International Premier League Ukraine-Russian War

စပွန်ဆာတွေပါ ပြုတ်တော့မယ့် ချဲလ်ဆီးနဲ့ ထိန်းမရနိုင်တော့တဲ့ ကစားသမားတွေ

ချဲလ်ဆီးအသင်းအနေနဲ့ ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတစ်ခုအဖြစ် သတ်မှတ်ပြီး ဘောလုံးအသင်းတစ်သင်းအစား ငွေကြေးအကျိုးအမြတ် ရှာဖွေခွင့်မရှိတဲ့ လုပ်ငန်းတစ်ခုအဖြစ် ပိတ်ပင်ခံလိုက်ရချိန်မှာ ရှေ့ဆက်ကြုံတွေ့ရမယ့် အခက်အခဲတွေနဲ့ အပြစ်ရှိသူတွေနဲ့ လက်တွဲပြီး အကျိုးဆောင်သူတွေအဖြစ် သတ်မှတ်မခံရစေဖို့ သူတို့ကို စပွန်ဆာပေးထားတဲ့ လုပ်ငန်းတွေက လက်တွဲမှုအပေါ် ပြန်လည်သုံးသပ်ဖို့ လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ်။

အဓိကအားဖြင့်တော့ ရင်ဘတ်စပွန်ဆာဖြစ်တဲ့ 3 Mobile ကုမ္ပဏီအနေနဲ့ တစ်နှစ် ပေါင်သန်း ၄၀ တန် စပွန်ဆာစာချုပ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေပြီး ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်ရဲ့ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ သွားလာခွင့်ကို ပိတ်ပင်တားမြစ်လိုက်ချိန်မှာ ပထမဆုံးအနေနဲ့ စပွန်ဆာကို ဆိုင်းငံ့ပြီး ရင်ဘတ်လိုဂိုကို ဖယ်ရှားဖို့ လုပ်ဆောင်လာခဲ့တာပါ။

ချဲလ်ဆီးအသင်းအတွက်တော့ ဒါက ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနိုင်ပြီး သူတို့တွေအနေနဲ့ နာမည်ကျော်ကြားမှုအရ ဝင်ငွေတွေကို စပွန်ဆာစာချုပ်တွေကအနေ အဓိက ရရှိနေခဲ့သလို 3 Mobile နဲ့ စာချုပ်က သူတို့ကို ပေါင်သန်း ၂၀၀ ရရှိစေခဲ့သလို ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်ချိန်မျိုး မှာတောင် ပေါင် ၁၅၄ သန်းအထိ စပွန်ဆာငွေကြေးတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

3 Mobile ရဲ့ ထုတ်ပြန်မှုမှာတော့ “အစိုးရရဲ့ ဆန်ရှင်ချမှတ်လိုက်တဲ့အပေါ်မှာ သူတို့အနေနဲ့ လိုက်ပါဆောင်ရွက်ပြီး ချဲလ်ဆီးအသင်းကို စပွန်ဆာပေးမှုကို ယာယီ ရပ်တန့်ဖို့၊ အင်္ကျီရင်ဘတ်ပေါ်က လိုဂိုကို ဖယ်ရှားဖို့နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပြင်ပက အမှတ်တံဆိပ်တွေကို ဖြုတ်သိမ်းသွားဖို့ လုပ်ဆောင်သွားမယ်”လို့ ပါရှိပါတယ်။

သူတို့တွေရဲ့ ဆုံးဖြတ်ချက်ဟာ ချဲလ်ဆီးအသင်းကို အားပေးသူတွေအတွက် ကြီးမားတဲ့ သက်ရောက်မှုဖြစ်မယ်မှန်း သိပေမယ့် အခြေအနေအရပ်ရပ်ပေါ် ခုလိုမျိုး လုပ်ဆောင်ဖြစ်ခဲ့တယ်ဆိုတာနဲ့ ဖုန်းကုမ္ပဏီတစ်ခုအနေနဲ့ ယူကရိန်းပြည်သူတွေအပေါ် ကူညီဖို့နဲ့ ယူကေကို ရောက်လာတော့မယ့် ဒုက္ခသည်တွေအတွက် ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ လှူဒါန်းသွားမယ်လို့လည်း ဆိုပါတယ်။

ချဲလ်ဆီးအသင်းရဲ့ စပွန်ဆာတွေဖြစ်ကြတဲ့ တစ်နှစ်ကို ပေါင် ၅၅ သန်းပေးနေတဲ့ အားကစားပစ္စည်းလုပ်ငန်း နိုက်ကီ၊ နှစ်ခုပေါင်းကို ပေါင် ၁၅ သန်းလောက် ပေးနေတဲ့ ကားတာယာလုပ်ငန်း ဟွန်ဒိုင်း၊ နာရီလုပ်ငန်း ဟားလ်ဘော့တို့အနေနဲ့လည်း 3 Mobile လိုပဲ ပြန်လည်စဉ်းစားသွားဖို့ ဖြစ်လာနိုင်တယ်လို့ စောင့်ကြည့်သူတွေက ခန့်မှန်းထားခဲ့ပါတယ်။

အသင်းအတွက် နောက်ထပ် နစ်နာမှုတစ်ရပ်အနေနဲ့ကတော့ ကစားသမားဝယ်ခွင့် မရှိသလို ရောင်းခွင့်နဲ့ သက်တမ်းတိုးခွင့်လည်း မရှိဘူးဆိုတဲ့ အချက်ဖြစ်ပြီး လက်ရှိပိုင်ဆိုင်ထားတဲ့ ကစားသမားတွေကို စာချုပ်ကုန်ချိန်တွေမှာ လက်လွှတ်ရနိုင်သလို ဥရောပအသင်းကြီးတွေရဲ့ ရန်ကနေ တားဆီးဖို့ မတတ်နိုင်တော့တာလည်းဖြစ်ပါတယ်။

အဓိကအားဖြင့်တော့ အမာခံ နောက်ခံလူတွေဖြစ်ကြတဲ့ ဆီဆာ အက်ဇ်ပီလီကွေတာ၊ အန်တိုနီယို ရူဒီဂါ၊ အန်ဒရီးယက်စ် ခရစ္စတင်ဆန်တို့ကို စာချုပ်သက်တမ်းတိုးဖို့ လုံးဝမဖြစ်နိုင်တော့ဘဲ နောက်ထပ် အရန်ကစားသမားတစ်ဦးဖြစ်တဲ့ ချာလီ မူဆွန်ဒါကိုလည်း ဒီနွေမှာ လက်လွှတ်ရမှာဖြစ်သလို ရောက်စကလို မဟုတ်ဘဲ ခြေစွမ်းပြန်တက်လာလို့ ခေါ်ယူချင်နေတဲ့ အငှားကစားသမား ဆာအူးလ် ညီးရက်ဇ်ကိုလည်း ခေါ်ယူဖို့ မဖြစ်နိုင်တော့တာပါ။

ဗြိတိန်အနေနဲ့ ဒီလောက်အထိ ရုရှားအိုလီဂါ့ချ်တွေ၊ အေဘရာမိုဗစ်ချ်နဲ့ ချဲလ်ဆီးတို့ကို ဘာဖြစ်လို့ ဒီလောက်အထိ မြန်မြန်ဆန်ဆန်နဲ့ မညှာမတာ ရိုက်ချလိုက်သလဲဆိုတဲ့ အကြောင်းရင်းအဖြစ်တော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မာရီယူပေါလ် မိခင်နဲ့ ကလေးစောင့်ရှောက်ရေးဆေးရုံကို တိုက်ခိုက်ခဲ့တဲ့ ဗုံးကြဲမှုအပေါ် တုံ့ပြန်အရေးယူတာဖြစ်တယ်လို့တော့ ဆိုနေကြပါတယ်။

ရုရှားတပ်တွေ ဝိုင်းရံထားတဲ့ မာရီယူပေါလ်မြို့က အမျိုးသမီးနဲ့ ကလေးဆေးရုံကို ရုရှားဘက်က လေကြောင်းကနေ ဗုံးလေးငါးလုံးထက်မနည်း ကြဲချခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီးက ထုတ်ပြန်လိုက်ပြီး လွဲချော်သွားတဲ့ ဗုံးဟာ တိုက်နှစ်ထပ်စာလောက် ကျင်းကြီးကို ဖြစ်စေခဲ့သလို ကျန်ဗုံးတွေက တိုက်ရိုက်ထိမှန်ခဲ့တယ်လို့လည်း ပြောကြားသွားခဲ့တာပါ။

ယူကရိန်းမြေကို ကျူးကျော်ခဲ့တဲ့ ရုရှားသမ္မတ ဗလာမီယာ ပူတင်အနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု Genocide ကို ကျူးလွန်နေပြီး ဆေးရုံကိုတောင် လူမဆန်စွာ ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ ဇီလင်စကီးက စွပ်စွဲလိုက်ချိန်မှာ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကတော့ လက်လှမ်းမီရာကို အရင် အရေးယူဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဥရောပအခြေစိုက် ရုရှားသူဌေးတွေနဲ့ ချဲလ်ဆီးအသင်းလည်း ပါဝင်သွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ ပိုင္ဆိုင္မႈတစ္ခုအျဖစ္ သတ္မွတ္ၿပီး ေဘာလုံးအသင္းတစ္သင္းအစား ေငြေၾကးအက်ိဳးအျမတ္ ရွာေဖြခြင့္မရွိတဲ့ လုပ္ငန္းတစ္ခုအျဖစ္ ပိတ္ပင္ခံလိုက္ရခ်ိန္မွာ ေရွ႕ဆက္ႀကဳံေတြ႕ရမယ့္ အခက္အခဲေတြနဲ႔ အျပစ္ရွိသူေတြနဲ႔ လက္တြဲၿပီး အက်ိဳးေဆာင္သူေတြအျဖစ္ သတ္မွတ္မခံရေစဖို႔ သူတို႔ကို စပြန္ဆာေပးထားတဲ့ လုပ္ငန္းေတြက လက္တြဲမႈအေပၚ ျပန္လည္သုံးသပ္ဖို႔ လုပ္ေဆာင္ေနခဲ့ၿပီျဖစ္ပါတယ္။

အဓိကအားျဖင့္ေတာ့ ရင္ဘတ္စပြန္ဆာျဖစ္တဲ့ 3 Mobile ကုမၸဏီအေနနဲ႔ တစ္ႏွစ္ ေပါင္သန္း ၄၀ တန္ စပြန္ဆာစာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ စဥ္းစားေနၿပီး ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆန္ရဲ႕ ေအဘရာမိုဗစ္ခ်္ရဲ႕ ပိုင္ဆိုင္မႈေတြနဲ႔ သြားလာခြင့္ကို ပိတ္ပင္တားျမစ္လိုက္ခ်ိန္မွာ ပထမဆုံးအေနနဲ႔ စပြန္ဆာကို ဆိုင္းငံ့ၿပီး ရင္ဘတ္လိုဂိုကို ဖယ္ရွားဖို႔ လုပ္ေဆာင္လာခဲ့တာပါ။

ခ်ဲလ္ဆီးအသင္းအတြက္ေတာ့ ဒါက ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ရပ္ျဖစ္လာႏိုင္ၿပီး သူတို႔ေတြအေနနဲ႔ နာမည္ေက်ာ္ၾကားမႈအရ ဝင္ေငြေတြကို စပြန္ဆာစာခ်ဳပ္ေတြကအေန အဓိက ရရွိေနခဲ့သလို 3 Mobile နဲ႔ စာခ်ဳပ္က သူတို႔ကို ေပါင္သန္း ၂၀၀ ရရွိေစခဲ့သလို ကိုဗစ္ေၾကာင့္ စီးပြားေရးထိခိုက္ခ်ိန္မ်ိဳး မွာေတာင္ ေပါင္ ၁၅၄ သန္းအထိ စပြန္ဆာေငြေၾကးေတြကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

3 Mobile ရဲ႕ ထုတ္ျပန္မႈမွာေတာ့ “အစိုးရရဲ႕ ဆန္ရွင္ခ်မွတ္လိုက္တဲ့အေပၚမွာ သူတို႔အေနနဲ႔ လိုက္ပါေဆာင္႐ြက္ၿပီး ခ်ဲလ္ဆီးအသင္းကို စပြန္ဆာေပးမႈကို ယာယီ ရပ္တန႔္ဖို႔၊ အက်ႌရင္ဘတ္ေပၚက လိုဂိုကို ဖယ္ရွားဖို႔နဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းျပင္ပက အမွတ္တံဆိပ္ေတြကို ျဖဳတ္သိမ္းသြားဖို႔ လုပ္ေဆာင္သြားမယ္”လို႔ ပါရွိပါတယ္။

သူတို႔ေတြရဲ႕ ဆုံးျဖတ္ခ်က္ဟာ ခ်ဲလ္ဆီးအသင္းကို အားေပးသူေတြအတြက္ ႀကီးမားတဲ့ သက္ေရာက္မႈျဖစ္မယ္မွန္း သိေပမယ့္ အေျခအေနအရပ္ရပ္ေပၚ ခုလိုမ်ိဳး လုပ္ေဆာင္ျဖစ္ခဲ့တယ္ဆိုတာနဲ႔ ဖုန္းကုမၸဏီတစ္ခုအေနနဲ႔ ယူကရိန္းျပည္သူေတြအေပၚ ကူညီဖို႔နဲ႔ ယူေကကို ေရာက္လာေတာ့မယ့္ ဒုကၡသည္ေတြအတြက္ ဖုန္းနဲ႔ ဆက္စပ္ပစၥည္းေတြ လႉဒါန္းသြားမယ္လို႔လည္း ဆိုပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ စပြန္ဆာေတြျဖစ္ၾကတဲ့ တစ္ႏွစ္ကို ေပါင္ ၅၅ သန္းေပးေနတဲ့ အားကစားပစၥည္းလုပ္ငန္း ႏိုက္ကီ၊ ႏွစ္ခုေပါင္းကို ေပါင္ ၁၅ သန္းေလာက္ ေပးေနတဲ့ ကားတာယာလုပ္ငန္း ဟြန္ဒိုင္း၊ နာရီလုပ္ငန္း ဟားလ္ေဘာ့တို႔အေနနဲ႔လည္း 3 Mobile လိုပဲ ျပန္လည္စဥ္းစားသြားဖို႔ ျဖစ္လာႏိုင္တယ္လို႔ ေစာင့္ၾကည့္သူေတြက ခန႔္မွန္းထားခဲ့ပါတယ္။

အသင္းအတြက္ ေနာက္ထပ္ နစ္နာမႈတစ္ရပ္အေနနဲ႔ကေတာ့ ကစားသမားဝယ္ခြင့္ မရွိသလို ေရာင္းခြင့္နဲ႔ သက္တမ္းတိုးခြင့္လည္း မရွိဘူးဆိုတဲ့ အခ်က္ျဖစ္ၿပီး လက္ရွိပိုင္ဆိုင္ထားတဲ့ ကစားသမားေတြကို စာခ်ဳပ္ကုန္ခ်ိန္ေတြမွာ လက္လႊတ္ရႏိုင္သလို ဥေရာပအသင္းႀကီးေတြရဲ႕ ရန္ကေန တားဆီးဖို႔ မတတ္ႏိုင္ေတာ့တာလည္းျဖစ္ပါတယ္။

အဓိကအားျဖင့္ေတာ့ အမာခံ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဆီဆာ အက္ဇ္ပီလီေကြတာ၊ အန္တိုနီယို ႐ူဒီဂါ၊ အန္ဒရီးယက္စ္ ခရစၥတင္ဆန္တို႔ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ လုံးဝမျဖစ္ႏိုင္ေတာ့ဘဲ ေနာက္ထပ္ အရန္ကစားသမားတစ္ဦးျဖစ္တဲ့ ခ်ာလီ မူဆြန္ဒါကိုလည္း ဒီေႏြမွာ လက္လႊတ္ရမွာျဖစ္သလို ေရာက္စကလို မဟုတ္ဘဲ ေျခစြမ္းျပန္တက္လာလို႔ ေခၚယူခ်င္ေနတဲ့ အငွားကစားသမား ဆာအူးလ္ ညီးရက္ဇ္ကိုလည္း ေခၚယူဖို႔ မျဖစ္ႏိုင္ေတာ့တာပါ။

ၿဗိတိန္အေနနဲ႔ ဒီေလာက္အထိ ႐ုရွားအိုလီဂါ့ခ်္ေတြ၊ ေအဘရာမိုဗစ္ခ်္နဲ႔ ခ်ဲလ္ဆီးတို႔ကို ဘာျဖစ္လို႔ ဒီေလာက္အထိ ျမန္ျမန္ဆန္ဆန္နဲ႔ မညႇာမတာ ႐ိုက္ခ်လိုက္သလဲဆိုတဲ့ အေၾကာင္းရင္းအျဖစ္ေတာ့ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က မာရီယူေပါလ္ မိခင္နဲ႔ ကေလးေစာင့္ေရွာက္ေရးေဆး႐ုံကို တိုက္ခိုက္ခဲ့တဲ့ ဗုံးႀကဲမႈအေပၚ တုံ႔ျပန္အေရးယူတာျဖစ္တယ္လို႔ေတာ့ ဆိုေနၾကပါတယ္။

႐ုရွားတပ္ေတြ ဝိုင္းရံထားတဲ့ မာရီယူေပါလ္ၿမိဳ႕က အမ်ိဳးသမီးနဲ႔ ကေလးေဆး႐ုံကို ႐ုရွားဘက္က ေလေၾကာင္းကေန ဗုံးေလးငါးလုံးထက္မနည္း ႀကဲခ်ခဲ့တယ္လို႔ ယူကရိန္းသမၼတ ဗိုလိုဒီမီယာ ဇီလင္စကီးက ထုတ္ျပန္လိုက္ၿပီး လြဲေခ်ာ္သြားတဲ့ ဗုံးဟာ တိုက္ႏွစ္ထပ္စာေလာက္ က်င္းႀကီးကို ျဖစ္ေစခဲ့သလို က်န္ဗုံးေတြက တိုက္႐ိုက္ထိမွန္ခဲ့တယ္လို႔လည္း ေျပာၾကားသြားခဲ့တာပါ။

ယူကရိန္းေျမကို က်ဴးေက်ာ္ခဲ့တဲ့ ႐ုရွားသမၼတ ဗလာမီယာ ပူတင္အေနနဲ႔ လူမ်ိဳးတုံး သတ္ျဖတ္မႈ Genocide ကို က်ဴးလြန္ေနၿပီး ေဆး႐ုံကိုေတာင္ လူမဆန္စြာ ပစ္မွတ္ထားခဲ့တာျဖစ္တယ္လို႔ ဇီလင္စကီးက စြပ္စြဲလိုက္ခ်ိန္မွာ ၿဗိတိန္နဲ႔ ဥေရာပႏိုင္ငံေတြကေတာ့ လက္လွမ္းမီရာကို အရင္ အေရးယူဖို႔ လုပ္ေဆာင္ခဲ့ၾကတာျဖစ္ၿပီး ဥေရာပအေျခစိုက္ ႐ုရွားသူေဌးေတြနဲ႔ ခ်ဲလ္ဆီးအသင္းလည္း ပါဝင္သြားခဲ့တာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.