Match Report Premier League

လီဗာပူးလ်ကို အမှားတချို့နဲ့ရှုံးခဲ့ပြီး ခြေစွမ်းအရ ဆက်ကြိုးစားဖို့ အားရှိခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာလည်း သူတို့ရဲ့ မပြောင်းလဲတဲ့ ပွဲထွက် ၁၁ ယောက်ဖြစ်တဲ့ ရမ်းစ်ဒေးလ်၊ တီယာနီ၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်၊ ဆီးဒရစ်တို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်မှာ ချာကာ၊ ပါတေးနဲ့ အော်ဒီဂွါဒ်တို့ တွဲကစားခဲ့သလို တိုက်စစ်မှာတော့ လာကာဇက်ကို မာတီနယ်လီနဲ့ ဆာကာတို့ ရံကစားခဲ့ပြီး ဗျူဟာပိုင်းကိုတော့ နည်းပြ အာတီတာက သေချာစီစဉ်လာခဲ့ပါတယ်။

လီဗာပူးလ်တို့ကတော့ အဓိကတိုက်စစ်မှူး ဆာလား ဒဏ်ရာကြောင့် အရန်ခုံအထိပဲ လိုက်နိုင်ခဲ့ပြီး မာနေး၊ ဂျိုတာတို့နဲ့ လူးဝစ် ဒီယက်ဇ်တို့ကို တိုက်စစ်မှာ တွဲကစားခဲ့သလို ကွင်းလယ်မှာ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ သီယာဂိုတို့ကို တွဲပေးခဲ့ပြီး ခံစစ်မှာတော့ ဗန်ဒိုက်၊ မာတစ်ပ်၊ ရောဘတ်ဆန်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ပဲ ကစားခဲ့ကြတာပါ။

အာဆင်နယ်တို့အနေနဲ့ ဘောလုံးကို ယုံကြည်မှုရှိရှိ ကိုင်ကစားခဲ့ပြီး တိုက်စစ်ပိုင်းမှာ တွဲလုံးနဲ့ အဝင်အထွက်တွေက နားလည်မှု ကောင်းခဲ့သလို ခံစစ်မှာလည်း အပြေးလိုက်ချိန်တွေမှာ အရှိန်ထိန်းဖို့ အနည်းငယ် အားနည်းတတ်တဲ့ တီယာနီကို ကူညီဖို့ မာတီနယ်လီက စောင့်ကစားပေးသွားပြီး ပါတေးရဲ့ လုပ်အားနှုန်းက လီဗာပူးလ်တို့ကို အတော်လေး ပိတ်ဆို့စေခဲ့ချိန်မှာ ထောင့်ကန်ဘောကနေ ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ခွင့်တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်ကလည်း လူလည်ပဲဖြစ်ပြီး အာဆင်နယ်တို့ ဘောလုံးမထွက်နိုင်အောင် သူ့ရဲ့ ကစားသမားတွေကို ခပ်ဝေးဝေး မသွားခိုင်းဘဲ ပိတ်ဆို့ထားခိုင်းခဲ့ချိန်မှာ အာတီတာရဲ့ ပလန်ကတော့ ခြေနုတ်ခြေသိမ်းလေးတဲ့ ဖာဘင်ညိုနဲ့ ခံစစ်အားနည်းတဲ့ အာနိုးလ်ဒ်တို့ကို အဓိက ဖိအားပေးဖို့ ကြိုးစားခဲ့ပြီး တစ်လုံးမှာဆိုရင် ဒိုင်လူကြီး မာရင်နာက ရုပ်ပျက်ဆင်းပျက်ကို ဘက်လိုက်ပြီး ကာကွယ်ပေးခဲ့ရတာပါ။

အမ်းမရိတ်မှာ အာဆင်နယ်တို့ရဲ့ ပုံစံက လီဗာပူးလ်တို့ကို ကောင်းကောင်းယှဉ်နိုင်ခဲ့လို့ ကလော့ပ်တစ်ယောက် အလုပ်မဖြစ်တာနဲ့ ဒိုင်လူကြီးကိုပါ ကျေးဇူးမသိတတ်ဘဲ ပေါက်ကွဲနေခဲ့ပြီး နောက်ဆုံးမှာတော့ အာနိုးလ်ဒ် အားကိုးနဲ့ နောက်တန်းပေါ်ကနေ ကျော်ချဖို့ တစ်ကွက်နဲ့ပဲ အဖြေရှာနေခဲ့ပြီး ပထမပိုင်းမှာတော့ အိမ်ရှင်တွေ အမှားအယွင်းနည်းနည်းနဲ့ ထိန်းကစားပြီး ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး ၁ မိနစ်မှာ မာနေးဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့ပြီး မာတီနယ်လီကတော့ အာနိုးလ်ဒ်ရဲ့ ညာခြမ်းကို အကြိမ်ကြိမ် ထိုးနှက်နေခဲ့သလို ပွဲချိန် ၅၁ မိနစ်မှာတော့ လီဗာပူးလ်တို့ လူပေးမှားတာကို လာကာဇက် ဖြတ်ယူပြီး ဂိုးသွင်းဖို့ ကြိုးစားရာမှာ အယ်လစ်ဆန် ကာထားခဲ့လို့ နောက်ကို ပြန်ချပေးတာကို အော်ဒီဂွါဒ် ကန်ရာမှာလည်း ဘရာဇီးလ်ဂိုးသမားကပဲ ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ အာဆင်နယ်တို့ ပေါပေါပဲပဲနဲ့ တစ်ဂိုးပေးခဲ့ရပြီး ဘာမှ မထူးဆန်းတဲ့ သီယာဂိုရဲ့ Blind Sided Pass ကို ဆီးဒရစ် နေရာယူပုံ အနည်းငယ် အားနည်းခဲ့ရာမှာ ဂျိုတာ လွတ်ထွက်သွားခဲ့ပြီး ဒါကို ထောင့်ကျဉ်းကနေ ဘယ်ခြေနဲ့ ကန်သွင်းတဲ့ ပေါ်တူဂီသားရဲ့ ဘာမှ မပြင်းတဲ့ ကန်ချက်ကို ဂိုးသမား ရမ်းစ်ဒေးလ် ကာကွယ်ပုံညံ့ခဲ့လို့ ပုတ်မထုတ်နိုင်ဘဲ ဂိုးဝင်သွားခဲ့ရတာဖြစ်ပါတယ်။

ဂိုးရခဲ့အပြီးမှာတော့ ကစားပုံမကောင်းတဲ့ ဂျိုတာနဲ့ ဒီယက်ဇ်တို့အစား ဖာမီနိုနဲ့ ဆာလားတို့ကို လီဗာပူးလ်တို့ဘက်က လဲကစားခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ ဆာကာရဲ့ လောကြီးပြီး ရှေ့ကို ကန်တင်တဲ့ အမှားကနေ ဘောလုံးပြန်ရသွားတဲ့ ရောဘတ်ဆန်က ချိုးပေးတာကို ဖာမီနိုက အနီးကပ် ပိတ်သွင်းပြီး အတွေ့အကြုံနုသေးတဲ့ အာဆင်နယ်တို့ကို ဒုတိယဦးဆောင်ဂိုးနဲ့ ထိုးနှက်နိုင်ခဲ့တာပါ။

အရေးကြီးတဲ့ အချိန်အခါတွေမှာ ဆီးဒရစ်ရဲ့ ခံစစ်မှာ နေရာယူပုံအားနည်းမှုကလည်း ဆိုးရွားခဲ့ပြီး ဒီနေ့ပွဲမှာ သူ့ရဲ့ ပျောက်ဆုံးမှုတွေကနေ သိသိကြီးနဲ့ အာဆင်နယ်တို့ ခံလိုက်ရသလို နှစ်ဂိုးဖြစ်သွားခဲ့အပြီးမှာတော့ လီဗာပူးလ်တို့ Tempo ချကစားပြီး ကောင်တာတွေကိုပဲ အားပြုလာခဲ့ချိန်မှာ အာတီတာကတော့ အော်ဒီဂွါဒ်အစား စမစ်ရိုးကို ပွဲချိန် ၆၇ မိနစ်မှာ လူစားလဲခဲ့ပါတယ်။

အာဆင်နယ်တို့ တိုက်စစ်ပြန်ကစားပေမယ့် ဘယ်ခြေကို သုံးမရတဲ့ မာတီနယ်လီကြောင့် ဘောလုံးမထွက်ခင် လီဗာပူးလ်တို့ ပိတ်ဆို့နိုင်ခဲ့သလို ပွဲချိန် ၇၄ မိနစ်မှာတော့ ဆာကာအစား ပေပေကို ထပ်ထည့်ပြီး ညာခြမ်းကနေ ဖိအားပေးဖို့ ပြင်ဆင်လာခဲ့သလို ပွဲချိန် မိနစ် ၈၀ မှာတော့ ကစားအားကျလာခဲ့တဲ့ လာကာဇက်အစား နကီးတီးယားကို ပြောင်းလဲခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာ ချာကာ ဖန်တီးပေးတာကို မာတီနယ်လီ အကောင်းဆုံး အခွင့်အရေးတစ်ခု ရခဲ့ပေမယ့် အဝေးတိုင်ခြေကို ဝေ့ဝိုက်ကန်ချက်က တိုင်ဘေးက ကပ်ထွက်သွားခဲ့လို့ အာဆင်နယ်တို့ ရင်နာခဲ့ရသလို ပေပေနဲ့ စမစ်ရိုးတို့ ညာခြမ်းကလည်း အမြန်နှုန်းလိုအပ်ချက်ကြောင့် အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ပဲ ပြီးဆုံးခဲ့သလို လီဗာပူးလ်တို့ ပရီးမီးယားလိဂ် ၉ ပွဲဆက်နိုင်ပွဲနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်တို့ အမှတ်ပေးဇယားမှာ ဦးဆောင်သူ မန်ချက်စတာစီးတီးနဲ့ တစ်မှတ်အကွာကို ချဉ်းကပ်နိုင်ခဲ့ကြချိန်မှာ အာဆင်နယ်တို့အတွက်တော့ ကြီးကြီးမားမား နစ်နာခဲ့ခြင်း မရှိဘဲ အဆင့် ၄ ကို ဆက်ထိန်းထားနိုင်ချိန်မှာ ဒီလိုခက်ခဲတဲ့ ပွဲမျိုးမှာ ခံစစ်နုနယ်မှုကလွဲလို့ ကျန်တဲ့ အစမ်းသပ်ခံ မှတ်ကျောက်တင်နိုင်မှုကို အသုံးပြုပြီး ကျန်ပွဲတွေမှာ ပိုကောင်းလာနိုင်ဖို့သာ ကြိုးစားရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာလည္း သူတို႔ရဲ႕ မေျပာင္းလဲတဲ့ ပြဲထြက္ ၁၁ ေယာက္ျဖစ္တဲ့ ရမ္းစ္ေဒးလ္၊ တီယာနီ၊ ဂါဘရီယယ္လ္၊ ဘန္ဝႈိက္၊ ဆီးဒရစ္တို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ကြင္းလယ္မွာ ခ်ာကာ၊ ပါေတးနဲ႔ ေအာ္ဒီဂြါဒ္တို႔ တြဲကစားခဲ့သလို တိုက္စစ္မွာေတာ့ လာကာဇက္ကို မာတီနယ္လီနဲ႔ ဆာကာတို႔ ရံကစားခဲ့ၿပီး ဗ်ဴဟာပိုင္းကိုေတာ့ နည္းျပ အာတီတာက ေသခ်ာစီစဥ္လာခဲ့ပါတယ္။

လီဗာပူးလ္တို႔ကေတာ့ အဓိကတိုက္စစ္မႉး ဆာလား ဒဏ္ရာေၾကာင့္ အရန္ခုံအထိပဲ လိုက္ႏိုင္ခဲ့ၿပီး မာေနး၊ ဂ်ိဳတာတို႔နဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို တိုက္စစ္မွာ တြဲကစားခဲ့သလို ကြင္းလယ္မွာ ဖာဘင္ညိဳ၊ ဟန္ဒါဆန္နဲ႔ သီယာဂိုတို႔ကို တြဲေပးခဲ့ၿပီး ခံစစ္မွာေတာ့ ဗန္ဒိုက္၊ မာတစ္ပ္၊ ေရာဘတ္ဆန္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဂိုးသမား အယ္လစ္ဆန္တို႔ပဲ ကစားခဲ့ၾကတာပါ။

အာဆင္နယ္တို႔အေနနဲ႔ ေဘာလုံးကို ယုံၾကည္မႈရွိရွိ ကိုင္ကစားခဲ့ၿပီး တိုက္စစ္ပိုင္းမွာ တြဲလုံးနဲ႔ အဝင္အထြက္ေတြက နားလည္မႈ ေကာင္းခဲ့သလို ခံစစ္မွာလည္း အေျပးလိုက္ခ်ိန္ေတြမွာ အရွိန္ထိန္းဖို႔ အနည္းငယ္ အားနည္းတတ္တဲ့ တီယာနီကို ကူညီဖို႔ မာတီနယ္လီက ေစာင့္ကစားေပးသြားၿပီး ပါေတးရဲ႕ လုပ္အားႏႈန္းက လီဗာပူးလ္တို႔ကို အေတာ္ေလး ပိတ္ဆို႔ေစခဲ့ခ်ိန္မွာ ေထာင့္ကန္ေဘာကေန ဗန္ဒိုက္ရဲ႕ ေခါင္းတိုက္ခြင့္တစ္ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပ ကေလာ့ပ္ကလည္း လူလည္ပဲျဖစ္ၿပီး အာဆင္နယ္တို႔ ေဘာလုံးမထြက္ႏိုင္ေအာင္ သူ႔ရဲ႕ ကစားသမားေတြကို ခပ္ေဝးေဝး မသြားခိုင္းဘဲ ပိတ္ဆို႔ထားခိုင္းခဲ့ခ်ိန္မွာ အာတီတာရဲ႕ ပလန္ကေတာ့ ေျခႏုတ္ေျခသိမ္းေလးတဲ့ ဖာဘင္ညိဳနဲ႔ ခံစစ္အားနည္းတဲ့ အာႏိုးလ္ဒ္တို႔ကို အဓိက ဖိအားေပးဖို႔ ႀကိဳးစားခဲ့ၿပီး တစ္လုံးမွာဆိုရင္ ဒိုင္လူႀကီး မာရင္နာက ႐ုပ္ပ်က္ဆင္းပ်က္ကို ဘက္လိုက္ၿပီး ကာကြယ္ေပးခဲ့ရတာပါ။

အမ္းမရိတ္မွာ အာဆင္နယ္တို႔ရဲ႕ ပုံစံက လီဗာပူးလ္တို႔ကို ေကာင္းေကာင္းယွဥ္ႏိုင္ခဲ့လို႔ ကေလာ့ပ္တစ္ေယာက္ အလုပ္မျဖစ္တာနဲ႔ ဒိုင္လူႀကီးကိုပါ ေက်းဇူးမသိတတ္ဘဲ ေပါက္ကြဲေနခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ အာႏိုးလ္ဒ္ အားကိုးနဲ႔ ေနာက္တန္းေပၚကေန ေက်ာ္ခ်ဖို႔ တစ္ကြက္နဲ႔ပဲ အေျဖရွာေနခဲ့ၿပီး ပထမပိုင္းမွာေတာ့ အိမ္ရွင္ေတြ အမွားအယြင္းနည္းနည္းနဲ႔ ထိန္းကစားၿပီး ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းစၿပီး ၁ မိနစ္မွာ မာေနးဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့ၿပီး မာတီနယ္လီကေတာ့ အာႏိုးလ္ဒ္ရဲ႕ ညာျခမ္းကို အႀကိမ္ႀကိမ္ ထိုးႏွက္ေနခဲ့သလို ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ လူေပးမွားတာကို လာကာဇက္ ျဖတ္ယူၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားရာမွာ အယ္လစ္ဆန္ ကာထားခဲ့လို႔ ေနာက္ကို ျပန္ခ်ေပးတာကို ေအာ္ဒီဂြါဒ္ ကန္ရာမွာလည္း ဘရာဇီးလ္ဂိုးသမားကပဲ ပုတ္ထုတ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ေပါေပါပဲပဲနဲ႔ တစ္ဂိုးေပးခဲ့ရၿပီး ဘာမွ မထူးဆန္းတဲ့ သီယာဂိုရဲ႕ Blind Sided Pass ကို ဆီးဒရစ္ ေနရာယူပုံ အနည္းငယ္ အားနည္းခဲ့ရာမွာ ဂ်ိဳတာ လြတ္ထြက္သြားခဲ့ၿပီး ဒါကို ေထာင့္က်ဥ္းကေန ဘယ္ေျခနဲ႔ ကန္သြင္းတဲ့ ေပၚတူဂီသားရဲ႕ ဘာမွ မျပင္းတဲ့ ကန္ခ်က္ကို ဂိုးသမား ရမ္းစ္ေဒးလ္ ကာကြယ္ပုံညံ့ခဲ့လို႔ ပုတ္မထုတ္ႏိုင္ဘဲ ဂိုးဝင္သြားခဲ့ရတာျဖစ္ပါတယ္။

ဂိုးရခဲ့အၿပီးမွာေတာ့ ကစားပုံမေကာင္းတဲ့ ဂ်ိဳတာနဲ႔ ဒီယက္ဇ္တို႔အစား ဖာမီႏိုနဲ႔ ဆာလားတို႔ကို လီဗာပူးလ္တို႔ဘက္က လဲကစားခဲ့ၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဆာကာရဲ႕ ေလာႀကီးၿပီး ေရွ႕ကို ကန္တင္တဲ့ အမွားကေန ေဘာလုံးျပန္ရသြားတဲ့ ေရာဘတ္ဆန္က ခ်ိဳးေပးတာကို ဖာမီႏိုက အနီးကပ္ ပိတ္သြင္းၿပီး အေတြ႕အႀကဳံႏုေသးတဲ့ အာဆင္နယ္တို႔ကို ဒုတိယဦးေဆာင္ဂိုးနဲ႔ ထိုးႏွက္ႏိုင္ခဲ့တာပါ။

အေရးႀကီးတဲ့ အခ်ိန္အခါေတြမွာ ဆီးဒရစ္ရဲ႕ ခံစစ္မွာ ေနရာယူပုံအားနည္းမႈကလည္း ဆိုး႐ြားခဲ့ၿပီး ဒီေန႔ပြဲမွာ သူ႔ရဲ႕ ေပ်ာက္ဆုံးမႈေတြကေန သိသိႀကီးနဲ႔ အာဆင္နယ္တို႔ ခံလိုက္ရသလို ႏွစ္ဂိုးျဖစ္သြားခဲ့အၿပီးမွာေတာ့ လီဗာပူးလ္တို႔ Tempo ခ်ကစားၿပီး ေကာင္တာေတြကိုပဲ အားျပဳလာခဲ့ခ်ိန္မွာ အာတီတာကေတာ့ ေအာ္ဒီဂြါဒ္အစား စမစ္႐ိုးကို ပြဲခ်ိန္ ၆၇ မိနစ္မွာ လူစားလဲခဲ့ပါတယ္။

အာဆင္နယ္တို႔ တိုက္စစ္ျပန္ကစားေပမယ့္ ဘယ္ေျခကို သုံးမရတဲ့ မာတီနယ္လီေၾကာင့္ ေဘာလုံးမထြက္ခင္ လီဗာပူးလ္တို႔ ပိတ္ဆို႔ႏိုင္ခဲ့သလို ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဆာကာအစား ေပေပကို ထပ္ထည့္ၿပီး ညာျခမ္းကေန ဖိအားေပးဖို႔ ျပင္ဆင္လာခဲ့သလို ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ကစားအားက်လာခဲ့တဲ့ လာကာဇက္အစား နကီးတီးယားကို ေျပာင္းလဲခဲ့ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာ ခ်ာကာ ဖန္တီးေပးတာကို မာတီနယ္လီ အေကာင္းဆုံး အခြင့္အေရးတစ္ခု ရခဲ့ေပမယ့္ အေဝးတိုင္ေျခကို ေဝ့ဝိုက္ကန္ခ်က္က တိုင္ေဘးက ကပ္ထြက္သြားခဲ့လို႔ အာဆင္နယ္တို႔ ရင္နာခဲ့ရသလို ေပေပနဲ႔ စမစ္႐ိုးတို႔ ညာျခမ္းကလည္း အျမန္ႏႈန္းလိုအပ္ခ်က္ေၾကာင့္ အလုပ္မျဖစ္ခဲ့ဘဲ ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ပဲ ၿပီးဆုံးခဲ့သလို လီဗာပူးလ္တို႔ ပရီးမီးယားလိဂ္ ၉ ပြဲဆက္ႏိုင္ပြဲနဲ႔အတူ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ လီဗာပူးလ္တို႔ အမွတ္ေပးဇယားမွာ ဦးေဆာင္သူ မန္ခ်က္စတာစီးတီးနဲ႔ တစ္မွတ္အကြာကို ခ်ဥ္းကပ္ႏိုင္ခဲ့ၾကခ်ိန္မွာ အာဆင္နယ္တို႔အတြက္ေတာ့ ႀကီးႀကီးမားမား နစ္နာခဲ့ျခင္း မရွိဘဲ အဆင့္ ၄ ကို ဆက္ထိန္းထားႏိုင္ခ်ိန္မွာ ဒီလိုခက္ခဲတဲ့ ပြဲမ်ိဳးမွာ ခံစစ္ႏုနယ္မႈကလြဲလို႔ က်န္တဲ့ အစမ္းသပ္ခံ မွတ္ေက်ာက္တင္ႏိုင္မႈကို အသုံးျပဳၿပီး က်န္ပြဲေတြမွာ ပိုေကာင္းလာႏိုင္ဖို႔သာ ႀကိဳးစားရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.