Bundesliga

ဟာသာဘာလင္နည္းျပအျဖစ္ကေန ႏုတ္ထြက္သြားခဲ့တဲ့ ကလင္းစမန္း

ဟာသာဘာလင္အသင္းနဲ႔အတူ လာမယ့္အနာဂတ္မွာ ျမင့္မားတဲ့ အရာေတြကို စိန္ေခၚဖို႔ ရည္ရြယ္ခ်က္ေကာင္းေတြကို ျပသထားခဲ့ဖူးတဲ့ နည္းျပ ယာဂန္ ကလင္းစမန္းအေနနဲ႔ အသင္းကို ကိုင္တြယ္ၿပီး သုံးလမျပည့္ခင္မွာပဲ ႏုတ္ထြက္သြားခဲ့ၿပီျဖစ္ပါတယ္။

ကလင္းစမန္းအေနနဲ႔ အသင္းကေန ခ်က္ခ်င္းဆိုသလို ႏုတ္ထြက္သြားခဲ့တာျဖစ္ၿပီး သူ႕ရဲ႕လက္ထဲမွာ တန္းဆင္းဇုန္ကေန ေဝးကြာႏုိင္ဖို႔ ႀကဳိးစားေနခဲ့တဲ့ ဟာသာဘာလင္အသင္းဟာ လက္ရွိမွာေတာ့ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၄ မွာ ဦးတည္ခ်က္မဲ့ က်န္ခဲ့တာလည္းျဖစ္ပါတယ္။

အသင္းကို ကိုင္တြယ္အၿပီး ၇၆ ရက္အၾကာမွာ ေနာက္ဆုတ္သြားခဲ့တဲ့ ကလင္းစမန္းကေတာ့ ပရိသတ္ေတြ၊ တာဝန္ရွိသူေတြနဲ႔ ကစားသမားေတြအားလုံးကို ေက်းဇူးတင္ေၾကာင္းဆုိခဲ့ေပမယ့္ အသင္းအေနနဲ႔ ကတိေပးထားသလိုမ်ဳိး သူ႕ကို ပံ့ပုိးမွဳေတြ ျပဳလုပ္ေပးဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ႏုတ္ထြက္ရတဲ့ အေၾကာင္းကို ေျပာၾကားသြားခဲ့ပါတယ္။

ဟာသာဘာလင္အသင္းနဲ႔ ကလင္းစမန္းတုိ႔ရဲ႕ လက္တြဲမွဳဟာ ၁၀ ပြဲကစား၊ ၃ ပြဲႏုိင္၊ ၃ ပြဲသေရ၊ ၄ ပြဲ႐ွဳံး၊ ႏုိင္ပြဲရာခိုင္ႏွဳန္း ၃၀ နဲ႔ အဆုံးသတ္ခဲ့ၿပီး အသက္ ၅၅ ႏွစ္အရြယ္ ဂ်ာမန္နည္းျပအေနနဲ႔ အသင္းရဲ႕ ဘုတ္အဖြဲ႕ဝင္တစ္ဦးအျဖစ္ ဆက္လက္ရွိေနမယ္လုိ႔ေတာ့ ဆုိပါတယ္။

အသင္းရဲ႕ အားကစားဒါ႐ိုက္တာနဲ႔ ထာဝရဂိုးသြင္းဘုရင္ မုိက္ကယ္ ပရိဇ္ကေတာ့ သူတုိ႔အေနနဲ႔ ကစားသမားေခၚယူမွဳအပုိင္းမွာလည္း လုံေလာက္ေအာင္ ေခၚယူေပးခဲ့ၿပီး ကလင္းစမန္းရဲ႕ ႐ုတ္တရက္ ဆုံးျဖတ္ခ်က္ကိုေတာ့ နားမလည္ႏုိင္ေအာင္ျဖစ္ရေၾကာင္းလည္း ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဟာသာဘာလင်အသင်းနဲ့အတူ လာမယ့်အနာဂတ်မှာ မြင့်မားတဲ့ အရာတွေကို စိန်ခေါ်ဖို့ ရည်ရွယ်ချက်ကောင်းတွေကို ပြသထားခဲ့ဖူးတဲ့ နည်းပြ ယာဂန် ကလင်းစမန်းအနေနဲ့ အသင်းကို ကိုင်တွယ်ပြီး သုံးလမပြည့်ခင်မှာပဲ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

ကလင်းစမန်းအနေနဲ့ အသင်းကနေ ချက်ချင်းဆိုသလို နုတ်ထွက်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့လက်ထဲမှာ တန်းဆင်းဇုန်ကနေ ဝေးကွာနိုင်ဖို့ ကြိုးစားနေခဲ့တဲ့ ဟာသာဘာလင်အသင်းဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ မှာ ဦးတည်ချက်မဲ့ ကျန်ခဲ့တာလည်းဖြစ်ပါတယ်။

အသင်းကို ကိုင်တွယ်အပြီး ၇၆ ရက်အကြာမှာ နောက်ဆုတ်သွားခဲ့တဲ့ ကလင်းစမန်းကတော့ ပရိသတ်တွေ၊ တာဝန်ရှိသူတွေနဲ့ ကစားသမားတွေအားလုံးကို ကျေးဇူးတင်ကြောင်းဆိုခဲ့ပေမယ့် အသင်းအနေနဲ့ ကတိပေးထားသလိုမျိုး သူ့ကို ပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ နုတ်ထွက်ရတဲ့ အကြောင်းကို ပြောကြားသွားခဲ့ပါတယ်။

ဟာသာဘာလင်အသင်းနဲ့ ကလင်းစမန်းတို့ရဲ့ လက်တွဲမှုဟာ ၁၀ ပွဲကစား၊ ၃ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံး၊ နိုင်ပွဲရာခိုင်နှုန်း ၃၀ နဲ့ အဆုံးသတ်ခဲ့ပြီး အသက် ၅၅ နှစ်အရွယ် ဂျာမန်နည်းပြအနေနဲ့ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက်ရှိနေမယ်လို့တော့ ဆိုပါတယ်။

အသင်းရဲ့ အားကစားဒါရိုက်တာနဲ့ ထာဝရဂိုးသွင်းဘုရင် မိုက်ကယ် ပရိဇ်ကတော့ သူတို့အနေနဲ့ ကစားသမားခေါ်ယူမှုအပိုင်းမှာလည်း လုံလောက်အောင် ခေါ်ယူပေးခဲ့ပြီး ကလင်းစမန်းရဲ့ ရုတ်တရက် ဆုံးဖြတ်ချက်ကိုတော့ နားမလည်နိုင်အောင်ဖြစ်ရကြောင်းလည်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.