Analysis Premier League

ဂုဏ်ငယ်စရာမရှိတဲ့ အာဆင်နယ် 0-2 လီဗာပူးလ် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ခပ်ကြမ်းကြမ်း ပညာပြခဲ့တဲ့ ကလော့ပ်
ယာဂန် ကလော့ပ်ကတော့ ဒီနေ့လူစာရင်းမှာ ဆာလားနဲ့ ဖာမီနိုတို့ကို ချန်လှပ်ထားခဲ့သလို ကွင်းလယ်မှာ ကီတာအစား သီယာဂိုကို သုံးစွဲခဲ့ပြီး အပြောင်းအလဲ ကြီးကြီးမားမား လုပ်ဆောင်လာခဲ့တာပါ။ မာနေး ဦးဆောင်ပြီး ဂျိုတာနဲ့ လူးဝစ်ဇ် ဒီယက်ဇ်တို့ ဦးဆောင်တဲ့ တိုက်စစ်က ကစားပုံ မကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့အပြီးမှာတော့ ဆီနီဂေါသားနဲ့ ပြန်တွဲဖို့ ဖျံနှစ်ကောင်ကို လူစားထည့်ပေးလိုက်ပါတယ်။

ဒါက ခံစစ်မှာ ရုန်းကန်နေခဲ့ရတဲ့ အာဆင်နယ်ညာခြမ်းကို ဒုက္ခတွေ့စေခဲ့ပြီး အနိုင်သေချာစေမယ့် ဂိုးကို ဖာမီနိုက သွင်းယူပေးနိုင်ခဲ့တာပါ။ အာတီတာကတော့ ကလော့ပ်ရဲ့ ပညာပြမှုနဲ့ အကြွေးတွေကို ဆပ်နိုင်ဖို့ အံကြိတ်ထားရဆဲပဲဖြစ်ပါတယ်။

အာဆင်နယ်တို့ ပိုကောင်းခဲ့တယ်
အာဆင်နယ်တို့ရဲ့ ကစားပုံက လီဗာပူးလ်တို့ရဲ့ ပုံမှန်ကစားနေကျ Gegenpressing ကို အစွမ်းမဲ့သွားစေပါတယ်။ Vertical Tiki Taka ပိုမို ဆန်းသစ်လာတဲ့ မော်ဒန် တီကီတာကာ ကစားဟန်ကို အာတီတာက အသင်းကို ရိုက်သွင်းထားနိုင်ခဲ့ပြီး နောက်တန်းပေါ်က ကျော်ပြေးဖို့ တစ်ပေါက်တည်း ကျန်တော့အောင် လီဗာပူးလ်တို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ပါတေးနဲ့ ချာကာတို့ ကွင်းလယ်နဲ့ လာကာဇက်ရဲ့ ပေါင်းစပ်မှုက ဟန်ဒါဆန်ကို မမြင်ရအောင် ဖြစ်စေခဲ့သလို လေးလံတဲ့ ဖာဘင်ညိုနဲ့ အကောင်သေးတဲ့ သီယာဂိုတို့ကို ဒုက္ခများစေခဲ့ပြီး ဒုတိယပိုင်းမှာမှ ဂန်းနားတွေကိုယ်တိုင်ရဲ့ အမှားတွေကြောင့် လီဗာပူးလ်တို့ နိုင်ပွဲရှာဖွေနိုင်ခဲ့ကြတာပါ။

မှော်ဝင် ဂါဘီနဲ့ အားနည်းတဲ့ ထရင့်
ဂါဘရီယယ်လ် မာတီနယ်လီအနေနဲ့ လီဗာပူးလ်တို့ ညာခြမ်းတိုက်စစ်ကို ရှေ့မတက်ရဲအောင် ဖြတ်တောက်နိုင်ခဲ့ပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ခံစစ်ပိုင်း အားနည်းမှုကို ဖော်ထုတ်သွားနိုင်ခဲ့တာပါ။ တစ်ဦးချင်း ကျော်ဖြတ်မှုတွေမှာ အင်္ဂလန်ညာနောက်ခံလူကို လုပ်ချင်သလိုလုပ်နေခဲ့ပြီး ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ အဖွဲ့ကသာ Cover မပေးနိုင်ခဲ့ရင် လီဗာပူးလ်တို့ ဘဝပျက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အဆုံးသတ်ကန်သွင်းမှုတွေမှာ အားနည်းခဲ့တာ၊ ဘယ်ခြေနဲ့ ဘောလုံးမပေးနိုင်တာ၊ တွဲဖက်တိုက်စစ်သမားတွေ နောက်ကျနေတာတွေကြောင့်သာ လီဗာပူးလ်တို့ သက်သာခွင့်ရခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေက စိတ်ဓာတ်ပိုင်းနဲ့ ခံယူချက်ကို ကောင်းကောင်းကြီး ပြင်ဆင်လာနိုင်ခဲ့တာလို့ ဆိုရပါလိမ့်မယ်။

ဂျိုတာရဲ့ အာဆင်နယ်ဂိုးလာဘ်
အာဆင်နယ်အသင်းနဲ့ တွေ့ဆုံထားသမျှ အင်္ဂလန်မြေက ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ဒီယိုဂို ဂျိုတာအနေနဲ့ ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၆ ဂိုးအထိ ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီထဲမှာမှ လီဗာပူးလ်နဲ့ ကစားထားတဲ့ ၄ ပွဲမှာ ၅ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဘယ်လိုမျိုး ကြံ့ခိုင်မှုနဲ့ ကစားပုံ ဆိုးနေဆိုးနေ ဒီအသင်းနဲ့ဆို ဂိုးသွင်းကို သွင်းရမယ်လို့ သတ်မှတ်ချက်ရှိသလိုမျိုးလည်း ဖြစ်နေခဲ့တာပါ။

ဒီနေ့ပွဲမှာ ဂျိုတာအနေနဲ့ ကစားပုံ ညံ့ခဲ့လို့ နည်းပြ ယာဂန် ကလော့ပ်ရဲ့ ဖာမီနိုနဲ့ လူစားလဲခြင်းကို ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ပွဲချိန် ၅၄ မိနစ်က ကန်ချက်က ခပ်ပျော့ပျော့သာဖြစ်ခဲ့ပေမယ့် အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ကတော့ ချူချာလွန်းခဲ့လို့ လက်နဲ့ထိပြီးမှ ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

ဖြစ်သင့်တဲ့ စွမ်းဆောင်ရည်နဲ့ ဂုဏ်ငယ်စရာ မရှိတဲ့သူတွေ
အာတီတာတစ်ယောက် ဘယ်လိုပဲ ကြေကွဲနေပါစေ အာဆင်နယ်တို့အနေနဲ့ မန်စီးတီးနဲ့ လီဗာပူးလ်ကို ရှုံးကို ရှုံးရမှာပဲဖြစ်ပြီး ဒါက သူတို့အတွက် ထိုက်တန်တဲ့ လက်ရှိအဆင့်အတန်းနဲ့ လူအင်အားကို ထင်ထပ်ပြနေတာဖြစ်ပါတယ်။ တိုက်စစ်မှာ ဂိုးမသွင်းတဲ့ ကပ္ပတိန် လာကာဇက်နဲ့ လူငယ်တွေ ဦးဆောင်နေချိန်မှာ လီဗာပူးလ်မှာ ဆာလား၊ မာနေး၊ ဖာမီနို၊ ဒီယက်ဇ်၊ ဂျိုတာတို့လို့ ဂိုးသွင်းကောင်းတဲ့ ဒေါင်ဒေါင်မြည် တိုက်စစ်မှူး ၅ ဦးအထိ ရှိနေခဲ့ပြီး ဒါကိုမှ ရလဒ်က ပြောင်းပြန်ဖြစ်ခဲ့ဦးမယ်ဆိုရင် လောကကြီး ကပြောင်းကပြန်ဖြစ်တယ်လို့ပဲ ဆိုရဖို့ ရှိနေပါတယ်။

ဒီရာသီမှာ ဒီလူစာရင်းနဲ့ ချန်ပီယံနှစ်သင်း ဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်ကို ရှုံးရမှာ ကျန်အသင်းတွေရဲ့ ဇာတာပဲဖြစ်သလို အာဆင်နယ်တို့အနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ စပါးစ်ကို နှိပ်ကွပ်ပြီး ချဲလ်ဆီးကို နှာတစ်ဖျား သာနိုင်ရင် လုံလောက်နေပြီလို့ပဲ သုံးသပ်ရမှာပါ။

ကမ္ဘာ့အဆင့် အယ်လစ်ဆန်
ကမ္ဘာ့အဆင့်ဆိုတာ ရမ်းပြောလို့ရတဲ့ အရာမျိုး မဟုတ်ကြောင်းကို ဒီနေ့မှာ သက်သေပြခဲ့သူက အယ်လစ်ဆန်ပါ။ ဒီပွဲမတိုင်ခင်မှာ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ကို ချီးကျူးသံတွေ သောသောညံနေခဲ့ပေမယ့် ပွဲထဲမှာ ဘယ်လိုဖြစ်သွားခဲ့ပါသလဲ။

လီဗာပူးလ်တို့ လူပေးမှားရာကနေ လာကာဇက်က တစ်ချက်ခေါက်ချိန်မှာ ကန်မရအောင် လိုက်ပိတ်ထားခဲ့ပြီး အော်ဒီဂွါဒ်ကို ပြန်ပေးလို့ ကန်ရာမှာရော အဖြစ်နိုင်ဆုံး နေရာကို တွက်ချက်ကာကွယ်ပြခဲ့တဲ့ ဘရာဇီးလ်သားနဲ့ ဂျိုတာရဲ့ ဂိုးကို ခွင့်ပြုခဲ့ရတဲ့ ခပ်နုနု အင်္ဂလန်သားတို့ကြားမှာ မိုင်တွေ ကွာဝေးဆဲဖြစ်တယ်ဆိုတာ ပရီးမီးယားလိဂ်ရဲ့ ၁၆ ပွဲမြောက် Clean Sheet နဲ့ အဝေးကွင်းမှာ သက်သေထူပြခဲ့တာလည်းဖြစ်ပါတယ်။

တိုမီယာစု မပါသေးရင် ဂရုစိုက်ပါ
ဒီနေ့ပွဲမှာ အာဆင်နယ်တို့ ဂိုးပေးရတဲ့ နှစ်ဂိုးကို နာမည်တပ်ပြီး Tag တွဲမယ်ဆိုရင် ပထမဂိုးက ရမ်းစ်ဒေးလ် ကာကွယ်ပုံ ညံ့ဖျင်းလို့ဖြစ်ပြီး ဒုတိယဂိုးက ဆာကာရဲ့ မလိုအပ်ဘဲ လောကြီးတဲ့ ကန်တင်ပုံ အမှားကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာတွေမှာ ဆီးဒရစ် နေရာယူမှန်မှန်နဲ့ ရှိကို ရှိနေရမယ်လို့ ဘယ်သူမှ သိပ်ပြီး မမြင်ကြတာပါ။

တိုမီယာစုရဲ့ Safety First ကစားဟန်မှာ အသားကျနေတဲ့ ဆာကာနဲ့ ရမ်းစ်ဒေးလ်တို့ဟာ ဒီနေရာမှာ ရှိနေသူကို အချိန်ကိုက် ဘောလုံးဖျက်ထုတ်နိုင်မယ်၊ နေရာယူထားနိုင်မယ်လို့ ထင်ခဲ့ကြပေမယ့် ဒါဟာ မှားယွင်းကြောင်း ဝတ်ဖို့ဒ်နဲ့ပွဲမှာ ကူချို ဟာနန်ဒက်ဇ်က သက်သေပြပြီးသားဖြစ်ပါတယ်။

အရပ်အမောင်း၊ ခံစစ်ကစားပုံတွေ အားနည်းတဲ့ ဆီးဒရစ်ဟာ ဂျိုတာကို ခပ်နီးနီးက ဖိအားပေးရမယ့်အစား Wider Positioning နဲ့ လွှတ်ပေးခဲ့သူဖြစ်ပြီး ဒုတိယဂိုးမှာလည်း ခံစစ်ဇုန်မှာ ရှိနေရမယ့်အစား ရှေ့ကို ဆန္ဒစောခဲ့သူဖြစ်ပါတယ်။ ဒီနေရာကို မပြင်ဆင်နိုင်သရွေ့ အာဆင်နယ်တို့ ဂရုတစိုက်နဲ့ သတိကြီးကြီးထားပါလို့ပဲ ပြောပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခပ္ၾကမ္းၾကမ္း ပညာျပခဲ့တဲ့ ကေလာ့ပ္
ယာဂန္ ကေလာ့ပ္ကေတာ့ ဒီေန႔လူစာရင္းမွာ ဆာလားနဲ႔ ဖာမီႏိုတို႔ကို ခ်န္လွပ္ထားခဲ့သလို ကြင္းလယ္မွာ ကီတာအစား သီယာဂိုကို သုံးစြဲခဲ့ၿပီး အေျပာင္းအလဲ ႀကီးႀကီးမားမား လုပ္ေဆာင္လာခဲ့တာပါ။ မာေနး ဦးေဆာင္ၿပီး ဂ်ိဳတာနဲ႔ လူးဝစ္ဇ္ ဒီယက္ဇ္တို႔ ဦးေဆာင္တဲ့ တိုက္စစ္က ကစားပုံ မေကာင္းခဲ့ေပမယ့္ ဒုတိယပိုင္းမွာ တစ္ဂိုးသြင္းယူႏိုင္ခဲ့အၿပီးမွာေတာ့ ဆီနီေဂါသားနဲ႔ ျပန္တြဲဖို႔ ဖ်ံႏွစ္ေကာင္ကို လူစားထည့္ေပးလိုက္ပါတယ္။

ဒါက ခံစစ္မွာ ႐ုန္းကန္ေနခဲ့ရတဲ့ အာဆင္နယ္ညာျခမ္းကို ဒုကၡေတြ႕ေစခဲ့ၿပီး အႏိုင္ေသခ်ာေစမယ့္ ဂိုးကို ဖာမီႏိုက သြင္းယူေပးႏိုင္ခဲ့တာပါ။ အာတီတာကေတာ့ ကေလာ့ပ္ရဲ႕ ပညာျပမႈနဲ႔ အေႂကြးေတြကို ဆပ္ႏိုင္ဖို႔ အံႀကိတ္ထားရဆဲပဲျဖစ္ပါတယ္။

အာဆင္နယ္တို႔ ပိုေကာင္းခဲ့တယ္
အာဆင္နယ္တို႔ရဲ႕ ကစားပုံက လီဗာပူးလ္တို႔ရဲ႕ ပုံမွန္ကစားေနက် Gegenpressing ကို အစြမ္းမဲ့သြားေစပါတယ္။ Vertical Tiki Taka ပိုမို ဆန္းသစ္လာတဲ့ ေမာ္ဒန္ တီကီတာကာ ကစားဟန္ကို အာတီတာက အသင္းကို ႐ိုက္သြင္းထားႏိုင္ခဲ့ၿပီး ေနာက္တန္းေပၚက ေက်ာ္ေျပးဖို႔ တစ္ေပါက္တည္း က်န္ေတာ့ေအာင္ လီဗာပူးလ္တို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ပါေတးနဲ႔ ခ်ာကာတို႔ ကြင္းလယ္နဲ႔ လာကာဇက္ရဲ႕ ေပါင္းစပ္မႈက ဟန္ဒါဆန္ကို မျမင္ရေအာင္ ျဖစ္ေစခဲ့သလို ေလးလံတဲ့ ဖာဘင္ညိဳနဲ႔ အေကာင္ေသးတဲ့ သီယာဂိုတို႔ကို ဒုကၡမ်ားေစခဲ့ၿပီး ဒုတိယပိုင္းမွာမွ ဂန္းနားေတြကိုယ္တိုင္ရဲ႕ အမွားေတြေၾကာင့္ လီဗာပူးလ္တို႔ ႏိုင္ပြဲရွာေဖြႏိုင္ခဲ့ၾကတာပါ။

ေမွာ္ဝင္ ဂါဘီနဲ႔ အားနည္းတဲ့ ထရင့္
ဂါဘရီယယ္လ္ မာတီနယ္လီအေနနဲ႔ လီဗာပူးလ္တို႔ ညာျခမ္းတိုက္စစ္ကို ေရွ႕မတက္ရဲေအာင္ ျဖတ္ေတာက္ႏိုင္ခဲ့ၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ခံစစ္ပိုင္း အားနည္းမႈကို ေဖာ္ထုတ္သြားႏိုင္ခဲ့တာပါ။ တစ္ဦးခ်င္း ေက်ာ္ျဖတ္မႈေတြမွာ အဂၤလန္ညာေနာက္ခံလူကို လုပ္ခ်င္သလိုလုပ္ေနခဲ့ၿပီး ဟန္ဒါဆန္၊ ဖာဘင္ညိဳတို႔ အဖြဲ႕ကသာ Cover မေပးႏိုင္ခဲ့ရင္ လီဗာပူးလ္တို႔ ဘဝပ်က္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အဆုံးသတ္ကန္သြင္းမႈေတြမွာ အားနည္းခဲ့တာ၊ ဘယ္ေျခနဲ႔ ေဘာလုံးမေပးႏိုင္တာ၊ တြဲဖက္တိုက္စစ္သမားေတြ ေနာက္က်ေနတာေတြေၾကာင့္သာ လီဗာပူးလ္တို႔ သက္သာခြင့္ရခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉးအေနနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြက စိတ္ဓာတ္ပိုင္းနဲ႔ ခံယူခ်က္ကို ေကာင္းေကာင္းႀကီး ျပင္ဆင္လာႏိုင္ခဲ့တာလို႔ ဆိုရပါလိမ့္မယ္။

ဂ်ိဳတာရဲ႕ အာဆင္နယ္ဂိုးလာဘ္
အာဆင္နယ္အသင္းနဲ႔ ေတြ႕ဆုံထားသမွ် အဂၤလန္ေျမက ၿပိဳင္ပြဲစုံ ၁၁ ပြဲမွာ ဒီယိုဂို ဂ်ိဳတာအေနနဲ႔ ၈ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ သြင္းဂိုး ၆ ဂိုးအထိ ရယူထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒီထဲမွာမွ လီဗာပူးလ္နဲ႔ ကစားထားတဲ့ ၄ ပြဲမွာ ၅ ဂိုးသြင္းယူထားႏိုင္ခဲ့ၿပီး ဘယ္လိုမ်ိဳး ႀကံ့ခိုင္မႈနဲ႔ ကစားပုံ ဆိုးေနဆိုးေန ဒီအသင္းနဲ႔ဆို ဂိုးသြင္းကို သြင္းရမယ္လို႔ သတ္မွတ္ခ်က္ရွိသလိုမ်ိဳးလည္း ျဖစ္ေနခဲ့တာပါ။

ဒီေန႔ပြဲမွာ ဂ်ိဳတာအေနနဲ႔ ကစားပုံ ညံ့ခဲ့လို႔ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ဖာမီႏိုနဲ႔ လူစားလဲျခင္းကို ခံခဲ့ရတာျဖစ္ၿပီး သူ႔ရဲ႕ ပြဲခ်ိန္ ၅၄ မိနစ္က ကန္ခ်က္က ခပ္ေပ်ာ့ေပ်ာ့သာျဖစ္ခဲ့ေပမယ့္ အာဆင္နယ္ဂိုးသမား ရမ္းစ္ေဒးလ္ကေတာ့ ခ်ဴခ်ာလြန္းခဲ့လို႔ လက္နဲ႔ထိၿပီးမွ ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

ျဖစ္သင့္တဲ့ စြမ္းေဆာင္ရည္နဲ႔ ဂုဏ္ငယ္စရာ မရွိတဲ့သူေတြ
အာတီတာတစ္ေယာက္ ဘယ္လိုပဲ ေၾကကြဲေနပါေစ အာဆင္နယ္တို႔အေနနဲ႔ မန္စီးတီးနဲ႔ လီဗာပူးလ္ကို ရႈံးကို ရႈံးရမွာပဲျဖစ္ၿပီး ဒါက သူတို႔အတြက္ ထိုက္တန္တဲ့ လက္ရွိအဆင့္အတန္းနဲ႔ လူအင္အားကို ထင္ထပ္ျပေနတာျဖစ္ပါတယ္။ တိုက္စစ္မွာ ဂိုးမသြင္းတဲ့ ကပၸတိန္ လာကာဇက္နဲ႔ လူငယ္ေတြ ဦးေဆာင္ေနခ်ိန္မွာ လီဗာပူးလ္မွာ ဆာလား၊ မာေနး၊ ဖာမီႏို၊ ဒီယက္ဇ္၊ ဂ်ိဳတာတို႔လို႔ ဂိုးသြင္းေကာင္းတဲ့ ေဒါင္ေဒါင္ျမည္ တိုက္စစ္မႉး ၅ ဦးအထိ ရွိေနခဲ့ၿပီး ဒါကိုမွ ရလဒ္က ေျပာင္းျပန္ျဖစ္ခဲ့ဦးမယ္ဆိုရင္ ေလာကႀကီး ကေျပာင္းကျပန္ျဖစ္တယ္လို႔ပဲ ဆိုရဖို႔ ရွိေနပါတယ္။

ဒီရာသီမွာ ဒီလူစာရင္းနဲ႔ ခ်န္ပီယံႏွစ္သင္း ျဖစ္တဲ့ မန္စီးတီးနဲ႔ လီဗာပူးလ္ကို ရႈံးရမွာ က်န္အသင္းေတြရဲ႕ ဇာတာပဲျဖစ္သလို အာဆင္နယ္တို႔အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စပါးစ္ကို ႏွိပ္ကြပ္ၿပီး ခ်ဲလ္ဆီးကို ႏွာတစ္ဖ်ား သာႏိုင္ရင္ လုံေလာက္ေနၿပီလို႔ပဲ သုံးသပ္ရမွာပါ။

ကမာၻ႔အဆင့္ အယ္လစ္ဆန္
ကမာၻ႔အဆင့္ဆိုတာ ရမ္းေျပာလို႔ရတဲ့ အရာမ်ိဳး မဟုတ္ေၾကာင္းကို ဒီေန႔မွာ သက္ေသျပခဲ့သူက အယ္လစ္ဆန္ပါ။ ဒီပြဲမတိုင္ခင္မွာ အာဆင္နယ္ဂိုးသမား ရမ္းစ္ေဒးလ္ကို ခ်ီးက်ဴးသံေတြ ေသာေသာညံေနခဲ့ေပမယ့္ ပြဲထဲမွာ ဘယ္လိုျဖစ္သြားခဲ့ပါသလဲ။

လီဗာပူးလ္တို႔ လူေပးမွားရာကေန လာကာဇက္က တစ္ခ်က္ေခါက္ခ်ိန္မွာ ကန္မရေအာင္ လိုက္ပိတ္ထားခဲ့ၿပီး ေအာ္ဒီဂြါဒ္ကို ျပန္ေပးလို႔ ကန္ရာမွာေရာ အျဖစ္ႏိုင္ဆုံး ေနရာကို တြက္ခ်က္ကာကြယ္ျပခဲ့တဲ့ ဘရာဇီးလ္သားနဲ႔ ဂ်ိဳတာရဲ႕ ဂိုးကို ခြင့္ျပဳခဲ့ရတဲ့ ခပ္ႏုႏု အဂၤလန္သားတို႔ၾကားမွာ မိုင္ေတြ ကြာေဝးဆဲျဖစ္တယ္ဆိုတာ ပရီးမီးယားလိဂ္ရဲ႕ ၁၆ ပြဲေျမာက္ Clean Sheet နဲ႔ အေဝးကြင္းမွာ သက္ေသထူျပခဲ့တာလည္းျဖစ္ပါတယ္။

တိုမီယာစု မပါေသးရင္ ဂ႐ုစိုက္ပါ
ဒီေန႔ပြဲမွာ အာဆင္နယ္တို႔ ဂိုးေပးရတဲ့ ႏွစ္ဂိုးကို နာမည္တပ္ၿပီး Tag တြဲမယ္ဆိုရင္ ပထမဂိုးက ရမ္းစ္ေဒးလ္ ကာကြယ္ပုံ ညံ့ဖ်င္းလို႔ျဖစ္ၿပီး ဒုတိယဂိုးက ဆာကာရဲ႕ မလိုအပ္ဘဲ ေလာႀကီးတဲ့ ကန္တင္ပုံ အမွားေၾကာင့္ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေနရာေတြမွာ ဆီးဒရစ္ ေနရာယူမွန္မွန္နဲ႔ ရွိကို ရွိေနရမယ္လို႔ ဘယ္သူမွ သိပ္ၿပီး မျမင္ၾကတာပါ။

တိုမီယာစုရဲ႕ Safety First ကစားဟန္မွာ အသားက်ေနတဲ့ ဆာကာနဲ႔ ရမ္းစ္ေဒးလ္တို႔ဟာ ဒီေနရာမွာ ရွိေနသူကို အခ်ိန္ကိုက္ ေဘာလုံးဖ်က္ထုတ္ႏိုင္မယ္၊ ေနရာယူထားႏိုင္မယ္လို႔ ထင္ခဲ့ၾကေပမယ့္ ဒါဟာ မွားယြင္းေၾကာင္း ဝတ္ဖို႔ဒ္နဲ႔ပြဲမွာ ကူခ်ိဳ ဟာနန္ဒက္ဇ္က သက္ေသျပၿပီးသားျဖစ္ပါတယ္။

အရပ္အေမာင္း၊ ခံစစ္ကစားပုံေတြ အားနည္းတဲ့ ဆီးဒရစ္ဟာ ဂ်ိဳတာကို ခပ္နီးနီးက ဖိအားေပးရမယ့္အစား Wider Positioning နဲ႔ လႊတ္ေပးခဲ့သူျဖစ္ၿပီး ဒုတိယဂိုးမွာလည္း ခံစစ္ဇုန္မွာ ရွိေနရမယ့္အစား ေရွ႕ကို ဆႏၵေစာခဲ့သူျဖစ္ပါတယ္။ ဒီေနရာကို မျပင္ဆင္ႏိုင္သေ႐ြ႕ အာဆင္နယ္တို႔ ဂ႐ုတစိုက္နဲ႔ သတိႀကီးႀကီးထားပါလို႔ပဲ ေျပာပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.