဂ်ကို အနိုင်ရသွားခဲ့သလိုမျိုး ခံစားခဲ့ရတာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ စိတ်လှုပ်ရှားခဲ့ကြတာလားလို့ ပေါလ် မာဆန်ကို မေးခွန်းထုတ်ခဲ့ပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ဟုတ်တယ်လို့ပဲ ပြောရမှာပါ။ အဲဒါက ကြီးမားတဲ့အောင်ပွဲခံမှုပါ။ ဘာလို့လဲဆိုတော့ အဲဒါက ပွဲကြီးပွဲကောင်းဖြစ်နေလို့၊ အာဆင်နယ်က ဒီရာသီမှာ ဒီတစ်ကြိမ်ပိုကောင်းအောင် မကစားနိုင်ခဲ့ပါဘူး။ အဲဒီပွဲက ပွဲကြီးပွဲကောင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျား မှတ်ထားရမှာက သူတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းထဲက တစ်သင်းအဖြစ် ရပ်တည်နေတဲ့အသင်းရဲ့နောက်မှာ ရှိနေတယ်ဆိုတာပဲ”

“သူတို့တွေ တစ်မှတ်လျော့နေတယ်။ သူတို့တွေ ဝက်ဖို့ဒ်ကို အနိုင်ရရင် အမှတ်ပေးဇယားထိပ်ကို တက်နိုင်မယ်ဆိုတာ ကျွန်တော် သိတယ်။ မန်စီးတီးက ဒီလိုမျိုးအခြေအနေမှာ ၈ ပွဲဆက်တိုက် အနိုင်ကစားသွားနိုင်ပါတယ်။ ကျွန်တော် ဆိုလိုတာ ဒီအတိုင်းပဲ။ သူတို့တွေ နောက်ထပ်တစ်ကြိမ် အဲဒါကို လုပ်နိုင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ အခုအချိန်မှာတော့ မန်စီးတီးပဲ။ လီဗာပူးလ်က အီတီဟတ်ကို သွားဖို့ ရှိနေသေးပြီး မန်စီးတီးက ကောင်းမွန်တဲ့အသင်းပါ။ လီဗာပူးလ်သာ အီတီဟတ်မှာ အာဆင်နယ်နဲ့ပွဲ ပထမပိုင်းတုန်းက သူတို့တွေကစားခဲ့တဲ့အတိုင်း ကစားနိုင်ပြီး အနိုင်ရခဲ့မယ်ဆိုရင် အဲဒါက ဆုဖလားပြိုင်ပွဲရဲ့ အဆုံးသတ်ဖြစ်သွားပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပါလ္ မာဆန္က အာဆင္နယ္အသင္းကို ၂-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္းရဲ့ ေအာင္ပြဲခံပုံကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး မန္စီးတီးဟာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲကို ထိန္းခ်ဳပ္ထားနိုင္ဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ဂ်ိဳတာ၊ ဖာမီနိုတို႔ရဲ့ သြင္းဂိုးေတြေၾကာင့္ ဗုဒၶဟူးေန႔ညေနက အမ္းမရိတ္စ္ကြင္းမွာ အာဆင္နယ္ကို အနိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ မန္စီးတီးနဲ႔ ၁ မွတ္အကြာကို တက္လွမ္းနိုင္ခဲ့ၿပီျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲဟာ အခုဆိုရင္ ပိုလို႔ေတာင္ စိတ္လႈပ္ရွားစရာေကာင္းလာၿပီဆိုတာ သံသယျဖစ္စရာမရွိဘဲ အထူးသျဖင့္ ဂြါဒီယိုလာရဲ့မန္စီးတီးဟာ လာမယ့္လမွာ လီဗာပူးလ္ကို အိမ္ကြင္း အီတီဟတ္မွာ လက္ခံယွဥ္ၿပိဳင္ရမွာေၾကာင့္ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ လီဗာပူးလ္အသင္းရဲ့အထက္ ၆ မွတ္ျဖတ္ ဦးေဆာင္နိုင္မႈကို ျပန္လည္ရယူနိုင္ခဲ့ေပမယ့္လည္း တနလၤာေန႔ညေနက ဆဲလ္ဟတ္စ္ပါ့ခ္မွာ ခရစၥတယ္ ပဲေလ့စ္ကို ဂိုးမရွိသေရရလဒ္သာ ထြက္ေပၚေအာင္ ကစားနိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းကို လီဗာပူးလ္က အနိုင္ရရွိသြားခဲ့ေပမယ့္လည္း ေပါလ္ မာဆန္က လက္ရွိမွာ ကေလာ့ပ္ရဲ့အသင္းလက္ထဲကို ဆုဖလားေမၽွာ္လင့္ခ်က္ ေရာက္ေနၿပီဆိုတဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္ခဲ့ၿပီး မန္စီးတီးနဲ႔ ရာသီကုန္တဲ့အထိ တိုက္ပြဲဝင္သြားရဦးမွာျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“မန္စီးတီးက ခင္ဗ်ားရဲ့ အႏၲရာယ္ပါပဲ။ ဘာမွ တကယ္ ေျပာင္းလဲမသြားခဲ့ပါဘူး။ လီဗာပူးလ္အေနနဲ႔ ပြဲတိုင္းကို နိုင္ပြဲရဖို႔ လိုပါေသးတယ္။ မန္စီးတီးက ၁ မွတ္သာေနေသးၿပီး သူတို႔ေတြ လီဗာပူးလ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာပါ။ မန္စီးတီးသာ ပြဲတိုင္းနိုင္ၿပီး လီဗာပူးလ္နဲ႔ပြဲမွာ သေရက်ရင္ သူတို႔ေတြ ဗိုလ္စြဲသြားမွာပါ။ ဆုဖလားက လီဗာပူးလ္ရဲ့လက္ထဲမွာမဟုတ္ပါဘူး”

“ခင္ဗ်ားေျပာေနတာက ၿပီးခဲ့တဲ့ ၃ ႏွစ္၊ ၄ ႏွစ္အတြင္း အႀကိမ္ေပါင္းမ်ားစြာ ၁၄ ပြဲဆက္ ဒါမွမဟုတ္ အဲဒီထက္မ်ားတဲ့ပြဲေတြကို အနိုင္ရခဲ့တဲ့ မန္စီးတီးအေၾကာင္းပါ။ အားလုံးက ဒီညမွာ မသိရင္ သူတို႔ပဲ လိဂ္ဖလားရသြားသလိုလို ေအာင္ပြဲခံေနၾကတယ္။ မန္စီးတီးက ဆဲလ္ဟတ္စ္ပါ့ခ္မွာ ဂိုးမရွိသေရက်ခဲ့တယ္။ သူတို႔ေတြ ေဘာလုံးပြဲ ၂ ပြဲကို အနိုင္ရဖို႔ လုံေလာက္တဲ့အခြင့္အေရးေတြရခဲ့တယ္။ သူတို႔ေတြကို ၾကည့္ရတာက ဂိုးသြင္းေတာ့မွာမဟုတ္ဘူးဆိုတဲ့ ပုံစံမ်ိဳး မေပါက္ပါဘူး”

မာေဆးဆိုဒ္ကလပ္အသင္းအတြက္ အမ္းမရိတ္စ္က ရလဒ္ဟာ ႀကီးမားတဲ့ရလဒ္ဆိုတာ သိေပမယ့္လည္း ေအာင္ပြဲခံပုံဟာ ပရီးမီးယားလိဂ္ကို အနိုင္ရသြားခဲ့သလိုမ်ိဳး ခံစားခဲ့ရတာေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ စိတ္လႈပ္ရွားခဲ့ၾကတာလားလို႔ ေပါလ္ မာဆန္ကို ေမးခြန္းထုတ္ခဲ့ပါတယ္။

“ဟုတ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ ဟုတ္တယ္လို႔ပဲ ေျပာရမွာပါ။ အဲဒါက ႀကီးမားတဲ့ေအာင္ပြဲခံမႈပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက ပြဲႀကီးပြဲေကာင္းျဖစ္ေနလို႔၊ အာဆင္နယ္က ဒီရာသီမွာ ဒီတစ္ႀကိမ္ပိုေကာင္းေအာင္ မကစားနိုင္ခဲ့ပါဘူး။ အဲဒီပြဲက ပြဲႀကီးပြဲေကာင္းျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ခင္ဗ်ား မွတ္ထားရမွာက သူတို႔က ကမၻာေပၚမွာ အေကာင္းဆုံးအသင္းထဲက တစ္သင္းအျဖစ္ ရပ္တည္ေနတဲ့အသင္းရဲ့ေနာက္မွာ ရွိေနတယ္ဆိုတာပဲ”

“သူတို႔ေတြ တစ္မွတ္ေလ်ာ့ေနတယ္။ သူတို႔ေတြ ဝက္ဖို႔ဒ္ကို အနိုင္ရရင္ အမွတ္ေပးဇယားထိပ္ကို တက္နိုင္မယ္ဆိုတာ ကၽြန္ေတာ္ သိတယ္။ မန္စီးတီးက ဒီလိုမ်ိဳးအေျခအေနမွာ ၈ ပြဲဆက္တိုက္ အနိုင္ကစားသြားနိုင္ပါတယ္။ ကၽြန္ေတာ္ ဆိုလိုတာ ဒီအတိုင္းပဲ။ သူတို႔ေတြ ေနာက္ထပ္တစ္ႀကိမ္ အဲဒါကို လုပ္နိုင္ပါတယ္။ ကၽြန္ေတာ့္အျမင္ကေတာ့ အခုအခ်ိန္မွာေတာ့ မန္စီးတီးပဲ။ လီဗာပူးလ္က အီတီဟတ္ကို သြားဖို႔ ရွိေနေသးၿပီး မန္စီးတီးက ေကာင္းမြန္တဲ့အသင္းပါ။ လီဗာပူးလ္သာ အီတီဟတ္မွာ အာဆင္နယ္နဲ႔ပြဲ ပထမပိုင္းတုန္းက သူတို႔ေတြကစားခဲ့တဲ့အတိုင္း ကစားနိုင္ၿပီး အနိုင္ရခဲ့မယ္ဆိုရင္ အဲဒါက ဆုဖလားၿပိဳင္ပြဲရဲ့ အဆုံးသတ္ျဖစ္သြားပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.