Premier League

ချဲလ်ဆီးပွဲလန့်တုန်း ဖျာဝင်ခင်းဖို့ ကြိုတင်ပြင်ဆင်ထားရမယ့် မန်ချက်စတာယူနိုက်တက်

လက်ရှိအချိန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အိုးထရက်ဖို့ဒ်မှာ ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခေါ်ယူဖို့ထက် သောမတ်စ် တူဟယ်ကို နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်သင့်တဲ့ အချိန်ဖြစ်ပါတယ်။

တူဟယ်၊ အန်တိုနီယို ရူဒီဂါနဲ့ ဟာရီ ကိန်းတောင် ဖြစ်ကောင်းဖြစ်နိုင်ပြီး ဒါဟာ အလွန်ကောင်းမွန်တဲ့ အသင်းတည်ဆောက်မှုရဲ့ အစဖြစ်နိုင်ပါတယ်။ ပိုချက်တီနိုရဲ့ ရီးရဲလ်မက်ဒရစ်ကို ၂ ဂိုးအကွာနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ ချဲလ်ဆီးအသင်းဟာ ယူကေအစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုပြစ်ဒဏ်ကြောင့် ကမ္ဘာပျက်သလို ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိ စျေးကွက်မှာ အကောင်းဆုံး ရနိုင်ခြေရှိတဲ့ နည်းပြက တူဟယ်ဖြစ်ပြီး တကယ်လို့ ပီအက်စ်ဂျီအသင်းက ပိုချက်တီနိုနဲ့ လမ်းခွဲလိုက်ပြီဆိုရင်တောင်မှ ချဲလ်ဆီးနည်းပြက မန်ယူနိုက်တက်အတွက် နံပါတ် ၁ ပစ်မှတ်ဖြစ်လာသင့်တာဖြစ်ပါတယ်။ တူဟယ်ဟာ ယခုလာမယ့်နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာတော့မယ့် ရူဒီဂါနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး ဂျာမန်နောက်ခံကစားသမားဟာ နဂိုကတည်းက ချဲလ်ဆီးမှာ ဆက်ရှိနေဖို့ မသေချာပါဘူးဆိုမှ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ဖြစ်လာနိုင်တဲ့အလားအလာပါ နေ့ချင်းညချင်း လျော့ကျသွားခဲ့ပြီဖြစ်ပါတယ်။

ဟာရီ ကိန်းအတွက်ကတော့ ပိုချက်တီနိုဟာ ၎င်းရဲ့ ဆရာဖြစ်နေဆဲဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ ဂွါဒီယိုလာ လက်အောက်မှာ ကစားဖို့အတွက် မန်စီးတီးကို ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ တကယ်လို့သာ စပါးစ်ကသာ ပြောင်းရွှေ့ကြေး သဘောတူညီခဲ့ရင် အကြီးမားဆုံးကလပ်အသင်း၊ ချန်ပီယံလိဂ်ဖလား ရရှိဖူးတဲ့ နည်းပြနဲ့ ပူးပေါင်းဖို့ ဘယ်သူကမှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးဆိုတာ တွေးကြည့်လို့ ရနိုင်ပါတယ်။

တူဟယ်အနေနဲ့လည်း နောက်ဆုံးမှာတော့ သင့်တော်တဲ့ တိုက်စစ်မှူးတစ်ယောက်နဲ့ အလုပ်တွဲလုပ်ရတာ ပျော်ရွှင်ကောင်း ပျော်ရွှင်နိုင်ပြီး ဒါက မန်ချက်စတာယူနိုက်တက်အတွက် ခဲတစ်လုံးတည်းနဲ့ ငှက် ၂ ကောင်ပစ်ခွင့်ရမယ့် ကြီးမားတဲ့အခွင့်အရေးဖြစ်ပါတယ်။ တကယ်လို့ သတင်းတွေက ဖော်ပြခဲ့တဲ့အတိုင်း ရန်းနစ်ခ်သာ တူဟယ်အတွက် လက်ဦးဆရာဖြစ်မယ်ဆိုရင် ဖုန်းလေး တစ်ချက်ဆက်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်း ပြောင်းလဲ ကိုင်တွယ်ချင်တဲ့ စိတ်ရှိလားဆိုတာကို သေချာအောင် လုပ်ရုံပဲ ဖြစ်ပါတယ်။

တကယ်လို့ တူဟယ်သာ ချဲလ်ဆီးမှာ ဆက်ရှိနေဖို့ ဆန္ဒရှိမယ်ဆိုရင်တော့ ရန်းနစ်ခ် ဖုန်းခေါ်မယ့်သူနေရာမှာ ပိုချက်တီနို ဖြစ်လိမ့်မယ်ဆိုတာ ရှင်းပြနေစရာတောင် လိုတော့မှာ မဟုတ်တာဖြစ်ပါတယ်။ တကယ်လို့ တူဟယ်သာ အသင်းပြောင်းဖို့ ကြိုးပမ်းခဲ့ရင်လည်း ဒီလို မရေရာမသေချာတဲ့ အခြေအနေမျိုးမှာ ဂျာမန်လူမျိုးနည်းပြကို အပြစ်တင်နိုင်မှာမဟုတ်ဘဲ အဲဒါကြောင့် ဒီလိုမျိုး ရဲရင့်တဲ့ အပြောင်းအလဲကို ဘယ်လိုလုပ်မလဲဆိုတာကို ဆုံးဖြတ်ဖို့ပဲ လိုအပ်တော့မှာ ဖြစ်ပါတယ်။

သူတို့တွေ ဘာတွေလိုအပ်လဲ၊ ဘာတွေမလိုအပ်ဘူးလဲ၊ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းထဲကို ပြောင်းရွှေ့လာနိုင်တဲ့ ချဲလ်ဆီးကစားသမားတွေကို တွေးကြည့်လိုက်ရင် ရီးစ် ဂျိမ်း၊ အက်ဇ်ပီလီကွေတာ၊ ရူဒီဂါ၊ သီယေဂို ဆေးလ်ဗား၊ ကွန်တေ၊ ဘန် ချေးဝဲလ်၊ မေဆန် မောင့်၊ ခိုင် ဟာဗတ်ဇ်တို့ကို မြင်ရပါတယ်။ ဒါပေမယ့်လည်း ဒါက လက်တွေ့ကျတဲ့ အပြောင်းအရွှေ့စာရင်းမဟုတ်ဘူးဆိုတာ အမှန်ပဲဖြစ်ပြီး အစိုးရက ၎င်းတို့ရဲ့ အကောင်းဆုံးပါရမီရှင်တွေကို ပြိုင်ဘက်အသင်းထံ အသည်းအသန်ရောင်းချချင်းအားဖြင့် ထိန်းသိမ်းခြင်းမရှိတဲ့ ဘောလုံးအသင်းကို စောင့်ရှောက်ရမယ့် တာဝန်ရှိတာဖြစ်ပါတယ်။

ဒါပေမ်ယ့လည်း အချို့သော နောက်ဆက်တွဲ အကျိုးဆက်တွေဟာ ရှောင်လွှဲလို့မရနိုင်ဘဲ အခြားအကျိုးဆက်တွေဆိုရင် စဉ်းစားလို့တောင် ရခဲ့မှာမဟုတ်တာဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ ပြီးခဲ့တဲ့လပေါင်းများစွာကတည်းက အနောက်လန်ဒန်ကို ပြောင်းရွှေ့လာဖို့အတွက် ပြင်ဆင်နေပုံပေါ်ပြီး ချဲလ်ဆီးအသင်းမှာ ကစားသမားဘဝစတင်ခဲ့တဲ့အကြောင်း၊ ချဲလ်ဆီးကို ချစ်မြတ်နိုးတဲ့အကြောင်း၊ မေဆန် မောင့်နဲ့ ဆက်ဆံရေးအကြောင်း ပြောဆိုခဲ့ပေမယ့်လည်း အခုတော့ အခြေအနေတွေက ပြောင်းသွားပြီဖြစ်ပါတယ်။

ရိုမန် အေဘရာမိုဗစ်ချ်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုက အထူးသဖြင့် ကလပ်အသင်းတစ်သင်းအတွက် မကြုံစဖူး အခွင့်အရေးတစ်ခုဖြစ်လာတော့မှာဖြစ်ပြီး ဒီကလန် ရိုက်စ်ကို လိုချင်တဲ့ မန်ချက်စတာယူနိုက်တက်အတွက် အခွင့်အရေးကောင်းဖြစ်ပါတယ်။ နောဝစ်ချ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်က ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းကို လူတိုင်းက စောင့်ကြည့်နေမှာမဟုတ်ဘဲ လီဗာပူးလ်နဲ့ မန်စီးတီးတို့ဟာ တောင့်တင်းတဲ့ လူစာရင်းရှိပြီး အာဆင်နယ်နဲ့ စပါးစ်တို့ဟာ ချဲလ်ဆီးအသင်းရဲ့ လစာပေးချေမှုပမာဏအတိုင်း လိုက်ပေးလို့မရနိုင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ အလုံးစုံ သွေးသစ်လောင်း ပြောင်းလဲဖို့ လိုအပ်ပြီး ရူဒီဂါအတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့တောင်မှ ယှဉ်ပြိုင်နိုင်ဖို့ ဘဏ္ဍာရေး အင်အားတောင့်တင်းမှု ရှိနေတာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေဟာ ရှုပ်ထွေးကောင်း ရှုပ်ထွေးနိုင်ပြီး တကယ်လို့ တူဟယ်သာ စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်ခွာချင်တယ်ဆိုရင် ထွက်လာနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ယူကေ အစိုးရအနေနဲ့ အေဘရာမိုဗစ်ချ်ကတော့ ကိုယ့်မိုက်ပြစ်နဲ့ ကိုယ်ခံရတာလို့ မြင်နေမှာလား ဒါမှမဟုတ် လက်ရှိ ချဲလ်ဆီးအသင်းဟာ ၎င်းတို့ရဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုအဖြစ် ဥရောပက အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးကို နည်းပြအဖြစ် ဆက်လက်ခန့်အပ်ထားပြီး ပြိုင်ဆိုင်မှုတွေ ရောင်းချဖို့လုပ်နေတယ်လို့ မြင်မှာလား မပြောနိုင်ပါဘူး။

ကစားသမားတွေရဲ့ အခြေအနေကရော ဘယ်လိုတွေဖြစ်နေပြီလဲ။ စာချုပ်သက်တမ်းကုန်ဆုံးတဲ့ ကစားသမားတွေကို ပြောနေတာမဟုတ်ပေမယ့် ရီးစ် ဂျိမ်းစ်၊ မေဆန် မောင့်နဲ့ ဟာဗတ်ဇ်တို့လို လူငယ်ကစားသမားတွေရဲ့ အခြေအနေက ဘယ်လိုဖြစ်လာမှာလဲ။ တကယ်လို့ ပိုမိုကောင်းမွန်တဲ့အလားအလာရှိတဲ့ အသင်းကို ပြောင်းရွှေ့ခွင့် ရှိခဲ့မယ်ဆိုရင် ဘယ်သူက ခေါင်းညိတ်ပြီး ဘယ်သူက ခေါင်းခါမှာလဲ၊ ဘယ်သူက စျေးနှုန်းသတ်မှတ်မလဲ ဒါမှမဟုတ် တံခါးပိတ်ထားမှာလဲ။ ဂရာနော့ဗ်စကားယာရော ရှိနေသေးလား ဒါမှမဟုတ် သူမရဲ့ အေဘရာမိုဗစ်ချ်နဲ့ ဆက်ဆံရေးဟာ အရမ်းသိသာထင်ရှားပြီး ခိုင်မာမှု ရှိနေသလား၊ မေးခွန်းတွေက အများကြီးပဲဖြစ်ပါတယ်။

ဒီအခြေအနေက ပိုချက်တီနိုအတွက် ပိုမိုလမ်းပွင့်သွားစေလားဆိုရင် ကြည့်ရသလောက်ကတော့ ၎င်းရဲ့ အနေအထားကတော့ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီနဲ့ အဆုံးသတ် ဖြစ်လာတော့မယ့် အနေအထားမျိုး ရှိနေတာကြောင့် ပိုပြီး ရှင်းလင်းတယ်လို့ ယူဆရပါတယ်။ ပိုချက်တီနိုအနေနဲ့ မကြာခင်မှာ လိဂန်းအသင်းကြီးနဲ့ လမ်းခွဲကောင်း လမ်းခွဲနိုင်ပြီး ၎င်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပထမဦးစားပေးရွေါ်ချယ်မှုဖြစ်တယ်ဆိုတာကို သိဖို့ လိုအပ်လိမ့်မယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီအပတ် ရလဒ်ဟာ ပိုချက်တီနိုရဲ့ အနေအထားကို ပျက်စီးစေခဲ့တာတော့ အမှန်ဖြစ်ပြီး အာဂျင်တီးနားလူမျိုးနည်းပြခေါ်ချင်နေတဲ့ နောက်ထပ်တစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အတွက်တော့ ၂-၀ နဲ့ ဦးဆောင်ထားပြီးမှ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ နည်းပြကို ခေါ်ယူချင်တော့ပါ့မလား။ အခြေအနေတွေက ချိန်ကိုက်ထားသလိုမျိုး ဖြစ်ခဲ့တာဖြစ်ပြီး ပိုချက်တီနိုနဲ့ မန်ချက်စတာယူနိုက်တက်တို့အတွက် တစ်ခုခု ဖြစ်ခဲ့တာ ဘယ်အချိန်တုန်းကလဲ။

ရန်းနစ်ခ်အနေနဲ့ တူဟယ်ကို ဖုန်းခေါ်ဆိုမှုဟာ ပြုလုပ်ခဲ့ပြီးတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ယခုအချိန်မှာ ယူနိုက်တက်အနေနဲ့ အဖြေကို ရခဲ့ပြီး အားရစရာမရှိခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တူဟယ်ကို ခေါ်လို့ရနိုင်မယ့် အခွင့်အရေး ရှိနေသေးတယ်လို့ ပိုချက်တီနိုကတော့ နံပါတ် ၁ အစီအစဉ် ဖြစ်တော့မှာမဟုတ်ဘဲ ချဲလ်ဆီးအသင်းပွဲလန့်နေတုန်း အလိုက်သင့်လေး ဖျာဝင်ခင်းဖို့အတွက် မန်ချက်စတာယူနိုက်တက်အနေနဲ့ လိုအပ်နေတဲ့ မန်နေဂျာနေရာနဲ့ကွင်းလယ်အတွက် တူဟယ်နဲ့ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ အခြေအနေတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေမှာတော့ အသေအချာပဲ ဖြစ်ပါကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လက္ရွိအခ်ိန္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ အိုးထရက္ဖို႔ဒ္မွာ ပိုခ်က္တီနိုကို နည္းျပသစ္အျဖစ္ေခၚယူဖို႔ထက္ ေသာမတ္စ္ တူဟယ္ကို နံပါတ္ ၁ ပစ္မွတ္အျဖစ္ သတ္မွတ္သင့္တဲ့ အခ်ိန္ျဖစ္ပါတယ္။

တူဟယ္၊ အန္တိုနီယို ႐ူဒီဂါနဲ႔ ဟာရီ ကိန္းေတာင္ ျဖစ္ေကာင္းျဖစ္နိုင္ၿပီး ဒါဟာ အလြန္ေကာင္းမြန္တဲ့ အသင္းတည္ေဆာက္မႈရဲ့ အစျဖစ္နိုင္ပါတယ္။ ပိုခ်က္တီနိုရဲ့ ရီးရဲလ္မက္ဒရစ္ကို ၂ ဂိုးအကြာနဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာမွာပဲ ခ်ဲလ္ဆီးအသင္းဟာ ယူေကအစိုးရရဲ့ ပိတ္ဆို႔ဒဏ္ခတ္မႈျပစ္ဒဏ္ေၾကာင့္ ကမၻာပ်က္သလို ျဖစ္ခဲ့ရတာျဖစ္ပါတယ္။

လက္ရွိ ေစ်းကြက္မွာ အေကာင္းဆုံး ရနိုင္ေျခရွိတဲ့ နည္းျပက တူဟယ္ျဖစ္ၿပီး တကယ္လို႔ ပီအက္စ္ဂ်ီအသင္းက ပိုခ်က္တီနိုနဲ႔ လမ္းခြဲလိုက္ၿပီဆိုရင္ေတာင္မွ ခ်ဲလ္ဆီးနည္းျပက မန္ယူနိုက္တက္အတြက္ နံပါတ္ ၁ ပစ္မွတ္ျဖစ္လာသင့္တာျဖစ္ပါတယ္။ တူဟယ္ဟာ ယခုလာမယ့္ေႏြရာသီမွာ အလြတ္နဲ႔ ထြက္ခြာေတာ့မယ့္ ႐ူဒီဂါနဲ႔ နီးကပ္တဲ့ဆက္ဆံေရးရွိၿပီး ဂ်ာမန္ေနာက္ခံကစားသမားဟာ နဂိုကတည္းက ခ်ဲလ္ဆီးမွာ ဆက္ရွိေနဖို႔ မေသခ်ာပါဘူးဆိုမွ ပိတ္ဆို႔ဒဏ္ခတ္မႈေၾကာင့္ ျဖစ္လာနိုင္တဲ့အလားအလာပါ ေန႔ခ်င္းညခ်င္း ေလ်ာ့က်သြားခဲ့ၿပီျဖစ္ပါတယ္။

ဟာရီ ကိန္းအတြက္ကေတာ့ ပိုခ်က္တီနိုဟာ ၎ရဲ့ ဆရာျဖစ္ေနဆဲျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂြါဒီယိုလာ လက္ေအာက္မွာ ကစားဖို႔အတြက္ မန္စီးတီးကို ေျပာင္းေရႊ႕ခ်င္ခဲ့တာျဖစ္ပါတယ္။ အဲဒီေတာ့ တကယ္လို႔သာ စပါးစ္ကသာ ေျပာင္းေရႊ႕ေၾကး သေဘာတူညီခဲ့ရင္ အႀကီးမားဆုံးကလပ္အသင္း၊ ခ်န္ပီယံလိဂ္ဖလား ရရွိဖူးတဲ့ နည္းျပနဲ႔ ပူးေပါင္းဖို႔ ဘယ္သူကမွ တြန႔္ဆုတ္ေနမွာ မဟုတ္ဘူးဆိုတာ ေတြးၾကည့္လို႔ ရနိုင္ပါတယ္။

တူဟယ္အေနနဲ႔လည္း ေနာက္ဆုံးမွာေတာ့ သင့္ေတာ္တဲ့ တိုက္စစ္မႉးတစ္ေယာက္နဲ႔ အလုပ္တြဲလုပ္ရတာ ေပ်ာ္ရႊင္ေကာင္း ေပ်ာ္ရႊင္နိုင္ၿပီး ဒါက မန္ခ်က္စတာယူနိုက္တက္အတြက္ ခဲတစ္လုံးတည္းနဲ႔ ငွက္ ၂ ေကာင္ပစ္ခြင့္ရမယ့္ ႀကီးမားတဲ့အခြင့္အေရးျဖစ္ပါတယ္။ တကယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တဲ့အတိုင္း ရန္းနစ္ခ္သာ တူဟယ္အတြက္ လက္ဦးဆရာျဖစ္မယ္ဆိုရင္ ဖုန္းေလး တစ္ခ်က္ဆက္ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္း ေျပာင္းလဲ ကိုင္တြယ္ခ်င္တဲ့ စိတ္ရွိလားဆိုတာကို ေသခ်ာေအာင္ လုပ္႐ုံပဲ ျဖစ္ပါတယ္။

တကယ္လို႔ တူဟယ္သာ ခ်ဲလ္ဆီးမွာ ဆက္ရွိေနဖို႔ ဆႏၵရွိမယ္ဆိုရင္ေတာ့ ရန္းနစ္ခ္ ဖုန္းေခၚမယ့္သူေနရာမွာ ပိုခ်က္တီနို ျဖစ္လိမ့္မယ္ဆိုတာ ရွင္းျပေနစရာေတာင္ လိုေတာ့မွာ မဟုတ္တာျဖစ္ပါတယ္။ တကယ္လို႔ တူဟယ္သာ အသင္းေျပာင္းဖို႔ ႀကိဳးပမ္းခဲ့ရင္လည္း ဒီလို မေရရာမေသခ်ာတဲ့ အေျခအေနမ်ိဳးမွာ ဂ်ာမန္လူမ်ိဳးနည္းျပကို အျပစ္တင္နိုင္မွာမဟုတ္ဘဲ အဲဒါေၾကာင့္ ဒီလိုမ်ိဳး ရဲရင့္တဲ့ အေျပာင္းအလဲကို ဘယ္လိုလုပ္မလဲဆိုတာကို ဆုံးျဖတ္ဖို႔ပဲ လိုအပ္ေတာ့မွာ ျဖစ္ပါတယ္။

သူတို႔ေတြ ဘာေတြလိုအပ္လဲ၊ ဘာေတြမလိုအပ္ဘူးလဲ၊ လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းထဲကို ေျပာင္းေရႊ႕လာနိုင္တဲ့ ခ်ဲလ္ဆီးကစားသမားေတြကို ေတြးၾကည့္လိုက္ရင္ ရီးစ္ ဂ်ိမ္း၊ အက္ဇ္ပီလီေကြတာ၊ ႐ူဒီဂါ၊ သီေယဂို ေဆးလ္ဗား၊ ကြန္ေတ၊ ဘန္ ေခ်းဝဲလ္၊ ေမဆန္ ေမာင့္၊ ခိုင္ ဟာဗတ္ဇ္တို႔ကို ျမင္ရပါတယ္။ ဒါေပမယ့္လည္း ဒါက လက္ေတြ႕က်တဲ့ အေျပာင္းအေရႊ႕စာရင္းမဟုတ္ဘူးဆိုတာ အမွန္ပဲျဖစ္ၿပီး အစိုးရက ၎တို႔ရဲ့ အေကာင္းဆုံးပါရမီရွင္ေတြကို ၿပိဳင္ဘက္အသင္းထံ အသည္းအသန္ေရာင္းခ်ခ်င္းအားျဖင့္ ထိန္းသိမ္းျခင္းမရွိတဲ့ ေဘာလုံးအသင္းကို ေစာင့္ေရွာက္ရမယ့္ တာဝန္ရွိတာျဖစ္ပါတယ္။

ဒါေပမ္ယ့လည္း အခ်ိဳ႕ေသာ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြဟာ ေရွာင္လႊဲလို႔မရနိုင္ဘဲ အျခားအက်ိဳးဆက္ေတြဆိုရင္ စဥ္းစားလို႔ေတာင္ ရခဲ့မွာမဟုတ္တာျဖစ္ပါတယ္။ ဒီကလန္ ရိုက္ဟာ ၿပီးခဲ့တဲ့လေပါင္းမ်ားစြာကတည္းက အေနာက္လန္ဒန္ကို ေျပာင္းေရႊ႕လာဖို႔အတြက္ ျပင္ဆင္ေနပုံေပၚၿပီး ခ်ဲလ္ဆီးအသင္းမွာ ကစားသမားဘဝစတင္ခဲ့တဲ့အေၾကာင္း၊ ခ်ဲလ္ဆီးကို ခ်စ္ျမတ္နိုးတဲ့အေၾကာင္း၊ ေမဆန္ ေမာင့္နဲ႔ ဆက္ဆံေရးအေၾကာင္း ေျပာဆိုခဲ့ေပမယ့္လည္း အခုေတာ့ အေျခအေနေတြက ေျပာင္းသြားၿပီျဖစ္ပါတယ္။

ရိုမန္ ေအဘရာမိုဗစ္ခ်္အေပၚ ပိတ္ဆို႔ဒဏ္ခတ္မႈက အထူးသျဖင့္ ကလပ္အသင္းတစ္သင္းအတြက္ မၾကဳံစဖူး အခြင့္အေရးတစ္ခုျဖစ္လာေတာ့မွာျဖစ္ၿပီး ဒီကလန္ ရိုက္စ္ကို လိုခ်င္တဲ့ မန္ခ်က္စတာယူနိုက္တက္အတြက္ အခြင့္အေရးေကာင္းျဖစ္ပါတယ္။ ေနာဝစ္ခ်္ကို ၃-၁ နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္က ခ်ဲလ္ဆီးအသင္းရဲ့ ပြဲထြက္လူစာရင္းကို လူတိုင္းက ေစာင့္ၾကည့္ေနမွာမဟုတ္ဘဲ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ဟာ ေတာင့္တင္းတဲ့ လူစာရင္းရွိၿပီး အာဆင္နယ္နဲ႔ စပါးစ္တို႔ဟာ ခ်ဲလ္ဆီးအသင္းရဲ့ လစာေပးေခ်မႈပမာဏအတိုင္း လိုက္ေပးလို႔မရနိုင္တာျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အလုံးစုံ ေသြးသစ္ေလာင္း ေျပာင္းလဲဖို႔ လိုအပ္ၿပီး ႐ူဒီဂါအတြက္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ေတာင္မွ ယွဥ္ၿပိဳင္နိုင္ဖို႔ ဘ႑ာေရး အင္အားေတာင့္တင္းမႈ ရွိေနတာျဖစ္ပါတယ္။ ညႇိႏွိုင္းေဆြးေႏြးမႈေတြဟာ ရႈပ္ေထြးေကာင္း ရႈပ္ေထြးနိုင္ၿပီး တကယ္လို႔ တူဟယ္သာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကေန ထြက္ခြာခ်င္တယ္ဆိုရင္ ထြက္လာနိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ယူေက အစိုးရအေနနဲ႔ ေအဘရာမိုဗစ္ခ်္ကေတာ့ ကိုယ့္မိုက္ျပစ္နဲ႔ ကိုယ္ခံရတာလို႔ ျမင္ေနမွာလား ဒါမွမဟုတ္ လက္ရွိ ခ်ဲလ္ဆီးအသင္းဟာ ၎တို႔ရဲ့ ဆြဲေဆာင္မႈေတြထဲက တစ္ခုအျဖစ္ ဥေရာပက အေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးကို နည္းျပအျဖစ္ ဆက္လက္ခန႔္အပ္ထားၿပီး ၿပိဳင္ဆိုင္မႈေတြ ေရာင္းခ်ဖို႔လုပ္ေနတယ္လို႔ ျမင္မွာလား မေျပာနိုင္ပါဘူး။

ကစားသမားေတြရဲ့ အေျခအေနကေရာ ဘယ္လိုေတြျဖစ္ေနၿပီလဲ။ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့ ကစားသမားေတြကို ေျပာေနတာမဟုတ္ေပမယ့္ ရီးစ္ ဂ်ိမ္းစ္၊ ေမဆန္ ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔လို လူငယ္ကစားသမားေတြရဲ့ အေျခအေနက ဘယ္လိုျဖစ္လာမွာလဲ။ တကယ္လို႔ ပိုမိုေကာင္းမြန္တဲ့အလားအလာရွိတဲ့ အသင္းကို ေျပာင္းေရႊ႕ခြင့္ ရွိခဲ့မယ္ဆိုရင္ ဘယ္သူက ေခါင္းညိတ္ၿပီး ဘယ္သူက ေခါင္းခါမွာလဲ၊ ဘယ္သူက ေစ်းႏႈန္းသတ္မွတ္မလဲ ဒါမွမဟုတ္ တံခါးပိတ္ထားမွာလဲ။ ဂရာေနာ့ဗ္စကားယာေရာ ရွိေနေသးလား ဒါမွမဟုတ္ သူမရဲ့ ေအဘရာမိုဗစ္ခ်္နဲ႔ ဆက္ဆံေရးဟာ အရမ္းသိသာထင္ရွားၿပီး ခိုင္မာမႈ ရွိေနသလား၊ ေမးခြန္းေတြက အမ်ားႀကီးပဲျဖစ္ပါတယ္။

ဒီအေျခအေနက ပိုခ်က္တီနိုအတြက္ ပိုမိုလမ္းပြင့္သြားေစလားဆိုရင္ ၾကည့္ရသေလာက္ကေတာ့ ၎ရဲ့ အေနအထားကေတာ့ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီနဲ႔ အဆုံးသတ္ ျဖစ္လာေတာ့မယ့္ အေနအထားမ်ိဳး ရွိေနတာေၾကာင့္ ပိုၿပီး ရွင္းလင္းတယ္လို႔ ယူဆရပါတယ္။ ပိုခ်က္တီနိုအေနနဲ႔ မၾကာခင္မွာ လိဂန္းအသင္းႀကီးနဲ႔ လမ္းခြဲေကာင္း လမ္းခြဲနိုင္ၿပီး ၎ဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ ပထမဦးစားေပးေရြၚခ်ယ္မႈျဖစ္တယ္ဆိုတာကို သိဖို႔ လိုအပ္လိမ့္မယ္ဆိုတဲ့ ေျပာဆိုမႈေတြ ရွိေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီအပတ္ ရလဒ္ဟာ ပိုခ်က္တီနိုရဲ့ အေနအထားကို ပ်က္စီးေစခဲ့တာေတာ့ အမွန္ျဖစ္ၿပီး အာဂ်င္တီးနားလူမ်ိဳးနည္းျပေခၚခ်င္ေနတဲ့ ေနာက္ထပ္တစ္သင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အတြက္ေတာ့ ၂-၀ နဲ႔ ဦးေဆာင္ထားၿပီးမွ ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ နည္းျပကို ေခၚယူခ်င္ေတာ့ပါ့မလား။ အေျခအေနေတြက ခ်ိန္ကိုက္ထားသလိုမ်ိဳး ျဖစ္ခဲ့တာျဖစ္ၿပီး ပိုခ်က္တီနိုနဲ႔ မန္ခ်က္စတာယူနိုက္တက္တို႔အတြက္ တစ္ခုခု ျဖစ္ခဲ့တာ ဘယ္အခ်ိန္တုန္းကလဲ။

ရန္းနစ္ခ္အေနနဲ႔ တူဟယ္ကို ဖုန္းေခၚဆိုမႈဟာ ျပဳလုပ္ခဲ့ၿပီးတာ ျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ယခုအခ်ိန္မွာ ယူႏိုက္တက္အေနနဲ႔ အေျဖကို ရခဲ့ၿပီး အားရစရာမရွိခဲ့တာလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ တူဟယ္ကို ေခၚလို႔ရႏိုင္မယ့္ အခြင့္အေရး ရွိေနေသးတယ္လို႔ ပိုခ်က္တီႏိုကေတာ့ နံပါတ္ ၁ အစီအစဥ္ ျဖစ္ေတာ့မွာမဟုတ္ဘဲ ခ်ဲလ္ဆီးအသင္းပြဲလန႔္ေနတုန္း အလိုက္သင့္ေလး ဖ်ာဝင္ခင္းဖို႔အတြက္ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ လိုအပ္ေနတဲ့ မန္ေနဂ်ာေနရာနဲ႔ကြင္းလယ္အတြက္ တူဟယ္နဲ႔ ဒီကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ အေျခအေနေတြကို မ်က္ေျခမျပတ္ေစာင့္ၾကည့္ေနမွာေတာ့ အေသအခ်ာပဲ ျဖစ္ပါေၾကာင္း ေရးသားတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.