Match Report Premier League

မှော်ဝင်CR7ကြောင့် စပါးစ်ကို အနိုင်ရပြီး ဘာလိုလိုနဲ့ အဆင့် ၄ ပြန်ယူတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာတော့ ၄-၃-၃ ပုံစံနဲ့ သူတို့ရဲ့ တိုက်စစ်ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဦးဆောင်ခိုင်းခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ ဆန်ချိုတို့နဲ့ တောင်ပံမှာ ရံကစားခဲ့သလို ကွင်းလယ်မှာတော့ ဖျားနေတဲ့ ဖာနန်ဒက်စ် ပါဝင်မလာနိုင်ဘဲ ပေါ့ဘာ၊ မာတစ်ချ်နဲ့ ဖရက်ဒ်တို့အတွဲ ကစားခဲ့ကြပြီး ခံစစ်မှာတော့ မက်ဂွိုင်းယားနဲ့အတူ ဗာရွန်းပြန်ပါလာခဲ့ချိန်မှာ တောင်ပံခံစစ်တွေမှာတော့ အဲလက်စ် တဲလက်စ်နဲ့ ဒါလော့တို့ ပွဲထွက်လာခဲ့ကြပါတယ်။

စပါးစ်တို့ကတော့ အဝေးကွင်းမှာ ၃-၄-၃ ပုံစံကိုပဲ ဆက်သုံးခဲ့ပြီး ခံစစ်မှာ ဒေးဗီးစ်၊ ဒိုင်ယာနဲ့ ရိုမဲရိုးတို့ ကစားခဲ့ကြသလို ကွင်းလယ်ကိုတော့ ဘန်တာကာ၊ ဟွိုင်ဘယာ့ဂ်တို့နဲ့ အထိုင်ချခဲ့ချိန်မှာ တောင်ပံတွေမှာတော့ ရက်ဂီလွန်နဲ့ ဒိုဟာတီတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဟာရီကိန်း၊ ဆွန်ဟောင်မင်နဲ့ ကူလူရှက်ဗ်စကီးတို့ကို အသုံးပြုလာခဲ့တာပါ။

ကောင်တာကြိုက်တဲ့ နှစ်သင်းစလုံး ဘယ်သူ့ကို ဘောလုံးပိုပေးမလဲဆိုတာက ဒီနေ့ပွဲရဲ့ စိတ်ဝင်စားစရာတစ်ခုဖြစ်ခဲ့ပြီး ယူနိုက်တက်တို့ ပိုင်ဆိုင်မှု ၄၂ ရာခိုင်နှုန်းနဲ့ အလုပ်ဖြစ်ခဲ့လို စပါးစ်တို့ကတော့ ဘောလုံးပိုရခဲ့ပြီး ပွဲအစပိုင်းတွေမှာတော့ နာမည်ကြီးတိုက်စစ်မှူးတွေဖြစ်ကြတဲ့ ကိန်းနဲ့ ရော်နယ်လ်ဒိုတို့ အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့ကြပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ကွင်းလယ်ကနေ ဘောလုံးယူလာတဲ့ ဗာရွန်း ထိုးပေးတာကို ဖရက်ဒ်က နောက်ပေါက်နဲ့ ချိတ်ပေးရာမှာ လွတ်သွားခဲ့တဲ့ ရော်နယ်လ်ဒိုက သူ့ကို ဝင်ကပ်မယ့် စပါးစ်ခံစစ်သမားတွေ မရှိသေးခင်မှာပဲ ဂိုးဧရိယာအပြင်ကနေ လျှပ်တစ်ပြက် အငိုက်ဖမ်းကန်သွင်းခဲ့ရာမှာ အသက်အရွယ်အရ နှေးကွေးနေတဲ့ ဂိုးသမား လိုရစ် ငုတ်တုတ်မေ့သွားခဲ့ရတာဖြစ်ပါတယ်။

ဒါက ၃၇ နှစ်အရွယ် ပေါ်တူဂီသားကြီးအတွက် ပရီးမီးယားလိဂ် ၁၀ ဂိုးအဖြစ် ဂဏန်းနှစ်လုံးစံချိန် ပြန်ရနိုင်ခဲ့တာဖြစ်ပြီး စပါးစ်နောက်ခံလူ အဲရစ် ဒိုင်ယာအနေနဲ့ မိုက်မိုက်ကန်းကန်း ဝင်ပိတ်ရမယ့်အစား မကန်လောက်ဘူး၊ ကန်လည်း ဝင်ချင်မှ ဝင်မှာပါဆိုတဲ့ ပုံစံမျိုးနဲ့ လျှော့တွက်လိုက်တဲ့အတွက် ပေးဆပ်မှုက လေးလံတဲ့ ဂိုးသမားရှေ့မှာ ကြီးမားသွားခဲ့တာပါ။

ယူနိုက်တက်တို့အနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်ရဲ့ Lack of Mobility ကို အသုံးချဖို့ ကြိုးစားနေခဲ့ပြီး ရော်နယ်လ်ဒို၊ ပေါ့ဘာတို့အနေနဲ့ ပြင်သစ်ဂိုးသမား လက်လှမ်းမီဖို့ ခက်တဲ့ ထောင့်တွေကို အဝေးဘောတွေနဲ့ မကြာခဏ ခြိမ်းခြောက်နေခဲ့သလို ဒဟေးယားကတော့ ပိုမိုသာလွန်တဲ့ အစွမ်းကို ပြသနိုင်ခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာတော့ ထောင့်ကန်ဘောကတစ်ဆင့် ဒိုင်ယာ ခေါင်းတိုက်တာကို ဒါလော့က ဂိုးစည်းပေါ်က ရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ညာခြမ်းကနေ ကူလူရှက်ဗ်စကီး ကန်တင်ပေးတာကို နောက်ခံလူ အဲလက်စ် တဲလက်စ်ရဲ့ လက်နဲ့ ထိသွားခဲ့လို့ ဒိုင်လူကြီး ဂျွန်မော့စ်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ရာမှာတော့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းက ဘယ်ဘက်တိုင်ခြေကို အပြင်းကန်သွင်းခဲ့ပြီး ဒဟေးယားရဲ့ ခန့်မှန်းချက် မှန်ခဲ့ပေမယ့် အနည်းငယ်နောက်ကျနေခဲ့လို့ ချေပဂိုး ပြန်ပေးခဲ့ရတာပါ။

စပါးစ်တို့ရဲ့ အပျော်ကတော့ ကြာကြာမခံလိုက်ဘဲ ၃ မိနစ်အကြာမှာတော့ ဘယ်ခြမ်းကနေ တက်လာခဲ့တဲ့ ဆန်ချိုက ရက်ဂီလွန် ကျန်နေခဲ့တဲ့ ဧည့်သည်အသင်းရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အနိမ့်ဘော ချိုးပေးရာမှာ ရော်နယ်လ်ဒိုကပဲ ဂိုးသမား လိုရစ်နဲ့ အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့လို့ ပွဲချိန် ၃၈ မိနစ်မှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဂိုးထပ်ပေးရအပြီးမှာ စပါးစ်တို့ဘက်က ထပ်ပြီး ဖိကစားခဲ့ကြပေမယ့် ဟာရီကိန်းတို့ တိုက်စစ်အဖွဲ့တွေ အလုပ်မလုပ်နိုင်ခဲ့သလို နာကျင်အချိန်ပိုမှာတော့ ဆန်ချိုရဲ့ ဘယ်ခြမ်းက တစ်ကိုယ်တော်ကန်ချက်ကိုလည်း ဂိုးသမား လိုရစ် ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ အိမ်ရှင် ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ကြတာပါ။

ဒီနေ့ပွဲမှာတော့ စပါးစ်တို့ အားကိုးတဲ့ ကောင်တာတွေက မထက်မြက်သလို ဟာရီကိန်းကလည်း သာမန်ခြေစွမ်းအောက် ရောက်နေခဲ့တာမို့ ဆွန်ဟောင်မင်နဲ့ ကူလူရှက်ဗ်စကီးတို့ပါ ခြေသိပ်မတွေ့ဘဲဖြစ်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဆက်ဖိကစားခဲ့ပေမယ့် ယူနိုက်တက်တို့ အမှားတွေကိုတောင် အသုံးမချနိုင်ဘဲ အဆုံးသတ်တွေက လွဲချော်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ တိုက်စစ်ဆင်လာခဲ့တဲ့ စပါးစ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ဟာရီကိန်းဆီက ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ဘယ်ခြမ်းကို ထိုးပေးခဲ့ရာမှာ ရက်ဂီလွန်က ဧရိယာထဲက အနိမ့်ဘော ဖြတ်ချိုးပေးခဲ့တာကို နောက်ခံလူ မက်ဂွိုင်းယားက တိုက်စစ်မှူးသာဆိုရင် တော်တော်အဖိုးတန်မယ့် ပိတ်သွင်းမှုမျိုးနဲ့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ ဒဟေးယား ငုတ်တုတ်မေ့ခဲ့ရတာပါ။

သရေကျနေခဲ့အပြီးမှာ ရော်နယ်လ်ဒိုကတော့ တော်တော်လေးရုန်းခဲ့တာကို တွေ့ရပြီး ဒုတိယပိုင်းမှာတော့ သူ့ရဲ့ သေသေချာချာ ကန်ရတဲ့ ကန်ချက်နှစ်ကြိမ်က စပါးစ်ဂိုးသမား လိုရစ်ကို မကျော်နိုင်ခဲ့တာကြောင့် နည်းပြ ရန်းနစ်ခ်အနေနဲ့ မာတစ်ချ်အစား ကာဗာနီကို ထပ်ထည့်ပြီး တိုက်စစ်မြှင့်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ တိုက်စစ်မှူး နှစ်ယောက်စာ အာရုံထားနေရတဲ့ စပါးစ်ခံစစ်ကို ယူနိုက်တက်တို့ ထိုးနှက်နိုင်ခဲ့ကြပြီး ညာထောင့်ကန်ဘောကို အဲလက်စ် တဲလက်စ်က ကန်တင်ပေးရာမှာ ဒိုဟာတီ နောက်ကျနေခဲ့တာကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုကပဲ သူ့ရဲ့ ဟက်ထရစ်အဖြစ် ညာဘက်အပေါ်ထောင့်ကို ခေါင်းတိုက်သွင်းယူပြီး ပရီးမီးယားလိဂ် ၁၂ ဂိုးမြောက်နဲ့အတူ ဧည့်သည်တွေကို ကြေကွဲစေနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးရအပြီးမှာတော့ ယူနိုက်တက်တို့ ရော်နယ်လ်ဒိုကို လင်ဒီလော့ဖ်နဲ့ လဲကစားပြီး ခံစစ်ပိတ်ဆို့သွားခဲ့သလို စပါးစ်တို့ကတော့ ဘင်တန်ကာနဲ့ ဒေးဗီးစ်တို့အစား ဟာရီ ဝင့်ခ်စ်နဲ့ ဘာ့ဂ်ဗိန်းတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် အရေးကြီးချိန်မှာ ပုံမှန်ခြေမရှိသေးတဲ့ ဒီကစားသမားနှစ်ဦးနဲ့ ကွန်တီရဲ့ အပြောင်းအလဲက အလုပ်မဖြစ်ဘဲ ပွဲချိန်အပြည့်မှာ အိမ်ရှင်တွေရဲ့ အိပ်မက်ကဇာတ်ရုံကြီး ထကြွပေါက်ကွဲ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့ ၂၉ ပွဲကစား ရမှတ် ၅၀ နဲ့ အာဆင်နယ်တို့ တနင်္ဂနွေပွဲ မကန်ခင်မှာ ပြန်လည်ကျော်တက်နိုင်ခဲ့ပြီး အဆင့် ၄ နေရာကို ပြန်လည်သိမ်းပိုက်ခဲ့ချိန်မှာ စပါးစ်တို့ကတော့ ၁၀ ပွဲမြောက် ရှုံးပွဲနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်တစ်လှမ်း ဆုတ်သွားခဲ့ရပြီး ရန်းနစ်ခ်နဲ့ သူကိုယ်တိုင်အတွက် ဖိအားတွေကို ရော်နယ်လ်ဒိုကတော့ ပြောင်မြောက်တဲ့ ဟက်ထရစ်နဲ့အတူ လျှော့ချပေးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ၄-၃-၃ ပုံစံနဲ႔ သူတို႔ရဲ႕ တိုက္စစ္ကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဦးေဆာင္ခိုင္းခဲ့ၿပီး ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳတို႔နဲ႔ ေတာင္ပံမွာ ရံကစားခဲ့သလို ကြင္းလယ္မွာေတာ့ ဖ်ားေနတဲ့ ဖာနန္ဒက္စ္ ပါဝင္မလာႏိုင္ဘဲ ေပါ့ဘာ၊ မာတစ္ခ်္နဲ႔ ဖရက္ဒ္တို႔အတြဲ ကစားခဲ့ၾကၿပီး ခံစစ္မွာေတာ့ မက္ဂြိဳင္းယားနဲ႔အတူ ဗာ႐ြန္းျပန္ပါလာခဲ့ခ်ိန္မွာ ေတာင္ပံခံစစ္ေတြမွာေတာ့ အဲလက္စ္ တဲလက္စ္နဲ႔ ဒါေလာ့တို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

စပါးစ္တို႔ကေတာ့ အေဝးကြင္းမွာ ၃-၄-၃ ပုံစံကိုပဲ ဆက္သုံးခဲ့ၿပီး ခံစစ္မွာ ေဒးဗီးစ္၊ ဒိုင္ယာနဲ႔ ႐ိုမဲ႐ိုးတို႔ ကစားခဲ့ၾကသလို ကြင္းလယ္ကိုေတာ့ ဘန္တာကာ၊ ဟြိဳင္ဘယာ့ဂ္တို႔နဲ႔ အထိုင္ခ်ခဲ့ခ်ိန္မွာ ေတာင္ပံေတြမွာေတာ့ ရက္ဂီလြန္နဲ႔ ဒိုဟာတီတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဟာရီကိန္း၊ ဆြန္ေဟာင္မင္နဲ႔ ကူလူရွက္ဗ္စကီးတို႔ကို အသုံးျပဳလာခဲ့တာပါ။

ေကာင္တာႀကိဳက္တဲ့ ႏွစ္သင္းစလုံး ဘယ္သူ႔ကို ေဘာလုံးပိုေပးမလဲဆိုတာက ဒီေန႔ပြဲရဲ႕ စိတ္ဝင္စားစရာတစ္ခုျဖစ္ခဲ့ၿပီး ယူႏိုက္တက္တို႔ ပိုင္ဆိုင္မႈ ၄၂ ရာခိုင္ႏႈန္းနဲ႔ အလုပ္ျဖစ္ခဲ့လို စပါးစ္တို႔ကေတာ့ ေဘာလုံးပိုရခဲ့ၿပီး ပြဲအစပိုင္းေတြမွာေတာ့ နာမည္ႀကီးတိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ကိန္းနဲ႔ ေရာ္နယ္လ္ဒိုတို႔ အခြင့္အေရးကို ျဖဳန္းတီးပစ္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၾကၿပီး ကြင္းလယ္ကေန ေဘာလုံးယူလာတဲ့ ဗာ႐ြန္း ထိုးေပးတာကို ဖရက္ဒ္က ေနာက္ေပါက္နဲ႔ ခ်ိတ္ေပးရာမွာ လြတ္သြားခဲ့တဲ့ ေရာ္နယ္လ္ဒိုက သူ႔ကို ဝင္ကပ္မယ့္ စပါးစ္ခံစစ္သမားေတြ မရွိေသးခင္မွာပဲ ဂိုးဧရိယာအျပင္ကေန လွ်ပ္တစ္ျပက္ အငိုက္ဖမ္းကန္သြင္းခဲ့ရာမွာ အသက္အ႐ြယ္အရ ေႏွးေကြးေနတဲ့ ဂိုးသမား လိုရစ္ ငုတ္တုတ္ေမ့သြားခဲ့ရတာျဖစ္ပါတယ္။

ဒါက ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးအတြက္ ပရီးမီးယားလိဂ္ ၁၀ ဂိုးအျဖစ္ ဂဏန္းႏွစ္လုံးစံခ်ိန္ ျပန္ရႏိုင္ခဲ့တာျဖစ္ၿပီး စပါးစ္ေနာက္ခံလူ အဲရစ္ ဒိုင္ယာအေနနဲ႔ မိုက္မိုက္ကန္းကန္း ဝင္ပိတ္ရမယ့္အစား မကန္ေလာက္ဘူး၊ ကန္လည္း ဝင္ခ်င္မွ ဝင္မွာပါဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ေလွ်ာ့တြက္လိုက္တဲ့အတြက္ ေပးဆပ္မႈက ေလးလံတဲ့ ဂိုးသမားေရွ႕မွာ ႀကီးမားသြားခဲ့တာပါ။

ယူႏိုက္တက္တို႔အေနနဲ႔ ဒီေန႔မွာ ဂိုးသမား လိုရစ္ရဲ႕ Lack of Mobility ကို အသုံးခ်ဖို႔ ႀကိဳးစားေနခဲ့ၿပီး ေရာ္နယ္လ္ဒို၊ ေပါ့ဘာတို႔အေနနဲ႔ ျပင္သစ္ဂိုးသမား လက္လွမ္းမီဖို႔ ခက္တဲ့ ေထာင့္ေတြကို အေဝးေဘာေတြနဲ႔ မၾကာခဏ ၿခိမ္းေျခာက္ေနခဲ့သလို ဒေဟးယားကေတာ့ ပိုမိုသာလြန္တဲ့ အစြမ္းကို ျပသႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကတစ္ဆင့္ ဒိုင္ယာ ေခါင္းတိုက္တာကို ဒါေလာ့က ဂိုးစည္းေပၚက ရွင္းထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ညာျခမ္းကေန ကူလူရွက္ဗ္စကီး ကန္တင္ေပးတာကို ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ရဲ႕ လက္နဲ႔ ထိသြားခဲ့လို႔ ဒိုင္လူႀကီး ဂြၽန္ေမာ့စ္က ပင္နယ္တီ သတ္မွတ္ေပးခဲ့ရာမွာေတာ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းက ဘယ္ဘက္တိုင္ေျခကို အျပင္းကန္သြင္းခဲ့ၿပီး ဒေဟးယားရဲ႕ ခန႔္မွန္းခ်က္ မွန္ခဲ့ေပမယ့္ အနည္းငယ္ေနာက္က်ေနခဲ့လို႔ ေခ်ပဂိုး ျပန္ေပးခဲ့ရတာပါ။

စပါးစ္တို႔ရဲ႕ အေပ်ာ္ကေတာ့ ၾကာၾကာမခံလိုက္ဘဲ ၃ မိနစ္အၾကာမွာေတာ့ ဘယ္ျခမ္းကေန တက္လာခဲ့တဲ့ ဆန္ခ်ိဳက ရက္ဂီလြန္ က်န္ေနခဲ့တဲ့ ဧည့္သည္အသင္းရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ေရာ္နယ္လ္ဒိုကပဲ ဂိုးသမား လိုရစ္နဲ႔ အနီးကပ္ ပိတ္သြင္းယူႏိုင္ခဲ့လို႔ ပြဲခ်ိန္ ၃၈ မိနစ္မွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဂိုးထပ္ေပးရအၿပီးမွာ စပါးစ္တို႔ဘက္က ထပ္ၿပီး ဖိကစားခဲ့ၾကေပမယ့္ ဟာရီကိန္းတို႔ တိုက္စစ္အဖြဲ႕ေတြ အလုပ္မလုပ္ႏိုင္ခဲ့သလို နာက်င္အခ်ိန္ပိုမွာေတာ့ ဆန္ခ်ိဳရဲ႕ ဘယ္ျခမ္းက တစ္ကိုယ္ေတာ္ကန္ခ်က္ကိုလည္း ဂိုးသမား လိုရစ္ ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းအၿပီးမွာေတာ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အိမ္ရွင္ ယူႏိုက္တက္တို႔ ဦးေဆာင္ႏိုင္ခဲ့ၾကတာပါ။

ဒီေန႔ပြဲမွာေတာ့ စပါးစ္တို႔ အားကိုးတဲ့ ေကာင္တာေတြက မထက္ျမက္သလို ဟာရီကိန္းကလည္း သာမန္ေျခစြမ္းေအာက္ ေရာက္ေနခဲ့တာမို႔ ဆြန္ေဟာင္မင္နဲ႔ ကူလူရွက္ဗ္စကီးတို႔ပါ ေျခသိပ္မေတြ႕ဘဲျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ဆက္ဖိကစားခဲ့ေပမယ့္ ယူႏိုက္တက္တို႔ အမွားေတြကိုေတာင္ အသုံးမခ်ႏိုင္ဘဲ အဆုံးသတ္ေတြက လြဲေခ်ာ္ေနခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ တိုက္စစ္ဆင္လာခဲ့တဲ့ စပါးစ္တို႔ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ဟာရီကိန္းဆီက ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က ဘယ္ျခမ္းကို ထိုးေပးခဲ့ရာမွာ ရက္ဂီလြန္က ဧရိယာထဲက အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးခဲ့တာကို ေနာက္ခံလူ မက္ဂြိဳင္းယားက တိုက္စစ္မႉးသာဆိုရင္ ေတာ္ေတာ္အဖိုးတန္မယ့္ ပိတ္သြင္းမႈမ်ိဳးနဲ႔ ကိုယ့္ဂိုးကိုယ္သြင္းခဲ့လို႔ ဒေဟးယား ငုတ္တုတ္ေမ့ခဲ့ရတာပါ။

သေရက်ေနခဲ့အၿပီးမွာ ေရာ္နယ္လ္ဒိုကေတာ့ ေတာ္ေတာ္ေလး႐ုန္းခဲ့တာကို ေတြ႕ရၿပီး ဒုတိယပိုင္းမွာေတာ့ သူ႔ရဲ႕ ေသေသခ်ာခ်ာ ကန္ရတဲ့ ကန္ခ်က္ႏွစ္ႀကိမ္က စပါးစ္ဂိုးသမား လိုရစ္ကို မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ နည္းျပ ရန္းနစ္ခ္အေနနဲ႔ မာတစ္ခ်္အစား ကာဗာနီကို ထပ္ထည့္ၿပီး တိုက္စစ္ျမႇင့္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ တိုက္စစ္မႉး ႏွစ္ေယာက္စာ အာ႐ုံထားေနရတဲ့ စပါးစ္ခံစစ္ကို ယူႏိုက္တက္တို႔ ထိုးႏွက္ႏိုင္ခဲ့ၾကၿပီး ညာေထာင့္ကန္ေဘာကို အဲလက္စ္ တဲလက္စ္က ကန္တင္ေပးရာမွာ ဒိုဟာတီ ေနာက္က်ေနခဲ့တာကို အခြင့္ေကာင္းယူႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒိုကပဲ သူ႔ရဲ႕ ဟက္ထရစ္အျဖစ္ ညာဘက္အေပၚေထာင့္ကို ေခါင္းတိုက္သြင္းယူၿပီး ပရီးမီးယားလိဂ္ ၁၂ ဂိုးေျမာက္နဲ႔အတူ ဧည့္သည္ေတြကို ေၾကကြဲေစႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးရအၿပီးမွာေတာ့ ယူႏိုက္တက္တို႔ ေရာ္နယ္လ္ဒိုကို လင္ဒီေလာ့ဖ္နဲ႔ လဲကစားၿပီး ခံစစ္ပိတ္ဆို႔သြားခဲ့သလို စပါးစ္တို႔ကေတာ့ ဘင္တန္ကာနဲ႔ ေဒးဗီးစ္တို႔အစား ဟာရီ ဝင့္ခ္စ္နဲ႔ ဘာ့ဂ္ဗိန္းတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ အေရးႀကီးခ်ိန္မွာ ပုံမွန္ေျခမရွိေသးတဲ့ ဒီကစားသမားႏွစ္ဦးနဲ႔ ကြန္တီရဲ႕ အေျပာင္းအလဲက အလုပ္မျဖစ္ဘဲ ပြဲခ်ိန္အျပည့္မွာ အိမ္ရွင္ေတြရဲ႕ အိပ္မက္ကဇာတ္႐ုံႀကီး ထႂကြေပါက္ကြဲ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔ ၂၉ ပြဲကစား ရမွတ္ ၅၀ နဲ႔ အာဆင္နယ္တို႔ တနဂၤေႏြပြဲ မကန္ခင္မွာ ျပန္လည္ေက်ာ္တက္ႏိုင္ခဲ့ၿပီး အဆင့္ ၄ ေနရာကို ျပန္လည္သိမ္းပိုက္ခဲ့ခ်ိန္မွာ စပါးစ္တို႔ကေတာ့ ၁၀ ပြဲေျမာက္ ရႈံးပြဲနဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေနာက္တစ္လွမ္း ဆုတ္သြားခဲ့ရၿပီး ရန္းနစ္ခ္နဲ႔ သူကိုယ္တိုင္အတြက္ ဖိအားေတြကို ေရာ္နယ္လ္ဒိုကေတာ့ ေျပာင္ေျမာက္တဲ့ ဟက္ထရစ္နဲ႔အတူ ေလွ်ာ့ခ်ေပးႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.