Analysis Premier League

CR7 မကောင်းဘူးလို့ မပြောရဲတော့တဲ့ မန်ယူနိုက်တက် 3-2 စပါးစ်ပွဲအပြီး ပြောစရာ 7 ချက်

CR7 မကောင်းကြောင်း ပြောရဲသေးလား
အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားကြီးအနေနဲ့ သူသံယောဇဉ်ကြီးတဲ့အသင်းကို တစ်ကျော့ပြန် ခြေချခဲ့ချိန်မှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အသက်အရွယ်နဲ့ ခြေစွမ်းအပေါ် သံသယတွေ ရှိနေခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ပွဲထွက်ခွင့် မရခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ဒီနေ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပြနိုင်ခဲ့ပြီး ခံစစ်က ဖရိုဖရဲ ရောင်းချမှုတွေကို ကျော်လွန်ပြီး သုံးမှတ်ရနိုင်ဖို့ တာဝန်ခံပေးခဲ့တာပါ။ ညာခြေနဲ့ နှစ်ဂိုးနဲ့ ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးဖြစ်လို့ Perfect Hat-Trick လို့တော့ မပြောနိုင်ခဲ့ပေမယ့် ဒီဂိုးသုံးဂိုးစလုံးက အဆင့်အတန်းမြင့်မားခဲ့ပြီး အသက်အရွယ်နဲ့ မလိုက်အောင် ဆာလောင်မွတ်သိပ်နေဆဲဆိုတာကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဟက်ထရစ်နှစ်ကြိမ်ကြားက ၁၄ နှစ်
ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အသက် ၃၇ နှစ်နဲ့ ၃၅ ရက်မှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်က ယူနိုက်တက်တို့အတွက် တက်ဒီ ရှာရင်ဂမ် (၃၇ နှစ်နဲ့ ၁၄၆ ရက်)နောက်မှာ ဒုတိယအသက်အကြီးဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သလို သူ့ရဲ့ ကစားသမားဘဝမှာ ၄၉ ကြိမ်မြောက်လည်းဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံးသွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်နဲ့တော့ ဒီနေ့သွင်းယူခဲ့တဲ့ ဟက်ထရစ်ကြားမှာ ၁၄ နှစ်နဲ့ ၅၉ ရက် ကြာမြင်ခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ နယူးကာဆယ်လ်ဘက်ကို သွင်းယူခဲ့အပြီးမှာ ပရီးမီးယားလိဂ်ရဲ့ နောက်တစ်ကြိမ်ရဖို့ အကြာဆုံး စံချိန်သစ်ကို ဒီအသက်ဒီအရွယ်မှာလည်း လုပ်ပြနိုင်ဆဲဆိုတာ မှတ်ကျောက်တင်ခံနိုင်ခဲ့တာပါ။

၄၀၀ ပြည့် ယူနိုက်တက်နဲ့ ပါရမီဖြည့်ဘက် စပါးစ်
ရော်နယ်လ်ဒိုကြောင့်မှ မဟုတ်ရင် မန်ချက်စတာယူနိုက်တက်တို့ ဒီစံချိန်ကို လွဲချော်သွားဦးမှာပါ။ အိုးနင်းခွက်နင်း မက်ဂွိုင်းယားနဲ့တော့ အသင်းက ရှုံးဖို့နဲ့ သရေကျဖို့ သိပ်လွယ်နေချိန်မှာ ရှေ့က အဘိုးကြီးကြောင့်ပဲ ယူနိုက်တက်တို့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်နိုင်ပွဲ ၄၀၀ ပြည့်မြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ဒီစံချိန်ကို ရရှိတဲ့ ပထမဆုံးအသင်းဖြစ်လာတာက သူတို့တွေအနေနဲ့ ပြိုင်ဘက်တွေကို မတူရင် မတုနဲ့လို့ ပြောနိုင်စေခဲ့တာဖြစ်ပြီး စပါးစ်အသင်းကတော့ ပါရမီဖြည့်ဘက်အဖြစ် ဒီကွင်းမှာ အားလုံးထက် အများဆုံး ၂၃ ကြိမ်အထိ လာရောက် အနိုင်ခံပေးခဲ့တာလည်းဖြစ်ပါတယ်။

ကွင်းထဲ မပျော် ဝေဠုကျော်
အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အသင်းက ထွက်ခွင့်ပေးလိုက်ရင် နှစ်ဦးနှစ်ဖက်အတွက် Win-Win မဟုတ်ဘဲ Lose-Lose ပဲ ဖြစ်သွားလိမ့်မယ်လို့ ကြိုတင်သတိပေးထားချိန်မှာ ဘောလုံးကန်ဖို့ထက် ပရဟိတအရေးတွေကို စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး ကတော့ ဒီနေ့မှာလည်း ကွင်းထဲမှာ ခြေမပေါ်ဘဲဖြစ်နေခဲ့ပါတယ်။ ဘယ်ခြမ်းမှာ ပိုအထာကျတဲ့ ရက်ရှ်ဖို့ဒ်ဟာ ညာခြမ်းမှာ ကစားနေရတာကလည်း သူ့ကို ပိုမိုအာရုံစူးစိုက်မှု လျော့နည်းစေခဲ့ပြီး မပျော်မရွှင်ဖြစ်စေသလို နောက်ဆုံးမှာတော့ အီလန်ဂါနဲ့ လူစားလဲခဲ့ရသလို ဗြိတိန်ဝေဠုကျော်အနေနဲ့ ရှေ့လျှောက် ပရဟိတာလား ဘောကန်တာလားဆိုတာ ရွေးသင့်နေပြီလို့ပဲ ရွေးချယ်ခိုင်းရပါတော့မယ်။

ခေါင်းကြီးကတော့ ခေါင်းကြီးပဲ
ယူနိုက်တက်တို့အနေနဲ့ အသင်းကြီးနဲ့တွေ့ရင် တိုက်စစ်က သုံးဂိုး၊ အသင်းငယ်နဲ့တွေ့ရင် နှစ်ဂိုးလောက်ရမှ အနိုင်ရဖို့ စိတ်ချရမယ့် ပုံစံမျိုးမှာ ရှိနေပြီး ဒီလိုမှ မဟုတ်ရင် အမှတ်တွေ လျော့ကျသွားနိုင်တာပါ။ အသင်းခေါင်းဆောင်လက်ပတ်ကြီးကို မထော်မနမ်း ဝတ်ဆင်ထားပြီး အသင်းကြီးတွေနဲ့ အတွေ့အကြုံနည်းတဲ့ ခေါင်းကြီးခေါ် ဟာရီ မက်ဂွိုင်းယားဟာ ဒီနေ့မှာလည်း တိုက်စစ်မှူးတစ်ယောက်ရဲ့ အဆုံးသတ်ပုံမျိုးနဲ့ ဂိုးသမား ဒဟေးယားကို ငုတ်တုတ်မေ့စေခဲ့တာဖြစ်ပါတယ်။ ရန်းနစ်ခ်အတွက် ဖိအားတွေ ဝင်စေတဲ့ အသင်းရဲ့ ရလဒ်တွေကို ဆွဲချနေသူကတော့ ဒီခံစစ်မှာ ဆက်ရှိသင့်သလားဆို သရဲနီပရိသတ်တွေရဲ့ အဖြေက No လို့ပဲ ဖြစ်ပါလိမ့်မယ်။

ဆန်ချိုရဲ့ သက်ရောက်မှု
ပရီးမီးယားလိဂ်ဆိုတာက ဆန်ချိုအတွက်တော့ အသားကျလာတဲ့ အရာဖြစ်ပြီး လူငယ်ဘဝမှာ သေချာ မကစားဖူးလိုက်တာက သူ့ကို ယူနိုက်တက်မှာ ရုန်းကန်ရဖို့ ဖြစ်လာစေခဲ့တာပါ။ လက်ရှိမှာတော့ နှေးနေ အချိန်ယူနေလို့ မရတဲ့ ပွဲတစ်ပွဲရဲ့ အမြန်နှုန်းကို ကောင်းကောင်းလိုက်မီသွားတဲ့ တောင်ပံသမားဟာ ယူနိုက်တက်တို့ရဲ့ ဘယ်တောင်ပံမှာ ပိုမိုကောင်းမွန်နေခဲ့ပြီး ဒီနေ့ပွဲမှာလည်း ရော်နယ်လ်ဒို ဂိုးသွင်းယူနိုင်ဖို့ လူကျွံထောင်ချောက်ကို ပညာသားပါပါ ဖောက်ထွက်ပြီးမှ ကွက်တိ ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုအတွက်တော့ သူ့ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့နဲ့ ဒေါ့မွန်ခြေစွမ်းကို ပုံတူ ကူးယူနိုင်ဖို့ နည်းနည်းလေးပဲ လိုတော့တာပါ။

ရာသီအစပုံစံအတွက် ဖာထေးနေတဲ့ ကိန်း
အင်္ဂလန်အသင်းခေါင်းဆောင်ကြီးကတော့ ပြီးခဲ့တဲ့ နွေရာသီက အပြောင်းအရွှေ့အသံတွေနဲ့ နိုင်ငံလက်ရွေးစင်အသင်းရဲ့ ယူရိုပြိုင်ပွဲဖိအား၊ ဖိုင်နယ် ရှုံးနိမ့်မှုတွေအပြီးမှာ စပါးစ်အသင်းနဲ့ အက်ကြောင်းတွေ ထင်ခဲ့သလို ခြေစွမ်းကပါ ပျောက်ဆုံးသွားခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ သူ့အနေနဲ့ တာဝန်ကျေကျေ ကစားပြနိုင်ခဲ့သလို နောက်ဆုံးသုံးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၁ ဂိုးမြောက်ကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီက ရွှေဖိနပ်ဆုကို ဆွတ်ခူးထားတဲ့ ဟာရီကိန်းအတွက်တော့ ဒီရာသီမှာ မနီးရိုးစွဲ ခြေစွမ်းနဲ့ တုံ့ပြန်မှ ဂုဏ်သိက္ခာနဲ့ အနာဂတ်အတွက် စိတ်အေးရမှာဖြစ်ပြီး စပါးစ်ကနေ ထွက်ခွာဖို့လည်း ပိုမိုလွယ်ကူနိုင်စေမယ်လို့ ယူဆရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

CR7 မေကာင္းေၾကာင္း ေျပာရဲေသးလား
အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးအေနနဲ႔ သူသံေယာဇဥ္ႀကီးတဲ့အသင္းကို တစ္ေက်ာ့ျပန္ ေျခခ်ခဲ့ခ်ိန္မွာ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အသက္အ႐ြယ္နဲ႔ ေျခစြမ္းအေပၚ သံသယေတြ ရွိေနခဲ့ၾကတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ပြဲမွာ ပြဲထြက္ခြင့္ မရခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ ဒီေန႔ပြဲမွာ အသင္းအတြက္ ဟက္ထရစ္သြင္းယူျပႏိုင္ခဲ့ၿပီး ခံစစ္က ဖ႐ိုဖရဲ ေရာင္းခ်မႈေတြကို ေက်ာ္လြန္ၿပီး သုံးမွတ္ရႏိုင္ဖို႔ တာဝန္ခံေပးခဲ့တာပါ။ ညာေျခနဲ႔ ႏွစ္ဂိုးနဲ႔ ေခါင္းတိုက္သြင္းဂိုးတစ္ဂိုးျဖစ္လို႔ Perfect Hat-Trick လို႔ေတာ့ မေျပာႏိုင္ခဲ့ေပမယ့္ ဒီဂိုးသုံးဂိုးစလုံးက အဆင့္အတန္းျမင့္မားခဲ့ၿပီး အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ဆာေလာင္မြတ္သိပ္ေနဆဲဆိုတာကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟက္ထရစ္ႏွစ္ႀကိမ္ၾကားက ၁၄ ႏွစ္
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အသက္ ၃၇ ႏွစ္နဲ႔ ၃၅ ရက္မွာ သြင္းယူခဲ့တဲ့ ဟက္ထရစ္က ယူႏိုက္တက္တို႔အတြက္ တက္ဒီ ရွာရင္ဂမ္ (၃၇ ႏွစ္နဲ႔ ၁၄၆ ရက္)ေနာက္မွာ ဒုတိယအသက္အႀကီးဆုံးအျဖစ္ ရပ္တည္ႏိုင္ခဲ့သလို သူ႔ရဲ႕ ကစားသမားဘဝမွာ ၄၉ ႀကိမ္ေျမာက္လည္းျဖစ္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးသြင္းယူႏိုင္ခဲ့တဲ့ ဟက္ထရစ္နဲ႔ေတာ့ ဒီေန႔သြင္းယူခဲ့တဲ့ ဟက္ထရစ္ၾကားမွာ ၁၄ ႏွစ္နဲ႔ ၅၉ ရက္ ၾကာျမင္ခဲ့တာျဖစ္ၿပီး ၂၀၀၈ ခုႏွစ္မွာ နယူးကာဆယ္လ္ဘက္ကို သြင္းယူခဲ့အၿပီးမွာ ပရီးမီးယားလိဂ္ရဲ႕ ေနာက္တစ္ႀကိမ္ရဖို႔ အၾကာဆုံး စံခ်ိန္သစ္ကို ဒီအသက္ဒီအ႐ြယ္မွာလည္း လုပ္ျပႏိုင္ဆဲဆိုတာ မွတ္ေက်ာက္တင္ခံႏိုင္ခဲ့တာပါ။

၄၀၀ ျပည့္ ယူႏိုက္တက္နဲ႔ ပါရမီျဖည့္ဘက္ စပါးစ္
ေရာ္နယ္လ္ဒိုေၾကာင့္မွ မဟုတ္ရင္ မန္ခ်က္စတာယူႏိုက္တက္တို႔ ဒီစံခ်ိန္ကို လြဲေခ်ာ္သြားဦးမွာပါ။ အိုးနင္းခြက္နင္း မက္ဂြိဳင္းယားနဲ႔ေတာ့ အသင္းက ရႈံးဖို႔နဲ႔ သေရက်ဖို႔ သိပ္လြယ္ေနခ်ိန္မွာ ေရွ႕က အဘိုးႀကီးေၾကာင့္ပဲ ယူႏိုက္တက္တို႔ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္ႏိုင္ပြဲ ၄၀၀ ျပည့္ေျမာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အသင္းေတြထဲမွာ ဒီစံခ်ိန္ကို ရရွိတဲ့ ပထမဆုံးအသင္းျဖစ္လာတာက သူတို႔ေတြအေနနဲ႔ ၿပိဳင္ဘက္ေတြကို မတူရင္ မတုနဲ႔လို႔ ေျပာႏိုင္ေစခဲ့တာျဖစ္ၿပီး စပါးစ္အသင္းကေတာ့ ပါရမီျဖည့္ဘက္အျဖစ္ ဒီကြင္းမွာ အားလုံးထက္ အမ်ားဆုံး ၂၃ ႀကိမ္အထိ လာေရာက္ အႏိုင္ခံေပးခဲ့တာလည္းျဖစ္ပါတယ္။

ကြင္းထဲ မေပ်ာ္ ေဝဠဳေက်ာ္
အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္ကေတာ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို အသင္းက ထြက္ခြင့္ေပးလိုက္ရင္ ႏွစ္ဦးႏွစ္ဖက္အတြက္ Win-Win မဟုတ္ဘဲ Lose-Lose ပဲ ျဖစ္သြားလိမ့္မယ္လို႔ ႀကိဳတင္သတိေပးထားခ်ိန္မွာ ေဘာလုံးကန္ဖို႔ထက္ ပရဟိတအေရးေတြကို စိတ္ဝင္စားေနတဲ့ တိုက္စစ္မႉး ကေတာ့ ဒီေန႔မွာလည္း ကြင္းထဲမွာ ေျခမေပၚဘဲျဖစ္ေနခဲ့ပါတယ္။ ဘယ္ျခမ္းမွာ ပိုအထာက်တဲ့ ရက္ရွ္ဖို႔ဒ္ဟာ ညာျခမ္းမွာ ကစားေနရတာကလည္း သူ႔ကို ပိုမိုအာ႐ုံစူးစိုက္မႈ ေလ်ာ့နည္းေစခဲ့ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ေစသလို ေနာက္ဆုံးမွာေတာ့ အီလန္ဂါနဲ႔ လူစားလဲခဲ့ရသလို ၿဗိတိန္ေဝဠဳေက်ာ္အေနနဲ႔ ေရွ႕ေလွ်ာက္ ပရဟိတာလား ေဘာကန္တာလားဆိုတာ ေ႐ြးသင့္ေနၿပီလို႔ပဲ ေ႐ြးခ်ယ္ခိုင္းရပါေတာ့မယ္။

ေခါင္းႀကီးကေတာ့ ေခါင္းႀကီးပဲ
ယူႏိုက္တက္တို႔အေနနဲ႔ အသင္းႀကီးနဲ႔ေတြ႕ရင္ တိုက္စစ္က သုံးဂိုး၊ အသင္းငယ္နဲ႔ေတြ႕ရင္ ႏွစ္ဂိုးေလာက္ရမွ အႏိုင္ရဖို႔ စိတ္ခ်ရမယ့္ ပုံစံမ်ိဳးမွာ ရွိေနၿပီး ဒီလိုမွ မဟုတ္ရင္ အမွတ္ေတြ ေလ်ာ့က်သြားႏိုင္တာပါ။ အသင္းေခါင္းေဆာင္လက္ပတ္ႀကီးကို မေထာ္မနမ္း ဝတ္ဆင္ထားၿပီး အသင္းႀကီးေတြနဲ႔ အေတြ႕အႀကဳံနည္းတဲ့ ေခါင္းႀကီးေခၚ ဟာရီ မက္ဂြိဳင္းယားဟာ ဒီေန႔မွာလည္း တိုက္စစ္မႉးတစ္ေယာက္ရဲ႕ အဆုံးသတ္ပုံမ်ိဳးနဲ႔ ဂိုးသမား ဒေဟးယားကို ငုတ္တုတ္ေမ့ေစခဲ့တာျဖစ္ပါတယ္။ ရန္းနစ္ခ္အတြက္ ဖိအားေတြ ဝင္ေစတဲ့ အသင္းရဲ႕ ရလဒ္ေတြကို ဆြဲခ်ေနသူကေတာ့ ဒီခံစစ္မွာ ဆက္ရွိသင့္သလားဆို သရဲနီပရိသတ္ေတြရဲ႕ အေျဖက No လို႔ပဲ ျဖစ္ပါလိမ့္မယ္။

ဆန္ခ်ိဳရဲ႕ သက္ေရာက္မႈ
ပရီးမီးယားလိဂ္ဆိုတာက ဆန္ခ်ိဳအတြက္ေတာ့ အသားက်လာတဲ့ အရာျဖစ္ၿပီး လူငယ္ဘဝမွာ ေသခ်ာ မကစားဖူးလိုက္တာက သူ႔ကို ယူႏိုက္တက္မွာ ႐ုန္းကန္ရဖို႔ ျဖစ္လာေစခဲ့တာပါ။ လက္ရွိမွာေတာ့ ေႏွးေန အခ်ိန္ယူေနလို႔ မရတဲ့ ပြဲတစ္ပြဲရဲ႕ အျမန္ႏႈန္းကို ေကာင္းေကာင္းလိုက္မီသြားတဲ့ ေတာင္ပံသမားဟာ ယူႏိုက္တက္တို႔ရဲ႕ ဘယ္ေတာင္ပံမွာ ပိုမိုေကာင္းမြန္ေနခဲ့ၿပီး ဒီေန႔ပြဲမွာလည္း ေရာ္နယ္လ္ဒို ဂိုးသြင္းယူႏိုင္ဖို႔ လူကြၽံေထာင္ေခ်ာက္ကို ပညာသားပါပါ ေဖာက္ထြက္ၿပီးမွ ကြက္တိ ေပးပို႔ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆန္ခ်ိဳအတြက္ေတာ့ သူ႔ရဲ႕ အိပ္မက္ေတြ တကယ္ျဖစ္လာဖို႔နဲ႔ ေဒါ့မြန္ေျခစြမ္းကို ပုံတူ ကူးယူႏိုင္ဖို႔ နည္းနည္းေလးပဲ လိုေတာ့တာပါ။

ရာသီအစပုံစံအတြက္ ဖာေထးေနတဲ့ ကိန္း
အဂၤလန္အသင္းေခါင္းေဆာင္ႀကီးကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီက အေျပာင္းအေ႐ႊ႕အသံေတြနဲ႔ ႏိုင္ငံလက္ေ႐ြးစင္အသင္းရဲ႕ ယူ႐ိုၿပိဳင္ပြဲဖိအား၊ ဖိုင္နယ္ ရႈံးနိမ့္မႈေတြအၿပီးမွာ စပါးစ္အသင္းနဲ႔ အက္ေၾကာင္းေတြ ထင္ခဲ့သလို ေျခစြမ္းကပါ ေပ်ာက္ဆုံးသြားခဲ့ေသးတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေန႔မွာေတာ့ သူ႔အေနနဲ႔ တာဝန္ေက်ေက် ကစားျပႏိုင္ခဲ့သလို ေနာက္ဆုံးသုံးပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၁ ဂိုးေျမာက္ကို ပိုင္ဆိုင္ႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ရာသီက ေ႐ႊဖိနပ္ဆုကို ဆြတ္ခူးထားတဲ့ ဟာရီကိန္းအတြက္ေတာ့ ဒီရာသီမွာ မနီး႐ိုးစြဲ ေျခစြမ္းနဲ႔ တုံ႔ျပန္မွ ဂုဏ္သိကၡာနဲ႔ အနာဂတ္အတြက္ စိတ္ေအးရမွာျဖစ္ၿပီး စပါးစ္ကေန ထြက္ခြာဖို႔လည္း ပိုမိုလြယ္ကူႏိုင္ေစမယ္လို႔ ယူဆရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.