Premier League

ချဲလ်ဆီးကို ဝယ်ပြီး မက်ဆီနဲ့ ရော်နယ်လ်ဒိုပါ ခေါ်ဖို့ စီစဉ်ထားတဲ့ ဂါနာရွှေတွင်းပိုင်ရှင်

ဂါနာနိုင်ငံသား ရွှေတွင်းပိုင်ရှင်ဟာ ချဲလ်ဆီးအသင်းကို ဝယ်ယူပြီးရင် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကိုပါ ခေါ်ယူမယ့် အကြံအစည်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘားနတ် အန့်ဝီ ဘိုဆီယာကိုဟာ ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ချင်တဲ့ ၎င်းရဲ့ ရဲရင့်တဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ကြေညာခဲ့ပြီး လက်ရှိ ပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေမှုကြောင့် ရောင်းချဖို့ ကြေညာထားတာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံရေးသမား၊ ရွှေဝိဇ္ဇာနဲ့ ရေဒီယိုအသံလွှင့်ဌာနပိုင်ရှင် ဘိုဆီယာကိုက ချဲလ်ဆီးအသင်းနဲ့ပတ်သက်ပြီး ၎င်းရဲ့ အကြံအစည်ကို အံ့အားသင့်ဖွယ် ထုတ်ဖော် ပြောကြားလိုက်တာဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဂါနာနိုင်ငံသား လုပ်ငန်းရှင်ဟာ ချန်ပီယံလိဂ်ဖလား ရရှိထားတဲ့ ချဲလ်ဆီးအသင်းအတွက် အေဘရာမိုဗစ်ချ် တောင်းဆိုထားတဲ့ ပေါင် ၃ ဘီလီယံကို ပေးချေနိုင်တဲ့အကြောင်းကို သတ္တိရှိရှိနဲ့ ကြေညာလိုက်တာဖြစ်ပါတယ်။ ဘိုဆီယာကိုရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဘယ်လောက်အတိုင်းအတာထိ ရှိနေလဲဆိုတာကို မသိရပေမယ့်လည်း ၎င်းရဲ့ မွေးရပ်နိုင်ငံက ကိန်းဂဏန်းတွေအရ ရွှေတွင်းပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုဟာ ပေါင် ၇၆ သန်းအထိ ရှိနိုင်တယ်လို့ သိရပါတယ်။

Wontumi back home ဥက္ကဌအဖြစ် လူသိများတဲ့ ဘိုဆီယာကိုဟာ ချဲလ်ဆီးအသင်းကို ဝယ်ယူပြီး ထိန်းချုပ်ခွင့် ရရှိခဲ့မယ်ဆိုရင် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကို ဝယ်ယူဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မျိုးချစ်ပါတီသစ်ရဲ့ ဒေသဆိုင်ရာ ဥက္ကဌလည်းဖြစ်တဲ့ ဘိုဆီယာကိုက ချဲလ်ဆီးအသင်းရဲ့ စံချိန်တင်ကစားသမားခေါ်ယူမှုဖြစ်တဲ့ လူကာကူးကို ရောင်းထုတ်ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကို ခေါ်ယူသွားမယ်လို့လည်း ပြောကြားထားပါတယ်။

“ကျွန်တော် ချဲလ်ဆီးဘောလုံးအသင်းကို ဝယ်ယူချင်ပါတယ်။ ကျွန်တော် အဲဒါကို စိတ်ဝင်စားတယ်။ ကလပ်အသင်းတွေကို ဝယ်ယူတဲ့သူတွေက ဘောလုံးသမားတွေမဟုတ်ဘဲ စီးပွားရေးသမားတွေပါ။ ကျွန်တော်လည်း စီးပွားရေးသမားပါ။ ကျွန်တော် ရွှေတွင်းတူးပါတယ်။ ဘာကြောင့် ကျွန်တော်တို့ ကလပ်အသင်းကို ဝယ်လို့မရနိုင်ရမှာလဲ။ ကျွန်တော် အခြားလူတွေနဲ့အတူ ကမ်းလှမ်းမှု ပြုလုပ်သွားချင်ပါတယ်။ ကျွန်တော်သာ ပိုင်ရှင်ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်တော် ရီးရဲလ်မက်ဒရစ်က ဘရာဇီးလ်တိုက်စစ်မှူး ဗင်နစ်ရှပ် ဂျူနီယာကို ခေါ်ယူချင်ပြီး လူကာကူးကို ရောင်းထုတ်မှာပါ”

“ကျွန်တော် ချဲလ်ဆီးအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူလို့ရနိုင်မလားဆိုတာကိုလည်း သိရဖို့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စကားပြောသွားမှာပါ။ ကျွန်တော် လီယွန်နယ် မက်ဆီကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းသွားမှာပါ။ ရိုမန် အေဘရာမိုဗစ်ချ်က သူလုပ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့ပါတယ်။ အခုတော့ သူ့အနေနဲ့ ချဲလ်ဆီးကို ဂါနာနိုင်ငံသား ဒါမှမဟုတ် အာဖရိကသားတွေ ဝယ်ယူမှာကို အားပေးထောက်ခံဖို့ အချိန်ကျပါပြီ”လို့ ပြောကြားခဲ့ပါတယ်။ ဘိုဆီယာကိုဟာ ရည်မှန်းချက်ကြီးမားပေမယ့်လည်း ချဲလ်ဆီးအသင်းကို ဝယ်ယူမယ့်ပြိုင်ပွဲမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

အမေရိကန် ဘီလျံနာ တော့ဒ် ဘာလီနဲ့ လုပ်ဖော်ကိုင်ဖက် ဆွစ်ဘီလျံနာ ဝိစ်တို့ကလည်း ကမ်းလှမ်းမှု ပြုလုပ်ထားပြီးနောက် ချဲလ်ဆီးအသင်းဆီကနေ အဖြေပြန်ပေးတာကို စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် New York Jets NFL အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဝူဒီ ဂျွန်ဆင်ဟာ နောက်ထပ် ဝယ်ယူသူဖြစ်နိုင်တဲ့သူအဖြစ် တစ်ကြိုပေးခြင်းခံနေရခဲ့ရပြီး ကိုယ်ပိုင် ဆော်ဒီမီဒီယာအုပ်စုကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ချဲလ်ဆီးပရိသတ်ဖြစ်တဲ့ ဗြိတိန်သူဌေးကြီး နစ်ခ် ကန်ဒီကလည်း ယခုအပတ်မှာ ပေါင် ၂.၅ ဘီလီယံနဲ့ ကမ်းလှမ်းမှု ပြုလုပ်ပြီး အေဘရာမိုဗစ်ချ်ရဲ့ ဖြေရှင်းနိုင်စွမ်းကို စမ်းသပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဂျေမီ ရူဘင်ကလည်း ကမ်းလှမ်းမှု ပြုလုပ်သွားဖို့အတွက် စဉ်းစားသွားဖွယ်ရှိနေပြီး ၎င်းရဲ့ဖခင်ဖြစ်တဲ့ နယူးကာဆယ်လ်ယူနိုက်တက်အသင်းဒါရိုက်တာတော့ဒ် ရူဘင်၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ ဒေးဗစ်၊ အန်ကယ် ဆိုင်မွန်တို့ဟာ ပရီးမီးယားလိဂ်စည်းမျဉ်းစည်းကမ်းတွေကြောင့် ရှုပ်ထွေးမှုတွေ ရှိလာနိုင်တဲ့ စိန့် ဂျိမ်းစ်ပါ့ခ်မှာ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂါနာနိုင္ငံသား ေရႊတြင္းပိုင္ရွင္ဟာ ခ်ဲလ္ဆီးအသင္းကို ဝယ္ယူၿပီးရင္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ကိုပါ ေခၚယူမယ့္ အႀကံအစည္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဘားနတ္ အန႔္ဝီ ဘိုဆီယာကိုဟာ ခ်ဲလ္ဆီးအသင္းကို ဝယ္ယူဖို႔ ကမ္းလွမ္းမႈ ျပဳလုပ္ခ်င္တဲ့ ၎ရဲ့ ရဲရင့္တဲ့ ရည္ရြယ္ခ်က္ကို ထုတ္ေဖာ္ေၾကညာခဲ့ၿပီး လက္ရွိ ပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ဟာ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ေနမႈေၾကာင့္ ေရာင္းခ်ဖို႔ ေၾကညာထားတာျဖစ္ပါတယ္။ လက္ရွိမွာ နိုင္ငံေရးသမား၊ ေရႊဝိဇၨာနဲ႔ ေရဒီယိုအသံလႊင့္ဌာနပိုင္ရွင္ ဘိုဆီယာကိုက ခ်ဲလ္ဆီးအသင္းနဲ႔ပတ္သက္ၿပီး ၎ရဲ့ အႀကံအစည္ကို အံ့အားသင့္ဖြယ္ ထုတ္ေဖာ္ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

အသက္ ၄၅ ႏွစ္အရြယ္ ဂါနာနိုင္ငံသား လုပ္ငန္းရွင္ဟာ ခ်န္ပီယံလိဂ္ဖလား ရရွိထားတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ေအဘရာမိုဗစ္ခ်္ ေတာင္းဆိုထားတဲ့ ေပါင္ ၃ ဘီလီယံကို ေပးေခ်နိုင္တဲ့အေၾကာင္းကို သတၱိရွိရွိနဲ႔ ေၾကညာလိုက္တာျဖစ္ပါတယ္။ ဘိုဆီယာကိုရဲ့ ခ်မ္းသာႂကြယ္ဝမႈဟာ ဘယ္ေလာက္အတိုင္းအတာထိ ရွိေနလဲဆိုတာကို မသိရေပမယ့္လည္း ၎ရဲ့ ေမြးရပ္နိုင္ငံက ကိန္းဂဏန္းေတြအရ ေရႊတြင္းပိုင္ရွင္ရဲ့ ပိုင္ဆိုင္မႈဟာ ေပါင္ ၇၆ သန္းအထိ ရွိနိုင္တယ္လို႔ သိရပါတယ္။

Wontumi back home ဥကၠဌအျဖစ္ လူသိမ်ားတဲ့ ဘိုဆီယာကိုဟာ ခ်ဲလ္ဆီးအသင္းကို ဝယ္ယူၿပီး ထိန္းခ်ဳပ္ခြင့္ ရရွိခဲ့မယ္ဆိုရင္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ကို ဝယ္ယူဖို႔အတြက္ ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ မ်ိဳးခ်စ္ပါတီသစ္ရဲ့ ေဒသဆိုင္ရာ ဥကၠဌလည္းျဖစ္တဲ့ ဘိုဆီယာကိုက ခ်ဲလ္ဆီးအသင္းရဲ့ စံခ်ိန္တင္ကစားသမားေခၚယူမႈျဖစ္တဲ့ လူကာကူးကို ေရာင္းထုတ္ၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ကို ေခၚယူသြားမယ္လို႔လည္း ေျပာၾကားထားပါတယ္။

“ကၽြန္ေတာ္ ခ်ဲလ္ဆီးေဘာလုံးအသင္းကို ဝယ္ယူခ်င္ပါတယ္။ ကၽြန္ေတာ္ အဲဒါကို စိတ္ဝင္စားတယ္။ ကလပ္အသင္းေတြကို ဝယ္ယူတဲ့သူေတြက ေဘာလုံးသမားေတြမဟုတ္ဘဲ စီးပြားေရးသမားေတြပါ။ ကၽြန္ေတာ္လည္း စီးပြားေရးသမားပါ။ ကၽြန္ေတာ္ ေရႊတြင္းတူးပါတယ္။ ဘာေၾကာင့္ ကၽြန္ေတာ္တို႔ ကလပ္အသင္းကို ဝယ္လို႔မရနိုင္ရမွာလဲ။ ကၽြန္ေတာ္ အျခားလူေတြနဲ႔အတူ ကမ္းလွမ္းမႈ ျပဳလုပ္သြားခ်င္ပါတယ္။ ကၽြန္ေတာ္သာ ပိုင္ရွင္ျဖစ္လာခဲ့မယ္ဆိုရင္ ကၽြန္ေတာ္ ရီးရဲလ္မက္ဒရစ္က ဘရာဇီးလ္တိုက္စစ္မႉး ဗင္နစ္ရွပ္ ဂ်ဴနီယာကို ေခၚယူခ်င္ၿပီး လူကာကူးကို ေရာင္းထုတ္မွာပါ”

“ကၽြန္ေတာ္ ခ်ဲလ္ဆီးအတြက္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုကို ေခၚယူလို႔ရနိုင္မလားဆိုတာကိုလည္း သိရဖို႔ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ စကားေျပာသြားမွာပါ။ ကၽြန္ေတာ္ လီယြန္နယ္ မက္ဆီကိုလည္း ေခၚယူဖို႔ ႀကိဳးပမ္းသြားမွာပါ။ ရိုမန္ ေအဘရာမိုဗစ္ခ်္က သူလုပ္နိုင္သမၽွ အေကာင္းဆုံးလုပ္ခဲ့ပါတယ္။ အခုေတာ့ သူ႔အေနနဲ႔ ခ်ဲလ္ဆီးကို ဂါနာနိုင္ငံသား ဒါမွမဟုတ္ အာဖရိကသားေတြ ဝယ္ယူမွာကို အားေပးေထာက္ခံဖို႔ အခ်ိန္က်ပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဘိုဆီယာကိုဟာ ရည္မွန္းခ်က္ႀကီးမားေပမယ့္လည္း ခ်ဲလ္ဆီးအသင္းကို ဝယ္ယူမယ့္ၿပိဳင္ပြဲမွာ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြကို ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။

အေမရိကန္ ဘီလ်ံနာ ေတာ့ဒ္ ဘာလီနဲ႔ လုပ္ေဖာ္ကိုင္ဖက္ ဆြစ္ဘီလ်ံနာ ဝိစ္တို႔ကလည္း ကမ္းလွမ္းမႈ ျပဳလုပ္ထားၿပီးေနာက္ ခ်ဲလ္ဆီးအသင္းဆီကေန အေျဖျပန္ေပးတာကို ေစာင့္ဆိုင္းေနၾကတာျဖစ္ပါတယ္။ ဒါ့အျပင္ New York Jets NFL အသင္းရဲ့ ပိုင္ရွင္ျဖစ္တဲ့ ဝူဒီ ဂၽြန္ဆင္ဟာ ေနာက္ထပ္ ဝယ္ယူသူျဖစ္နိုင္တဲ့သူအျဖစ္ တစ္ႀကိဳေပးျခင္းခံေနရခဲ့ရၿပီး ကိုယ္ပိုင္ ေဆာ္ဒီမီဒီယာအုပ္စုကိုလည္း ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးပရိသတ္ျဖစ္တဲ့ ၿဗိတိန္သူေဌးႀကီး နစ္ခ္ ကန္ဒီကလည္း ယခုအပတ္မွာ ေပါင္ ၂.၅ ဘီလီယံနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ၿပီး ေအဘရာမိုဗစ္ခ်္ရဲ့ ေျဖရွင္းနိုင္စြမ္းကို စမ္းသပ္သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ေဂ်မီ ႐ူဘင္ကလည္း ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔အတြက္ စဥ္းစားသြားဖြယ္ရွိေနၿပီး ၎ရဲ့ဖခင္ျဖစ္တဲ့ နယူးကာဆယ္လ္ယူနိုက္တက္အသင္းဒါရိုက္တာေတာ့ဒ္ ႐ူဘင္၊ အိမ္ၿခံေျမရင္းႏွီးျမႇုပ္ႏွံသူ ေဒးဗစ္၊ အန္ကယ္ ဆိုင္မြန္တို႔ဟာ ပရီးမီးယားလိဂ္စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ရႈပ္ေထြးမႈေတြ ရွိလာနိုင္တဲ့ စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ အစုရွယ္ယာ ၁၀ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ထားၾကတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.