UCL&UEL

ဒိုင်လူကြီးကို ကြုံးဖို့အတွက် ဒိုင်အခန်းထဲ အတင်းဝင်ဖို့ လုပ်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဥက္ကဌ

ပီအက်စ်ဂျီအသင်းပိုင်ရှင်ဖြစ်တဲ့ နက်ဆာ အယ်လ် ခါလီဖီဟာ ၎င်းရဲ့အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်အတွင်းက ဒိုင်လူကြီး ဒန်နီ မက်ကလီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာ အယ်လ် ခါလီဖီဟာ ရီးရဲလ်မက်ဒရစ်အသင်းကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၎င်းရဲ့အသင်း ပြုတ်ခဲ့ပြီးနောက် ဒိုင်လူကြီးတွေရဲ့ အဝတ်လဲခန်းထဲကို ဒေါသတကြီး ဝင်ရောက်ပြီး အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဒိုင်လူကြီးရဲ့အစီရင်ခံစာအရ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ၁၆ သင်းရှုံးထွက်ပထမအကျော့က ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို ကာရင် ဘန်ဇီးမားရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ ၂ ကျော့ပေါင်း ၃-၂ နဲ့ ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘန်ဇီးမားအတွက် ပထမဆုံးအကြိမ် ဟက်ထရစ်သွင်းဂိုးရရှိခဲ့တာဖြစ်ပြီး တိုက်စစ်စတင်ချိန်မှာ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်းမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှုအတွက် အပြစ်ပေးခံခဲ့ရသင့်တယ်လို့ ပီအက်စ်ဂျီက ခံစားခဲ့ရတာကြောင့် ပြင်သစ်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခါလီဖီရဲ့ ဒေါသပေါက်ကွဲမှုဟာ ဒိုင်လူကြီးရဲ့ပွဲအစီရင်ခံစာထဲမှာ ထည့်သွင်းခြင်းခံခဲ့ရပြီး “ဒိုင်လူကြီးတွေရဲ့ အဝတ်လဲခန်းအတွင်းကို ရန်လိုတဲ့ အပြုအမူနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒိုင်လူကြီးတွေက သူတို့ကို ထွက်သွားဖို့အတွက် တောင်းဆိုခဲ့တဲ့အချိန်မှာ ပီအက်စ်ဂျီဥက္ကဌက လက်ထောက်ဒိုင်ရဲ့ အသုံးအဆောင်ပစ္စည်းကို ရိုက်ချိုးဖျက်ဆီးခဲ့ပါတယ်”လို့ ရေးသားထားပါတယ်။

Marca ရဲ့ ဖော်ပြချက်အရ အယ်လ်-ခါလီဖီရဲ့ အပြုအမူကို ရီးရဲလ်မက်ဒရစ် ဝန်ထမ်းတစ်ဦးက မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးထားခဲ့တယ်လို့ သိရပြီး ပီအက်စ်ဂျီဥက္ကဌကို အပြစ်ပေးနိုင်အောင် ယူအီးအက်ဖ်အေကို ရုပ်သံဖိုင် ပေးပို့သွားဖွယ် ရှိပါတယ်။ “ဒွန်နာရမ်းမားအပေါ် ဆုံးဖြတ်ချက်က မမျှတခဲ့ပါဘူး။ ပြစ်ဒဏ်ကျူးလွန်မှုရှိခဲ့ပြီး အဲဒါက ရှင်းနေပါတယ်။ VAR ကို မတိုင်ပင်ဘဲ နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆင်ခြေပေးနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာလုပ်ခဲ့လဲဆိုတာကို ကျွန်တော်တို့ ကြည့်ရမှာပါ”လို့ ပီအက်စ်ဂျီအသင်းဒါရိုက်တာ လီယိုနာဒိုက ပွဲအပြီးမှာ Canal+ ကို ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုကလည်း ၎င်းရဲ့ အသင်းပေးလိုက်ရတဲ့ ဂိုးအတွက် ဒေါသတကြီး မှတ်ချက်ပေးခဲ့ပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ပေးခဲ့ရတဲ့ ဂိုးကို ပေးခဲ့ရတာက VAR က ဂိုးကို ပေးခဲ့လို့ပါ။ အဲဒါက မယုံနိုင်စရာပါပဲ။ အဲဒါက လက်ခံနိုင်စရာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုတာ ရှင်းနေခဲ့လို့ပါ။ အားလုံးခြုံပြောရရင် ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး ပွဲရဲ့ခံစားချက်က ဒီလိုအခြေအနေမျိုးကနေ ပြောင်းလဲခဲ့တဲ့အချိန်မှာ အရမ်းစိတ်ပျက်စရာကောင်းခဲ့ပါတယ်။ အဲဒါက ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက ရီးရဲလ်မက်ဒရစ်ကို ယုံကြည်မှု ပေးခဲ့လို့ပါ”

“ဒီလို အခြေအနေကို ကိုင်တွယ်ဖို့ အရမ်းခက်ခဲခဲ့တယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းက အရမ်းကို အကျိုးသက်ရောက်မှုတွေ ခံခဲ့ရလို့ဖြစ်ပြီး အခြားအရာတွေနဲ့ပတ်သက်ပြီး ပြောဖို့က မမျှတပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ပွဲ သွားနေတဲ့ပုံစံကို လုံးဝကို ပြောင်းလဲပစ်လိုက်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ျဖစ္တဲ့ နက္ဆာ အယ္လ္ ခါလီဖီဟာ ၎ရဲ့အသင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲစဥ္အတြင္းက ဒိုင္လူႀကီးဒန္နီ မက္ကလီးရဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဥကၠဌ နက္ဆာ အယ္လ္ ခါလီဖီဟာ ရီးရဲလ္မက္ဒရစ္အသင္းေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ၎ရဲ့အသင္း ျပဳတ္ခဲ့ၿပီးေနာက္ ဒိုင္လူႀကီးေတြရဲ့ အဝတ္လဲခန္းထဲကို ေဒါသတႀကီး ဝင္ေရာက္ၿပီး အသုံးအေဆာင္ပစၥည္းေတြကို ဖ်က္ဆီးပစ္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ဒိုင္လူႀကီးရဲ့အစီရင္ခံစာအရ သိရပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ၁၆ သင္းရႈံးထြက္ပထမအေက်ာ့က ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈကို ကာရင္ ဘန္ဇီးမားရဲ့ ဟက္ထရစ္သြင္းဂိုးနဲ႔အတူ ၂ ေက်ာ့ေပါင္း ၃-၂ နဲ႔ ေခ်ဖ်က္နိုင္ခဲ့တာျဖစ္ပါတယ္။

ဘန္ဇီးမားအတြက္ ပထမဆုံးအႀကိမ္ ဟက္ထရစ္သြင္းဂိုးရရွိခဲ့တာျဖစ္ၿပီး တိုက္စစ္စတင္ခ်ိန္မွာ ပီအက္စ္ဂ်ီဂိုးသမား ဒြန္နာရမ္းမားကို ျပစ္ဒဏ္က်ဴးလြန္ခဲ့မႈအတြက္ အျပစ္ေပးခံခဲ့ရသင့္တယ္လို႔ ပီအက္စ္ဂ်ီက ခံစားခဲ့ရတာေၾကာင့္ ျပင္သစ္တိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဥကၠဌ အယ္လ္ခါလီဖီရဲ့ ေဒါသေပါက္ကြဲမႈဟာ ဒိုင္လူႀကီးရဲ့ပြဲအစီရင္ခံစာထဲမွာ ထည့္သြင္းျခင္းခံခဲ့ရၿပီး “ဒိုင္လူႀကီးေတြရဲ့ အဝတ္လဲခန္းအတြင္းကို ရန္လိုတဲ့ အျပဳအမူနဲ႔ ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ဒိုင္လူႀကီးေတြက သူတို႔ကို ထြက္သြားဖို႔အတြက္ ေတာင္းဆိုခဲ့တဲ့အခ်ိန္မွာ ပီအက္စ္ဂ်ီဥကၠဌက လက္ေထာက္ဒိုင္ရဲ့ အသုံးအေဆာင္ပစၥည္းကို ရိုက္ခ်ိဳးဖ်က္ဆီးခဲ့ပါတယ္”လို႔ ေရးသားထားပါတယ္။

Marca ရဲ့ ေဖာ္ျပခ်က္အရ အယ္လ္-ခါလီဖီရဲ့ အျပဳအမူကို ရီးရဲလ္မက္ဒရစ္ ဝန္ထမ္းတစ္ဦးက မွတ္တမ္းတင္ ဗီဒီယို ရိုက္ကူးထားခဲ့တယ္လို႔ သိရၿပီး ပီအက္စ္ဂ်ီဥကၠဌကို အျပစ္ေပးနိုင္ေအာင္ ယူအီးအက္ဖ္ေအကို ႐ုပ္သံဖိုင္ ေပးပို႔သြားဖြယ္ ရွိပါတယ္။ “ဒြန္နာရမ္းမားအေပၚ ဆုံးျဖတ္ခ်က္က မမၽွတခဲ့ပါဘူး။ ျပစ္ဒဏ္က်ဴးလြန္မႈရွိခဲ့ၿပီး အဲဒါက ရွင္းေနပါတယ္။ VAR ကို မတိုင္ပင္ဘဲ ေနဖို႔ မျဖစ္နိုင္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ ဆင္ေျခေပးေနတာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ဘာလုပ္ခဲ့လဲဆိုတာကို ကၽြန္ေတာ္တို႔ ၾကည့္ရမွာပါ”လို႔ ပီအက္စ္ဂ်ီအသင္းဒါရိုက္တာ လီယိုနာဒိုက ပြဲအၿပီးမွာ Canal+ ကို ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းနည္းၿပ ပိုခ်က္တီနိုကလည္း ၎ရဲ့ အသင္းေပးလိုက္ရတဲ့ ဂိုးအတြက္ ေဒါသတႀကီး မွတ္ခ်က္ေပးခဲ့ၿပီး ဒိုင္လူႀကီးရဲ့ ဆုံးျဖတ္ခ်က္ဟာ လက္ခံနိုင္စရာမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ ေပးခဲ့ရတဲ့ ဂိုးကို ေပးခဲ့ရတာက VAR က ဂိုးကို ေပးခဲ့လို႔ပါ။ အဲဒါက မယုံနိုင္စရာပါပဲ။ အဲဒါက လက္ခံနိုင္စရာ မရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္ဆိုတာ ရွင္းေနခဲ့လို႔ပါ။ အားလုံးျခဳံေျပာရရင္ ကၽြန္ေတာ္တို႔က ပိုေကာင္းတဲ့အသင္းျဖစ္ခဲ့ၿပီး ပြဲရဲ့ခံစားခ်က္က ဒီလိုအေျခအေနမ်ိဳးကေန ေျပာင္းလဲခဲ့တဲ့အခ်ိန္မွာ အရမ္းစိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။ အဲဒါက ခက္ခဲပါတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားက ရီးရဲလ္မက္ဒရစ္ကို ယုံၾကည္မႈ ေပးခဲ့လို႔ပါ”

“ဒီလို အေျခအေနကို ကိုင္တြယ္ဖို႔ အရမ္းခက္ခဲခဲ့တယ္ဆိုတာလည္း ဟုတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အသင္းက အရမ္းကို အက်ိဳးသက္ေရာက္မႈေတြ ခံခဲ့ရလို႔ျဖစ္ၿပီး အျခားအရာေတြနဲ႔ပတ္သက္ၿပီး ေျပာဖို႔က မမၽွတပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက ပြဲ သြားေနတဲ့ပုံစံကို လုံးဝကို ေျပာင္းလဲပစ္လိုက္လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.