Premier League

ချဲလ်ဆီးအသင်းကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်တာ သဘောတူပေမယ့် စိတ်မကောင်းဘူးလို့ ပြောလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ယူကေအစိုးရက ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို သဘောတူညီပေမယ့် ချဲလ်ဆီးအသင်းနဲ့ပတ်သက်နေသူတွေအတွက် ခံစားရတယ်လို့ ဝန်ခံခဲ့ပါတယ်။

ယူကေ အစိုးရက ရုရှားနိုင်ငံသား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ အေဘရာမိုဗစ်ချ်ရဲ့ ယူကေက ပိုင်ဆိုင်မှုအားလုံးဟာ ပိတ်ဆို့ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးအသင်းကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဒီသတင်းက ထွက်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိမှာတော့ ပွဲလက်မှတ်တွေကို ရောင်းချခွင့်မရှိတော့ဘဲ အသင်းပစ္စည်းအရောင်းဆိုင်တွေကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားရပြီဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ရာသီကုန်အထိ ကစားဖို့ စီစဉ်ထားတဲ့ပွဲစဉ်တွေအားလုံးကို ဆက်လက်ကစားနိုင်ဖို့အတွက် အထူးလိုင်စင်တစ်ခု ယူကေ အစိုးရက ချပေးခဲ့ပေမယ့် အေဘရာမိုဗစ်ချ်အနေနဲ့ မေလ ၃၁ ရက်နေ့မတိုင်ခင် အသင်းကို မရောင်းနိုင်ဘူးဆိုရင် ဒေဝါလီတောင် ခံရနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ဟာ ကြာသပတေးနေ့က နောဝစ်ချ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွက် အသင်းကို ပုံမှန်အတိုင်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့ဆဲဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြဟာ အသင်းကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အကောင်းမြင်နေဆဲဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းနည်းပြတွေကလည်း ချဲလ်ဆီးအသင်းနဲ့့ပတ်သက်ပြီး ၎င်းတို့ရဲ့ ထင်မြင်ချက်တွေကို ပြောကြားခဲ့ကြပြီး တော့တင်ဟမ်ဟော့စပါးနည်းပြ ကွန်တီက အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ကလော့ပ်က ချဲလ်ဆီးအသင်းရဲ့ပိတ်ဆို့ဒဏ်ခတ်မှုအပေါ် မှတ်ချက်ပေးလိုက်ပြီဖြစ်ပြီး ယူကေ အစိုးရရဲ့ ချဉ်းကပ်ပုံကို သဘောတူတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က ချဲလ်ဆီးအသင်းအနေနဲ့ ဒီလိုမျိုး နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်နေရတဲ့ အဓိကအကျဆုံး အကြောင်းအရင်းဟာ ရုရှား သမ္မတ ပူတင်ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

“သောမတ်စ်နဲ့ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် သိကြပါတယ်။ ဒါပေမယ်လည်း စကားစမြည်ပြောဖို့လောက်အထိတော့ မရင်းနှီးပါဘူး။ ကျွန်တော် သူ့အတွက်၊ ကစားသမားတွေနဲ့ ချဲလ်ဆီးမှာရှိတဲ့ ဝန်ထမ်းတွေအားလုံးအတွက် ခံစားရတယ်”

“ဘာလို့လဲဆိုတော့ အခုဖြစ်ပျက်နေတာတွေအတွက် သူတို့မှာ ဘာတာဝန်မှ မရှိတာကြောင့်ပါ။ ဒီကိစ္စအတွက် လူတစ်ယောက်ကပဲ တာဝန်ရှိတာဖြစ်ပြီး အဲဒါက ပထမနေရာမှာ ဗလာဒီမာ ပူတင်ပါ။ ဒီလိုကိစ္စတွေမှာ ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာ ကျွန်တော် မသိပေမယ့်လည်း နှစ်ပေါင်းများစွာအတွင်းမှာ ခင်ဗျားအနေနဲ့ သူက တော်တော်လေး ပူတင်နဲ့ နီးစပ်တယ်ဆိုတာ မှန်းဆနိုင်ပြီး ဗြိတိသမျှအစိုးရလုပ်ခဲ့တာက ၁၀၀ ရာခိုင်နှုန်းမှန်ကန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အဲဒါက ချဲလ်ဆီးမှာရှိနေတဲ့ လူတွေနဲ့ ပရိသတ်တွေအတွက်တော့ အဆင်မပြေဖြစ်နေပါသေးတယ်။ ကျွန်တော် အဲဒါကို နားလည်ပါတယ်”

ကလော့ပ်က ချဲလ်ဆီးအသင်းရဲ့ပိတ်ဆို့ဒဏ်ခတ်ခံရမှုအပေါ် နောက်ထပ် ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ဘောလုံးရဲ့ ရှင်းလင်းတဲ့ တာဝန်က အသင်းပိုင်ဆိုင်တဲ့သူတွေကို ပိုပြီးကောင်းမွန်အောင် ထိန်းကျောင်းပေးဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်ကို လာမေးတာကတော့ တကယ် မျှတယ်လို့ ကျွန်တော် မထင်ပါဘူး။ ခင်ဗျားက ဒီနိုင်ငံမှာ ကျွန်တော့်ထက် အများကြီး အကြာကြီးပိုနေခဲ့ရတာပါ။ ခင်ဗျား တကယ်ရော ဂရုစိုက်လို့လား။ ရိုမန် အေဘရာမိုဗစ်ချ် ချဲလ်ဆီးကို ရောက်လာတဲ့အချိန်တုန်းက အားလုံးက တကယ် ဂရုစိုက်ခဲ့လို့လား။ နယူးကာဆယ်လ်အသင်းကို လွှဲပြောင်းဝယ်ယူသွားတဲ့အချိန်မှာ ဘယ်သူက တကယ် ဂရုစိုက်ခဲ့လဲ။ ပရိသတ်တွေကို တကယ် ဂရုစိုက်ရဲ့လား။ အဲဒါ မေးခွန်းပဲ”

“ပိုက်ဆံတွေ ဘယ်ကနေ လာနေလဲဆိုတာ တော်တော်လေးကို ရှင်းပါတယ်။ အားလုံးလည်း အဲဒါကို သိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်ခံခဲ့တယ်။ အဲဒါ ကျွန်တော်တို့ အပြစ်ပဲ။ အဲဒါ လူအဖွဲ့အစည်းရဲ့အပြစ်ပဲ။ အဲဒီတော့ ကျွန်တော်တို့ အဲဒါကို လက်ခံခဲ့တယ်။ အခု ကျွန်တော်တို့ နောက်ထပ် လက်မခံတော့ဘဲ သူတို့ကို အပြစ်ပေးတယ်။ အဲဒါက ချဲလ်ဆီးရဲ့ အပြစ်မဟုတ်ပါဘူး။ လုံးဝကို မဟုတ်တာပါ။ နောက်ခံအကြောင်းအရင်းကို စစ်ဆေးမှုတွေက ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီမှာရှိနေတဲ့ ၆ နှစ်ခွဲအတွင်း အသိနဲ့ ခင်ဗျားကို ပြောပြနိုင်တယ်။ ကျွန်တော် ဒီရောက်တဲ့ ပထမနေ့ကနေ အခုအထိ ကျွန်တော်တို့ရဲ့့ပိုင်ရှင်တွေနဲ့ပတ်သက်ပြီး တကယ်ပျော်ရွှင်ခဲ့တယ်”

“ဒီလိုအချိန်တွေမှာ ကျွန်တော့်ရဲ့ အသင်းပိုင်ရှင်တွေနဲ့ပတ်သက်ပြီး ကျွန်တော် ပိုပြီးတောင် ပျော်ရွှင်မိပါတယ်။ အဆုံးမှာ ပိုင်ရှင်တွေက အသင်းကို ဦးဆောင်ပြီး သူတို့တွေ အကျိုးအမြတ် ရချင်တဲ့အခါမှာ ဘဏ္ဍာရေး အရင်းအမြစ်တွေကို ပေးကြပါတယ်။ ကျွန်တော်တို့က အဲဒီပိုက်ဆံတွေ ဘယ်ကလာမှန်း တွေးတောင် မတွေးခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့ ပိုက်ဆံတွေ ဘယ်ကနေရတာလဲဆိုတာနဲ့ပတ်သက်ပြီး စတွေးရတော့မယ်ဆိုတာ သိသာပါတယ်။ အဲဒါကို ရှင်းရှင်းပြောရရင် အရမ်းကောင်းတဲ့ အကြံအစည်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ငွေတွေဘယ်ကလာသလဲဆိုတာနဲ့ပတ်သက်ပြီး နည်းနည်းတော့ ပိုတွေးသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္က ယူေကအစိုးရက ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ရိုမန္ ေအဘရာမိုဗစ္ခ်္ကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ျပဳလုပ္လိုက္တဲ့ ဆုံးျဖတ္ခ်က္ကို သေဘာတူညီေပမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ပတ္သက္ေနသူေတြအတြက္ ခံစားရတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ယူေက အစိုးရက ႐ုရွားနိုင္ငံသား ဘီလ်ံနာ ရိုမန္ ေအဘရာမိုဗစ္ခ်္ကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခ်မွတ္လိုက္ေၾကာင္း ၾကာသပေတးေန႔က ေၾကညာခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းဟာ ႀကီးမားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ႐ုရွားသမၼတပူတင္နဲ႔ နီးကပ္တဲ့ ဆက္ဆံေရးရွိတဲ့ ေအဘရာမိုဗစ္ခ်္ရဲ့ ယူေကက ပိုင္ဆိုင္မႈအားလုံးဟာ ပိတ္ဆို႔ခံခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္က ခ်ဲလ္ဆီးအသင္းကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဒီသတင္းက ထြက္လာခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ လက္ရွိမွာေတာ့ ပြဲလက္မွတ္ေတြကို ေရာင္းခ်ခြင့္မရွိေတာ့ဘဲ အသင္းပစၥည္းအေရာင္းဆိုင္ေတြကိုလည္း ရက္အကန႔္အသတ္မရွိ ပိတ္ထားရၿပီျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ရာသီကုန္အထိ ကစားဖို႔ စီစဥ္ထားတဲ့ပြဲစဥ္ေတြအားလုံးကို ဆက္လက္ကစားနိုင္ဖို႔အတြက္ အထူးလိုင္စင္တစ္ခု ယူေက အစိုးရက ခ်ေပးခဲ့ေပမယ့္ ေအဘရာမိုဗစ္ခ်္အေနနဲ႔ ေမလ ၃၁ ရက္ေန႔မတိုင္ခင္ အသင္းကို မေရာင္းနိုင္ဘူးဆိုရင္ ေဒဝါလီေတာင္ ခံရနိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

အဲဒီအခ်ိန္မွာ ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္ဟာ ၾကာသပေတးေန႔က ေနာဝစ္ခ်္ကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြက္ အသင္းကို ပုံမွန္အတိုင္း ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနခဲ့ဆဲျဖစ္ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပဟာ အသင္းကို ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း အေကာင္းျမင္ေနဆဲျဖစ္ပါတယ္။ ၿပိဳင္ဘက္အသင္းနည္းျပေတြကလည္း ခ်ဲလ္ဆီးအသင္းနဲ႔့ပတ္သက္ၿပီး ၎တို႔ရဲ့ ထင္ျမင္ခ်က္ေတြကို ေျပာၾကားခဲ့ၾကၿပီး ေတာ့တင္ဟမ္ေဟာ့စပါးနည္းၿပ ကြန္တီက အေကာင္းဆုံးျဖစ္လာဖို႔ ေမၽွာ္လင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ကေလာ့ပ္က ခ်ဲလ္ဆီးအသင္းရဲ့ပိတ္ဆို႔ဒဏ္ခတ္မႈအေပၚ မွတ္ခ်က္ေပးလိုက္ၿပီျဖစ္ၿပီး ယူေက အစိုးရရဲ့ ခ်ဥ္းကပ္ပုံကို သေဘာတူတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္က ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီလိုမ်ိဳး ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြကို ရင္ဆိုင္ေနရတဲ့ အဓိကအက်ဆုံး အေၾကာင္းအရင္းဟာ ႐ုရွား သမၼတ ပူတင္ျဖစ္တယ္လို႔ ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။

“ေသာမတ္စ္နဲ႔ ကၽြန္ေတာ္တို႔က တစ္ေယာက္နဲ႔တစ္ေယာက္ သိၾကပါတယ္။ ဒါေပမယ္လည္း စကားစျမည္ေျပာဖို႔ေလာက္အထိေတာ့ မရင္းႏွီးပါဘူး။ ကၽြန္ေတာ္ သူ႔အတြက္၊ ကစားသမားေတြနဲ႔ ခ်ဲလ္ဆီးမွာရွိတဲ့ ဝန္ထမ္းေတြအားလုံးအတြက္ ခံစားရတယ္”

“ဘာလို႔လဲဆိုေတာ့ အခုျဖစ္ပ်က္ေနတာေတြအတြက္ သူတို႔မွာ ဘာတာဝန္မွ မရွိတာေၾကာင့္ပါ။ ဒီကိစၥအတြက္ လူတစ္ေယာက္ကပဲ တာဝန္ရွိတာျဖစ္ၿပီး အဲဒါက ပထမေနရာမွာ ဗလာဒီမာ ပူတင္ပါ။ ဒီလိုကိစၥေတြမွာ ရိုမန္ ေအဘရာမိုဗစ္ခ်္ရဲ့ အခန္းက႑က ဘာလဲဆိုတာ ကၽြန္ေတာ္ မသိေပမယ့္လည္း ႏွစ္ေပါင္းမ်ားစြာအတြင္းမွာ ခင္ဗ်ားအေနနဲ႔ သူက ေတာ္ေတာ္ေလး ပူတင္နဲ႔ နီးစပ္တယ္ဆိုတာ မွန္းဆနိုင္ၿပီး ၿဗိတိသမၽွအစိုးရလုပ္ခဲ့တာက ၁၀၀ ရာခိုင္ႏႈန္းမွန္ကန္တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္ အဲဒါက ခ်ဲလ္ဆီးမွာရွိေနတဲ့ လူေတြနဲ႔ ပရိသတ္ေတြအတြက္ေတာ့ အဆင္မေျပျဖစ္ေနပါေသးတယ္။ ကၽြန္ေတာ္ အဲဒါကို နားလည္ပါတယ္”

ကေလာ့ပ္က ခ်ဲလ္ဆီးအသင္းရဲ့ပိတ္ဆို႔ဒဏ္ခတ္ခံရမႈအေပၚ ေနာက္ထပ္ ေျပာဆိုမႈေတြျပဳလုပ္ခဲ့ၿပီး ေဘာလုံးရဲ့ ရွင္းလင္းတဲ့ တာဝန္က အသင္းပိုင္ဆိုင္တဲ့သူေတြကို ပိုၿပီးေကာင္းမြန္ေအာင္ ထိန္းေက်ာင္းေပးဖို႔ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ့္ကို လာေမးတာကေတာ့ တကယ္ မၽွတယ္လို႔ ကၽြန္ေတာ္ မထင္ပါဘူး။ ခင္ဗ်ားက ဒီနိုင္ငံမွာ ကၽြန္ေတာ့္ထက္ အမ်ားႀကီး အၾကာႀကီးပိုေနခဲ့ရတာပါ။ ခင္ဗ်ား တကယ္ေရာ ဂ႐ုစိုက္လို႔လား။ ရိုမန္ ေအဘရာမိုဗစ္ခ်္ ခ်ဲလ္ဆီးကို ေရာက္လာတဲ့အခ်ိန္တုန္းက အားလုံးက တကယ္ ဂ႐ုစိုက္ခဲ့လို႔လား။ နယူးကာဆယ္လ္အသင္းကို လႊဲေျပာင္းဝယ္ယူသြားတဲ့အခ်ိန္မွာ ဘယ္သူက တကယ္ ဂ႐ုစိုက္ခဲ့လဲ။ ပရိသတ္ေတြကို တကယ္ ဂ႐ုစိုက္ရဲ့လား။ အဲဒါ ေမးခြန္းပဲ”

“ပိုက္ဆံေတြ ဘယ္ကေန လာေနလဲဆိုတာ ေတာ္ေတာ္ေလးကို ရွင္းပါတယ္။ အားလုံးလည္း အဲဒါကို သိခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ လက္ခံခဲ့တယ္။ အဲဒါ ကၽြန္ေတာ္တို႔ အျပစ္ပဲ။ အဲဒါ လူအဖြဲ႕အစည္းရဲ့အျပစ္ပဲ။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ အဲဒါကို လက္ခံခဲ့တယ္။ အခု ကၽြန္ေတာ္တို႔ ေနာက္ထပ္ လက္မခံေတာ့ဘဲ သူတို႔ကို အျပစ္ေပးတယ္။ အဲဒါက ခ်ဲလ္ဆီးရဲ့ အျပစ္မဟုတ္ပါဘူး။ လုံးဝကို မဟုတ္တာပါ။ ေနာက္ခံအေၾကာင္းအရင္းကို စစ္ေဆးမႈေတြက ဘယ္လိုမ်ိဳးလဲဆိုတာ ကၽြန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ ဒီမွာရွိေနတဲ့ ၆ ႏွစ္ခြဲအတြင္း အသိနဲ႔ ခင္ဗ်ားကို ေျပာျပနိုင္တယ္။ ကၽြန္ေတာ္ ဒီေရာက္တဲ့ ပထမေန႔ကေန အခုအထိ ကၽြန္ေတာ္တို႔ရဲ့့ပိုင္ရွင္ေတြနဲ႔ပတ္သက္ၿပီး တကယ္ေပ်ာ္ရႊင္ခဲ့တယ္”

“ဒီလိုအခ်ိန္ေတြမွာ ကၽြန္ေတာ့္ရဲ့ အသင္းပိုင္ရွင္ေတြနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ ပိုၿပီးေတာင္ ေပ်ာ္ရႊင္မိပါတယ္။ အဆုံးမွာ ပိုင္ရွင္ေတြက အသင္းကို ဦးေဆာင္ၿပီး သူတို႔ေတြ အက်ိဳးအျမတ္ ရခ်င္တဲ့အခါမွာ ဘ႑ာေရး အရင္းအျမစ္ေတြကို ေပးၾကပါတယ္။ ကၽြန္ေတာ္တို႔က အဲဒီပိုက္ဆံေတြ ဘယ္ကလာမွန္း ေတြးေတာင္ မေတြးခဲ့ပါဘူး။ အခုေတာ့ ကၽြန္ေတာ္တို႔ ပိုက္ဆံေတြ ဘယ္ကေနရတာလဲဆိုတာနဲ႔ပတ္သက္ၿပီး စေတြးရေတာ့မယ္ဆိုတာ သိသာပါတယ္။ အဲဒါကို ရွင္းရွင္းေျပာရရင္ အရမ္းေကာင္းတဲ့ အႀကံအစည္လို႔ ကၽြန္ေတာ္ ထင္တယ္။ ကၽြန္ေတာ္တို႔ ေငြေတြဘယ္ကလာသလဲဆိုတာနဲ႔ပတ္သက္ၿပီး နည္းနည္းေတာ့ ပိုေတြးသင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.