International Premier League Ukraine-Russian War

ယူကရိန်းအတွက် ပံ့ပိုးပေးမယ့် ပထမဆုံးဘောလုံးအသင်းဖြစ်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ယူကရိန်းမှာ သူတို့ရဲ့ အားပေးသူ ပရိသတ်အဖွဲ့အစည်း Supporter’s Club တစ်ခုကို စတင်တည်ထောင်လိုက်ပြီး ဘောလုံးအသင်းတွေထဲမှာ စစ်ဒဏ်ခံနေရတဲ့ နိုင်ငံကို စတင်ကူညီဖို့ ဦးဦးဖျားဖျား လုပ်ဆောင်ပေးခဲ့တဲ့ အသင်းလည်းဖြစ်လာခဲ့ပါတယ်။

မြောက်လန်ဒန်အသင်းဟာ ကမ္ဘာတစ်ဝှမ်းမှာ အားပေးသူ အစည်းအရုံးတွေ တည်ထောင်ထားခဲ့ပေမယ့်လည်း သာမန်အတိုင်း အခွင့်အရေးတချို့ ပေးတာ၊ အဖွဲ့ဝင်တွေကို တရားဝင် မှတ်ပုံတင်တာမျိုးကလွဲပြီး သာမန် ကလပ်နဲ့ ပရိသတ် ဆက်ဆံရေးမျိုးပဲ ရှိချိန်မှာ ပရိသတ်အဖွဲ့အစည်း မရှိသေးတဲ့ ယူကရိန်းမှာတော့ ပထမဆုံး ကလပ်အသင်းဘက်က စတင်တည်ထောင်ခဲ့သလို ဒီကတစ်ဆင့် ကူညီမှုတွေ စတင်သွားမှာဖြစ်ပါတယ်။

အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ယူကရိန်းပရိသတ်အဖွဲ့အစည်းကို တည်ထောင်ကြောင်း CEO ဗီနိုင်း ဗင်ကာတီရှမ်က ကြေငြာသွားခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တွဲဖက်အဖွဲ့အစည်း Global Charity Partner အဖြစ် ရှိနေတဲ့ Save the Children နဲ့အတူ လက်တွဲပြီး ကူညီမှုတွေ ပေးသွားမယ်လို့ ကြေငြာထားခဲ့ပါတယ်။

ယူကရိန်းမှာ ကလေးတွေအပါအဝင် မိသားစုတွေကို ရေတွက်ရင် ဒုက္ခသည်ပေါင်း ၃.၅ သန်းအထိ ရှိသွားချိန်မှာ သူတို့တွေအနေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပိုလန်၊ လစ်သူယေးနီးယားနဲ့ ရိုမေးနီးယားနိုင်ငံတွေဆီ ခိုဝင်နေကြရပြီး ကနဦးအနေနဲ့ အာဆင်နယ်တို့ဘက်က စားစရာ၊ ရေနဲ့ ရှင်သန်ရေးအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးအပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးတွေအတွက် သောကတွေနဲ့ ဝမ်းနည်းမှုတွေကို ခေတ္တခဏ မေ့ထားနိုင်အောင် လုံခြုံတဲ့ ကစားကွင်းနေရာတွေ ရရှိအောင်လည်း ကူညီသွားမှာဖြစ်ပြီး ရိုမေးနီးယားနိုင်ငံက ဒုက္ခသည်စခန်း ၅ ခုကို ကူညီပေးသွားဖို့ ရှိသလို အစားအသောက်၊ အသုံးအဆောင်၊ အဝတ်အထည်တွေနဲ့ ဆေးဝါးတွေ ကိုယ်တိုင် ဝယ်ယူနိုင်ဖို့လည်း ဘောင်ချာတွေ ပေးအပ်သွားမှာဖြစ်ပြီး ပညာရေးအကူအညီပါ ပေးဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

ယူကရိန်းနိုင်ငံအတွင်းမှာ ဆိုးရွားတဲ့ အခြေအနေတွေ ကြုံတွေ့နေခဲ့ရပြီး မိခင်နဲ့ ကလေးစောင့်ရှောက်ရေး ဆေးရုံကို ရုရှားတပ်တွေဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက ဒေါသထွက်နေခဲ့ကြသလို ဒီအတွက် ချဲလ်ဆီးအသင်းကိုလည်း ပိုင်ရှင်လွှဲပြောင်းဖို့ စောင့်ကြည့်တဲ့ အနေအထားကနေ ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုအဖြစ် ပိတ်ပင်သိမ်းဆည်းလိုက်သလို အားလုံးကလည်း တစ်ညီတစ်ညွတ်တည်း ရှိနေခဲ့ကြတာပါ။

ချဲလ်ဆီးပရိသတ်တွေရဲ့ သူတို့ ပိုင်ရှင်အပေါ် ထောက်ခံမှုတွေကိုတော့ ဒီငွေကြေးတွေ ဘယ်ကလာသလဲဆိုတာရော သိရဲ့လားလို့ မေးခွန်းထုတ်မှုတွေ ရှိနေချိန်မှာ အာဆင်နယ်တို့ကတော့ ကလပ်အသင်းတွေထဲက ပထမဆုံး ယူကရိန်း အကူအညီပေးမှုကို စတင်လိုက်တာဖြစ်ပြီး လန်ဒန်မှာတော့ သူတို့ရဲ့ ဂုဏ်သတင်းက ကြီးမားဖို့ ဖြစ်လာခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ယူကရိန္းမွာ သူတို႔ရဲ႕ အားေပးသူ ပရိသတ္အဖြဲ႕အစည္း Supporter’s Club တစ္ခုကို စတင္တည္ေထာင္လိုက္ၿပီး ေဘာလုံးအသင္းေတြထဲမွာ စစ္ဒဏ္ခံေနရတဲ့ ႏိုင္ငံကို စတင္ကူညီဖို႔ ဦးဦးဖ်ားဖ်ား လုပ္ေဆာင္ေပးခဲ့တဲ့ အသင္းလည္းျဖစ္လာခဲ့ပါတယ္။

ေျမာက္လန္ဒန္အသင္းဟာ ကမာၻတစ္ဝွမ္းမွာ အားေပးသူ အစည္းအ႐ုံးေတြ တည္ေထာင္ထားခဲ့ေပမယ့္လည္း သာမန္အတိုင္း အခြင့္အေရးတခ်ိဳ႕ ေပးတာ၊ အဖြဲ႕ဝင္ေတြကို တရားဝင္ မွတ္ပုံတင္တာမ်ိဳးကလြဲၿပီး သာမန္ ကလပ္နဲ႔ ပရိသတ္ ဆက္ဆံေရးမ်ိဳးပဲ ရွိခ်ိန္မွာ ပရိသတ္အဖြဲ႕အစည္း မရွိေသးတဲ့ ယူကရိန္းမွာေတာ့ ပထမဆုံး ကလပ္အသင္းဘက္က စတင္တည္ေထာင္ခဲ့သလို ဒီကတစ္ဆင့္ ကူညီမႈေတြ စတင္သြားမွာျဖစ္ပါတယ္။

အသင္းရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္မွာ ယူကရိန္းပရိသတ္အဖြဲ႕အစည္းကို တည္ေထာင္ေၾကာင္း CEO ဗီႏိုင္း ဗင္ကာတီရွမ္က ေၾကျငာသြားခဲ့ၿပီး အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ တြဲဖက္အဖြဲ႕အစည္း Global Charity Partner အျဖစ္ ရွိေနတဲ့ Save the Children နဲ႔အတူ လက္တြဲၿပီး ကူညီမႈေတြ ေပးသြားမယ္လို႔ ေၾကျငာထားခဲ့ပါတယ္။

ယူကရိန္းမွာ ကေလးေတြအပါအဝင္ မိသားစုေတြကို ေရတြက္ရင္ ဒုကၡသည္ေပါင္း ၃.၅ သန္းအထိ ရွိသြားခ်ိန္မွာ သူတို႔ေတြအေနနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ပိုလန္၊ လစ္သူေယးနီးယားနဲ႔ ႐ိုေမးနီးယားႏိုင္ငံေတြဆီ ခိုဝင္ေနၾကရၿပီး ကနဦးအေနနဲ႔ အာဆင္နယ္တို႔ဘက္က စားစရာ၊ ေရနဲ႔ ရွင္သန္ေရးအတြက္ လိုအပ္တဲ့ အကူအညီေတြ ေပးအပ္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ကေလးေတြအတြက္ ေသာကေတြနဲ႔ ဝမ္းနည္းမႈေတြကို ေခတၱခဏ ေမ့ထားႏိုင္ေအာင္ လုံၿခဳံတဲ့ ကစားကြင္းေနရာေတြ ရရွိေအာင္လည္း ကူညီသြားမွာျဖစ္ၿပီး ႐ိုေမးနီးယားႏိုင္ငံက ဒုကၡသည္စခန္း ၅ ခုကို ကူညီေပးသြားဖို႔ ရွိသလို အစားအေသာက္၊ အသုံးအေဆာင္၊ အဝတ္အထည္ေတြနဲ႔ ေဆးဝါးေတြ ကိုယ္တိုင္ ဝယ္ယူႏိုင္ဖို႔လည္း ေဘာင္ခ်ာေတြ ေပးအပ္သြားမွာျဖစ္ၿပီး ပညာေရးအကူအညီပါ ေပးဖို႔ရွိေနတယ္လို႔လည္း သိရပါတယ္။

ယူကရိန္းႏိုင္ငံအတြင္းမွာ ဆိုး႐ြားတဲ့ အေျခအေနေတြ ႀကဳံေတြ႕ေနခဲ့ရၿပီး မိခင္နဲ႔ ကေလးေစာင့္ေရွာက္ေရး ေဆး႐ုံကို ႐ုရွားတပ္ေတြဘက္က ဗုံးႀကဲတိုက္ခိုက္ခဲ့မႈအေပၚ ၿဗိတိန္နဲ႔ ဥေရာပႏိုင္ငံေတြက ေဒါသထြက္ေနခဲ့ၾကသလို ဒီအတြက္ ခ်ဲလ္ဆီးအသင္းကိုလည္း ပိုင္ရွင္လႊဲေျပာင္းဖို႔ ေစာင့္ၾကည့္တဲ့ အေနအထားကေန ႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ ပိုင္ဆိုင္မႈအျဖစ္ ပိတ္ပင္သိမ္းဆည္းလိုက္သလို အားလုံးကလည္း တစ္ညီတစ္ၫြတ္တည္း ရွိေနခဲ့ၾကတာပါ။

ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ သူတို႔ ပိုင္ရွင္အေပၚ ေထာက္ခံမႈေတြကိုေတာ့ ဒီေငြေၾကးေတြ ဘယ္ကလာသလဲဆိုတာေရာ သိရဲ႕လားလို႔ ေမးခြန္းထုတ္မႈေတြ ရွိေနခ်ိန္မွာ အာဆင္နယ္တို႔ကေတာ့ ကလပ္အသင္းေတြထဲက ပထမဆုံး ယူကရိန္း အကူအညီေပးမႈကို စတင္လိုက္တာျဖစ္ၿပီး လန္ဒန္မွာေတာ့ သူတို႔ရဲ႕ ဂုဏ္သတင္းက ႀကီးမားဖို႔ ျဖစ္လာခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.