Serie A

ရုရှားနဲ့ ယူကရိန်း စစ်ဖြစ်နေပေမယ့် ညီအစ်ကိုလို ချစ်ခင်နေကြဆဲဖြစ်တဲ့ အတ္တလန္တာကြယ်ပွင့် ၂ ဦး

ယူကရိန်းကွင်းလယ်ကစားသမား ရပ်စလန် မာလင်နော့ဗ်စကိုင်းရီနဲ့ ရုရှားကွင်းလယ်ကစားသမား အလက်ဆီး မီရန်ချစ်ခ်တို့ဟာ ၎င်းတို့နိုင်ငံတွေကြား စစ်ပွဲဖြစ်ပွားနေပေမယ့်လည်း အတ္တလန္တာမှာ အသင်းဖော်တွေအဖြစ် လှပတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားတယ်လို့ နောက်ခံကစားသမား ဇက်ပါကော်စတာရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကစားသမား ၂ ဦးစလုံးဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေး လိုလားကြသူတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ကြာသပတေးနေ့မှာ ၎င်းတို့ဟာ လေဗာကူဆင်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ကြပြီး မာလင်နော့ဗ်စကိုင်းရီက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး စစ်ပွဲရဲ့သားကောင်ဖြစ်နေကြသူတွေကို ရည်ရွယ်ပြီး လက်ကို ကောင်းကင်ပေါ် ညွှန်ပြ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

“အခုအချိန် အခြေအနေက ဘယ်သူ့အတွက်မှ မလွယ်ကူပါဘူး။ ကျွန်တော်တို့ ဒီလိုအခြေအနေရောက်လာလိမ့်မယ်လို့ တွေးကြည့်လို့တောင် မရခဲ့ပါဘူး။ ကျွန်တော်တို့ အရမ်းခင်ကြတဲ့သူငယ်ချင်းတွေဖြစ်တဲ့ သူတို့နဲ့ အနီးကပ်နေနိုင်အောင် ကြိုးစားပါတယ်။ သူတို့ရဲ့ လှပတဲ့ ဆက်ဆံရေးက ဒီ အဓိပ္ပာယ်မဲ့စစ်ပွဲကို တိုက်ခိုက်နေကြတဲ့သူတွေအတွက် စံနမူတစ်ခုအဖြစ် ပြသခြင်းခံရသင့်ပါတယ်”လို့ ဇက်ပါကော်စတာက Sky Sport Italia ကို ပြောကြားခဲ့ပါတယ်။

နည်းပြ ဂက်စ်ပါရီနီကလည်း “မာလင်နော့ဗ်စကိုင်းရီလုပ်နေတာတွေ၊ သူ ဖြတ်သန်းပြီး နေထိုင်နေတာတွေ၊ သူ့ရဲ့ဇနီး၊ တစ်သင်းလုံးနဲ့အတူ သူ လုပ်နေတဲ့အရာတွေက ရင်ထဲထိ ရောက်စေပါတယ်။ ကျွန်တော်တို့ ဖြစ်နေတာတွေကို စောင့်ကြည့်ပြီး အချိန်အများကြီး ကုန်ဆုံးခဲ့ပါတယ်။ တစ်သင်းလုံးကလည်း အကျိုးသက်ရောက်မှုရှိနေခဲ့တယ်။ ကျွန်တော့် တစ်ဦးတည်းအမြင်အရ ပြောရရင် ဒီဟာက ဘာဂါမိုမှာ အရမ်းဆိုးခဲ့တဲ့ ကိုဗစ်ထက်တောင် ကျွန်တော့်ကို ပိုပြီး လှုပ်ခတ်စေခဲ့ပါတယ်”

“သူ့မှာ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ ယူကရိန်းမှာရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ မီရန်ချစ်ခ်နဲ့လည်း အရမ်းရင်းနှီးပါတယ်။ သူတို့တွေရဲ့ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးက ထူးခြားပါတယ်။ မီရန်ချစ်ခ်က ဒီအခြေအနေကြောင့် အရှက်ရလုနီးပါးဖြစ်နေပြီး သူလည် လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက သူတို့ ကိုယ်စားပြုတဲ့အလံတွေထက်ပိုပြီးတော့ အရေးပါလို့ပါ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ယူကရိန္းကြင္းလယ္ကစားသမား ရပ္စလန္ မာလင္ေနာ့ဗ္စကိုင္းရီနဲ႔ ႐ုရွားကြင္းလယ္ကစားသမား အလက္ဆီး မီရန္ခ်စ္ခ္တို႔ဟာ ၎တို႔နိုင္ငံေတြၾကား စစ္ပြဲျဖစ္ပြားေနေပမယ့္လည္း အတၱလႏၲာမွာ အသင္းေဖာ္ေတြအျဖစ္ လွပတဲ့ ဆက္ဆံေရးကို တည္ေဆာက္ထားတယ္လို႔ ေနာက္ခံကစားသမား ဇက္ပါေကာ္စတာရဲ့ ေျပာၾကားခ်က္အရ သိရပါတယ္။

ကစားသမား ၂ ဦးစလုံးဟာ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း ၿငိမ္းခ်မ္းေရး လိုလားၾကသူေတြ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။ ၾကာသပေတးေန႔မွာ ၎တို႔ဟာ ေလဗာကူဆင္ကို ၃-၂ နဲ႔ အနိုင္ရရွိခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာ ပါဝင္ကစားေပးခဲ့ၾကၿပီး မာလင္ေနာ့ဗ္စကိုင္းရီက အဖြင့္ဂိုးသြင္းယူေပးခဲ့ၿပီး စစ္ပြဲရဲ့သားေကာင္ျဖစ္ေနၾကသူေတြကို ရည္ရြယ္ၿပီး လက္ကို ေကာင္းကင္ေပၚ ညႊန္ၿပ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

“အခုအခ်ိန္ အေျခအေနက ဘယ္သူ႔အတြက္မွ မလြယ္ကူပါဘူး။ ကၽြန္ေတာ္တို႔ ဒီလိုအေျခအေနေရာက္လာလိမ့္မယ္လို႔ ေတြးၾကည့္လို႔ေတာင္ မရခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ အရမ္းခင္ၾကတဲ့သူငယ္ခ်င္းေတြျဖစ္တဲ့ သူတို႔နဲ႔ အနီးကပ္ေနနိုင္ေအာင္ ႀကိဳးစားပါတယ္။ သူတို႔ရဲ့ လွပတဲ့ ဆက္ဆံေရးက ဒီ အဓိပၸာယ္မဲ့စစ္ပြဲကို တိုက္ခိုက္ေနၾကတဲ့သူေတြအတြက္ စံနမူတစ္ခုအျဖစ္ ျပသျခင္းခံရသင့္ပါတယ္”လို႔ ဇက္ပါေကာ္စတာက Sky Sport Italia ကို ေျပာၾကားခဲ့ပါတယ္။

နည္းၿပ ဂက္စ္ပါရီနီကလည္း “မာလင္ေနာ့ဗ္စကိုင္းရီလုပ္ေနတာေတြ၊ သူ ျဖတ္သန္းၿပီး ေနထိုင္ေနတာေတြ၊ သူ႔ရဲ့ဇနီး၊ တစ္သင္းလုံးနဲ႔အတူ သူ လုပ္ေနတဲ့အရာေတြက ရင္ထဲထိ ေရာက္ေစပါတယ္။ ကၽြန္ေတာ္တို႔ ျဖစ္ေနတာေတြကို ေစာင့္ၾကည့္ၿပီး အခ်ိန္အမ်ားႀကီး ကုန္ဆုံးခဲ့ပါတယ္။ တစ္သင္းလုံးကလည္း အက်ိဳးသက္ေရာက္မႈရွိေနခဲ့တယ္။ ကၽြန္ေတာ့္ တစ္ဦးတည္းအျမင္အရ ေျပာရရင္ ဒီဟာက ဘာဂါမိုမွာ အရမ္းဆိုးခဲ့တဲ့ ကိုဗစ္ထက္ေတာင္ ကၽြန္ေတာ့္ကို ပိုၿပီး လႈပ္ခတ္ေစခဲ့ပါတယ္”

“သူ႔မွာ ေဆြမ်ိဳးေတြ၊ သူငယ္ခ်င္းေတြ ယူကရိန္းမွာရွိတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ မီရန္ခ်စ္ခ္နဲ႔လည္း အရမ္းရင္းႏွီးပါတယ္။ သူတို႔ေတြရဲ့ အရမ္းေကာင္းမြန္တဲ့ ဆက္ဆံေရးက ထူးျခားပါတယ္။ မီရန္ခ်စ္ခ္က ဒီအေျခအေနေၾကာင့္ အရွက္ရလုနီးပါးျဖစ္ေနၿပီး သူလည္ ေလးစားမႈနဲ႔ ထိုက္တန္ပါတယ္။ ဘာလို႔လဲဆိုေတာ့ လူေတြက သူတို႔ ကိုယ္စားျပဳတဲ့အလံေတြထက္ပိုၿပီးေတာ့ အေရးပါလို႔ပါ”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.