Premier League

ယူကရိန်းအတွက် ပူတင်ရဲ့ လူတွေကို ကျုံးနေတဲ့ UK ရဲ့ ဆန်ရှင်မိခဲ့တဲ့ မိုဗစ်ချ်နဲ့ ချဲလ်ဆီး

ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ခြင်းအတွက် စစ်ရေးအရ တုံ့ပြန်ခွင့် မရှိသေးချိန်မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အဆက်အသွယ် အပေါင်းအပါတွေဖြစ်တဲ့ ခရိုနီ အိုလီဂါ့ချ်တွေကို လိုက်လံအရေးယူနေတဲ့ ဥရောပနဲ့ ပိုပြီး စန်းစန်းတင့်ဖြစ်နေတဲ့ ဗြိတိန် UK အနေနဲ့ ချဲလ်ဆီအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်ကိုပါ ပိတ်ဆို့တဲ့ ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။

ရုရှားသူဌေးအနေနဲ့ လူလိုချင်သလိုမျိုး အသင်းကို စိတ်ချရတဲ့ လူတွေလက်ထဲမှာ ထားပြီး ထွက်သွားလို့ မရတော့သလို ဝယ်လက်တွေဆီလည်း ရောင်းချလို့ မရတော့ဘဲ ချဲလ်ဆီး FC နဲ့ ပတ်သက်လို့ ဘယ်လိုအကျိုးအမြတ်မျိုးကိုမှ ခံစားခွင့်မရှိတော့ကြောင်း ပိတ်ဆို့လိုက်တာဖြစ်ပြီး အနောက်လန်ဒန်အသင်းကိုလည်း ထိခိုက်မှုတွေ ကြီးမားခဲ့တာပါ။

အေဘရာမိုဗစ်ချ်အနေနဲ့ အသင်းကို ရောင်းမရရုံတင် မကတော့ဘဲ ပွဲနေ့ ကွင်းဝင်လက်မှတ်တွေကိုပါ ထပ်မံရောင်းချပြီး ငွေရှာခွင့် မရှိတော့သလို ပိတ်ဆို့လိုက်တဲ့အထဲမှာ အသင်းရဲ့ အင်္ကျီစတဲ့ အမှတ်တရ ပစ္စည်းတွေ၊ ကြော်ငြာစပွန်ဆာအမျိုးမျိုးတွေလည်း ပါဝင်နေခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်းက ပရိသတ်အားပေးမှုတွေကိုပါ သက်ရောက်စေတော့မှာဖြစ်ပါတယ်။

ကစားသမားတွေကို ရောင်းချခြင်း မပြုနိုင်တော့သလို စာချုပ်သက်တမ်းတိုးဖို့ကိုပါ ပိတ်ဆို့လိုက်ပြီး ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာ ရစေမယ့် အပြုအမူမှန်သမျှကို ကန့်သတ်လိုက်တဲ့ ဗြိတိန်အစိုးရရဲ့ အရေးယူမှုကြောင့် လာမယ့် နော့ဝစ်ချ်နဲ့ပွဲကစပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်းကို တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားသူတွေသာ ဝင်ခွင့်ရတော့မှာဖြစ်သလို တခြားပရိသတ်တွေကိုတော့ ဝင်ခွင့်မပေးတော့ဘူးလို့ ဆိုပါတယ်။

ဒီသတင်းကို ထုတ်ပြန်လိုက်မှုကတော့ ချဲလ်ဆီးအသင်းရဲ့ ၁၁၇ နှစ်မြောက် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေခဲ့တာကြောင့် ပရိသတ်တွေအတွက် ပိုမိုစိတ်ပျက်စရာဖြစ်ခဲ့ရပြီး အသင်းအနေနဲ့ ဒီလိုမျိုး ထိခိုက်နစ်နာခဲ့ရတာဟာ ပြီးခဲ့တဲ့ အပတ်အတွင်းက ရတဲ့ ဈေးနဲ့ ရောင်းမထုတ်ဘဲ လောဘကြီးနေတဲ့ အေဘရာမိုဗစ်ချ်ကြောင့်လို့လည်း ပြစ်တင်ခဲ့ကြပါတယ်။

စောင့်ကြည့်လေ့လာသူတွေကတော့ ဒါဟာ ချဲလ်ဆီးအသင်းအတွက် သေမိန့်ပဲလို့ ဝေဖန်ခဲ့ကြပြီး လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေကိုလည်း ကွင်းပိတ်ပြီး ကစားရဖို့ ရှိနေသလို ဝင်ငွေလည်း လျော့ကျသွားဖို့ ရှိနေတာကြောင့် ပွဲတစ်ပွဲကို လက်ခံကျင်းပဖို့အတွက် လိုအပ်တဲ့ လုံခြုံရေး၊ အသုံးစရိတ်၊ ကျွေးမွေးဧည့်ခံမှု၊ ရေဖိုးမီးဖိုးတွေနဲ့ ကွင်းတွင်းက ဝန်ထမ်းတွေအတွက် ကုန်ကျစရိတ်ကိုပါ အိတ်စိုက်သွားရဖို့ ရှိနေတာပါ။

တစ်ပွဲပျမ်းမျှ ပေါင်ငါးသိန်းအထိ ကုန်ကျနိုင်တဲ့ အသုံးစရိတ်တွေက အသင်းကို ထိုးနှက်ဖို့ ရှိနေသလို အဝေးကွင်းပရိသတ်တွေအနေနဲ့လည်း လက်မှတ်ခွဲတမ်းကို ဝယ်ယူလာရောက်တော့မှာ မဟုတ်လို့ အဆိုးတွေက တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးပရိသတ်တချို့ကတော့ သူတို့တွေအနေနဲ့ ဒုတိယတန်းက အသင်းကို အားပေးရတာမျိုးဖြစ်သွားနိုင်တယ်လို့ပါ ဆိုနေခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဖြစ်နိုင်ဖွယ် ကြုံတွေ့ရမှုတွေကတော့…
– တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်သူ ၂၈၀၀၀ ဝန်းကျင်သာ (နောက်ဆုံးစာရင်းအရ) ကွင်းတွင်းဝင်ရောက်ခွင့်ရှိခြင်း
– ချန်ပီယံလိဂ်ပွဲတွေကို ကွင်းပိတ်ကစားရခြင်း
– ကစားသမားကောင်းတွေကို စာချုပ်ကုန်ချိန်မှာ လက်လွှတ်ရနိုင်ခြင်း
– တစ်ပွဲစာ အသုံးစရိတ်နဲ့ အခွန်အခများကို အိတ်စိုက်သုံးစွဲရနိုင်ခြင်း
– မည်သည့် ဝင်ငွေရနိုင်သည့် ကိစ္စမျိုးကိုမှ ခွင့်မပြုခြင်း စတာတွေလည်းဖြစ်ပါတယ်။

အဝေးကွင်းပရိသတ်တွေ မလာရောက်နိုင်ဘဲ တစ်ရာသီစာလက်မှတ် ကိုင်ဆောင်သူတွေသာ ကွင်းထဲမှာ အားပေးနိုင်မယ်ဆိုကတော့ သူတို့တွေအတွက် အားသာချက်တစ်ခု ဖြစ်သွားနိုင်တာကြောင့် ဧည့်သည်အသင်းတွေအနေနဲ့ သူတို့ပရိသတ်တွေ ပါမလာဘဲ ကစားရတဲ့အတွက် ကန့်ကွက်မှုမျိုးတွေကိုလည်း လုပ်ဆောင်လာနိုင်လို့ ပရီးမီးယားလိဂ်မှာပါ ကွင်းပိတ်ဖို့ဘက်ကိုလည်း ရောက်သွားနိုင်ပြီး ချဲလ်ဆီးအသင်းဘက်ကတော့ ခွင့်ပြုထားသမျှ အနေအထားနဲ့ ပွဲကစားဖို့တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္ဝင္ေရာက္ျခင္းအတြက္ စစ္ေရးအရ တုံ႔ျပန္ခြင့္ မရွိေသးခ်ိန္မွာ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္ရဲ႕ အဆက္အသြယ္ အေပါင္းအပါေတြျဖစ္တဲ့ ခ႐ိုနီ အိုလီဂါ့ခ်္ေတြကို လိုက္လံအေရးယူေနတဲ့ ဥေရာပနဲ႔ ပိုၿပီး စန္းစန္းတင့္ျဖစ္ေနတဲ့ ၿဗိတိန္ UK အေနနဲ႔ ခ်ဲလ္ဆီအသင္းပိုင္ရွင္ ႐ိုမန္ ေအဗရာမိုဗစ္ခ်္ကိုပါ ပိတ္ဆို႔တဲ့ ျပစ္ဒဏ္ခ်မွတ္လိုက္ၿပီျဖစ္ပါတယ္။

႐ုရွားသူေဌးအေနနဲ႔ လူလိုခ်င္သလိုမ်ိဳး အသင္းကို စိတ္ခ်ရတဲ့ လူေတြလက္ထဲမွာ ထားၿပီး ထြက္သြားလို႔ မရေတာ့သလို ဝယ္လက္ေတြဆီလည္း ေရာင္းခ်လို႔ မရေတာ့ဘဲ ခ်ဲလ္ဆီး FC နဲ႔ ပတ္သက္လို႔ ဘယ္လိုအက်ိဳးအျမတ္မ်ိဳးကိုမွ ခံစားခြင့္မရွိေတာ့ေၾကာင္း ပိတ္ဆို႔လိုက္တာျဖစ္ၿပီး အေနာက္လန္ဒန္အသင္းကိုလည္း ထိခိုက္မႈေတြ ႀကီးမားခဲ့တာပါ။

ေအဘရာမိုဗစ္ခ်္အေနနဲ႔ အသင္းကို ေရာင္းမရ႐ုံတင္ မကေတာ့ဘဲ ပြဲေန႔ ကြင္းဝင္လက္မွတ္ေတြကိုပါ ထပ္မံေရာင္းခ်ၿပီး ေငြရွာခြင့္ မရွိေတာ့သလို ပိတ္ဆို႔လိုက္တဲ့အထဲမွာ အသင္းရဲ႕ အက်ႌစတဲ့ အမွတ္တရ ပစၥည္းေတြ၊ ေၾကာ္ျငာစပြန္ဆာအမ်ိဳးမ်ိဳးေတြလည္း ပါဝင္ေနခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းတြင္းက ပရိသတ္အားေပးမႈေတြကိုပါ သက္ေရာက္ေစေတာ့မွာျဖစ္ပါတယ္။

ကစားသမားေတြကို ေရာင္းခ်ျခင္း မျပဳႏိုင္ေတာ့သလို စာခ်ဳပ္သက္တမ္းတိုးဖို႔ကိုပါ ပိတ္ဆို႔လိုက္ၿပီး ေငြေၾကးအက်ိဳးအျမတ္ တစ္စုံတစ္ရာ ရေစမယ့္ အျပဳအမူမွန္သမွ်ကို ကန႔္သတ္လိုက္တဲ့ ၿဗိတိန္အစိုးရရဲ႕ အေရးယူမႈေၾကာင့္ လာမယ့္ ေနာ့ဝစ္ခ်္နဲ႔ပြဲကစၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းတြင္းကို တစ္ရာသီစာလက္မွတ္ ကိုင္ေဆာင္ထားသူေတြသာ ဝင္ခြင့္ရေတာ့မွာျဖစ္သလို တျခားပရိသတ္ေတြကိုေတာ့ ဝင္ခြင့္မေပးေတာ့ဘူးလို႔ ဆိုပါတယ္။

ဒီသတင္းကို ထုတ္ျပန္လိုက္မႈကေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ ၁၁၇ ႏွစ္ေျမာက္ ေမြးေန႔နဲ႔လည္း တိုက္ဆိုင္ေနခဲ့တာေၾကာင့္ ပရိသတ္ေတြအတြက္ ပိုမိုစိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး အသင္းအေနနဲ႔ ဒီလိုမ်ိဳး ထိခိုက္နစ္နာခဲ့ရတာဟာ ၿပီးခဲ့တဲ့ အပတ္အတြင္းက ရတဲ့ ေဈးနဲ႔ ေရာင္းမထုတ္ဘဲ ေလာဘႀကီးေနတဲ့ ေအဘရာမိုဗစ္ခ်္ေၾကာင့္လို႔လည္း ျပစ္တင္ခဲ့ၾကပါတယ္။

ေစာင့္ၾကည့္ေလ့လာသူေတြကေတာ့ ဒါဟာ ခ်ဲလ္ဆီးအသင္းအတြက္ ေသမိန႔္ပဲလို႔ ေဝဖန္ခဲ့ၾကၿပီး လာမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကိုလည္း ကြင္းပိတ္ၿပီး ကစားရဖို႔ ရွိေနသလို ဝင္ေငြလည္း ေလ်ာ့က်သြားဖို႔ ရွိေနတာေၾကာင့္ ပြဲတစ္ပြဲကို လက္ခံက်င္းပဖို႔အတြက္ လိုအပ္တဲ့ လုံၿခဳံေရး၊ အသုံးစရိတ္၊ ေကြၽးေမြးဧည့္ခံမႈ၊ ေရဖိုးမီးဖိုးေတြနဲ႔ ကြင္းတြင္းက ဝန္ထမ္းေတြအတြက္ ကုန္က်စရိတ္ကိုပါ အိတ္စိုက္သြားရဖို႔ ရွိေနတာပါ။

တစ္ပြဲပ်မ္းမွ် ေပါင္ငါးသိန္းအထိ ကုန္က်ႏိုင္တဲ့ အသုံးစရိတ္ေတြက အသင္းကို ထိုးႏွက္ဖို႔ ရွိေနသလို အေဝးကြင္းပရိသတ္ေတြအေနနဲ႔လည္း လက္မွတ္ခြဲတမ္းကို ဝယ္ယူလာေရာက္ေတာ့မွာ မဟုတ္လို႔ အဆိုးေတြက တစ္ခုၿပီးတစ္ခု ေရာက္ရွိလာခဲ့ၿပီး ခ်ဲလ္ဆီးပရိသတ္တခ်ိဳ႕ကေတာ့ သူတို႔ေတြအေနနဲ႔ ဒုတိယတန္းက အသင္းကို အားေပးရတာမ်ိဳးျဖစ္သြားႏိုင္တယ္လို႔ပါ ဆိုေနခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ျဖစ္ႏိုင္ဖြယ္ ႀကဳံေတြ႕ရမႈေတြကေတာ့…
– တစ္ရာသီစာ လက္မွတ္ကိုင္ေဆာင္သူ ၂၈၀၀၀ ဝန္းက်င္သာ (ေနာက္ဆုံးစာရင္းအရ) ကြင္းတြင္းဝင္ေရာက္ခြင့္ရွိျခင္း
– ခ်န္ပီယံလိဂ္ပြဲေတြကို ကြင္းပိတ္ကစားရျခင္း
– ကစားသမားေကာင္းေတြကို စာခ်ဳပ္ကုန္ခ်ိန္မွာ လက္လႊတ္ရႏိုင္ျခင္း
– တစ္ပြဲစာ အသုံးစရိတ္နဲ႔ အခြန္အခမ်ားကို အိတ္စိုက္သုံးစြဲရႏိုင္ျခင္း
– မည္သည့္ ဝင္ေငြရႏိုင္သည့္ ကိစၥမ်ိဳးကိုမွ ခြင့္မျပဳျခင္း စတာေတြလည္းျဖစ္ပါတယ္။

အေဝးကြင္းပရိသတ္ေတြ မလာေရာက္ႏိုင္ဘဲ တစ္ရာသီစာလက္မွတ္ ကိုင္ေဆာင္သူေတြသာ ကြင္းထဲမွာ အားေပးႏိုင္မယ္ဆိုကေတာ့ သူတို႔ေတြအတြက္ အားသာခ်က္တစ္ခု ျဖစ္သြားႏိုင္တာေၾကာင့္ ဧည့္သည္အသင္းေတြအေနနဲ႔ သူတို႔ပရိသတ္ေတြ ပါမလာဘဲ ကစားရတဲ့အတြက္ ကန႔္ကြက္မႈမ်ိဳးေတြကိုလည္း လုပ္ေဆာင္လာႏိုင္လို႔ ပရီးမီးယားလိဂ္မွာပါ ကြင္းပိတ္ဖို႔ဘက္ကိုလည္း ေရာက္သြားႏိုင္ၿပီး ခ်ဲလ္ဆီးအသင္းဘက္ကေတာ့ ခြင့္ျပဳထားသမွ် အေနအထားနဲ႔ ပြဲကစားဖို႔ေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ထုတ္ျပန္ထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.