Match Report Premier League

ဘရိုက်တန်ဆွမ်းကြီးလောင်းမှာ သုံးမှတ်အလှူခံပြီး အဆင့် ၄ ကို စိတ်မကုန်သေးတဲ့ စပါးစ်

ဘရိုက်တန်အသင်းအနေနဲ့ သူတို့ရဲ့ အမှတ်လှူနေမှုကို ရပ်တန့်နိုင်ဖို့အတွက် ဒီနေ့မှာ ဆန်ချက်ဇ်၊ ဗဲလ်မန်း၊ ဒပ်ဖီ၊ လူးဝစ္စ ဒန့်ခ်၊ ကူကူရဲလားတို့ရဲ့ ခံစစ်အဖွဲ့မှာ ဘီဆူးမားနဲ့ ဂရော့စ်ကို ကွင်းလယ်မှာ အထိုင်ချထားခဲ့ပြီး တိုက်စစ်မှူး မော်ပေနောက်က မာ့ချ်၊ မက္ကယ်လစ္စတာနဲ့ ထရော့ဆတ်တို့ လိုက်ပါကစားတဲ့ ပုံစံနဲ့ ကစားဖို့ နည်းပြ ဂရေဟမ် ပေါ့တာက ပြင်ဆင်လာခဲ့ပါတယ်။

စပါးစ်နည်းပြ အန်တိုနီယို ကွန်တီကတော့ ပြိုင်ဘက် အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ဆုံတွေ့နေချိန်မှာ အခွင့်ကောင်းယူနိုင်ဖို့ သူတို့ရဲ့ မရိုးနိုင်တဲ့ ၃-၄-၃ နဲ့ပဲ ပြင်ဆင်လာခဲ့ပြီး လိုရစ်၊ ရိုမဲရိုး၊ ဒိုင်ယာနဲ့ ဘန်ဒေးဗီးစ်တို့က ခံစစ်မှာ ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ ရက်ဂီလွန်၊ ဟွိုင်ဘယာ့ဂ်၊ ဘင်တန်ကာနဲ့ ဒိုဟာတီတို့ ပွဲထွက်လာခဲ့ကြချိန်မှာ တိုက်စစ်ပိုင်းမှာတော့ ဟာရီကိန်းနဲ့အတူ ဆွန်ဟောင်မင်နဲ့ ကူလူရှက်ဗ်စကီးတို့ ပွဲထွက်လာခဲ့ကြပါတယ်။

ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးထားခဲ့တဲ့ ဘရိုက်တန်တို့အနေနဲ့ တကယ်တမ်းမှာ အဖြေမရှိသေးဘဲ သူတို့နဲ့ မတန်တဲ့ ၄-၅-၁ ကို ဆက်လက်သုံးစွဲနေတာက ပြဿနာဖြစ်နေခဲ့သလို ရလဒ်တွေ ကောင်းနိုင်ဖို့ အရင်က ကစားတဲ့ ၃-၄-၃ ကို ပြောင်းကစားခဲ့သင့်ပေမယ့် နည်းပြ ပေါ့တာရဲ့ မလိုအပ်ဘဲ ခေါင်းမာမှုက စိတ်ပျက်စရာတွေပဲ ဖြစ်စေခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာ ဘရိုက်တန်နောက်တန်းက ပဲခူးနဲ့ ပုဂံလောက်ရှိတဲ့ အကွာအဝေးကနေ ဂိုးသမားဆီကို ခပ်သာသာ ပြန်ပေးခဲ့ရာမှာ ဟာရီကိန်း ပြေးလိုက်ရယူပြီး ရောဘတ် ဆန်ချက်ဇ်ဆီက လုယူနိုင်ခဲ့ပေမယ့် ဘယ်ခြမ်းထောင့်ကျဉ်းကနေ ဘယ်ခြေနဲ့ ပိတ်သွင်းမှုက ချိုးတာများပြီး လွဲချော်သွားလို့ စပါးစ်တို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပါတယ်။

ဒီဘောလုံးကို ပြန်ပေးတဲ့ လူးဝစ္စ ဒန့်ခ်ကတော့ အသင်းခေါင်းဆောင် မပီသဘဲ ဒီရာသီမှာ ဆေးထိုးမှု များနေခဲ့သလို သူ့ရဲ့ ကျဆင်းနေတဲ့ ခြေစွမ်းနဲ့ ပုံစံဆိုးကလည်း စင်ရော်တွေကို ခိုနားခွင့် မရနိုင်စေဖို့ အကြောင်းတစ်ရပ်ဖြစ်စေချိန်မှာ မယ်မယ်ရရမရှိတဲ့ တိုက်စစ်ကစားကွက်နဲ့ တည်ကန်ဘော အားကိုးလွန်းမှုတွေက သူတို့ရဲ့ အဆင့်အတန်းကို လျော့ကျစေခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ ဘယ်တောင်ပံ ရက်ဂီလွန် ပေးတဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ညာခြမ်းကို ချိုးပေးခဲ့ရာမှာ ကူလူရှက်ဗ်စကီးရဲ့ ကန်သွင်းမှုက တိုက်စစ်ကို လိုက်ပါလာတဲ့ နောက်ခံလူ ရိုမဲရိုးနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဂိုးသမား ဆန်ချက်ဇ် မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရပြီး စပါးစ်တို့ အဖွင့်ဂိုး ရခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရလို့ ဘရိုက်တန်တို့ ဖိကစားခဲ့ပေမယ့် အခွင့်အရေးတွေကို ထရော့ဆတ်နဲ့ မော်ပေတို့ အသုံးမချနိုင်ခဲ့သလို စပါးစ်တို့ရဲ့ တန်ပြန်တိုက်စစ်ကနေ ကူလူရှက်ဗ်စကီး ဂိုးသမားနဲ့ တစ်ယောက်ချင်း ကန်သွင်းခွင့် ရခဲ့ပေမယ့် လွတ်အောင် မကန်နိုင်ခဲ့လို့ ပထမပိုင်းမှာတော့ ဧည့်သည်တွေကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။

ဒုတိယပိုင်းစကတည်းက ဘရိုက်တန်တို့ ဖိကစားခဲ့ကြပေမယ့် သူတို့ရဲ့ တိုက်စစ်ဗျူဟာကတော့ စပါးစ်ခံစစ်ရှေ့မှာ အလွဲလွဲအချော်ချော်ပဲ များနေခဲ့သလို ဒီနေ့ပွဲမှာ နည်းပြ ပေါ့တာရဲ့ လူတွေ ဂိုးကန်သွင်းခွင့် ၁၅ ကြိမ်အထိ ရရှိခဲ့ပေမယ့် တစ်ကြိမ်မှ ဂိုးပေါက်မတည့်ခဲ့တာကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး ဧည့်သည်ဂိုးသမား လိုရစ်ကို အဖက်လုပ်သူ မရှိဘဲ ခြင်ကိုက်နေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ စပါးစ်တို့ ဒုတိယအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘင်တန်ကာ တောက်လျှောက်ဆွဲပြေးပြီး ကွင်းလယ်စက်ဝိုင်းလောက်ကနေ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဟာရီကိန်း ရရှိသွားခဲ့ရာမှာ ရှေ့တက်ရှင်းရမယ့်အစား ဆုံးဖြတ်ချက်မှားတဲ့ ဂိုးသမား ဆန်ချက်ဇ်ကြောင့် အချိန်လုံလုံလောက်လောက်ရသွားခဲ့ပြီး ဘယ်ခြေနဲ့ အပိုင်ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ ပြိုလဲခဲ့ရတာပါ။

ဒီဂိုးမှာလည်း လူကျွံထောင်ချောက်မှာ နောက်ကျန်နေပြီး ဖျက်ဆီးခဲ့သူက အသင်းခေါင်းဆောင် လူးဝစ္စ ဒန့်ခ်ပဲဖြစ်ခဲ့ပြီး ဘရိုက်တန်တို့အတွက်တော့ လူယုံကပဲ သတ်နေခဲ့တာဖြစ်သလို တိုက်စစ်ကလည်း မထိရောက်ခဲ့ချိန်မှာ ဧည့်သည်လာလုပ်တဲ့ ဟာရီကိန်းတို့အဖွဲ့သာ ဂိုးသွင်းသေချာရင် နှစ်ဂိုးထက်တောင်မှ နှစ်ဆမက ပိုရခဲ့သင့်သေးပြီး အိမ်ရှင်တွေ နောက်ဆုံး ၆ ပွဲ ဆက်တိုက်ရှုံးဖို့ကတော့ လုံလောက်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အမှတ်လှူနေကျ ဘရိုက်တန်တို့ဆီက သုံးမှတ်တိတိကို နှစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့အတူ စပါးစ်တို့ သိမ်းပိုက်သွားနိုင်ခဲ့ကြပြီး ရှေ့က ဝက်စ်ဟမ်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ပွဲကျန်တစ်ပွဲမှာ ကျော်တက်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့သလို လက်ကျန်ပွဲဖြစ်တဲ့ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်ကို အနိုင်ရခဲ့ရင် အဆင့် ၄ ကို ရယူခွင့်ရှိနေသေးလို့ ရင်ခုန်စရာဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္အသင္းအေနနဲ႔ သူတို႔ရဲ႕ အမွတ္လႉေနမႈကို ရပ္တန႔္ႏိုင္ဖို႔အတြက္ ဒီေန႔မွာ ဆန္ခ်က္ဇ္၊ ဗဲလ္မန္း၊ ဒပ္ဖီ၊ လူးဝစၥ ဒန႔္ခ္၊ ကူကူရဲလားတို႔ရဲ႕ ခံစစ္အဖြဲ႕မွာ ဘီဆူးမားနဲ႔ ဂေရာ့စ္ကို ကြင္းလယ္မွာ အထိုင္ခ်ထားခဲ့ၿပီး တိုက္စစ္မႉး ေမာ္ေပေနာက္က မာ့ခ်္၊ မကၠယ္လစၥတာနဲ႔ ထေရာ့ဆတ္တို႔ လိုက္ပါကစားတဲ့ ပုံစံနဲ႔ ကစားဖို႔ နည္းျပ ဂေရဟမ္ ေပါ့တာက ျပင္ဆင္လာခဲ့ပါတယ္။

စပါးစ္နည္းျပ အန္တိုနီယို ကြန္တီကေတာ့ ၿပိဳင္ဘက္ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ ဆုံေတြ႕ေနခ်ိန္မွာ အခြင့္ေကာင္းယူႏိုင္ဖို႔ သူတို႔ရဲ႕ မ႐ိုးႏိုင္တဲ့ ၃-၄-၃ နဲ႔ပဲ ျပင္ဆင္လာခဲ့ၿပီး လိုရစ္၊ ႐ိုမဲ႐ိုး၊ ဒိုင္ယာနဲ႔ ဘန္ေဒးဗီးစ္တို႔က ခံစစ္မွာ ကစားခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ရက္ဂီလြန္၊ ဟြိဳင္ဘယာ့ဂ္၊ ဘင္တန္ကာနဲ႔ ဒိုဟာတီတို႔ ပြဲထြက္လာခဲ့ၾကခ်ိန္မွာ တိုက္စစ္ပိုင္းမွာေတာ့ ဟာရီကိန္းနဲ႔အတူ ဆြန္ေဟာင္မင္နဲ႔ ကူလူရွက္ဗ္စကီးတို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ဒီပြဲမတိုင္ခင္ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၅ ပြဲဆက္တိုက္ ရႈံးထားခဲ့တဲ့ ဘ႐ိုက္တန္တို႔အေနနဲ႔ တကယ္တမ္းမွာ အေျဖမရွိေသးဘဲ သူတို႔နဲ႔ မတန္တဲ့ ၄-၅-၁ ကို ဆက္လက္သုံးစြဲေနတာက ျပႆနာျဖစ္ေနခဲ့သလို ရလဒ္ေတြ ေကာင္းႏိုင္ဖို႔ အရင္က ကစားတဲ့ ၃-၄-၃ ကို ေျပာင္းကစားခဲ့သင့္ေပမယ့္ နည္းျပ ေပါ့တာရဲ႕ မလိုအပ္ဘဲ ေခါင္းမာမႈက စိတ္ပ်က္စရာေတြပဲ ျဖစ္ေစခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာ ဘ႐ိုက္တန္ေနာက္တန္းက ပဲခူးနဲ႔ ပုဂံေလာက္ရွိတဲ့ အကြာအေဝးကေန ဂိုးသမားဆီကို ခပ္သာသာ ျပန္ေပးခဲ့ရာမွာ ဟာရီကိန္း ေျပးလိုက္ရယူၿပီး ေရာဘတ္ ဆန္ခ်က္ဇ္ဆီက လုယူႏိုင္ခဲ့ေပမယ့္ ဘယ္ျခမ္းေထာင့္က်ဥ္းကေန ဘယ္ေျခနဲ႔ ပိတ္သြင္းမႈက ခ်ိဳးတာမ်ားၿပီး လြဲေခ်ာ္သြားလို႔ စပါးစ္တို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရပါတယ္။

ဒီေဘာလုံးကို ျပန္ေပးတဲ့ လူးဝစၥ ဒန႔္ခ္ကေတာ့ အသင္းေခါင္းေဆာင္ မပီသဘဲ ဒီရာသီမွာ ေဆးထိုးမႈ မ်ားေနခဲ့သလို သူ႔ရဲ႕ က်ဆင္းေနတဲ့ ေျခစြမ္းနဲ႔ ပုံစံဆိုးကလည္း စင္ေရာ္ေတြကို ခိုနားခြင့္ မရႏိုင္ေစဖို႔ အေၾကာင္းတစ္ရပ္ျဖစ္ေစခ်ိန္မွာ မယ္မယ္ရရမရွိတဲ့ တိုက္စစ္ကစားကြက္နဲ႔ တည္ကန္ေဘာ အားကိုးလြန္းမႈေတြက သူတို႔ရဲ႕ အဆင့္အတန္းကို ေလ်ာ့က်ေစခဲ့တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ဘယ္ေတာင္ပံ ရက္ဂီလြန္ ေပးတဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က ညာျခမ္းကို ခ်ိဳးေပးခဲ့ရာမွာ ကူလူရွက္ဗ္စကီးရဲ႕ ကန္သြင္းမႈက တိုက္စစ္ကို လိုက္ပါလာတဲ့ ေနာက္ခံလူ ႐ိုမဲ႐ိုးနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ဂိုးသမား ဆန္ခ်က္ဇ္ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရၿပီး စပါးစ္တို႔ အဖြင့္ဂိုး ရခဲ့တာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရလို႔ ဘ႐ိုက္တန္တို႔ ဖိကစားခဲ့ေပမယ့္ အခြင့္အေရးေတြကို ထေရာ့ဆတ္နဲ႔ ေမာ္ေပတို႔ အသုံးမခ်ႏိုင္ခဲ့သလို စပါးစ္တို႔ရဲ႕ တန္ျပန္တိုက္စစ္ကေန ကူလူရွက္ဗ္စကီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္း ကန္သြင္းခြင့္ ရခဲ့ေပမယ့္ လြတ္ေအာင္ မကန္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာေတာ့ ဧည့္သည္ေတြကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းစကတည္းက ဘ႐ိုက္တန္တို႔ ဖိကစားခဲ့ၾကေပမယ့္ သူတို႔ရဲ႕ တိုက္စစ္ဗ်ဴဟာကေတာ့ စပါးစ္ခံစစ္ေရွ႕မွာ အလြဲလြဲအေခ်ာ္ေခ်ာ္ပဲ မ်ားေနခဲ့သလို ဒီေန႔ပြဲမွာ နည္းျပ ေပါ့တာရဲ႕ လူေတြ ဂိုးကန္သြင္းခြင့္ ၁၅ ႀကိမ္အထိ ရရွိခဲ့ေပမယ့္ တစ္ႀကိမ္မွ ဂိုးေပါက္မတည့္ခဲ့တာကေတာ့ စိတ္ပ်က္စရာ ျဖစ္ခဲ့ၿပီး ဧည့္သည္ဂိုးသမား လိုရစ္ကို အဖက္လုပ္သူ မရွိဘဲ ျခင္ကိုက္ေနခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ စပါးစ္တို႔ ဒုတိယအႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘင္တန္ကာ ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ကြင္းလယ္စက္ဝိုင္းေလာက္ကေန ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဟာရီကိန္း ရရွိသြားခဲ့ရာမွာ ေရွ႕တက္ရွင္းရမယ့္အစား ဆုံးျဖတ္ခ်က္မွားတဲ့ ဂိုးသမား ဆန္ခ်က္ဇ္ေၾကာင့္ အခ်ိန္လုံလုံေလာက္ေလာက္ရသြားခဲ့ၿပီး ဘယ္ေျခနဲ႔ အပိုင္ကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ၿပိဳလဲခဲ့ရတာပါ။

ဒီဂိုးမှာလည်း လူကျွံထောင်ချောက်မှာ နောက်ကျန်နေပြီး ဖျက်ဆီးခဲ့သူက အသင်းခေါင်းဆောင် လူးဝစ္စ ဒန့်ခ်ပဲဖြစ်ခဲ့ပြီး ဘရိုက်တန်တို့အတွက်တော့ လူယုံကပဲ သတ်နေခဲ့တာဖြစ်သလို တိုက်စစ်ကလည်း မထိရောက်ခဲ့ချိန်မှာ ဧည့်သည်လာလုပ်တဲ့ ဟာရီကိန်းတို့အဖွဲ့သာ ဂိုးသွင်းသေချာရင် နှစ်ဂိုးထက်တောင်မှ နှစ်ဆမက ပိုရခဲ့သင့်သေးပြီး အိမ်ရှင်တွေ နောက်ဆုံး ၆ ပွဲ ဆက်တိုက်ရှုံးဖို့ကတော့ လုံလောက်ခဲ့တာဖြစ်ပါတယ်။

ပြဲခ်ိန္အျပည့္မွာေတာ့ အမွတ္လႉေနက် ဘ႐ိုက္တန္တို႔ဆီက သုံးမွတ္တိတိကို ႏွစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔အတူ စပါးစ္တို႔ သိမ္းပိုက္သြားႏိုင္ခဲ့ၾကၿပီး ေရွ႕က ဝက္စ္ဟမ္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ပြဲက်န္တစ္ပြဲမွာ ေက်ာ္တက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းလာခဲ့သလို လက္က်န္ပြဲျဖစ္တဲ့ ေျမာက္လန္ဒန္ဒါဘီမွာ အာဆင္နယ္ကို အႏိုင္ရခဲ့ရင္ အဆင့္ ၄ ကို ရယူခြင့္ရွိေနေသးလို႔ ရင္ခုန္စရာျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.