Match Report Premier League

တစ်ဂိုးတည်းနဲ့ သုံးမှတ်ယူပြီး တတိယနေရာကို ဆက်လက်ထိန်းသိမ်းဆဲ ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ကို အစောဆုံးကစားခဲ့ရတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာတော့ နောက်ပိုင်းပွဲတွေမှာ ဂိုးပြတ်တွေနဲ့ ပြိုင်ဘက်အသင်းတွေက အနိုင်ရနေကျ နော့ဝစ်ခ်ျအသင်းကို အိမ်ကွင်းမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်မှူး ဂျီရူးရဲ့ ပက်ပက်စက်စက် ဖြုန်းတီးမှုတွေနဲ့အတူ တစ်ဂိုးသာရရှိပြီး အနိုင်သုံးမှတ်ကိုတော့ ရယူသွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့အနေနဲ့ အရင်ပွဲတွေမှာ သူတို့ ခံခဲ့ရတဲ့ တောင်ပံနဲ့ နောက်တန်းကြားက Space တွေကို တတ်နိုင်သလောက် လျှော့ချခဲ့တာကို မြင်ရသလို မလိုအပ်ဘဲ အတင်းဖိအားမပေးဘဲ Overload ဖြစ်မယ့် ပုံစံမျိုးကို ရှောင်ရှားနေခဲ့ပြီး ကွင်းလယ်က ဂျော်ဂျင်ညိုရဲ့ Passing Range ကိုလည်း အသုံးချပြီး ထိုးစစ်ဆင်ခဲ့ပေမယ့် တန်းဆင်းသွားခဲ့တဲ့ နော့ဝစ်ခ်ျတို့ကလည်း အရှက်တကွဲမဖြစ်ဖို့ ပိတ်ကစားခဲ့ကြပါတယ်။

ဒါမစ်ကို အထောင်ထားပြီး ပွဲထွက်လာခဲ့တဲ့ နော့ဝစ်ခ်ျတိုက်စစ်ကတော့ ချဲလ်ဆီးကို ဖိအားပေးနိုင်စွမ်းမရှိသလို အိမ်ရှင်တွေအနေနဲ့ ဒီပွဲမှာ သတိကြီးကြီးထားကစားခဲ့တဲ့အတွက် ဂိုးသမား ကီပါအနေနဲ့ တစ်လုံးမှတောင် ကာကွယ်မှု မပြုခဲ့ရတာကိုလည်း တွေ့မြင်နိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုကို အခြေပြုပြီး ဂိုးမပေးရဖို့ ဦးစားပေးခဲ့ပါတယ်။

တိုက်စစ်မှူး ဂျီရူးကတော့ နောက်လာမယ့် တိုက်စစ်မှူးသစ် တီမို ဗာနာအတွက် ပရိုမိုးရှင်းဆင်းနေသလားလို့ ထင်ရအောင် ဖြုန်းတီးခဲ့သလို သူနဲ့ မကြာခဏ တွဲလုံးတွေ ဖြစ်နေတဲ့ ပူလီဆစ်ခ်ျကိုလည်း ဘောလုံးမပေးဘဲ တစ်ကိုယ်ကောင်းဆန်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာတော့ ပူလီဆစ်ခ်ျရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ဒီပွဲရဲ့ တစ်လုံးတည်းသော ဂိုးကို ရယူသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးရဲ့ အပိုင်အခွင့်အရေးတချို့ကို နော့ဝစ်ခ်ျဂိုးသမား ကရူးလ် ကာကွယ်သွားနိုင်ခဲ့လို့ ဂိုးထပ်မရခဲ့ဘဲ သုံးမှတ်ရသင့်တဲ့ ပွဲကို နည်းပြ လမ်းပတ်တို့ အရင်ပွဲတွေကထက် ခြားနားတဲ့ Slow Tempo ပုံစံနဲ့ ကာကွယ်သွားနိုင်ခဲ့ပြီး အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်ပြီး ခက်ခဲမယ့် လီဗာပူးလ်နဲ့ အဝေးကွင်းပွဲမတိုင်ခင် အမှတ်ရှာဖွေထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ကို အစောဆုံးကစားခဲ့ရတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာတော့ နောက်ပိုင်းပွဲတွေမှာ ဂိုးပြတ်တွေနဲ့ ပြိုင်ဘက်အသင်းတွေက အနိုင်ရနေကျ နော့ဝစ်ချ်အသင်းကို အိမ်ကွင်းမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်မှူး ဂျီရူးရဲ့ ပက်ပက်စက်စက် ဖြုန်းတီးမှုတွေနဲ့အတူ တစ်ဂိုးသာရရှိပြီး အနိုင်သုံးမှတ်ကိုတော့ ရယူသွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့အနေနဲ့ အရင်ပွဲတွေမှာ သူတို့ ခံခဲ့ရတဲ့ တောင်ပံနဲ့ နောက်တန်းကြားက Space တွေကို တတ်နိုင်သလောက် လျှော့ချခဲ့တာကို မြင်ရသလို မလိုအပ်ဘဲ အတင်းဖိအားမပေးဘဲ Overload ဖြစ်မယ့် ပုံစံမျိုးကို ရှောင်ရှားနေခဲ့ပြီး ကွင်းလယ်က ဂျော်ဂျင်ညိုရဲ့ Passing Range ကိုလည်း အသုံးချပြီး ထိုးစစ်ဆင်ခဲ့ပေမယ့် တန်းဆင်းသွားခဲ့တဲ့ နော့ဝစ်ချ်တို့ကလည်း အရှက်တကွဲမဖြစ်ဖို့ ပိတ်ကစားခဲ့ကြပါတယ်။

ဒါမစ်ကို အထောင်ထားပြီး ပွဲထွက်လာခဲ့တဲ့ နော့ဝစ်ချ်တိုက်စစ်ကတော့ ချဲလ်ဆီးကို ဖိအားပေးနိုင်စွမ်းမရှိသလို အိမ်ရှင်တွေအနေနဲ့ ဒီပွဲမှာ သတိကြီးကြီးထားကစားခဲ့တဲ့အတွက် ဂိုးသမား ကီပါအနေနဲ့ တစ်လုံးမှတောင် ကာကွယ်မှု မပြုခဲ့ရတာကိုလည်း တွေ့မြင်နိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုကို အခြေပြုပြီး ဂိုးမပေးရဖို့ ဦးစားပေးခဲ့ပါတယ်။

တိုက်စစ်မှူး ဂျီရူးကတော့ နောက်လာမယ့် တိုက်စစ်မှူးသစ် တီမို ဗာနာအတွက် ပရိုမိုးရှင်းဆင်းနေသလားလို့ ထင်ရအောင် ဖြုန်းတီးခဲ့သလို သူနဲ့ မကြာခဏ တွဲလုံးတွေ ဖြစ်နေတဲ့ ပူလီဆစ်ချ်ကိုလည်း ဘောလုံးမပေးဘဲ တစ်ကိုယ်ကောင်းဆန်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာတော့ ပူလီဆစ်ချ်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ဒီပွဲရဲ့ တစ်လုံးတည်းသော ဂိုးကို ရယူသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးရဲ့ အပိုင်အခွင့်အရေးတချို့ကို နော့ဝစ်ချ်ဂိုးသမား ကရူးလ် ကာကွယ်သွားနိုင်ခဲ့လို့ ဂိုးထပ်မရခဲ့ဘဲ သုံးမှတ်ရသင့်တဲ့ ပွဲကို နည်းပြ လမ်းပတ်တို့ အရင်ပွဲတွေကထက် ခြားနားတဲ့ Slow Tempo ပုံစံနဲ့ ကာကွယ်သွားနိုင်ခဲ့ပြီး အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်ပြီး ခက်ခဲမယ့် လီဗာပူးလ်နဲ့ အဝေးကွင်းပွဲမတိုင်ခင် အမှတ်ရှာဖွေထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.