La Liga Ligue1

မက်ဆီ နူးကမ့်ပြန်လာမှာကို မလိုလားဘဲ ဆန့်ကျင်နေတဲ့ ဘာဆာကြယ်ပွင့် ၃ ဦး

ဘာစီလိုနာကြယ်ပွင့် ကစားသမားတွေဟာ လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီကနေ နူးကမ့်ကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့လာမယ့် အစီအစဉ်ကို ဆန့်ကျင်နေကြတယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အထင်ကြီးဖွယ် ခြေစွမ်း ပြသနိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ မက်ဆီဟာ လိဂန်းထိပ်သီးအသင်းကြီးအတွက် လိဂ် ၁၈ ပွဲမှာ ၂ ဂိုးသ သွင်းယူထားနိုင်သေးပေမယ့်လည်း ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ အထင်ကြီးဖွယ် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ဟာ တနင်္ဂနွေနေ့က ဘော်ဒိုးကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုတောင် ခံခဲ့ရတာဖြစ်ပြီး ပြင်သစ်မြေမှာ အမှတ်အသားတစ်ခု ချန်ရစ်နိုင်ဖို့ ရုန်းကန်နေရတာကြောင့် အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးရဲ့အနာဂတ်ဟာ နောက်ထပ်တစ်ကြိမ် မရေမရာဖြစ်လာနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ အစီအစဉ်ကလည်း မက်ဆီ ပြန်လာမှာ မလိုလားကြောင်း ဘာစီလိုနာကြယ်ပွင့် ၃ ဦးက ရှင်းရှင်းလင်းလင်း ပြသထားတာကြောင့် ရှုပ်ထွေးလာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာဂိုးသမား တာစတီဂျန်ဟာ လီယွန်နယ် မက်ဆီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး မရှိခဲ့တဲ့ ကစားသမားဖြစ်တာကြောင့် အာဂျင်တီးနားကြယ်ပွင့် နူးကမ့်ပြန်လာမှာကို မလိုလားဘဲ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူးအနေနဲ့ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် နူးကမ့်ကနေ ထွက်ခွာမယ်လို့တောင် ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ ဂျာမန်ဂိုးသမားဟာ နည်းပြဇာဗီကို ၎င်းအနေနဲ့ ဘလွန်ဒေါ ၇ ဆုရှင် နူးကမ့်ကို ပြန်လာမှာ မလိုချင်ကြောင်း ရှင်းရှင်းလင်းလင်း သိအောင် ပြောကြားထားခဲ့တယ်လို့ သိရပါတယ်။

ရီကီ ပုကလည်း အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိသူဖြစ်တယ်လို့ ယုံကြည်ရပြီး ဘာစီလိုနာလူငယ်ကြယ်ပွင့်က မက်ဆီ ပြန်လာတာက အန်ဆူ ဖာတီ၊ ဖာရန် တောရက်စ်နဲ့ ဂါဗီတို့လို လူငယ်ကစားသမားတွေရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဂျရတ် ပီကေးဟာ တစ်ခါတုန်းက အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးနဲ့ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြဖူးပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့် နူးကမ့် ပြန်လာမှာကို ဆန့်ကျင်နေတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

လီယွန်နယ် မက်ဆီဟာ ဆယ်စုနှစ် ၁ ခုခွဲကျော်ကြာ ကတ်တလန် ထိပ်သီးအသင်းကြီးအတွက် ပုံရိပ်တစ်ခု ဖြစ်ခဲ့သူဖြစ်ပြီး အသင်း ရရှိခဲ့တဲ့ အောင်မြင်မှုတိုင်းရဲ့ အဓိကလူ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ လီယွန်နယ် မက်ဆီတို့ကြားက ရှည်လျားတဲ့ သံယောဇဉ်ကြိုးက ဘယ်တော့မှ ပြတ်တောက်နိုင်မယ့်ပုံ မပေါ်ခဲ့တာဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ အသင်းက ဘဏ္ဍာရေးပြဿနာတွေကြောင့် စာချုပ်သစ် မကမ်းလှမ်းနိုင်ခဲ့တဲ့အတွက် ကြေကွဲဖွယ် လက်ပြနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စပိန်လာလီဂါထိပ်သီးအသင်းကြီးရဲ့ ဘဏ္ဍာရေး အခြေအနေဆိုးရွားနေမှုအပေါ် အခွင့်ကောင်းယူနိုင်ခဲ့ပြီး အသက် ၃၄ နှစ်အရွယ်ကစားသမားအနေနဲ့ ပြင်သစ်ကို အလွတ်နဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ပုံမှန် မြင့်မားတဲ့အဆင့်အတန်းမှာ ဆက်လက် စွမ်းဆောင်ပြနိုင်ခြင်းမရှိခဲ့တာလို့ ပြောရရင်လည်း မမှားပါဘူး။

မက်ဆီဟာ ဘာစီလိုနာအတွက် ကစားပေးခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားဆိုတာ ငြင်းလို့မရနိုင်ပေမယ့်လည်း အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးကို ပြန်လာခွင့်မပြုတာက အသင်းအတွက် အကောင်းဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နည်းပြ ဇာဗီဟာ နူးကမ့်မှာ အလွန်ကောင်းမွန်တဲ့အလုပ်တွေကို လုပ်ဆောင်နေပြီး ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ၎င်းတို့နဲ့သက်ဆိုင်တဲ့ ဥရောပထိပ်သီးအသင်းကြီးတွေထဲက တစ်သင်းပြန်ဖြစ်လာဖို့ အလှမ်းမကွာတော့ပုံ ပေါ်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အလွတ်နဲ့ ကစားသမားခေါ်ယူမှုအချို့ ပါးပါးနပ်နပ် လုပ်ဆောင်ခဲ့ပြီး ဆောင်းရာသီ စျေးကွက်တုန်း ကစားသမားခေါ်ယူမှုတွေကလည်း မကြာသေးမီက အောင်မြင်မှုတွေဆီ တွန်းပို့ပေးနိုင်ခဲ့တာကြောင့် မက်ဆီသာ ပြန်လာခဲ့မယ်ဆိုရင် ကစားသမားသစ်တွေအတွက် ပွဲကစားချိန် ပျောက်ဆုံးသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အရည်အချင်းအရှိဆုံး လူငယ်ကစားသမားအချို့ကို ပိုင်ဆိုင်ထားပြီး အဲဒီ လူငယ်ကစားသမားတွေဟာ အတူတူ ကြီးထွားလာပြီး အသင်းကို အရင်တုန်းက ရွှေရောင်နေ့ရက်တွေဆီ ပြန်လည် ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

မက်ဆီရဲ့ ပြန်လည်ပြောင်းရွှေ့မှုက အဲဒီလို လူငယ်ကြယ်ပွင့်တွေရဲ့ တိုးတက်မှုကို နှောင့်နှေးစေနိုင်ပြီး ဇာဗီအနေနဲ့ ၎င်းရဲ့အသင်းဖော်ဟောင်းနဲ့ ပြန်လည်ဆုံစည်းချင်တယ်ဆိုရင်တောင်မှပဲ ပီအက်စ်ဂျီတိုက်စစ်မှူးကို ခေါ်ယူဖို့ကတော့ အမြော်အမြင်ရှိတဲ့ ခေါ်ယူမှုဖြစ်လာမှာမဟုတ်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာၾကယ္ပြင့္ ကစားသမားေတြဟာ လီယြန္နယ္ မက္ဆီရဲ့ ပီအက္စ္ဂ်ီကေန ႏူးကမ့္ကို စိတ္လႈပ္ရွားဖြယ္ ျပန္လည္ေျပာင္းေရႊ႕လာမယ့္ အစီအစဥ္ကို ဆန႔္က်င္ေနၾကတယ္လို႔ El Nacional က ေဖာ္ျပခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ပိုင္း အထင္ႀကီးဖြယ္ ေျခစြမ္း ျပသနိုင္ခဲ့ျခင္း မရွိတာျဖစ္ပါတယ္။ မက္ဆီဟာ လိဂန္းထိပ္သီးအသင္းႀကီးအတြက္ လိဂ္ ၁၈ ပြဲမွာ ၂ ဂိုးသ သြင္းယူထားနိုင္ေသးေပမယ့္လည္း ဂိုးဖန္တီးမႈ ၁၁ ႀကိမ္အထိ အထင္ႀကီးဖြယ္ ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္ဟာ တနဂၤေႏြေန႔က ေဘာ္ဒိုးကို ၃-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ ပြဲစဥ္အတြင္းမွာ ပီအက္စ္ဂ်ီ ပရိသတ္ေတြရဲ့ ေလွာင္ေျပာင္ျခင္းကိုေတာင္ ခံခဲ့ရတာျဖစ္ၿပီး ျပင္သစ္ေျမမွာ အမွတ္အသားတစ္ခု ခ်န္ရစ္နိုင္ဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ အသက္ ၃၄ ႏွစ္အရြယ္တိုက္စစ္မႉးရဲ့အနာဂတ္ဟာ ေနာက္ထပ္တစ္ႀကိမ္ မေရမရာျဖစ္လာေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေရႊ႕ဖို႔ အစီအစဥ္ကလည္း မက္ဆီ ျပန္လာမွာ မလိုလားေၾကာင္း ဘာစီလိုနာၾကယ္ပြင့္ ၃ ဦးက ရွင္းရွင္းလင္းလင္း ျပသထားတာေၾကာင့္ ရႈပ္ေထြးလာဖြယ္ရွိေနတာျဖစ္ပါတယ္။

ဘာစီလိုနာဂိုးသမား တာစတီဂ်န္ဟာ လီယြန္နယ္ မက္ဆီနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရး မရွိခဲ့တဲ့ ကစားသမားျဖစ္တာေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္ ႏူးကမ့္ျပန္လာမွာကို မလိုလားဘဲ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဘာစီလိုနာဂႏၲဝင္တိုက္စစ္မႉးအေနနဲ႔ အသင္းမွာ ဆက္ရွိေနမယ္ဆိုရင္ ႏူးကမ့္ကေန ထြက္ခြာမယ္လို႔ေတာင္ ၿခိမ္းေျခာက္ခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္ဂိုးသမားဟာ နည္းျပဇာဗီကို ၎အေနနဲ႔ ဘလြန္ေဒါ ၇ ဆုရွင္ ႏူးကမ့္ကို ျပန္လာမွာ မလိုခ်င္ေၾကာင္း ရွင္းရွင္းလင္းလင္း သိေအာင္ ေျပာၾကားထားခဲ့တယ္လို႔ သိရပါတယ္။

ရီကီ ပုကလည္း အသက္ ၃၄ ႏွစ္အရြယ္ တိုက္စစ္မႉးနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးမရွိသူျဖစ္တယ္လို႔ ယုံၾကည္ရၿပီး ဘာစီလိုနာလူငယ္ၾကယ္ပြင့္က မက္ဆီ ျပန္လာတာက အန္ဆူ ဖာတီ၊ ဖာရန္ ေတာရက္စ္နဲ႔ ဂါဗီတို႔လို လူငယ္ကစားသမားေတြရဲ့ တိုးတက္မႈကို အဟန႔္အတားျဖစ္ေစလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ ဂ်ရတ္ ပီေကးဟာ တစ္ခါတုန္းက အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးနဲ႔ အလြန္ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကဖူးေပမယ့္လည္း အာဂ်င္တီးနားၾကယ္ပြင့္ ႏူးကမ့္ ျပန္လာမွာကို ဆန႔္က်င္ေနတာကေတာ့ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဆယ္စုႏွစ္ ၁ ခုခြဲေက်ာ္ၾကာ ကတ္တလန္ ထိပ္သီးအသင္းႀကီးအတြက္ ပုံရိပ္တစ္ခု ျဖစ္ခဲ့သူျဖစ္ၿပီး အသင္း ရရွိခဲ့တဲ့ ေအာင္ျမင္မႈတိုင္းရဲ့ အဓိကလူ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာနဲ႔ လီယြန္နယ္ မက္ဆီတို႔ၾကားက ရွည္လ်ားတဲ့ သံေယာဇဥ္ႀကိဳးက ဘယ္ေတာ့မွ ျပတ္ေတာက္နိုင္မယ့္ပုံ မေပၚခဲ့တာျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းက ဘ႑ာေရးျပႆနာေတြေၾကာင့္ စာခ်ဳပ္သစ္ မကမ္းလွမ္းနိုင္ခဲ့တဲ့အတြက္ ေၾကကြဲဖြယ္ လက္ျပႏႈတ္ဆက္ခဲ့ၾကတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ စပိန္လာလီဂါထိပ္သီးအသင္းႀကီးရဲ့ ဘ႑ာေရး အေျခအေနဆိုးရြားေနမႈအေပၚ အခြင့္ေကာင္းယူနိုင္ခဲ့ၿပီး အသက္ ၃၄ ႏွစ္အရြယ္ကစားသမားအေနနဲ႔ ျပင္သစ္ကို အလြတ္နဲ႔ ေျပာင္းေရႊ႕ၿပီးေနာက္ပိုင္း ပုံမွန္ ျမင့္မားတဲ့အဆင့္အတန္းမွာ ဆက္လက္ စြမ္းေဆာင္ျပနိုင္ျခင္းမရွိခဲ့တာလို႔ ေျပာရရင္လည္း မမွားပါဘူး။

မက္ဆီဟာ ဘာစီလိုနာအတြက္ ကစားေပးခဲ့ဖူးသမၽွ ကစားသမားေတြထဲမွာ အေကာင္းဆုံးကစားသမားဆိုတာ ျငင္းလို႔မရနိုင္ေပမယ့္လည္း အသက္ ၃၄ ႏွစ္အရြယ္တိုက္စစ္မႉးကို ျပန္လာခြင့္မျပဳတာက အသင္းအတြက္ အေကာင္းဆုံးျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။

နည္းၿပ ဇာဗီဟာ ႏူးကမ့္မွာ အလြန္ေကာင္းမြန္တဲ့အလုပ္ေတြကို လုပ္ေဆာင္ေနၿပီး ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ၎တို႔နဲ႔သက္ဆိုင္တဲ့ ဥေရာပထိပ္သီးအသင္းႀကီးေတြထဲက တစ္သင္းျပန္ျဖစ္လာဖို႔ အလွမ္းမကြာေတာ့ပုံ ေပၚေနတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အလြတ္နဲ႔ ကစားသမားေခၚယူမႈအခ်ိဳ႕ ပါးပါးနပ္နပ္ လုပ္ေဆာင္ခဲ့ၿပီး ေဆာင္းရာသီ ေစ်းကြက္တုန္း ကစားသမားေခၚယူမႈေတြကလည္း မၾကာေသးမီက ေအာင္ျမင္မႈေတြဆီ တြန္းပို႔ေပးနိုင္ခဲ့တာေၾကာင့္ မက္ဆီသာ ျပန္လာခဲ့မယ္ဆိုရင္ ကစားသမားသစ္ေတြအတြက္ ပြဲကစားခ်ိန္ ေပ်ာက္ဆုံးသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ လက္ရွိ ကမၻာ့ေဘာလုံးေလာကရဲ့ အရည္အခ်င္းအရွိဆုံး လူငယ္ကစားသမားအခ်ိဳ႕ကို ပိုင္ဆိုင္ထားၿပီး အဲဒီ လူငယ္ကစားသမားေတြဟာ အတူတူ ႀကီးထြားလာၿပီး အသင္းကို အရင္တုန္းက ေရႊေရာင္ေန႔ရက္ေတြဆီ ျပန္လည္ ပို႔ေဆာင္ေပးနိုင္မွာျဖစ္ပါတယ္။

မက္ဆီရဲ့ ျပန္လည္ေျပာင္းေရႊ႕မႈက အဲဒီလို လူငယ္ၾကယ္ပြင့္ေတြရဲ့ တိုးတက္မႈကို ေႏွာင့္ေႏွးေစနိုင္ၿပီး ဇာဗီအေနနဲ႔ ၎ရဲ့အသင္းေဖာ္ေဟာင္းနဲ႔ ျပန္လည္ဆုံစည္းခ်င္တယ္ဆိုရင္ေတာင္မွပဲ ပီအက္စ္ဂ်ီတိုက္စစ္မႉးကို ေခၚယူဖို႔ကေတာ့ အေျမာ္အျမင္ရွိတဲ့ ေခၚယူမႈျဖစ္လာမွာမဟုတ္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.