International Other

ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဖျက်ဆီးခံခဲ့ရတဲ့ ယူကရိန်းဘောလုံးကွင်း

ချာနီဟစ်မြောက်ပိုင်းမြို့မှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်း ဘောလုံးကွင်းဟာ ပျက်စီးခဲ့ရပြီး တယ်လီဂရမ်နဲ့ ဖေ့စ်ဘွတ်ခ်တို့မှာ ပြသခဲ့တဲ့ ဗီဒီယိုထဲမှာ ယူကရိန်းပရီးမီးယားလိဂ်ကလပ် ဒက်စ်နာ ချာနီဟစ်အသင်းရဲ့အိမ်ကွင်း အိုလံပစ်အားကစားလေ့ကျင့်ရေးစင်တာရဲ့ ပျက်စီးမှု အတိုင်းအတာတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

လူပေါင်း ၁၂၀၆၀ ဝင်ဆံ့တဲ့ ဘောလုံးကွင်းဟာ လေကြောင်း တိုက်ခိုက်မှုရဲ့ အကျိုးသက်ရောက်မှုကြောင့် အလုံးစုံ ပျက်စီးလုနီးပါး အခြေအနေဖြစ်နေခဲ့တာကို ဓာတ်ပုံထဲမှာ မြင်တွေ့ခဲ့ရပြီး အဓိကပွဲကြည့်စင်တွေထဲက တစ်ခုဟာဆိုရင် လုံးဝ သုံးမရအောင် ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ပွဲကြည့်စင်ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျသွားခဲ့ပြီး သစ်သားအပိုင်းအစတွေနဲ့ သံအပိုင်းအစတွေ ထိုးထိုးထောင်ထောင်ထွက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဓိကအဆောက်အဦးထဲက တစ်ခုဟာ ဝါယာကြိုးတွေနဲ့ ပစ္စည်းတွေ တွဲလောင်းကျနေပြီး ပေါက်ကွဲမှုအားကြောင့် မှန်ပြူတင်းတွေလည်း ကွဲအက်သွားခဲ့တာကို မြင်တွေ့ရပါတယ်။ စိတ်ထိခိုက်စရာအကောင်းဆုံးပုံရိပ်ကတော့ ကွင်းထဲက အခြေအနေတွေကို မြင်ကွင်းကျယ် ရိုက်ချက်နဲ့ ရိုက်ထားတဲ့ပုံရိပ်ဖြစ်ပြီး တစ်ချိန်တုန်းက စိမ်းလန်းတဲ့ မြက်ခင်းတွေနဲ့ လှပတဲ့ ကစားပွဲတွေ ကျင်းပခဲ့ဖူးတဲ့နေရာဟာ လက်ရှိမှာတော့ ပျက်စီးနေပြီဖြစ်ပြီး သစ်၊ အုတ်ခဲနဲ့ သံချောင်း အပိုင်းအစတွေကို နေရာတိုင်းမှာ မြင်တွေ့နေရပြီဖြစ်ပါတယ်။

ကွင်းရဲ့ အလယ်ဗဟိုမှာလည်း မြေကြီးတွေဟာ မွစာကြဲနေပြီး လေကြောင်းတိုက်ခိုက်မှုတွေထဲက တစ်ခု ထိမှန်ခဲ့တာကြောင့် ဖြစ်တယ်လို့ ယူဆရပြီး အဓိကပွဲကြည့်စင်နောက်က ပုံရိပ်ကလည်း အလားတူမြင်ကွင်းမျိုး ဖြစ်နေတာဖြစ်ပါတယ်။ မြေကြီးပေါ်မှာ စာအုပ်တွေ ပြန့်ကြဲနေတဲ့ စာကြည့်တိုက်အနီးနားမှာလည်း ကြီးမားတဲ့တွင်းကြီးတွေကို မြင်တွေ့ရနိုင်ပြီး Mariupol ကို လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရှိခဲ့ရတဲ့ တွင်းကြီးနဲ့ ဆင်တူတဲ့ နောက်ထပ်ကြီးမားတဲ့ မီးတောင်ဝလိုမျိုး တွင်းကြီးဟာ စာကြည့်တိုက်နဲ့ ဘောလုံးကွင်းကို ပိုင်းခြားထားပါတယ်။

ဘောလုံးကွင်းကို ငှားရမ်းထားတဲ့ ဒက်စ်နာ ချာနီဟစ်အသင်းက ပေါက်ကွဲမှုဖြစ်ခဲ့တာကို သိရှိကြောင်း တရားဝင် အင်စတာဂရမ်အကောင့်မှာ ရေးသားခဲ့ပြီး ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း သတင်းစကား ထုတ်ပြန်ခဲ့ပါတယ်။ ချာနီဟစ်ဟာ ကိဗ်မြို့မြောက်ဘက် ကီလိုမီတာ ၈၀ အကွာမှာ တည်ရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီးနောက် လက်ရှိမှာ ရုရှားတပ်ဖွဲ့တွေရဲ့ ဝန်းရံပိတ်ဆို့ခြင်းခံထားရတယ်လို့ သတင်းတွေအရ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ာနီဟစ္ေျမာက္ပိုင္းၿမိဳ႕မွာ ႐ုရွားရဲ့ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ယူကရိန္း ေဘာလုံးကြင္းဟာ ပ်က္စီးခဲ့ရၿပီး တယ္လီဂရမ္နဲ႔ ေဖ့စ္ဘြတ္ခ္တို႔မွာ ျပသခဲ့တဲ့ ဗီဒီယိုထဲမွာ ယူကရိန္းပရီးမီးယားလိဂ္ကလပ္ ဒက္စ္နာ ခ်ာနီဟစ္အသင္းရဲ့အိမ္ကြင္း အိုလံပစ္အားကစားေလ့က်င့္ေရးစင္တာရဲ့ ပ်က္စီးမႈ အတိုင္းအတာေတြကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

လူေပါင္း ၁၂၀၆၀ ဝင္ဆံ့တဲ့ ေဘာလုံးကြင္းဟာ ေလေၾကာင္း တိုက္ခိုက္မႈရဲ့ အက်ိဳးသက္ေရာက္မႈေၾကာင့္ အလုံးစုံ ပ်က္စီးလုနီးပါး အေျခအေနျဖစ္ေနခဲ့တာကို ဓာတ္ပုံထဲမွာ ျမင္ေတြ႕ခဲ့ရၿပီး အဓိကပြဲၾကည့္စင္ေတြထဲက တစ္ခုဟာဆိုရင္ လုံးဝ သုံးမရေအာင္ ပ်က္စီးသြားခဲ့တာျဖစ္ပါတယ္။

ပြဲၾကည့္စင္ဟာ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ၿပိဳက်သြားခဲ့ၿပီး သစ္သားအပိုင္းအစေတြနဲ႔ သံအပိုင္းအစေတြ ထိုးထိုးေထာင္ေထာင္ထြက္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ေလေၾကာင္း ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အဓိကအေဆာက္အဦးထဲက တစ္ခုဟာ ဝါယာႀကိဳးေတြနဲ႔ ပစၥည္းေတြ တြဲေလာင္းက်ေနၿပီး ေပါက္ကြဲမႈအားေၾကာင့္ မွန္ျပဴတင္းေတြလည္း ကြဲအက္သြားခဲ့တာကို ျမင္ေတြ႕ရပါတယ္။ စိတ္ထိခိုက္စရာအေကာင္းဆုံးပုံရိပ္ကေတာ့ ကြင္းထဲက အေျခအေနေတြကို ျမင္ကြင္းက်ယ္ ရိုက္ခ်က္နဲ႔ ရိုက္ထားတဲ့ပုံရိပ္ျဖစ္ၿပီး တစ္ခ်ိန္တုန္းက စိမ္းလန္းတဲ့ ျမက္ခင္းေတြနဲ႔ လွပတဲ့ ကစားပြဲေတြ က်င္းပခဲ့ဖူးတဲ့ေနရာဟာ လက္ရွိမွာေတာ့ ပ်က္စီးေနၿပီျဖစ္ၿပီး သစ္၊ အုတ္ခဲနဲ႔ သံေခ်ာင္း အပိုင္းအစေတြကို ေနရာတိုင္းမွာ ျမင္ေတြ႕ေနရၿပီျဖစ္ပါတယ္။

ကြင္းရဲ့ အလယ္ဗဟိုမွာလည္း ေျမႀကီးေတြဟာ မြစာၾကဲေနၿပီး ေလေၾကာင္းတိုက္ခိုက္မႈေတြထဲက တစ္ခု ထိမွန္ခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ယူဆရၿပီး အဓိကပြဲၾကည့္စင္ေနာက္က ပုံရိပ္ကလည္း အလားတူျမင္ကြင္းမ်ိဳး ျဖစ္ေနတာျဖစ္ပါတယ္။ ေျမႀကီးေပၚမွာ စာအုပ္ေတြ ျပန႔္ၾကဲေနတဲ့ စာၾကည့္တိုက္အနီးနားမွာလည္း ႀကီးမားတဲ့တြင္းႀကီးေတြကို ျမင္ေတြ႕ရနိုင္ၿပီး Mariupol ကို ေလေၾကာင္းတိုက္ခိုက္ၿပီးေနာက္ ေတြ႕ရွိခဲ့ရတဲ့ တြင္းႀကီးနဲ႔ ဆင္တူတဲ့ ေနာက္ထပ္ႀကီးမားတဲ့ မီးေတာင္ဝလိုမ်ိဳး တြင္းႀကီးဟာ စာၾကည့္တိုက္နဲ႔ ေဘာလုံးကြင္းကို ပိုင္းျခားထားပါတယ္။

ေဘာလုံးကြင္းကို ငွားရမ္းထားတဲ့ ဒက္စ္နာ ခ်ာနီဟစ္အသင္းက ေပါက္ကြဲမႈျဖစ္ခဲ့တာကို သိရွိေၾကာင္း တရားဝင္ အင္စတာဂရမ္အေကာင့္မွာ ေရးသားခဲ့ၿပီး ယူကရိန္းျပည္သူေတြနဲ႔အတူ ရပ္တည္ေၾကာင္း သတင္းစကား ထုတ္ျပန္ခဲ့ပါတယ္။ ခ်ာနီဟစ္ဟာ ကိဗ္ၿမိဳ႕ေျမာက္ဘက္ ကီလိုမီတာ ၈၀ အကြာမွာ တည္ရွိၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျပင္းျပင္းထန္ထန္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရၿပီးေနာက္ လက္ရွိမွာ ႐ုရွားတပ္ဖြဲ႕ေတြရဲ့ ဝန္းရံပိတ္ဆို႔ျခင္းခံထားရတယ္လို႔ သတင္းေတြအရ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.