Premier League

လီဗာပူးလ္အသင္းနဲ႔ ဆက္စပ္သတင္းမ်ား တစ္ေန႔တာ စုစည္းမွဳ

ၿပီးခဲ့တဲ့ အဂၤါေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– အသင္းမွာ ကစားခဲ့တဲ့ ကာလတစ္ေလွ်ာက္လံုး ပရီးမီးယားလိဂ္ဖလား မရခဲ့ဖူးတဲ့ အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္ကို တစ္ေက်ာ့ျပန္စာခ်ဳပ္ခ်ဳပ္ၿပီး ရာသီကုန္မွာ ပရီးမီးယားလိဂ္ဆုတံဆိပ္ရေအာင္ လုပ္ေပးမယ္ဆုိတဲ့ ေကာလဟာလေတြကို လီဗာပူးလ္အသင္းက ျငင္းဆိုလိုက္ပါတယ္။

– လီဗာပူးလ္အသင္းမွာ ပံုမွန္ကစားခြင့္မရတဲ့ ခ်ာဒန္ ရွာက်ီရီကို ဂါလာတာစာေရးအသင္းက လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။ သူ႔အတြက္ ေျပာင္းေရႊ႕ေၾကးကေတာ့ ေပါင္သန္း ၂၀ ေလာက္ တန္ေၾကးရွိမယ္လို႔ သံုးသပ္ထားပါတယ္။

-ေရွ႕လထဲမွာ ခ်ဲလ္ဆီးနဲ႔ အေ၀းကြင္းပြဲ ကစားရမယ့္ အက္ဖ္ေအဖလားပဥၥမအဆင့္ပြဲစဥ္အတြက္ လက္မွတ္ခြဲတမ္းကို အခုသတ္မွတ္ထားတဲ့ ေစာင္ေရ ၅၄၆၆ ေစာင္ထက္ ပိုရလိုတယ္လို႔ လီဗာပူးအသင္းက ေတာင္းဆိုထားေၾကာင္း သိရပါတယ္။

– ဂ်ဴဗင္တပ္စ္က ေခၚမယ္လို႔ သတင္းထြက္လာတဲ့ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကို လီဗာပူးအသင္းက တစ္ပတ္လစာ ေပါင္တစ္သိန္းခြဲနဲ႔ အတူ အျခား အပိုဆုေၾကးေတြ မ်ားစြာပါဝင္မယ့္ စာခ်ဳပ္သစ္ကို ထပ္မံခ်ဳပ္ဆိုဖို႔ ျပင္ေနပါတယ္။ စာခ်ဳပ္သစ္အရ ဗန္ဒိုက္ကို ၅ ႏွစ္သက္တမ္းနဲ႔အတူ လက္မွတ္ထိုးေၾကး ေပါင္ ၆ သန္းနဲ႔အတူ အျခားဆုေၾကးေတြ ေပါင္ ၉ သန္း ရရွိႏုိင္မယ့္ အခြင့္အေရးကို ထည့္သြင္းထားတယ္လို႔ ဆုိပါတယ္။

– ေဆာင္းရာသီအားလပ္ရက္အတြင္း ပထမတစ္ပတ္တာမွာ အသင္းအေနနဲ႔ ကစားသမားေတြကို စိတ္ႀကိဳက္အနားယူခြင့္ေပးခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္းသားေတြဟာ တနလၤာေန႔က မဲလ္၀ုဒ္ေလ့က်င့္ေရးကြင္းကို ျပန္လည္ေရာက္ရွိလာၾကၿပီး ေနာ့၀ွစ္ခ်္စီးတီးနဲ႔ပြဲအတြက္ ေလ့က်င့္ခန္း ေတြ ျပန္ဆင္းေနၿပီလို႔ သိရပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ အင်္ဂါနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– အသင်းမှာ ကစားခဲ့တဲ့ ကာလတစ်လျှောက်လုံး ပရီးမီးယားလိဂ်ဖလား မရခဲ့ဖူးတဲ့ အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်ကို တစ်ကျော့ပြန်စာချုပ်ချုပ်ပြီး ရာသီကုန်မှာ ပရီးမီးယားလိဂ်ဆုတံဆိပ်ရအောင် လုပ်ပေးမယ်ဆိုတဲ့ ကောလဟာလတွေကို လီဗာပူးလ်အသင်းက ငြင်းဆိုလိုက်ပါတယ်။

– လီဗာပူးလ်အသင်းမှာ ပုံမှန်ကစားခွင့်မရတဲ့ ချာဒန် ရှာကျီရီကို ဂါလာတာစာရေးအသင်းက လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးကတော့ ပေါင်သန်း ၂၀ လောက် တန်ကြေးရှိမယ်လို့ သုံးသပ်ထားပါတယ်။

-ရှေ့လထဲမှာ ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲ ကစားရမယ့် အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အတွက် လက်မှတ်ခွဲတမ်းကို အခုသတ်မှတ်ထားတဲ့ စောင်ရေ ၅၄၆၆ စောင်ထက် ပိုရလိုတယ်လို့ လီဗာပူးအသင်းက တောင်းဆိုထားကြောင်း သိရပါတယ်။

– ဂျူဗင်တပ်စ်က ခေါ်မယ်လို့ သတင်းထွက်လာတဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို လီဗာပူးအသင်းက တစ်ပတ်လစာ ပေါင်တစ်သိန်းခွဲနဲ့ အတူ အခြား အပိုဆုကြေးတွေ များစွာပါဝင်မယ့် စာချုပ်သစ်ကို ထပ်မံချုပ်ဆိုဖို့ ပြင်နေပါတယ်။ စာချုပ်သစ်အရ ဗန်ဒိုက်ကို ၅ နှစ်သက်တမ်းနဲ့အတူ လက်မှတ်ထိုးကြေး ပေါင် ၆ သန်းနဲ့အတူ အခြားဆုကြေးတွေ ပေါင် ၉ သန်း ရရှိနိုင်မယ့် အခွင့်အရေးကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

– ဆောင်းရာသီအားလပ်ရက်အတွင်း ပထမတစ်ပတ်တာမှာ အသင်းအနေနဲ့ ကစားသမားတွေကို စိတ်ကြိုက်အနားယူခွင့်ပေးခဲ့ပြီးနောက် လီဗာပူးလ်အသင်းသားတွေဟာ တနင်္လာနေ့က မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိလာကြပြီး နော့ဝှစ်ချ်စီးတီးနဲ့ပွဲအတွက် လေ့ကျင့်ခန်း တွေ ပြန်ဆင်းနေပြီလို့ သိရပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.