Serie A

အူဒီးနီးစ်နဲ့ပွဲ ပထမပိုင်းမှာ လက်အိတ်ချွတ်ပြီး အဝတ်လဲခန်းထဲ ဝင်သွားခဲ့တဲ့ မိုင်နမ်

အေစီမီလန်ဂိုးသမား မိုက်ခ် မိုင်နမ်ဟာ အူဒီးနီးစ်ကို စနေနေ့ညက ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း မျောက်အော်သံတွေနဲ့ လူမျိုးရေးခွဲခြားမှုတွေခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပြီး အီတလီဘောလုံးအာဏာပိုင်တွေဆီကနေ ပိုမိုကြီးမားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အေစီမီလန်ဟာ အူဒီးနီးစ်ကို နာကျင်အချိန်ပို ၉၀+၃ မိနစ်မှာ အိုကာဖော် သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ၃-၂ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၈၃ မိနစ်မတိုင်ခင်အထိ ဧည့်သည်တွေက ၂-၁ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပွဲကစားချိန်အလယ်လောက်မှာ မိုင်နမ်ဟာ ဒိုင်လူကြီး ဖေဘီယို မာရက်စ်ကာနဲ့ စတုတ္ထဒိုင် ၂ ဦးစလုံးကို ဂိုးပေါက်အနောက်က အိမ်ရှင်ပရိသတ်တွေဆီကနေ လူမျိုးရေးခွဲခြားတဲ့ စော်ကားတိုက်ခိုက်မှုတွေ ရရှိခဲ့တယ်ဆိုတာကို အသိပေးခဲ့တာဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ ဘလူနာဂျီကွင်းထဲမှာ လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေ ဆက်လက် ပြုလုပ်နေဦးမယ်ဆိုရင် ပွဲကို ဆိုင်းငံ့ရလိမ့်မယ်ဖြစ်ကြောင်း ကြေညာချက် ထုတ်ခဲ့ပြီး မျောက်အော်သံတွေက ဆက်လက်ထွက်ပေါ်နေတဲ့အခါမှာ မိုင်နမ်က ဒိုင်လူကြီးတွေကို ထပ်မံသတိပေးခဲ့ပြီးနောက် ဥမင်လျှောက်လမ်းထဲဆင်းပြီး အဝတ်လဲခန်းထဲကို ဒေါသတကြီး ဝင်သွားခဲ့တာဖြစ်ပါတယ်။

လက်အိတ်တွေကို ဒေါသတကြီး ချွတ်ပြီး လွှင့်ပစ်ခဲ့တဲ့ မိုင်နမ်ကို အူဒီးနီးစ် ကစားသမားအချို့အပါအဝင် အသင်းဖော်တွေက ဝိုင်းဝန်း ဖျောင်းဖျပေးခဲ့ရပြီး အခြား ကစားသမားတွေကလည်း ကွင်းထဲက ပရိသတ်တွေကို လူမျိုးရေးခွဲခြားမှုတွေကို ရပ်တန့်ဖို့ လိုက်လံတောင်းဆိုခဲ့ကြပါတယ်။

ပွဲကစားချိန် ၅ မိနစ်ခန့် ရပ်တန့်ခဲ့ရပြီးနောက် နှစ်သင်းစလုံး ကွင်းထဲ ပြန်ဝင်လာခဲ့ပြီးနောက် ပွဲကို ဆက်လက်ကစားစေခဲ့ပြီး မိုင်နမ်ဟာ ပွဲအပြီးမှာ အူဒီးနီးစ်ပရိသတ်အနည်းစုက လုပ်တာဖြစ်ပေမယ့်လည်း အီတလီဘောလုံးလောကမှာ လူမျိုးရေးခွဲခြားတဲ့ပြဿနာကို အပြီးတိုင် တိုက်ထုတ်ဖို့ ပိုပြီး လုပ်ဆောင်ရမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ပထမပိုင်းမှာ ဖြစ်ခဲ့တာက ပထမဆုံး ဂိုးလွန်ဘောကန်တဲ့အချိန်မှာ ကျွန်တော် မျောက်အော်သံတွေ ကြားခဲ့ရတယ်။ ကျွန်တော် ဘာမှမဖြစ်ဘူးလို့ ပြောခဲ့တယ်။ ဒုတိယအကြိမ် ကျွန်တော် ဘောလုံးကို သွားယူတဲ့အချိန်မှာ နောက်ထပ်တစ်ကြိမ် ထပ်ကြားခဲ့ရတယ်။ ကျွန်တော်တို့အသင်း အရန်ခုံတန်းနဲ့ စတုတ္ထဒိုင်ကို ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြောပြခဲ့တယ်။ သူက ကွင်းလယ်ဒိုင်ကို ပွဲကို ရပ်တန့်ဖို့ ပြောခဲ့တယ်။ ကျွန်တော်တို့ ဒီလိုပုံစံမျိုးနဲ့ ဘောလုံးမကစားနိုင်ပါဘူး။ ခုလိုဖြစ်တာက ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ သူတို့တွေလုပ်နေတာတွေက မှားယွင်းနေတယ်ဆိုတာကို ပြောရပါမယ်။ ပရိသတ်တွေအကုန်လုံးလုပ်တာမဟုတ်ပါဘူး။ ပရိသတ်အများစုက သူတို့ရဲ့အသင်းကို အားပေးနေကြပြီး ခင်ဗျားကို လှောင်ပြောင်နေကြတာပါ။ အဲဒါက သာမန်ပဲ။ ဒါပေမယ့် ဒီလို လူမျိုးရေးခွဲခြားတာတွေကတော့ သာမန်မဟုတ်ဘူး။ အဲဒီလို ဖြစ်လို့မရပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေအစီမီလန္ဂိုးသမား မိုက္ခ္ မိုင္နမ္ဟာ အူဒီးနီးစ္ကို စေနေန႔ညက ၃-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ေမ်ာက္ေအာ္သံေတြနဲ႔ လူမ်ိဳးေရးခြဲျခားမႈေတြခံခဲ့ရတယ္လို႔ ေျပာဆိုခဲ့ၿပီး အီတလီေဘာလုံးအာဏာပိုင္ေတြဆီကေန ပိုမိုႀကီးမားတဲ့ အေရးယူဒဏ္ခတ္မႈေတြ ျပဳလုပ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ေအစီမီလန္ဟာ အူဒီးနီးစ္ကို နာက်င္အခ်ိန္ပို ၉၀+၃ မိနစ္မွာ အိုကာေဖာ္ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ ၃-၂ နဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ ၈၃ မိနစ္မတိုင္ခင္အထိ ဧည့္သည္ေတြက ၂-၁ နဲ႔ ဦးေဆာင္ေနခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ပြဲကစားခ်ိန္အလယ္ေလာက္မွာ မိုင္နမ္ဟာ ဒိုင္လူႀကီး ေဖဘီယို မာရက္စ္ကာနဲ႔ စတုတၳဒိုင္ ၂ ဦးစလုံးကို ဂိုးေပါက္အေနာက္က အိမ္ရွင္ပရိသတ္ေတြဆီကေန လူမ်ိဳးေရးခြဲျခားတဲ့ ေစာ္ကားတိုက္ခိုက္မႈေတြ ရရွိခဲ့တယ္ဆိုတာကို အသိေပးခဲ့တာျဖစ္ပါတယ္။

လုပ္ထုံးလုပ္နည္းေတြအရ ဘလူနာဂ်ီကြင္းထဲမွာ လူမ်ိဳးေရးခြဲျခားတဲ့ အျပဳအမူေတြ ဆက္လက္ ျပဳလုပ္ေနဦးမယ္ဆိုရင္ ပြဲကို ဆိုင္းငံ့ရလိမ့္မယ္ျဖစ္ေၾကာင္း ေၾကညာခ်က္ ထုတ္ခဲ့ၿပီး ေမ်ာက္ေအာ္သံေတြက ဆက္လက္ထြက္ေပၚေနတဲ့အခါမွာ မိုင္နမ္က ဒိုင္လူႀကီးေတြကို ထပ္မံသတိေပးခဲ့ၿပီးေနာက္ ဥမင္ေလွ်ာက္လမ္းထဲဆင္းၿပီး အဝတ္လဲခန္းထဲကို ေဒါသတႀကီး ဝင္သြားခဲ့တာျဖစ္ပါတယ္။

လက္အိတ္ေတြကို ေဒါသတႀကီး ခြၽတ္ၿပီး လႊင့္ပစ္ခဲ့တဲ့ မိုင္နမ္ကို အူဒီးနီးစ္ ကစားသမားအခ်ိဳ႕အပါအဝင္ အသင္းေဖာ္ေတြက ဝိုင္းဝန္း ေဖ်ာင္းဖ်ေပးခဲ့ရၿပီး အျခား ကစားသမားေတြကလည္း ကြင္းထဲက ပရိသတ္ေတြကို လူမ်ိဳးေရးခြဲျခားမႈေတြကို ရပ္တန႔္ဖို႔ လိုက္လံေတာင္းဆိုခဲ့ၾကပါတယ္။

ပြဲကစားခ်ိန္ ၅ မိနစ္ခန႔္ ရပ္တန႔္ခဲ့ရၿပီးေနာက္ ႏွစ္သင္းစလုံး ကြင္းထဲ ျပန္ဝင္လာခဲ့ၿပီးေနာက္ ပြဲကို ဆက္လက္ကစားေစခဲ့ၿပီး မိုင္နမ္ဟာ ပြဲအၿပီးမွာ အူဒီးနီးစ္ပရိသတ္အနည္းစုက လုပ္တာျဖစ္ေပမယ့္လည္း အီတလီေဘာလုံးေလာကမွာ လူမ်ိဳးေရးခြဲျခားတဲ့ျပႆနာကို အၿပီးတိုင္ တိုက္ထုတ္ဖို႔ ပိုၿပီး လုပ္ေဆာင္ရမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ပထမပိုင္းမွာ ျဖစ္ခဲ့တာက ပထမဆုံး ဂိုးလြန္ေဘာကန္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ေမ်ာက္ေအာ္သံေတြ ၾကားခဲ့ရတယ္။ ကြၽန္ေတာ္ ဘာမွမျဖစ္ဘူးလို႔ ေျပာခဲ့တယ္။ ဒုတိယအႀကိမ္ ကြၽန္ေတာ္ ေဘာလုံးကို သြားယူတဲ့အခ်ိန္မွာ ေနာက္ထပ္တစ္ႀကိမ္ ထပ္ၾကားခဲ့ရတယ္။ ကြၽန္ေတာ္တို႔အသင္း အရန္ခုံတန္းနဲ႔ စတုတၳဒိုင္ကို ဘာေတြျဖစ္ခဲ့လဲဆိုတာကို ေျပာျပခဲ့တယ္။ သူက ကြင္းလယ္ဒိုင္ကို ပြဲကို ရပ္တန႔္ဖို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒီလိုပုံစံမ်ိဳးနဲ႔ ေဘာလုံးမကစားႏိုင္ပါဘူး။ ခုလိုျဖစ္တာက ပထမဆုံးအႀကိမ္လည္း မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ သူတို႔ေတြလုပ္ေနတာေတြက မွားယြင္းေနတယ္ဆိုတာကို ေျပာရပါမယ္။ ပရိသတ္ေတြအကုန္လုံးလုပ္တာမဟုတ္ပါဘူး။ ပရိသတ္အမ်ားစုက သူတို႔ရဲ႕အသင္းကို အားေပးေနၾကၿပီး ခင္ဗ်ားကို ေလွာင္ေျပာင္ေနၾကတာပါ။ အဲဒါက သာမန္ပဲ။ ဒါေပမယ့္ ဒီလို လူမ်ိဳးေရးခြဲျခားတာေတြကေတာ့ သာမန္မဟုတ္ဘူး။ အဲဒီလို ျဖစ္လို႔မရပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.