Analysis Premier League Ukraine-Russian War

ယူကရိန်းကို အားပေးတဲ့ ဘရိုက်တန် 0-2 လီဗာပူးလ် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ယူကရိန်းကို အားပေးမယ်
အိမ်ရှင် ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကတော့ အကြောင်းမသိသူတွေ အံ့အားသင့်စရာဖြစ်ခဲ့ရပြီး ပင်လယ်စင်ရော်တွေအနေနဲ့ တတိယ ဝတ်စုံကို ရွေးချယ်ထားခဲ့တာဖြစ်ပါတယ်။ အဖြူအပြာကျား ပထမဝတ်စုံနဲ့ အပြာအပေါ် အောက်အဖြူ ဒုတိယဝတ်စုံကို ဖယ်ထားခဲ့ချိန်မှာ အပေါ်အဝါနဲ့ အောက်အပြာကတော့ ယူကရိန်းနိုင်ငံအလံနဲ့ ပြောင်းပြန်ဖြစ်နေတာကလွဲလို့ အရောင်တွေ အကုန်တူနေခဲ့တာဖြစ်ပြီး ဘရိုက်တန်တို့အနေနဲ့ ရုရှားစစ်ကြောင့် ဒုက္ခတွေ့နေရတဲ့သူတွေကို ထောက်ခံအားပေးဖို့ ရွေးချယ်ဝတ်ဆင်ခဲ့တာလို့ သိရပါတယ်။

ဒီယက်ဇ်ရဲ့ ရဲရင့်မှု
လီဗာပူးလ်တို့ရဲ့ အဖွင့်ဂိုးကို ရရှိခဲ့တာကတော့ တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ရဲ့ သတ္တိရှိရှိ ရင်ဆိုင်ခဲ့တဲ့ ခေါင်းတိုက်ချက်ကြောင့်ဖြစ်ပြီး ဒီဂိုးမှာ ဘရိုက်တန်ဂိုးသမား ရောဘတ် ဆန်ချက်ဇ်ကတော့ သူ့ရှေ့က တစ်ကိုယ်လုံးဝင်ပြီး ပိတ်ဆို့ခဲ့တာဖြစ်သလို ဂိုးဝင်သွားအပြီးမှာတော့ ကျောနံပါတ် ၂၃ ရှင်အနေနဲ့ လဲကျပြီး ပြုစုကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ကစားသမားဘဝ ဒုတိယမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့တဲ့ ကိုလံဘီယာသားဟာ တိုက်စစ်မှူးတစ်ဦး လုပ်ကို လုပ်ရမယ့် အလုပ်ကို ရဲရင့်မှုနဲ့ လုပ်ပြခဲ့တာကို ပွဲအပြီးမှာ နည်းပြ ယာဂန် ကလော့ပ်က ချီးကျူးသွားခဲ့တာပါ။

စံချိန်ကောင်းတွေနဲ့ ဆာလား
ဒီနေ့ပွဲမှာ ပင်နယ်တီကနေ တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆာလားကတော့ သူ့ရဲ့ ၁၈ ဂိုးမြောက် ပရီးမီးယားလိဂ် ပင်နယ်တီကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ သွင်းဂိုး ၂၀ ပြည့်ခဲ့တာလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ၅ ရာသီဆက်တိုက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ ရရှိဖို့အတွက်ကတော့ ၂၀၁၉-၂၀ ရာသီက ၁၉ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အတွက် ပျက်ပြားခဲ့ရပေမယ့် လီဗာပူးလ်တို့အတွက် ၁၇၁ ပွဲမှာ ၁၁၅ ဂိုးသွင်းထားပြီး ဝင့်ကြွားနိုင်ဆဲလည်းဖြစ်ပါတယ်။ ဒီရာသီမှာ အနီးဆုံးနေရာက ကစားသမားကို ၈ ဂိုးအသာနဲ့ ဦးဆောင်ထားခဲ့တဲ့ အီဂျစ်သားကတော့ သူ့ရဲ့ တတိယမြောက် ပရီးမီးယားလိဂ်ရွှေဖိနပ်ကို ရယူဖို့ အခြေအနေအကောင်းဆုံးလည်းဖြစ်ခဲ့ပါတယ်။

မိုက်ဒင်းန်ရေ… VAR ချင်း ကျေပြီ
မိုက်ဒင်းန်လို သောက်တလွဲဒိုင်နဲ့တော့ တစ်ခုမဟုတ်တစ်ခု မြင်ရလိမ့်မယ်လို့ ပရိသတ်တွေ ကြိုတွက်ထားခဲ့တာ တကယ်ပဲ မှန်ခဲ့ပါတယ်။ လီဗာပူးလ်တို့ရဲ့ ပထမဂိုးကို သွင်းယူခဲ့တဲ့ လူးဝစ် ဒီယက်ဇ်အပေါ် ဘရိုက်တန်ဂိုးသမား ရောဘတ် ဆန်ချက်ဇ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုအတွက် လျစ်လျူရှုခဲ့ပြီး VAR က ဘာမှ မပြောခဲ့တာအတွက် အဝေးကွင်းပရိသတ်တွေ အံ့အားသင့်ခဲ့ကြရတာက ပထမပိုင်းမှာပါ။ ဒုတိယပိုင်းမှာတော့ ပွဲချိန် ၆၃ မိနစ်မှာ ဧရိယာရဲ့ အပြင်ကို လူက ရောက်နေပြီး ဘောလုံးဟာ စည်းကို ကျော်လာခဲ့သလားဆိုတာ ကံသေကံမ မပြောနိုင်ချိန်မှာ တိတိကျကျ ဆောင်ရွက်ပေးရမယ့် တာဝန်ကို ပျက်ကွက်ခဲ့ပြန်တာက အိမ်ကွင်းပရိသတ်တွေ အော်ဟစ်လှောင်ပြောင်ဖို့ ဖြစ်ခဲ့ရပါတယ်။

အီဒါဆန်ကို အမီလိုက်တဲ့ အယ်လစ်ဆန်
ဘရာဇီးလ်အသင်းမှာလည်း ဒီဂိုးသမားနှစ်ယောက်ကပဲ ပြိုင်ဆိုင်နေကြပြီး အသက်အနည်းငယ် ပိုကြီးတဲ့ လီဗာပူးလ်ကစားသမားက စတန့်တွေ လုပ်ပြတတ်တဲ့ မန်စီးတီးကစားသမားလောက်တော့ ပရိသတ်တွေရှေ့မှာ ပေါ်ပြူလာ သိပ်မဖြစ်တာပါ။ ဘရာဇီးလ်မှာ ပွဲပိုကစားထားပြီး နေရာပိုရနေတဲ့ အယ်လစ်ဆန်အနေနဲ့ ၅၂ ပွဲအထိ ကစားထားခဲ့ချိန်မှာ ၁၈ ပွဲသာ ကစားထားရတဲ့ အီဒါဆန်အပေါ် မှတ်တမ်းမှတ်ရာတွေအရ သိပ်ပြီး ကွာဟနိမ့်ပါးလို့ မဖြစ်ချိန်မှာ ဒီနေ့ပွဲကတော့ သူ့အတွက် ဂုဏ်သိက္ခာကို ရှာဖွေနိုင်ခဲ့တဲ့ ပွဲဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ Clean Sheet ရတဲ့ပွဲ ၁၅ ပွဲချင်း တူညီနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မှားလို့ မရကြောင်း သတိပေးလိုက်တဲ့ လီဗာပူးလ်
ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းရဲ့ ခံစစ်နဲ့ ခြေစွမ်းက ပိုမိုတည်ငြိမ်နေပြီး တကယ်လို့ အမှတ်လျော့ခဲ့ရင်တောင် ဂိုးမသွင်းနိုင်လို့ သရေကျတာမျိုးနဲ့ သိပ်ကို ကံဆိုးလွန်းမှ တစ်ဂိုးလောက်နဲ့ ကပ်ရှုံးတာမျိုးဖြစ်တတ်တာပါ။ ဒီအချိန်မှာ မန်စီးတီးတို့ကတော့ ခံစစ်က အရောင်းကြမ်းတတ်ပြီး တချို့ပွဲတွေမှာ ကံကောင်းလို့ အနိုင်ရခဲ့တာမျိုးတွေကိုလည်း မြင်တွေ့နေရပါတယ်။ ဒီနေ့ပွဲမှာလည်း လီဗာပူးလ်တို့ အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့ပြီး မာနေးရော ဆာလားပါ ပုံမှန်ခြေထက် တစ်ဆင့်နိမ့်နေပေမယ့် လူးဝစ် ဒီယက်ဇ်က အဖွင့်ဂိုး သွင်းယူပေးခဲ့သလို အချိန်တန်တော့ ဆာလားက ပင်နယ်တီတစ်လုံးနဲ့ အနိုင်သေချာစေပြီး သုံးမှတ်အကွာကနေ ဦးဆောင်သူတွေကို ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ကွင်းထဲလာလည်တဲ့ စံချိန်ကို လိုက်မီသွားတဲ့ လယ်လာနာ
လီဗာပူးလ်ကစားသမားဟောင်း အဒမ် လယ်လာနာကတော့ ဒီနေ့ပွဲမှာ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းအစမှာ အသင်းဖော် အယ်လ်ဇာတေအစား လူစားဝင်လာခဲ့ပေမယ့် ၇ မိနစ်အကြာမှာတော့ ဒဏ်ရာရရှိပြီး နောက်ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ပါစကယ်လ် ဂရော့စ်နဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ကြံ့ခိုင်မှုနည်းတယ်လို့ နာမည်ဆိုးထွက်နေတဲ့ လယ်လာနာရဲ့ အရန်ခုံကနေ လူစားဝင်ပြီး နောက်တစ်ခါ ပြန်လဲခံရတဲ့ အကြိမ်ရေကတော့ ၄ ကြိမ်ရှိသွားခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဒီစံချိန်ကို ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်လ်ကစားသမားဟောင်း ကိသ် ဂယ်လက်စပီနဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူကရိန္းကို အားေပးမယ္
အိမ္ရွင္ ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဝတ္ဆင္ခဲ့တဲ့ ဝတ္စုံကေတာ့ အေၾကာင္းမသိသူေတြ အံ့အားသင့္စရာျဖစ္ခဲ့ရၿပီး ပင္လယ္စင္ေရာ္ေတြအေနနဲ႔ တတိယ ဝတ္စုံကို ေ႐ြးခ်ယ္ထားခဲ့တာျဖစ္ပါတယ္။ အျဖဴအျပာက်ား ပထမဝတ္စုံနဲ႔ အျပာအေပၚ ေအာက္အျဖဴ ဒုတိယဝတ္စုံကို ဖယ္ထားခဲ့ခ်ိန္မွာ အေပၚအဝါနဲ႔ ေအာက္အျပာကေတာ့ ယူကရိန္းႏိုင္ငံအလံနဲ႔ ေျပာင္းျပန္ျဖစ္ေနတာကလြဲလို႔ အေရာင္ေတြ အကုန္တူေနခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္တို႔အေနနဲ႔ ႐ုရွားစစ္ေၾကာင့္ ဒုကၡေတြ႕ေနရတဲ့သူေတြကို ေထာက္ခံအားေပးဖို႔ ေ႐ြးခ်ယ္ဝတ္ဆင္ခဲ့တာလို႔ သိရပါတယ္။

ဒီယက္ဇ္ရဲ႕ ရဲရင့္မႈ
လီဗာပူးလ္တို႔ရဲ႕ အဖြင့္ဂိုးကို ရရွိခဲ့တာကေတာ့ တိုက္စစ္မႉး လူးဝစ္ ဒီယက္ဇ္ရဲ႕ သတၱိရွိရွိ ရင္ဆိုင္ခဲ့တဲ့ ေခါင္းတိုက္ခ်က္ေၾကာင့္ျဖစ္ၿပီး ဒီဂိုးမွာ ဘ႐ိုက္တန္ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္ကေတာ့ သူ႔ေရွ႕က တစ္ကိုယ္လုံးဝင္ၿပီး ပိတ္ဆို႔ခဲ့တာျဖစ္သလို ဂိုးဝင္သြားအၿပီးမွာေတာ့ ေက်ာနံပါတ္ ၂၃ ရွင္အေနနဲ႔ လဲက်ၿပီး ျပဳစုကုသမႈ ခံယူခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္ကစားသမားဘဝ ဒုတိယေျမာက္သြင္းဂိုးကို ရယူႏိုင္ခဲ့တဲ့ ကိုလံဘီယာသားဟာ တိုက္စစ္မႉးတစ္ဦး လုပ္ကို လုပ္ရမယ့္ အလုပ္ကို ရဲရင့္မႈနဲ႔ လုပ္ျပခဲ့တာကို ပြဲအၿပီးမွာ နည္းျပ ယာဂန္ ကေလာ့ပ္က ခ်ီးက်ဴးသြားခဲ့တာပါ။

စံခ်ိန္ေကာင္းေတြနဲ႔ ဆာလား
ဒီေန႔ပြဲမွာ ပင္နယ္တီကေန တစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဆာလားကေတာ့ သူ႔ရဲ႕ ၁၈ ဂိုးေျမာက္ ပရီးမီးယားလိဂ္ ပင္နယ္တီကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီရာသီမွာ သြင္းဂိုး ၂၀ ျပည့္ခဲ့တာလည္းျဖစ္ပါတယ္။ သူ႔အေနနဲ႔ ၅ ရာသီဆက္တိုက္ ပရီးမီးယားလိဂ္သြင္းဂိုး ၂၀ ရရွိဖို႔အတြက္ကေတာ့ ၂၀၁၉-၂၀ ရာသီက ၁၉ ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့အတြက္ ပ်က္ျပားခဲ့ရေပမယ့္ လီဗာပူးလ္တို႔အတြက္ ၁၇၁ ပြဲမွာ ၁၁၅ ဂိုးသြင္းထားၿပီး ဝင့္ႂကြားႏိုင္ဆဲလည္းျဖစ္ပါတယ္။ ဒီရာသီမွာ အနီးဆုံးေနရာက ကစားသမားကို ၈ ဂိုးအသာနဲ႔ ဦးေဆာင္ထားခဲ့တဲ့ အီဂ်စ္သားကေတာ့ သူ႔ရဲ႕ တတိယေျမာက္ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ကို ရယူဖို႔ အေျခအေနအေကာင္းဆုံးလည္းျဖစ္ခဲ့ပါတယ္။

မိုက္ဒင္းန္ေရ… VAR ခ်င္း ေက်ၿပီ
မိုက္ဒင္းန္လို ေသာက္တလြဲဒိုင္နဲ႔ေတာ့ တစ္ခုမဟုတ္တစ္ခု ျမင္ရလိမ့္မယ္လို႔ ပရိသတ္ေတြ ႀကိဳတြက္ထားခဲ့တာ တကယ္ပဲ မွန္ခဲ့ပါတယ္။ လီဗာပူးလ္တို႔ရဲ႕ ပထမဂိုးကို သြင္းယူခဲ့တဲ့ လူးဝစ္ ဒီယက္ဇ္အေပၚ ဘ႐ိုက္တန္ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္ရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈအတြက္ လ်စ္လ်ဴရႈခဲ့ၿပီး VAR က ဘာမွ မေျပာခဲ့တာအတြက္ အေဝးကြင္းပရိသတ္ေတြ အံ့အားသင့္ခဲ့ၾကရတာက ပထမပိုင္းမွာပါ။ ဒုတိယပိုင္းမွာေတာ့ ပြဲခ်ိန္ ၆၃ မိနစ္မွာ ဧရိယာရဲ႕ အျပင္ကို လူက ေရာက္ေနၿပီး ေဘာလုံးဟာ စည္းကို ေက်ာ္လာခဲ့သလားဆိုတာ ကံေသကံမ မေျပာႏိုင္ခ်ိန္မွာ တိတိက်က် ေဆာင္႐ြက္ေပးရမယ့္ တာဝန္ကို ပ်က္ကြက္ခဲ့ျပန္တာက အိမ္ကြင္းပရိသတ္ေတြ ေအာ္ဟစ္ေလွာင္ေျပာင္ဖို႔ ျဖစ္ခဲ့ရပါတယ္။

အီဒါဆန္ကို အမီလိုက္တဲ့ အယ္လစ္ဆန္
ဘရာဇီးလ္အသင္းမွာလည္း ဒီဂိုးသမားႏွစ္ေယာက္ကပဲ ၿပိဳင္ဆိုင္ေနၾကၿပီး အသက္အနည္းငယ္ ပိုႀကီးတဲ့ လီဗာပူးလ္ကစားသမားက စတန႔္ေတြ လုပ္ျပတတ္တဲ့ မန္စီးတီးကစားသမားေလာက္ေတာ့ ပရိသတ္ေတြေရွ႕မွာ ေပၚျပဴလာ သိပ္မျဖစ္တာပါ။ ဘရာဇီးလ္မွာ ပြဲပိုကစားထားၿပီး ေနရာပိုရေနတဲ့ အယ္လစ္ဆန္အေနနဲ႔ ၅၂ ပြဲအထိ ကစားထားခဲ့ခ်ိန္မွာ ၁၈ ပြဲသာ ကစားထားရတဲ့ အီဒါဆန္အေပၚ မွတ္တမ္းမွတ္ရာေတြအရ သိပ္ၿပီး ကြာဟနိမ့္ပါးလို႔ မျဖစ္ခ်ိန္မွာ ဒီေန႔ပြဲကေတာ့ သူ႔အတြက္ ဂုဏ္သိကၡာကို ရွာေဖြႏိုင္ခဲ့တဲ့ ပြဲျဖစ္ၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ Clean Sheet ရတဲ့ပြဲ ၁၅ ပြဲခ်င္း တူညီႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မွားလို႔ မရေၾကာင္း သတိေပးလိုက္တဲ့ လီဗာပူးလ္
ပရီးမီးယားလိဂ္မွာ လီဗာပူးလ္အသင္းရဲ႕ ခံစစ္နဲ႔ ေျခစြမ္းက ပိုမိုတည္ၿငိမ္ေနၿပီး တကယ္လို႔ အမွတ္ေလ်ာ့ခဲ့ရင္ေတာင္ ဂိုးမသြင္းႏိုင္လို႔ သေရက်တာမ်ိဳးနဲ႔ သိပ္ကို ကံဆိုးလြန္းမွ တစ္ဂိုးေလာက္နဲ႔ ကပ္ရႈံးတာမ်ိဳးျဖစ္တတ္တာပါ။ ဒီအခ်ိန္မွာ မန္စီးတီးတို႔ကေတာ့ ခံစစ္က အေရာင္းၾကမ္းတတ္ၿပီး တခ်ိဳ႕ပြဲေတြမွာ ကံေကာင္းလို႔ အႏိုင္ရခဲ့တာမ်ိဳးေတြကိုလည္း ျမင္ေတြ႕ေနရပါတယ္။ ဒီေန႔ပြဲမွာလည္း လီဗာပူးလ္တို႔ အေကာင္းဆုံး ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ၿပီး မာေနးေရာ ဆာလားပါ ပုံမွန္ေျခထက္ တစ္ဆင့္နိမ့္ေနေပမယ့္ လူးဝစ္ ဒီယက္ဇ္က အဖြင့္ဂိုး သြင္းယူေပးခဲ့သလို အခ်ိန္တန္ေတာ့ ဆာလားက ပင္နယ္တီတစ္လုံးနဲ႔ အႏိုင္ေသခ်ာေစၿပီး သုံးမွတ္အကြာကေန ဦးေဆာင္သူေတြကို ဖိအားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ကြင္းထဲလာလည္တဲ့ စံခ်ိန္ကို လိုက္မီသြားတဲ့ လယ္လာနာ
လီဗာပူးလ္ကစားသမားေဟာင္း အဒမ္ လယ္လာနာကေတာ့ ဒီေန႔ပြဲမွာ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ဒုတိယပိုင္းအစမွာ အသင္းေဖာ္ အယ္လ္ဇာေတအစား လူစားဝင္လာခဲ့ေပမယ့္ ၇ မိနစ္အၾကာမွာေတာ့ ဒဏ္ရာရရွိၿပီး ေနာက္ကြင္းလယ္လူတစ္ေယာက္ျဖစ္တဲ့ ပါစကယ္လ္ ဂေရာ့စ္နဲ႔ လူစားလဲခဲ့ရတာျဖစ္ပါတယ္။ ေနာက္ပိုင္းႏွစ္ေတြမွာ ႀကံ့ခိုင္မႈနည္းတယ္လို႔ နာမည္ဆိုးထြက္ေနတဲ့ လယ္လာနာရဲ႕ အရန္ခုံကေန လူစားဝင္ၿပီး ေနာက္တစ္ခါ ျပန္လဲခံရတဲ့ အႀကိမ္ေရကေတာ့ ၄ ႀကိမ္ရွိသြားခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ဒီစံခ်ိန္ကို ပိုင္ဆိုင္ထားတဲ့ နယူးကာဆယ္လ္ကစားသမားေဟာင္း ကိသ္ ဂယ္လက္စပီနဲ႔ တူညီသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.