Bundesliga La Liga Ligue1 Premier League Serie A

ဂ်ဴဗင္တပ္စ္၊ လီဗာပူးလ္တုိ႔ တိုက္စစ္ေတြထက္ သာလြန္ေနခဲ့တဲ့ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ပြဲစဥ္ေတြမွာ ေတာက္ေလွ်ာက္ ဂိုးေတြ သြင္းယူေပးေနခဲ့တဲ့ တုိက္စစ္မွဴးသုံးဦးျဖစ္ၾကတဲ့ အန္တိုနီ မာစီယယ္လ္၊ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ေမဆန္ ဂရင္းဝုဒ္တုိ႔ဟာ ဒီရာသီၿပဳိင္ပြဲစုံမွာ သုံးေယာက္တုိက္စစ္ခ်င္းယွဥ္ရင္ ဥေရာပ အသင္းႀကီးေတြထဲက လီဗာပူးလ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြကို အသာရရွိထားခဲ့တယ္လို႔ သိရပါတယ္။

မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္က ၂၁ ဂိုးစီနဲ႔ ဂရင္းဝုဒ္က ၁၆ ဂိုး သြင္းယူခဲ့ၿပီး အတြဲလုိက္သြင္းဂိုး ၅၈ ဂိုးရွိခဲ့တဲ့ ယူႏုိက္တက္ရဲ႕ 3M – Martial, Marcus, Mason တုိက္စစ္အတြဲဟာ ျပည္တြင္းမွာေတာ့ ၿမဳိ႕ခံၿပဳိင္ဘက္တစ္သင္းကလြဲရင္ က်န္တဲ့ တုိက္စစ္သုံးေယာက္တြဲေတြကို အသာရခဲ့ၿပီး လီဗာပူးလ္တုိက္စစ္အတြဲကို ေနာက္မွာ ခ်န္ထားႏုိင္ခဲ့တာကေတာ့ ေက်နပ္စရာလည္းျဖစ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ ၁၆ ဂိုးစီ သြင္းယူႏုိင္ခဲ့တဲ့ မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ဟာ သူတုိ႔ရဲ႕ ဂိုးသြင္းအျမင့္မားဆုံး ရာသီကိုလည္း ျဖတ္သန္းေနၾကတာျဖစ္ၿပီး သူတုိ႔ရဲ႕ ၿပီးခဲ့တဲ့ ရာသီေတြမွာ အမ်ားဆုံးသြင္းယူႏုိင္ခဲ့ၾကတာကေတာ့ ၁၀ ဂိုးစီပဲ ျဖစ္ခဲ့ၾကသလို ဒီရာသီမွာေတာ့ ဂရင္းဝုဒ္နဲ႔ ကစားသမားသစ္ ဘ႐ူႏို ဖာနန္ဒက္စ္တုိ႔ရဲ႕ အားျဖည့္မွဳေတြနဲ႔ ဂိုးပိုမိုရရွိလာခဲ့ၾကပါတယ္။

ဥေရာပရဲ႕ သုံးေယာက္တုိက္စစ္အတြဲေတြ သြင္းယူထားခဲ့တဲ့ မွတ္တမ္းေတြထဲမွာ ဘင္ဇီးမား၊ ဗီနီးရွပ္စ္၊ ဟာဇက္ (ရီးရဲလ္မက္ဒရစ္) – ဂုိး ၃၀၊ ရြဳိက္စ္၊ ဆန္ခ်ဳိ၊ ဟားလန္း (ေဒါ့မြန္) – ၄၈ ဂိုး၊ မာေနး၊ ဆာလား၊ ဖာမီႏို (လီဗာပူးလ္) – ၅၄ ဂိုး၊ ေရာ္နယ္လ္ဒို၊ ဒီဘားလား၊ ဟီဂူအင္ (ဂ်ဴဗင္တပ္စ္) – ၅၇ ဂိုးတို႔က ယူႏုိက္တက္ရဲ႕ ေအာက္မွာ ရပ္တည္ခဲ့ၾကပါတယ္။

သူတုိ႔ရဲ႕အထက္မွာေတာ့ မက္ဆီ၊ ဆြာရက္ဇ္၊ ဂရစ္ဇ္မန္း (ဘာစီလိုနာ) – ဂိုး ၆၀၊ အေဂြ႐ုိ၊ မာရက္ဇ္၊ စတာလင္ (မန္စီးတီး) – ၆၂ ဂိုး၊ ေနမာ၊ အီကာဒီ၊ အမ္ဘက္ေပ (ပီအက္စ္ဂ်ီ) – ၆၈ ဂိုး၊ လီဗန္ေဒါ့ဗ္စကီး၊ မူလာ၊ ဂနာဘရီ (ဘုိင္ယန္ျမဴးနစ္) – ၈၃ ဂိုးေတြနဲ႔ အသီးသီး မွတ္တမ္းဝင္ထားခဲ့ၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
3M WORD CHOICE BY SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲစဉ်တွေမှာ တောက်လျှောက် ဂိုးတွေ သွင်းယူပေးနေခဲ့တဲ့ တိုက်စစ်မှူးသုံးဦးဖြစ်ကြတဲ့ အန်တိုနီ မာစီယယ်လ်၊ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ မေဆန် ဂရင်းဝုဒ်တို့ဟာ ဒီရာသီပြိုင်ပွဲစုံမှာ သုံးယောက်တိုက်စစ်ချင်းယှဉ်ရင် ဥရောပ အသင်းကြီးတွေထဲက လီဗာပူးလ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေကို အသာရရှိထားခဲ့တယ်လို့ သိရပါတယ်။

မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်က ၂၁ ဂိုးစီနဲ့ ဂရင်းဝုဒ်က ၁၆ ဂိုး သွင်းယူခဲ့ပြီး အတွဲလိုက်သွင်းဂိုး ၅၈ ဂိုးရှိခဲ့တဲ့ ယူနိုက်တက်ရဲ့ 3M – Martial, Marcus, Mason တိုက်စစ်အတွဲဟာ ပြည်တွင်းမှာတော့ မြို့ခံပြိုင်ဘက်တစ်သင်းကလွဲရင် ကျန်တဲ့ တိုက်စစ်သုံးယောက်တွဲတွေကို အသာရခဲ့ပြီး လီဗာပူးလ်တိုက်စစ်အတွဲကို နောက်မှာ ချန်ထားနိုင်ခဲ့တာကတော့ ကျေနပ်စရာလည်းဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ၁၆ ဂိုးစီ သွင်းယူနိုင်ခဲ့တဲ့ မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ သူတို့ရဲ့ ဂိုးသွင်းအမြင့်မားဆုံး ရာသီကိုလည်း ဖြတ်သန်းနေကြတာဖြစ်ပြီး သူတို့ရဲ့ ပြီးခဲ့တဲ့ ရာသီတွေမှာ အများဆုံးသွင်းယူနိုင်ခဲ့ကြတာကတော့ ၁၀ ဂိုးစီပဲ ဖြစ်ခဲ့ကြသလို ဒီရာသီမှာတော့ ဂရင်းဝုဒ်နဲ့ ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ အားဖြည့်မှုတွေနဲ့ ဂိုးပိုမိုရရှိလာခဲ့ကြပါတယ်။

ဥရောပရဲ့ သုံးယောက်တိုက်စစ်အတွဲတွေ သွင်းယူထားခဲ့တဲ့ မှတ်တမ်းတွေထဲမှာ ဘင်ဇီးမား၊ ဗီနီးရှပ်စ်၊ ဟာဇက် (ရီးရဲလ်မက်ဒရစ်) – ဂိုး ၃၀၊ ရွိုက်စ်၊ ဆန်ချို၊ ဟားလန်း (ဒေါ့မွန်) – ၄၈ ဂိုး၊ မာနေး၊ ဆာလား၊ ဖာမီနို (လီဗာပူးလ်) – ၅၄ ဂိုး၊ ရော်နယ်လ်ဒို၊ ဒီဘားလား၊ ဟီဂူအင် (ဂျူဗင်တပ်စ်) – ၅၇ ဂိုးတို့က ယူနိုက်တက်ရဲ့ အောက်မှာ ရပ်တည်ခဲ့ကြပါတယ်။

သူတို့ရဲ့အထက်မှာတော့ မက်ဆီ၊ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်း (ဘာစီလိုနာ) – ဂိုး ၆၀၊ အဂွေရို၊ မာရက်ဇ်၊ စတာလင် (မန်စီးတီး) – ၆၂ ဂိုး၊ နေမာ၊ အီကာဒီ၊ အမ်ဘက်ပေ (ပီအက်စ်ဂျီ) – ၆၈ ဂိုး၊ လီဗန်ဒေါ့ဗ်စကီး၊ မူလာ၊ ဂနာဘရီ (ဘိုင်ယန်မြူးနစ်) – ၈၃ ဂိုးတွေနဲ့ အသီးသီး မှတ်တမ်းဝင်ထားခဲ့ကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
3M WORD CHOICE BY SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.