La Liga Match Report Serie A UCL&UEL

ဘာလိုလိုနဲ့ အမ်မရီတောင် ချန်ပီယံလိဂ်ကွာတားတက်သွားတဲ့ ဂျူဗီပေါ် ဗီလာရီးရဲလ်ရဲ့နိုင်ပွဲ

ဂျူဗင်တပ်စ်အသင်းအနေနဲ့ ပထမအကျော့ အဝေးကွင်းမှာ ဗလာဟိုဗစ်ချ်ရဲ့ ပွဲအစသွင်းဂိုးနဲ့ သရေကစားထားနိုင်ခဲ့တာကြောင့် ဒီနေ့ပွဲကို သူတို့ရဲ့ ပွဲအဖြစ် အပိုင်တွက်လာခဲ့ပြီး နည်းပြ အယ်လီဂရီရဲ့ ၃-၅-၂ ကစားကွက်မှာ ရှချက်စနီ၊ ဒါနီလို၊ ဒီလစ်ချ်နဲ့ ရူဂါနီတို့ ခံစစ်မှာ ကစားခဲ့ကြသလို ကွင်းလယ်မှာ ကွာဒရာဒို၊ ဒီရှီဂလီယို၊ ရာဗျို၊ အာတူ၊ လိုကာတယ်လီတို့ စုဖွဲ့ခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ မိုရာတာနဲ့ ဗလာဟိုဗစ်ချ်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အဝေးကွင်းမှာ လာကစားရတဲ့ ဗီလာရီးရဲလ်ကတော့ တိုက်စစ်မှူးကို ဖျောက်ထားတဲ့ ၄-၆-၀ ပုံစံနဲ့ ပွဲထွက်ခဲ့သလို ခံစစ်မှာ ဂိုးသမား ရူလီ၊ ပေါ် တောရက်စ်၊ အယ်လ်ဘီယိုလ်၊ အော်ရီယေးနဲ့ အက်စ်တူပီညန်တို့ ကစားခဲ့ကြပြီး ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ကာပူး၊ ပါရီဟို၊ ထရီဂေးရို့စ်၊ လိုဆဲလ်ဆိုတို့က ဗဟိုမှာ လှုပ်ရှားခဲ့ကြချိန်မှာ ဒန်ဂျူးမားနဲ့ ယယ်ရမီ ပီနိုတို့က တောင်ပံတွေမှာ တာဝန်ယူခဲ့ကြတာပါ။

ဂျူဗင်တပ်စ်တို့တွေ ဖြတ်တင်ဘောတွေကို အသုံးမချနိုင်ခဲ့တာကို တွေ့ရပြီး ဧရိယာထဲမှာလည်း ဖရိုဖရဲနဲ့ စတင်ခဲ့တဲ့ ဗီလာရီးရဲလ်ခံစစ်ကို အခွင့်အရေး မယူနိုင်ခဲ့သလို ပွဲချိန် မိနစ် ၂၀ မှာ တန်ပြန်တိုက်စစ်ကနေ ဗလာဟိုဗစ်ချ်ကလည်း တော်တော်လေး ကောင်းတဲ့ အခွင့်အရေးရခဲ့ပေမယ့် ဂိုးသမား ရူလီရဲ့ ပုတ်ထုတ်မှုနဲ့ပဲ ကြုံခဲ့ရပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ ဗလာဟိုဗစ်ချ်ရဲ့ ထောင့်ကျဉ်းကန်ချက်က ဘားထိခဲ့ပြန်ပြီး ဒီနေက တန်ပြန်တိုက်စစ်ဆင်ရာမှာတော့ ပီနိုရဲ့ ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့သလို ဗီလာရီးရဲလ်တို့ ကစားပုံ ပြန်တက်လာခဲ့ပြီး အပြန်အလှန် ကစားလာနိုင်ခဲ့တဲ့နောက် ပထမပိုင်းမှာ နှစ်ဖက်စလုံး အဆုံးသတ် မကောင်းခဲ့ကြလို့ ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စအပြီးမှာ နောက်တစ်ဆင့်တက်ချင်တဲ့ အသင်းကြီးဖြစ်တဲ့ အိမ်ရှင်တွေ ဖိကစားလာခဲ့သလို ပွဲချိန် ၅၇ မိနစ်မှာ ရာဗျိုရဲ့ အဝေးကန်ချက်ကို ရူလီ ပုတ်ထုတ်ခဲ့ရပြီး ဂျူဗီတို့ အဝေးကန်ချက်တွေနဲ့ တောက်လျှောက်ခြိမ်းခြောက်နေပေမယ့် ဗီလာရီးရဲလ်တို့ကတော့ ဧရိယာထဲကို သိပ်အဝင်မခံဘဲ ကွင်းလယ်မှာတင် စုဖွဲ့ဖျက်ထုတ်နေခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာတော့ အူနိုင်း အမ်မရီက အသင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး ပီနိုအစား ချူကွယ်ဇီ၊ ထရီဂေးရို့စ်အစား ကိုကယ်လန်တို့ကို ထည့်ခဲ့ပြီး တိုက်စစ်ပိုင်းအတွက်တော့ ဂျရတ် မိုရီနိုကို လိုဆဲလ်ဆိုအစား ထပ်ထည့်ခဲ့ချိန်မှာ ဂျူဗင်တပ်စ်တို့ရဲ့ ဗလာဟိုဗစ်ချ်နဲ့ တစ်ဖက်နောက်ခံလူ အယ်လ်ဘီယိုလ်တို့ရဲ့ ၅၀-၅၀ အနေအထားကနေ ပင်နယ်တီ တောင်းဆိုမှုကတော့ ပယ်ချခံခဲ့ရတာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ ဗီလာရီးရဲလ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ကွင်းလယ်ကနေ ဂျရတ် မိုရီနို ထိုးပေးတာကို ချူကွယ်ဇီက ဧရိယာထဲ ဆွဲအဝင်မှာ ရူဂါနီ ဘောလုံးမထိဘဲ ခြေထိုးခံမိလို့ ပင်နယ်တီ ပေးခဲ့ရတာကို ကွင်းထဲရောက်တာ ၄ မိနစ်ရှိသေးတဲ့ မိုရီနိုကပဲ ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရှချက်စနီရဲ့ လက်ဖျားနဲ့ထိပြီးမှ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဗီလာရီးရဲလ်တို့ ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အော်ရီယေး ကန်တင်ပေးရာမှာ ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ကြတဲ့ နှစ်ဖက်အသင်းသားတွေကြားက ဘယ်သူနဲ့မှ မထိဘဲ ကျလာခဲ့တဲ့ ဘောလုံးကို ပေါ်တောရက်စ်က ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ချ်ရှေ့ကနေ ပိတ်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဂျူဗီနည်းပြ အယ်လီဂရီတစ်ယောက် ရူဂါနီနေရာမှာ ဒီဘားလား၊ လိုကာတယ်လီနေရာမှာ ဘာနာဒက်စ်ခီ၊ မိုရာတာနေရာမှာ မွိုက်စ် ကီးန်တို့ တိုက်စစ်မှူးသုံးယောက်အထိ ထပ်လဲကစားခဲ့ပြီး ကစားခဲ့ပေမယ့် ဂိုးတော့ မရှာဖွေနိုင်ခဲ့ဘဲ ဗီလာရီးရဲလ်ကတော့ ပါရီဟိုနေရာမှာ ပက်ဒရာဇာကို ထည့်ပြီး ခံစစ်ကစားလာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ တစ်သင်းလုံးတက်ဖိနေတုန်း ဗီလာရီးရဲလ်ဘက်က ကန်တင်လိုက်တဲ့ ဘောလုံးကို ဒါနီလို အဖျက်လွဲတာကနေ ဂျရတ် မိုရီနိုကနေ ပြန်ရယူပြီး ပေးတာကို ဒန်ဂျူးမား ကန်သွင်းရာမှာ လှဲအိပ်ပြီး ကာကွယ်တဲ့ ဒီလစ်ချ် လက်ထိခဲ့တာကြောင့် ပင်နယ်တီ ထပ်ပေးခဲ့ရပြီး ဒီတစ်ခါ အခွင့်အရေးကိုတော့ ဒန်ဂျူးမားကပဲ ရှချက်စနီ ဒိုက်ပစ်တဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းနိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးသွားခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် စီမံခန့်ခွဲမှု အမှားတွေနဲ့ ငွေသုံးတိုင်း အလုပ်မဖြစ်တဲ့ အယ်လီဂရီရဲ့ ဂျူဗင်တပ်စ်တို့ နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-တစ်ဂိုးနဲ့ ဗီလာရီးရဲလ်တို့ဆီမှာ ဒူးထောက်လက်မြှောက်ခဲ့ကြရသလို ယူရိုပါလိဂ်ဘုရင်လို့ ခေါ်ကြတဲ့ ဧည့်သည်နည်းပြ အမ်မရီကတော့ ချန်ပီယံလိဂ်မှာ တစ်ဆင့်မြှင့်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂျူဗင်တပ်စ်အသင်းအနေနဲ့ ပထမအကျော့ အဝေးကွင်းမှာ ဗလာဟိုဗစ်ခ်ျရဲ့ ပွဲအစသွင်းဂိုးနဲ့ သရေကစားထားနိုင်ခဲ့တာကြောင့် ဒီနေ့ပွဲကို သူတို့ရဲ့ ပွဲအဖြစ် အပိုင်တွက်လာခဲ့ပြီး နည်းပြ အယ်လီဂရီရဲ့ ၃-၅-၂ ကစားကွက်မှာ ရှချက်စနီ၊ ဒါနီလို၊ ဒီလစ်ခ်ျနဲ့ ရူဂါနီတို့ ခံစစ်မှာ ကစားခဲ့ကြသလို ကွင်းလယ်မှာ ကွာဒရာဒို၊ ဒီရှီဂလီယို၊ ရာဗျို၊ အာတူ၊ လိုကာတယ်လီတို့ စုဖွဲ့ခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ မိုရာတာနဲ့ ဗလာဟိုဗစ်ခ်ျတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်တို့တွေ ဖြတ်တင်ဘောတွေကို အသုံးမချနိုင်ခဲ့တာကို တွေ့ရပြီး ဧရိယာထဲမှာလည်း ဖရိုဖရဲနဲ့ စတင်ခဲ့တဲ့ ဗီလာရီးရဲလ်ခံစစ်ကို အခွင့်အရေး မယူနိုင်ခဲ့သလို ပွဲချိန် မိနစ် ၂၀ မှာ တန်ပြန်တိုက်စစ်ကနေ ဗလာဟိုဗစ်ခ်ျကလည်း တော်တော်လေး ကောင်းတဲ့ အခွင့်အရေးရခဲ့ပေမယ့် ဂိုးသမား ရူလီရဲ့ ပုတ်ထုတ်မှုနဲ့ပဲ ကြုံခဲ့ရပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ ဗလာဟိုဗစ်ခ်ျရဲ့ ထောင့်ကျဉ်းကန်ချက်က ဘားထိခဲ့ပြန်ပြီး ဒီနေက တန်ပြန်တိုက်စစ်ဆင်ရာမှာတော့ ပီနိုရဲ့ ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့သလို ဗီလာရီးရဲလ်တို့ ကစားပုံ ပြန်တက်လာခဲ့ပြီး အပြန်အလှန် ကစားလာနိုင်ခဲ့တဲ့နောက် ပထမပိုင်းမှာ နှစ်ဖက်စလုံး အဆုံးသတ် မကောင်းခဲ့ကြလို့ ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။


ဒီနောက်ပိုင်းမှာတော့ အူနိုင်း အမ်မရီက အသင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး ပီနိုအစား ချူကွယ်ဇီ၊ ထရီဂေးရို့စ်အစား ကိုကယ်လန်တို့ကို ထည့်ခဲ့ပြီး တိုက်စစ်ပိုင်းအတွက်တော့ ဂျရတ် မိုရီနိုကို လိုဆဲလ်ဆိုအစား ထပ်ထည့်ခဲ့ချိန်မှာ ဂျူဗင်တပ်စ်တို့ရဲ့ ဗလာဟိုဗစ်ခ်ျနဲ့ တစ်ဖက်နောက်ခံလူ အယ်လ်ဘီယိုလ်တို့ရဲ့ ၅၀-၅၀ အနေအထားကနေ ပင်နယ်တီ တောင်းဆိုမှုကတော့ ပယ်ချခံခဲ့ရတာပါ။


ပွဲချိန် ၈၅ မိနစ်မှာတော့ ဗီလာရီးရဲလ်တို့ ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အော်ရီယေး ကန်တင်ပေးရာမှာ ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ကြတဲ့ နှစ်ဖက်အသင်းသားတွေကြားက ဘယ်သူနဲ့မှ မထိဘဲ ကျလာခဲ့တဲ့ ဘောလုံးကို ပေါ်တောရက်စ်က ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ခ်ျရှေ့ကနေ ပိတ်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။


ပွဲချိန် မိနစ် ၉၀ မှာတော့ တစ်သင်းလုံးတက်ဖိနေတုန်း ဗီလာရီးရဲလ်ဘက်က ကန်တင်လိုက်တဲ့ ဘောလုံးကို ဒါနီလို အဖျက်လွဲတာကနေ ဂျရတ် မိုရီနိုကနေ ပြန်ရယူပြီး ပေးတာကို ဒန်ဂျူးမား ကန်သွင်းရာမှာ လှဲအိပ်ပြီး ကာကွယ်တဲ့ ဒီလစ်ခ်ျ လက်ထိခဲ့တာကြောင့် ပင်နယ်တီ ထပ်ပေးခဲ့ရပြီး ဒီတစ်ခါ အခွင့်အရေးကိုတော့ ဒန်ဂျူးမားကပဲ ရှချက်စနီ ဒိုက်ပစ်တဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းနိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးသွားခဲ့တာပါ။


REF: INTERNET SOURCES
SPORTS A2Z.