Premier League Transfer News

မန္ခ်က္စတာၿမဳိ႕အတြက္ အခ်က္ေပးသံအျဖစ္ ရွကရီညာကို ေရာင္းခ်ဖို႔ အင္တာ အသံထြက္လာ

မန္ခ်က္စတာယူႏုိက္တက္နဲ႔ မန္ခ်က္စတာစီးတီးအသင္းေတြကေန ေစာင့္ၾကည့္ေနၿပီးမွ ေရာင္းခ်ဖို႔ မရွိဘူးလို႔ တုံ႔ျပန္ထားခဲ့ဖူးလုိ႔ လက္ေလွ်ာ့ထားခဲ့ရတဲ့ ေနာက္ခံလူ မီလန္ ရွကရီညာကို အင္တာမီလန္ဘက္က ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ နည္းျပ အန္တိုနီယို ကြန္တီက ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

တည္တည္ၿငိမ္ၿငိမ္နဲ႔ အထိုင္ဖ်က္ကစားတတ္တဲ့ ေနာက္ခံဗဟိုကစားသမားအျဖစ္ ကစားႏုိင္သူေတြ နည္းပါးတဲ့ ပရီးမီးယားလိဂ္မွာ ဒီလိုကစားသမားမ်ဳိးကို ပုိင္ဆုိင္ထားတာဆုိလို႔ လီဗာပူးလ္တစ္သင္းသာ ဗာဂ်ီးလ္ ဗန္ဒိုက္ကို ရရွိထားခ်ိန္မွာ သူတုိ႔နဲ႔ အဓိကၿပဳိင္ဘက္ေတြျဖစ္တဲ့ မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းက ရွကရီညာကို အလိုရွိေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ အဓိကေနာက္ခံလူ ေအးမရစ္ လာေပါ့တ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းေခါင္းေဆာင္ေနာက္ခံလူ ဟာရီ မက္ဂြဳိင္းယားတုိ႔ဟာ အထိုင္ဖ်က္ဖို႔ထက္ ေရွ႕တက္ဖ်က္ထုတ္ဖို႔နဲ႔ တုိက္စစ္လုိက္ပါဖို႔ကို ပုိမိုအားသန္ၾကသူေတြျဖစ္တဲ့အတြက္ သူတို႔ရဲ႕ တြဲဖက္ခံစစ္မွဴး တစ္ဦးကို အၿပဳိင္ရွာေဖြေနၾကတာလည္းျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ဆလိုဗက္ကီးယားလက္ေရြးစင္ေနာက္ခံလူဟာ အင္တာမီလန္အသင္းကို ၂၀၁၇ ေႏြရာသီမွာ ေျပာင္းေရႊ႕ေၾကး ယူ႐ို သန္း ၂၀ နဲ႔ တုိက္စစ္မွဴး ဂ်န္လူကာ ကာပါရီကို အလိုက္ေပးေခၚယူခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏုိက္တက္ဆီကို ေပါင္ ၅၄ သန္းနဲ႔ ေျပာင္းေရႊ႕ႏိုင္တယ္လုိ႔ အီတလီအေျခစိုက္ ေကာ္ရီယာ ဒယ္လိုစပုိ႔စ္က ခန္႔မွန္းထားပါတယ္။

ဒါေပမယ့္ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးအေနနဲ႔လည္း လာမယ့္ရာသီမွာ ေငြသုံးႏုိင္ခြင့္ အျပည့္အဝရွိသြားခဲ့တာေၾကာင့္ ရွကရီညာအတြက္ မန္ခ်က္စတာဒါဘီကို ျမင္ေတြ႕ရႏိုင္ၿပီး ဂြါဒီယိုလာနဲ႔ ဆိုးလ္ရွားတုိ႔ႏွစ္ေယာက္ ဘယ္သူက လက္ဦးမွဳရယူၿပီး စည္း႐ုံးသြားႏုိင္မလဲဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတွေကနေ စောင့်ကြည့်နေပြီးမှ ရောင်းချဖို့ မရှိဘူးလို့ တုံ့ပြန်ထားခဲ့ဖူးလို့ လက်လျှော့ထားခဲ့ရတဲ့ နောက်ခံလူ မီလန် ရှကရီညာကို အင်တာမီလန်ဘက်က ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ အန်တိုနီယို ကွန်တီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တည်တည်ငြိမ်ငြိမ်နဲ့ အထိုင်ဖျက်ကစားတတ်တဲ့ နောက်ခံဗဟိုကစားသမားအဖြစ် ကစားနိုင်သူတွေ နည်းပါးတဲ့ ပရီးမီးယားလိဂ်မှာ ဒီလိုကစားသမားမျိုးကို ပိုင်ဆိုင်ထားတာဆိုလို့ လီဗာပူးလ်တစ်သင်းသာ ဗာဂျီးလ် ဗန်ဒိုက်ကို ရရှိထားချိန်မှာ သူတို့နဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာမြို့ခံနှစ်သင်းက ရှကရီညာကို အလိုရှိနေခဲ့ကြတာလည်းဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ အဓိကနောက်ခံလူ အေးမရစ် လာပေါ့တ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားတို့ဟာ အထိုင်ဖျက်ဖို့ထက် ရှေ့တက်ဖျက်ထုတ်ဖို့နဲ့ တိုက်စစ်လိုက်ပါဖို့ကို ပိုမိုအားသန်ကြသူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ တွဲဖက်ခံစစ်မှူး တစ်ဦးကို အပြိုင်ရှာဖွေနေကြတာလည်းဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆလိုဗက်ကီးယားလက်ရွေးစင်နောက်ခံလူဟာ အင်တာမီလန်အသင်းကို ၂၀၁၇ နွေရာသီမှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ နဲ့ တိုက်စစ်မှူး ဂျန်လူကာ ကာပါရီကို အလိုက်ပေးခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်ဆီကို ပေါင် ၅၄ သန်းနဲ့ ပြောင်းရွှေ့နိုင်တယ်လို့ အီတလီအခြေစိုက် ကော်ရီယာ ဒယ်လိုစပို့စ်က ခန့်မှန်းထားပါတယ်။

ဒါပေမယ့် မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအနေနဲ့လည်း လာမယ့်ရာသီမှာ ငွေသုံးနိုင်ခွင့် အပြည့်အဝရှိသွားခဲ့တာကြောင့် ရှကရီညာအတွက် မန်ချက်စတာဒါဘီကို မြင်တွေ့ရနိုင်ပြီး ဂွါဒီယိုလာနဲ့ ဆိုးလ်ရှားတို့နှစ်ယောက် ဘယ်သူက လက်ဦးမှုရယူပြီး စည်းရုံးသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.