La Liga Match Report Serie A UCL&UEL

နူးကမ့်မှာ အာရုံလာနောက်ထားတဲ့ နာပိုလီကို အဝေးကွင်းမှာ ချေမှုန်းခဲ့တဲ့ ဘာစီလိုနာ

နာပိုလီအသင်းအနေနဲ့ ပထမအကျော့က အဝေးကွင်းမှာ သရေကစားနိုင်ခဲ့လို့ အိမ်ကွင်းမှာ မျှော်လင့်ချက်ကြီးခဲ့ပြီး တိုက်စစ်ဦးစားပေးတဲ့ လူစာရင်းဖြစ်တဲ့ အိုဆီမင်၊ အင်ဆီညာ၊ အဲလ်မတ်စ်၊ ဇီလင်စကီးတို့နဲ့ ရှေ့တန်းမှာ ခင်းကျင်းခဲ့ပြီး ခံစစ်မှာတော့ ကူလီဘေလီ၊ ရာမာနီ၊ မာရီယို ရူအီနဲ့ ဒီလော်ရင်ဇိုတို့လို ဦးစားပေးကစားသမားတွေကို သုံးစွဲပြီး ဆန်ပေါ်လိုမှာ နောက်တစ်ဆင့်တက်နိုင်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာတို့ကတော့ သူတို့ရဲ့ ရစ်သမ်မိနေတဲ့ လူစာရင်းကို အပြောင်းအလဲအဖြစ် ဒမ်ဘီလီအစား အဒါမာ ထရာအိုရေးနဲ့ အစားထိုးခဲ့တာ တစ်ခုပဲရှိခဲ့ပြီး တိုက်စစ်မှာ အူဘာမီယန်း၊ ဖယ်ရန် တောရက်စ်တို့နဲ့ တွဲကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဂါဗီအစား ပက်ဒရီ ပါဝင်လာပြီး ဘူးစကွက်စ်၊ ဖရင်ကီ ဒီယုံးတို့နဲ့ ခင်းကျင်းခဲ့ချိန်မှာ ခံစစ်မှာတော့ ဂျော်ဒီ အယ်လ်ဘာ၊ ဒက်စ်၊ ပီကေး၊ အရော်ဂျိုနဲ့ ဂိုးသမား တာစတီဂန်တို့ပဲ ကစားခဲ့ကြတာပါ။

ဆန်ပေါ်လိုမှာ အဖွင့်ဂိုး စရခဲ့သူတွေကတော့ ပထမအကျော့က အခြေအနေကောင်းထားတဲ့ အိမ်ရှင်တွေ မဟုတ်ဘဲဖြစ်ခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာ အင်ဆီညာရဲ့ ထောင့်ကန်ဘောကို အနိမ့်ဘော ကန်ပေးတာကို အူဘာမီယန်းက ဖြတ်ယူပြီး ထရာအိုရေးကို ပေးခဲ့ရာမှာ ဗလကြီးက တောက်လျှောက်ဆွဲပြီး ဂိုးဧရိယာထိပ်မှာ ညာခြမ်းကို ချိုးပေးခဲ့ရာမှာ အတူပါလာခဲ့တဲ့ ဂျော်ဒီ အယ်လ်ဘာက ညာခြေနဲ့ အနိမ့်ဘောကန်သွင်းပြီး ဘာဆာတို့ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာတော့ ဘာစီလိုနာတို့ပဲ ဒုတိယဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဂိုးသမား တာစတီဂန် ကန်တင်ပေးတဲ့ ဘောလုံးကို နာပိုလီနောက်ခံလူ ရာမာနီ ခေါင်းတိုက်ပုံမှားရာကနေ ဖယ်ရန် တောရက်စ်က ဖြတ်ယူသွားခဲ့ပြီး ပြန်ချပေးတာကို နောက်က လိုက်လာခဲ့တဲ့ ကွင်းလယ်လူ ဒီယုံးက အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းယူခဲ့ရာမှာ အိမ်ရှင်ဂိုးသမား မီရက် လှုပ်တောင်မလှုပ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် ၂၃ မိနစ်မှာတော့ အိမ်ရှင်တွေ တစ်ဂိုးပြန်လည်ချေပနိုင်ခဲ့ပြီး တိုက်စစ်မှူး အိုဆီမင်နဲ့ ဘောလုံးယှဉ်လုရင်း ခြေထောက်ကို ချိတ်မိခဲ့တဲ့ ဂိုးသမား တာစတီဂန်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင် အင်ဆီညာက မကန်ခင် ဟန်ရေးပြနေတဲ့ ဂျာမန်သားကို စိတ်တောင်မဝင်စားဘဲ သူ့ရဲ့ ဘယ်ဘက်အောက်ထောင့်ကို အလျင်အမြန် ကန်သွင်းယူပြီး နာပိုလီတို့ကို မျှော်လင့်ချက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးပေးလိုက်ရအပြီး ဘာစီလိုနာတို့ ခြေအသာနဲ့ ဆက်တိုက်ဖိကစားပေမယ့် ဂိုးထပ်ရဖို့တော့ ခက်နေခဲ့သလို ဖယ်ရန် တောရက်စ်နဲ့ အူဘာမီယန်းတို့ ကန်ချက်တွေ လွဲချော်ခဲ့ကြပြီး ပွဲချိန် ၄၅ မိနစ်မှာမှ ထောင့်ကန်ဘောက ပြန်ထွက်လာတာကို ဂျော်ဒီ အယ်လ်ဘာ ဖြတ်တင်ပေးရာကနေ ပြန်ကျလာတဲ့ ဘောလုံးကို ပီကေးက ကန်သွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘာစီလိုနာတို့ပဲ ဖိကစားခဲ့သလို နာပိုလီတို့ကတော့ ကောင်တာပဲ ချောင်းကစားနေခဲ့ရပြီး ပွဲချိန် ၅၉ မိနစ်မှာတော့ ဧည့်သည်တွေ နောက်ထပ်တစ်ဂိုး ထပ်ရခဲ့သလို ညာခြမ်းက အဒါမာ ထရာအိုရေးရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ အနိမ့်ဘော ဖြတ်ချိုးပေးမှုကို အူဘာမီယန်းက လျှပ်တစ်ပြက် ကန်သွင်းပြီး လေးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်စေခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာ အင်ဆီညာက တစ်ဂိုးပြန်ချေခဲ့ပေမယ့် လူကျွံနေခဲ့လို့ နာပိုလီတို့ စိတ်ပျက်ခဲ့ရသလို မနိုင်နိုင်တော့မှန်း သိပေမယ့် ဂုဏ်သိက္ခာအရ အိမ်ရှင်ပရိသတ်တွေကို နှစ်သိမ့်ဖို့ ဖိကစားခဲ့တဲ့ နေပယ်လ်သားတွေ ပွဲချိန် ၈၇ မိနစ်မှာတော့ နောက်ထပ်တစ်ဂိုးရခဲ့ပြီး နီကို ဂွန်ဇာလက်ဇ်ရဲ့ အမှားကနေ ဘောလုံးရသွားခဲ့တဲ့ ညာတောင်ပံကစားသမား ပိုလီတာနိုက အနိမ့်ဘောကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ဘာစီလိုနာတို့ လေးဂိုး-နှစ်ဂိုး (နှစ်ကျော့ပေါင်း ငါးဂိုး-သုံးဂိုး)နဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ယူရိုပါလိဂ်ရဲ့ အုပ်စု ဒုတိယတွေနဲ့ ချန်ပီယံလိဂ်ပြုတ် တတိယသမားတွေ ယှဉ်ပြိုင်ခဲ့တဲ့ ရှုံးထွက် Play-off အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကြသလို ၁၆ သင်းအဆင့်အဖြစ် ဆက်လက်ကစားရမယ့် အုပ်စုဗိုလ်တွေနဲ့ တွေ့ဆုံမှုမှာတော့ ဒီညနေ မဲခွဲရေးဆွဲချိန်မှာ ဘယ်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမလဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နာပိုလီအသင္းအေနနဲ႔ ပထမအေက်ာ့က အေဝးကြင္းမွာ သေရကစားႏိုင္ခဲ့လို႔ အိမ္ကြင္းမွာ ေမွ်ာ္လင့္ခ်က္ႀကီးခဲ့ၿပီး တိုက္စစ္ဦးစားေပးတဲ့ လူစာရင္းျဖစ္တဲ့ အိုဆီမင္၊ အင္ဆီညာ၊ အဲလ္မတ္စ္၊ ဇီလင္စကီးတို႔နဲ႔ ေရွ႕တန္းမွာ ခင္းက်င္းခဲ့ၿပီး ခံစစ္မွာေတာ့ ကူလီေဘလီ၊ ရာမာနီ၊ မာရီယို ႐ူအီနဲ႔ ဒီေလာ္ရင္ဇိုတို႔လို ဦးစားေပးကစားသမားေတြကို သုံးစြဲၿပီး ဆန္ေပၚလိုမွာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာတို႔ကေတာ့ သူတို႔ရဲ႕ ရစ္သမ္မိေနတဲ့ လူစာရင္းကို အေျပာင္းအလဲအျဖစ္ ဒမ္ဘီလီအစား အဒါမာ ထရာအိုေရးနဲ႔ အစားထိုးခဲ့တာ တစ္ခုပဲရွိခဲ့ၿပီး တိုက္စစ္မွာ အူဘာမီယန္း၊ ဖယ္ရန္ ေတာရက္စ္တို႔နဲ႔ တြဲကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဂါဗီအစား ပက္ဒရီ ပါဝင္လာၿပီး ဘူးစကြက္စ္၊ ဖရင္ကီ ဒီယုံးတို႔နဲ႔ ခင္းက်င္းခဲ့ခ်ိန္မွာ ခံစစ္မွာေတာ့ ေဂ်ာ္ဒီ အယ္လ္ဘာ၊ ဒက္စ္၊ ပီေကး၊ အေရာ္ဂ်ိဳနဲ႔ ဂိုးသမား တာစတီဂန္တို႔ပဲ ကစားခဲ့ၾကတာပါ။

ဆန္ေပၚလိုမွာ အဖြင့္ဂိုး စရခဲ့သူေတြကေတာ့ ပထမအေက်ာ့က အေျခအေနေကာင္းထားတဲ့ အိမ္ရွင္ေတြ မဟုတ္ဘဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၈ မိနစ္မွာ အင္ဆီညာရဲ႕ ေထာင့္ကန္ေဘာကို အနိမ့္ေဘာ ကန္ေပးတာကို အူဘာမီယန္းက ျဖတ္ယူၿပီး ထရာအိုေရးကို ေပးခဲ့ရာမွာ ဗလႀကီးက ေတာက္ေလွ်ာက္ဆြဲၿပီး ဂိုးဧရိယာထိပ္မွာ ညာျခမ္းကို ခ်ိဳးေပးခဲ့ရာမွာ အတူပါလာခဲ့တဲ့ ေဂ်ာ္ဒီ အယ္လ္ဘာက ညာေျခနဲ႔ အနိမ့္ေဘာကန္သြင္းၿပီး ဘာဆာတို႔ ဦးေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ပဲ ဒုတိယဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဂိုးသမား တာစတီဂန္ ကန္တင္ေပးတဲ့ ေဘာလုံးကို နာပိုလီေနာက္ခံလူ ရာမာနီ ေခါင္းတိုက္ပုံမွားရာကေန ဖယ္ရန္ ေတာရက္စ္က ျဖတ္ယူသြားခဲ့ၿပီး ျပန္ခ်ေပးတာကို ေနာက္က လိုက္လာခဲ့တဲ့ ကြင္းလယ္လူ ဒီယုံးက အေဝးတိုင္ဘက္ကို ေဝ့ဝိုက္ကန္သြင္းယူခဲ့ရာမွာ အိမ္ရွင္ဂိုးသမား မီရက္ လႈပ္ေတာင္မလႈပ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ အိမ္ရွင္ေတြ တစ္ဂိုးျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး တိုက္စစ္မႉး အိုဆီမင္နဲ႔ ေဘာလုံးယွဥ္လုရင္း ေျခေထာက္ကို ခ်ိတ္မိခဲ့တဲ့ ဂိုးသမား တာစတီဂန္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို အသင္းေခါင္းေဆာင္ အင္ဆီညာက မကန္ခင္ ဟန္ေရးျပေနတဲ့ ဂ်ာမန္သားကို စိတ္ေတာင္မဝင္စားဘဲ သူ႔ရဲ႕ ဘယ္ဘက္ေအာက္ေထာင့္ကို အလ်င္အျမန္ ကန္သြင္းယူၿပီး နာပိုလီတို႔ကို ေမွ်ာ္လင့္ခ်က္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးေပးလိုက္ရအၿပီး ဘာစီလိုနာတို႔ ေျခအသာနဲ႔ ဆက္တိုက္ဖိကစားေပမယ့္ ဂိုးထပ္ရဖို႔ေတာ့ ခက္ေနခဲ့သလို ဖယ္ရန္ ေတာရက္စ္နဲ႔ အူဘာမီယန္းတို႔ ကန္ခ်က္ေတြ လြဲေခ်ာ္ခဲ့ၾကၿပီး ပြဲခ်ိန္ ၄၅ မိနစ္မွာမွ ေထာင့္ကန္ေဘာက ျပန္ထြက္လာတာကို ေဂ်ာ္ဒီ အယ္လ္ဘာ ျဖတ္တင္ေပးရာကေန ျပန္က်လာတဲ့ ေဘာလုံးကို ပီေကးက ကန္သြင္းႏိုင္ခဲ့လို႔ ပထမပိုင္းမွာ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဘာစီလိုနာတို႔ပဲ ဖိကစားခဲ့သလို နာပိုလီတို႔ကေတာ့ ေကာင္တာပဲ ေခ်ာင္းကစားေနခဲ့ရၿပီး ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ဧည့္သည္ေတြ ေနာက္ထပ္တစ္ဂိုး ထပ္ရခဲ့သလို ညာျခမ္းက အဒါမာ ထရာအိုေရးရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးမႈကို အူဘာမီယန္းက လွ်ပ္တစ္ျပက္ ကန္သြင္းၿပီး ေလးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေစခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာ အင္ဆီညာက တစ္ဂိုးျပန္ေခ်ခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ နာပိုလီတို႔ စိတ္ပ်က္ခဲ့ရသလို မႏိုင္ႏိုင္ေတာ့မွန္း သိေပမယ့္ ဂုဏ္သိကၡာအရ အိမ္ရွင္ပရိသတ္ေတြကို ႏွစ္သိမ့္ဖို႔ ဖိကစားခဲ့တဲ့ ေနပယ္လ္သားေတြ ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ေနာက္ထပ္တစ္ဂိုးရခဲ့ၿပီး နီကို ဂြန္ဇာလက္ဇ္ရဲ႕ အမွားကေန ေဘာလုံးရသြားခဲ့တဲ့ ညာေတာင္ပံကစားသမား ပိုလီတာႏိုက အနိမ့္ေဘာကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ ဘာစီလိုနာတို႔ ေလးဂိုး-ႏွစ္ဂိုး (ႏွစ္ေက်ာ့ေပါင္း ငါးဂိုး-သုံးဂိုး)နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ယူ႐ိုပါလိဂ္ရဲ႕ အုပ္စု ဒုတိယေတြနဲ႔ ခ်န္ပီယံလိဂ္ျပဳတ္ တတိယသမားေတြ ယွဥ္ၿပိဳင္ခဲ့တဲ့ ရႈံးထြက္ Play-off အဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကသလို ၁၆ သင္းအဆင့္အျဖစ္ ဆက္လက္ကစားရမယ့္ အုပ္စုဗိုလ္ေတြနဲ႔ ေတြ႕ဆုံမႈမွာေတာ့ ဒီညေန မဲခြဲေရးဆြဲခ်ိန္မွာ ဘယ္ၿပိဳင္ဘက္နဲ႔ ရင္ဆိုင္ရမလဲ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.