Ligue1 Match Report Premier League UCL&UEL

ဖိအားတွေ ထိုးနှက်ချက်တွေ များနေခဲ့ပေမယ့် လီလ်ကိုတော့ အပိုင်ချည်ခဲ့တဲ့ ချဲလ်ဆီး

ဗြိတိန်အစိုးရရဲ့ ပိတ်ဆို့မှုတွေကို ခံစားနေရတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲကို အရင်လက ကြိုတင်စီစဉ်ထားခဲ့မှုကြောင့် လေယာဉ်နဲ့ သွားခွင့်ရခဲ့ပြီး ပြင်သစ်နဲ့ အင်္ဂလန်ကို ဆက်ထားတဲ့ ကာလေ-ဒိုဗာ ရေလက်ကြား ပင်လယ်ကြမ်းပြင်အောက်က ဥမင်လိုဏ်ခေါင်းကနေ ဘတ်စ်ကားနဲ့သွားဖို့ မလိုခဲ့ဘဲ အရင်လိုပဲ သွားရောက်ကစားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် လီလ်အသင်းအနေနဲ့ ခံစစ်မှာ ဂိုးသမား လီယို ဂျာဒင်မ်၊ ဇီကီ ချယ်လိခ်၊ သီယာဂို ဂျာလို၊ ဘော့တ်မန်၊ ဂျိုဆေး ဖွန်တေ၊ ဂွတ်ဒ်မွန်ဆန်တို့နဲ့ ငါးယောက်တန်း ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ပြီးခဲ့တဲ့ ပွဲမှာ ဒဏ်ရာအနည်းငယ်ရထားတဲ့ ရီနာတို ဆန်ချက်စ် မပါနိုင်ခဲ့ဘဲ ဇီကာ၊ အန်ဒရေးနဲ့ ဘမ်ဘာတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဂျိုနသန် ဒေးဗစ်နဲ့ ဘူးရက် ယီလ်မက်ဇ်တို့ကို ပွဲထုတ်ခဲ့ကြပါတယ်။

ချဲလ်ဆီးတို့ကတော့ ၃-၅-၂ ပုံစံကို သုံးစွဲခဲ့ပြီး ဂိုးသမား မန်ဒီ၊ ရူဒီဂါ၊ သီယာဂို ဆေးလ်ဗားနဲ့ ခရစ္စတင်ဆန်တို့ကို ခံစစ်မှာ အထိုင်ချခဲ့သလို အက်ဇ်ပီလီကွေတာ၊ အလွန်ဆို၊ ကိုဗာချစ်၊ ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ ကွင်းလယ်မှာ ကစားခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ ဟာဗတ်ဇ်နဲ့ ပူလီရှစ်ချ်တို့နှစ်ဦးကိုပဲ နည်းပြ တူဟယ်လ်က ယုံစားခဲ့တာပါ။

လီလ်တို့ အိမ်ကွင်းမှာ ပွဲစတာနဲ့ တိုက်စစ်ဆင်ကစားခဲ့ပေမယ့် အခွင့်အရေးတွေကို တိုက်စစ်မှူး ယီလ်မက်ဇ် အသုံးမချနိုင်ဘဲဖြစ်နေခဲ့ပြီး လျင်မြန်တဲ့ ဘမ်ဘာနဲ့ ဒေးဗစ်တို့လို ကစားသမားတွေကို ချဲလ်ဆီးတို့ တော်တော်လေး ကြိုးစားထိန်းချုပ်ခဲ့ရသလို ပွဲချိန် ၃၃ မိနစ်မှာတော့ နောက်ခံလူ ခရစ္စတင်ဆန် နာသွားခဲ့လို့ ချာလိုဘာနဲ့ လူစားလဲခဲ့ရပြီး ဆရာသမားကတော့ ဝင်ဝင်ချင်းမှာကို အဝါကတ် ယူသွားခဲ့သေးတာပါ။

ပွဲချိန် ၃၈ မိနစ်မှာတော့ လီလ်တို့ အဖွင့်ဂိုး ရရှိခဲ့ပြီး ညာခြမ်းက ဖြတ်တင်တဲ့ ဘောလုံးကို ဇီကာနဲ့ ယှဉ်လုရာမှာ ခြေကားယား လက်ကားယားနဲ့ လက်နဲ့ ပုတ်မိသွားခဲ့တဲ့ ပင်နယ်တီဆရာ ဂျော်ဂျင်ညိုကြောင့် ဒိုင်လူကြီး ဒါဗီဒေး မက်ဆာက ပင်နယ်တီပေးခဲ့ပြီး ဒီအခွင့်အရေးကိုတော့ တိုက်စစ်မှူး ယီလ်မက်ဇ်က မန်ဒီရဲ့ ဘယ်ဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့ကြပါတယ်။

ပထမပိုင်းပြီးဖို့ ပွဲသိမ်းခရာ မမှုတ်ခင် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ ချဲလ်ဆီးတို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဂျော်ဂျင်ညိုရဲ့ အမှားကို ချေဖျက်နိုင်ခဲ့တဲ့ တိကျသပ်ရပ်စွာ ပေးပို့မှုကို ညာခြမ်းက အလိုက်သင့် ပြေးထွက်သွားခဲ့တဲ့ ပူလီရှစ်ချ်က အဝေးတိုင်ဘက်ကို အနိမ့်ဘော ချိုးကန်ပြီး တစ်ဂိုးစီ သရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ တိုက်စစ်မြှင့်ဖို့ ကိုဗာချစ်အစား မေဆန်မောင့်ကို ထည့်ပြီး ချဲလ်ဆီးတို့ ၃-၄-၃ ပြန်ပြောင်းခဲ့သလို လီလ်တို့ကတော့ အိမ်ကွင်းအား၊ တောင်ပံကစားသမားတွေရဲ့ လျင်မြန်မှုနဲ့ ဖိကစားခဲ့ကြပြီး အထောင်တိုက်စစ်မှူး ယီလ်မက်ဇ်ကတော့ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ သူတို့တွေ နစ်နာခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ အလွန်ဆိုရဲ့ ဖရီးကစ် လူတံတိုင်းထိထွက်တာကို ရူဒီဂါက ကန်သွင်းခဲ့ရာမှာ တိုင်ဘေးက ကပ်ထွက်သွားခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ ယီလ်မက်ဇ်ရဲ့ ဖြတ်တင်မှုကို ချဲလ်ဆီးနောက်ခံလူနှစ်ယောက်ကြားကနေ လွတ်ထွက်သွားခဲ့တဲ့ ဇီကာက ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ အိမ်ရှင်တွေ ကံဆိုးခဲ့ပြန်တာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဘယ်ခြမ်းက ဘောလုံးရသွားတဲ့ မေဆန်မောင့်ရဲ့ ဖြတ်တင်မှုက ဂိုးရှေ့မှာ နေရာယူထားတဲ့ လီလ်ခံစစ်သမားတွေရော ဧည့်သည်တိုက်စစ်သမားတွေကိုပါ ကျော်ပြီး အဝေးတိုင်ဘက်ကို ကျလာချိန်မှာ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာက တစ်ဖက်နောက်ခံလူနဲ့ ယှဉ်ပြီး ပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ပူလီရှစ်ချ်၊ ဂျော်ဂျင်ညိုနဲ့ ဟာဗတ်ဇ်တို့အစား လူကာကူး၊ လော့ဖ်တပ်စ်-ချိခ်နဲ့ ဇီးယက်ရှ်တို့ကို ထည့်သွင်းကစားပြီး နည်းပြ တူဟယ်လ်အနေနဲ့ လူအင်အားကို ချွေတာသွားခဲ့သလို အခွင့်အရေးတွေကိုတော့ ထပ်မံအသုံးချနိုင်ခြင်း မရှိခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ အေဘရာမိုဗစ်ချ် ဆန်ရှင်ထိပြီးမှာ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှုနဲ့ ရုန်းအားက ပိုကောင်းနေခဲ့သလို လီဗာပူးလ်ကို ပင်နယ်တီနဲ့ ရှုံးခဲ့တဲ့ ကာရာဘောင်းဖလားဖိုင်နယ်ကလွဲလို့ ပြိုင်ပွဲစုံမှာ ၁၁ ပွဲဆက်တိုက် အနိုင်ရရှိထားခဲ့ပြီး နည်းပြ တူဟယ်လ်အနေနဲ့ အသင်းကို မခံချင်စိတ်နဲ့ မောင်းနှင်ပြီး နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-တစ်ဂိုးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿဗိတိန္အစိုးရရဲ႕ ပိတ္ဆို႔မႈေတြကို ခံစားေနရတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲကို အရင္လက ႀကိဳတင္စီစဥ္ထားခဲ့မႈေၾကာင့္ ေလယာဥ္နဲ႔ သြားခြင့္ရခဲ့ၿပီး ျပင္သစ္နဲ႔ အဂၤလန္ကို ဆက္ထားတဲ့ ကာေလ-ဒိုဗာ ေရလက္ၾကား ပင္လယ္ၾကမ္းျပင္ေအာက္က ဥမင္လိုဏ္ေခါင္းကေန ဘတ္စ္ကားနဲ႔သြားဖို႔ မလိုခဲ့ဘဲ အရင္လိုပဲ သြားေရာက္ကစားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ လီလ္အသင္းအေနနဲ႔ ခံစစ္မွာ ဂိုးသမား လီယို ဂ်ာဒင္မ္၊ ဇီကီ ခ်ယ္လိခ္၊ သီယာဂို ဂ်ာလို၊ ေဘာ့တ္မန္၊ ဂ်ိဳေဆး ဖြန္ေတ၊ ဂြတ္ဒ္မြန္ဆန္တို႔နဲ႔ ငါးေယာက္တန္း ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ၿပီးခဲ့တဲ့ ပြဲမွာ ဒဏ္ရာအနည္းငယ္ရထားတဲ့ ရီနာတို ဆန္ခ်က္စ္ မပါႏိုင္ခဲ့ဘဲ ဇီကာ၊ အန္ဒေရးနဲ႔ ဘမ္ဘာတို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဂ်ိဳနသန္ ေဒးဗစ္နဲ႔ ဘူးရက္ ယီလ္မက္ဇ္တို႔ကို ပြဲထုတ္ခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးတို႔ကေတာ့ ၃-၅-၂ ပုံစံကို သုံးစြဲခဲ့ၿပီး ဂိုးသမား မန္ဒီ၊ ႐ူဒီဂါ၊ သီယာဂို ေဆးလ္ဗားနဲ႔ ခရစၥတင္ဆန္တို႔ကို ခံစစ္မွာ အထိုင္ခ်ခဲ့သလို အက္ဇ္ပီလီေကြတာ၊ အလြန္ဆို၊ ကိုဗာခ်စ္၊ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ ကြင္းလယ္မွာ ကစားခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ ဟာဗတ္ဇ္နဲ႔ ပူလီရွစ္ခ်္တို႔ႏွစ္ဦးကိုပဲ နည္းျပ တူဟယ္လ္က ယုံစားခဲ့တာပါ။

လီလ္တို႔ အိမ္ကြင္းမွာ ပြဲစတာနဲ႔ တိုက္စစ္ဆင္ကစားခဲ့ေပမယ့္ အခြင့္အေရးေတြကို တိုက္စစ္မႉး ယီလ္မက္ဇ္ အသုံးမခ်ႏိုင္ဘဲျဖစ္ေနခဲ့ၿပီး လ်င္ျမန္တဲ့ ဘမ္ဘာနဲ႔ ေဒးဗစ္တို႔လို ကစားသမားေတြကို ခ်ဲလ္ဆီးတို႔ ေတာ္ေတာ္ေလး ႀကိဳးစားထိန္းခ်ဳပ္ခဲ့ရသလို ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ေနာက္ခံလူ ခရစၥတင္ဆန္ နာသြားခဲ့လို႔ ခ်ာလိုဘာနဲ႔ လူစားလဲခဲ့ရၿပီး ဆရာသမားကေတာ့ ဝင္ဝင္ခ်င္းမွာကို အဝါကတ္ ယူသြားခဲ့ေသးတာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ လီလ္တို႔ အဖြင့္ဂိုး ရရွိခဲ့ၿပီး ညာျခမ္းက ျဖတ္တင္တဲ့ ေဘာလုံးကို ဇီကာနဲ႔ ယွဥ္လုရာမွာ ေျခကားယား လက္ကားယားနဲ႔ လက္နဲ႔ ပုတ္မိသြားခဲ့တဲ့ ပင္နယ္တီဆရာ ေဂ်ာ္ဂ်င္ညိဳေၾကာင့္ ဒိုင္လူႀကီး ဒါဗီေဒး မက္ဆာက ပင္နယ္တီေပးခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ တိုက္စစ္မႉး ယီလ္မက္ဇ္က မန္ဒီရဲ႕ ဘယ္ဘက္အေပၚေထာင့္ကို အျပင္းကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကပါတယ္။

ပထမပိုင္းၿပီးဖို႔ ပြဲသိမ္းခရာ မမႈတ္ခင္ နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ေဂ်ာ္ဂ်င္ညိဳရဲ႕ အမွားကို ေခ်ဖ်က္ႏိုင္ခဲ့တဲ့ တိက်သပ္ရပ္စြာ ေပးပို႔မႈကို ညာျခမ္းက အလိုက္သင့္ ေျပးထြက္သြားခဲ့တဲ့ ပူလီရွစ္ခ်္က အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ခ်ိဳးကန္ၿပီး တစ္ဂိုးစီ သေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ တိုက္စစ္ျမႇင့္ဖို႔ ကိုဗာခ်စ္အစား ေမဆန္ေမာင့္ကို ထည့္ၿပီး ခ်ဲလ္ဆီးတို႔ ၃-၄-၃ ျပန္ေျပာင္းခဲ့သလို လီလ္တို႔ကေတာ့ အိမ္ကြင္းအား၊ ေတာင္ပံကစားသမားေတြရဲ႕ လ်င္ျမန္မႈနဲ႔ ဖိကစားခဲ့ၾကၿပီး အေထာင္တိုက္စစ္မႉး ယီလ္မက္ဇ္ကေတာ့ အပိုင္အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ သူတို႔ေတြ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာ အလြန္ဆိုရဲ႕ ဖရီးကစ္ လူတံတိုင္းထိထြက္တာကို ႐ူဒီဂါက ကန္သြင္းခဲ့ရာမွာ တိုင္ေဘးက ကပ္ထြက္သြားခဲ့ၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ယီလ္မက္ဇ္ရဲ႕ ျဖတ္တင္မႈကို ခ်ဲလ္ဆီးေနာက္ခံလူႏွစ္ေယာက္ၾကားကေန လြတ္ထြက္သြားခဲ့တဲ့ ဇီကာက ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့လို႔ အိမ္ရွင္ေတြ ကံဆိုးခဲ့ျပန္တာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းက ေဘာလုံးရသြားတဲ့ ေမဆန္ေမာင့္ရဲ႕ ျဖတ္တင္မႈက ဂိုးေရွ႕မွာ ေနရာယူထားတဲ့ လီလ္ခံစစ္သမားေတြေရာ ဧည့္သည္တိုက္စစ္သမားေတြကိုပါ ေက်ာ္ၿပီး အေဝးတိုင္ဘက္ကို က်လာခ်ိန္မွာ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာက တစ္ဖက္ေနာက္ခံလူနဲ႔ ယွဥ္ၿပီး ပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ပူလီရွစ္ခ်္၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဟာဗတ္ဇ္တို႔အစား လူကာကူး၊ ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ ဇီးယက္ရွ္တို႔ကို ထည့္သြင္းကစားၿပီး နည္းျပ တူဟယ္လ္အေနနဲ႔ လူအင္အားကို ေခြၽတာသြားခဲ့သလို အခြင့္အေရးေတြကိုေတာ့ ထပ္မံအသုံးခ်ႏိုင္ျခင္း မရွိခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔အေနနဲ႔ ေအဘရာမိုဗစ္ခ်္ ဆန္ရွင္ထိၿပီးမွာ စိတ္ဓာတ္ပိုင္း ႀကံ့ခိုင္မႈနဲ႔ ႐ုန္းအားက ပိုေကာင္းေနခဲ့သလို လီဗာပူးလ္ကို ပင္နယ္တီနဲ႔ ရႈံးခဲ့တဲ့ ကာရာေဘာင္းဖလားဖိုင္နယ္ကလြဲလို႔ ၿပိဳင္ပြဲစုံမွာ ၁၁ ပြဲဆက္တိုက္ အႏိုင္ရရွိထားခဲ့ၿပီး နည္းျပ တူဟယ္လ္အေနနဲ႔ အသင္းကို မခံခ်င္စိတ္နဲ႔ ေမာင္းႏွင္ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ေလးဂိုး-တစ္ဂိုးနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.