Bundesliga Match Report

ချာကာရဲ့ Xhaka Boom ဂိုးနဲ့ ကိုင်ဆာလောက်တန်ကို အနိုင်ရပြီး ပိုကယ်ဖလားချန်ပီယံဖြစ်ခဲ့တဲ့ လေဗာကူဆင်

ယူရိုပါလိဂ် ဖိုင်နယ်မှာ ရှုံးပွဲမရှိ စံချိန် ရပ်တန့်သွားခဲ့ရတဲ့ လေဗာကူဆင်အသင်းဟာ ယနေ့ည ပိုကယ်ဖလားဗိုလ်လုပွဲမှာ ဘွန်ဒက်လီဂါ ဒုတိယတန်းအသင်း ကိုင်ဆာလောက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတာဖြစ်ပေမယ့် ယခုရာသီ သူတို့အတွက် နောက်ဆုံးကျန်ရှိနေတဲ့ ဖလား ၂ လုံး အိပ်မက်ကို အလွဲလွဲအချော်ချော်အဖြစ်မခံနိုင်သည့်အတွက် အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ညာနောက်ခံကစားသမား ကော့ဆိုနိုရဲ့ မဆင်မခြင်ဖျက်ထုတ်မှုကြောင့် ဒုတိယပိုင်းတစ်ခုလုံးကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ချာကာရဲ့ ဂိုးကြောင့်သာ အနိုင်ရရှိပြီး ဖလားနှစ်လုံး အိပ်မက်ကို အပြည့်အ၀မက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ လေဗာကူဆင် ကွင်းလယ်ကစားသမား ဂရားနစ် ချာကာက သူရဲ့အမှတ်အသား ဖြစ်တဲ့ xhaka boom ကန်ချက်နဲ့ ဂိုးဧရိယာအစပ်ကနေ ဘယ်ခြေနဲ့အပြင်းကန်သွားခဲ့ရာ ကိုင်ဆာလောက်တန် ဂိုးသမားဘယ်လိုမှ မကာကွယ်နိုင်ခဲ့တဲ့အတွက် လဗာကူဆင်အသင်းက ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ပွဲစစချင်း ၃ မိနစ်ကတည်းက အဝါထိထားတဲ့ လေဗာကူဆင် ညာနောက်ခံကစားသမား ကော့ဆိုနိုက ကိုင်ဆာလောက်တန်အသင်းမှ တိုမီအာခ်ကို မဆင်မခြင်ဖြတ်ထုတ်မှုလုပ်ပြီး ထပ်မံပြစ်ဒဏ်ကျူးလွန်တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက နောက်တစ်ဝါပြကာ နှစ်ဝါတနီဖြင့် ထုတ်ပယ်ခံလိုက်ရပါတယ်။

လေဗာကူဆင်အသင်းဟာ တစ်ယောက်လျော့ခဲ့ပေမယ့် ကိုင်ဆာလောက်တန်အသင်းကို ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ဖိကစားနိုင်ခဲ့ပြီး ပထမပိုင်းအပြီးမှာ လေဗာကူဆင်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စချိန်မှာ လေဗာကူဆင်အသင်းဟာပက်ထရစ် ရှစ်ခ်အစား နောက်ခံလူ စတန်နီဆစ်ကို လူစားလဲခဲ့ပြီး ခံစစ်ကို အားဖြည့်ခဲ့ပါတယ်။ နိုင်ပွဲစိတ်ချရစေမယ့် ဒုတိယသွင်းဂိုးကို ရရှိဖို့ကြိုးစားခဲ့ပေမယ့်လည်း လေဗာကူဆင် ကစားသမားအချို့ အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့သလို ကိုင်ဆာလောက်တန်ရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ခဲ့တဲ့အတွက် ချာကာသွင်းယူပေးတဲ့ ၁ ဂိုးနဲ့သာ ပိုကယ်ဖလားကိုင်မြောက်နိုင်ခဲ့ပါတယ်။

လေဗာကူဆင်အသင်းကို နည်းပြ ဇာဗီအလွန်ဆို ကိုင်တွယ်ပြီးနောက် အသင်းသမိုင်းမှာ ပထမဆုံး ဘွန်ဒက်လီဂါ ချန်ပီယံဖြစ်ခဲ့သလို ပိုကယ်ဖလားချန်ပီယံဆုဖလားကိုလည်း နှစ်ပေါင်း ၃၁ အကြာမှာ ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်သလို တစ်ရာသီတည်း ဖလား ၂ လုံးရယူနိုင်ခဲ့တဲ့ မှတ်တမ်းကိုလည်း ရွေးထိုးနိုင်ခဲ့တာဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: