UCL&UEL

ပီအက်စ်ဂျီပြုတ်တာ ပိုချက်တီနိုထက် အတ္တသမား ၃ ယောက်ကြောင့်လို့ ဝေဖန်လိုက်တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပီအက်စ်ဂျီအသင်း ထွက်ခွာခဲ့ရပြီးနောက် အပြစ်တင်ရမယ့်သူက နည်းပြပိုချက်တီနိုမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဒုတိယပိုင်း ၁၇ မိနစ်အတွင်း ကာရင် ဘန်ဇီးမားရဲ့ အံ့အားသင့်ဖွယ် ဟက်ထရစ်သွင်းဂိုးကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပထမအကျော့က ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို ချေဖျက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ မျှော်လင့်စောင့်စားနေခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိနိုင်ဖို့အတွက် အနည်းဆုံး နောက်ထပ်တစ်ရာသီ စောင့်ဆိုင်းရဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တုန်းက ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာက ၎င်းတို့ရဲ့ အကောင်းဆုံး အဆုံးသတ်နိုင်မှု ဖြစ်နေဆဲဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ဆန်တီယေဂို ဘာနေဗျူးမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရမယ့်အရေးနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အာဂျင်တီးနားလူမျိုးနည်းပြနဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုတို့ ၂ ဦးစလုံးအနေနဲ့ ရှုံးပွဲအတွက် ပေးဆပ်ရလိမ့်မယ်လို့ Le Parisien က ဖော်ပြခဲ့ပါတယ်။

အခုအပတ်ဟာ ပီအက်စ်ဂျီအသင်းက နည်းပြ အူနိုင်း အမ်မရီလက်အောက် ပထမအကျော့မှာ ဘာစီလိုနာကို ၄-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ၅ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ပြီး အဲဒီပွဲစဉ်ဟာ အရင်နည်းပြတွေလက်ထက်တုန်းက ဥရောပမှာ ပြင်သစ်ထိပ်သီးအသင်းကြီး အရှုံးပေးခဲ့ရတဲ့ ဥပမာတွေထဲက တစ်ခုဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံလူ ရီယို ဖာဒီနန်က ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက သမိုင်းကြောင်းတွေအရ နည်းပြ ပိုချက်တီနိုဟာ အပြစ်တင်လို့ မရနိုင်တဲ့သူဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်းအနေနဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံနေရတာက တရားမျှတရဲ့လားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ဖာဒီနန်က “ပီအက်စ်ဂျီအသင်းက သမိုင်းကြောင်းတွေအရတော့ ကျွန်တော်ကတော့ မထင်ပါဘူး။ ပီအက်စ်ဂျီမှာ နည်းပြတွေ အများကြီး ကိုင်တွယ်ခဲ့ပြီး လိဂ်ဖလားတော့ အနိုင်ရပေမယ့် ချန်ပီယံလိဂ်မှာ ကျရှုံးခဲ့တယ်။ ကျွန်တော်တို့ ဒီနေ့ အသင်းက ဘယ်လို ခေါက်ရိုးကျိုးနေလဲဆိုတာ မြင်တွေ့ခဲ့ရပြီး အဲဒါက တစ်ရာသီပဲ ဖြစ်နေခဲ့တာမဟုတ်ဘူး”

“ဒီလိုဖြစ်တာက နှစ်တိုင်း ခင်ဗျားက “ခင်ဗျား သိလား။ ပီအက်စ်ဂျီမှာ ရှိနေတဲ့ ပါရမီရှင်တွေနဲ့ အထူးသဖြင့် တိုက်စစ်ဧရိယာက အရည်အချင်းတွေနဲ့ သူတို့မှာ ရှိတဲ့ အတွေ့အကြုံတွေနဲ့၊ သူတို့မှာရှိတဲ့ နိုင်ငံတကာက ကြီးမားတဲ့ကစားသမားအစုအဖွဲ့တွေ၊ သူတို့တွေက ချန်ပီယံလိဂ်ဖလားကို ရဖို့ အခွင့်အရေး ရတော့မယ်”ဆိုပြီး နှစ်တိုင်း ဆက်တိုက်ဖြစ်နေခဲ့တဲ့အရာပဲ။ ပြီးတော့ သူတို့တွေ ကွာတားဖိုင်နယ်မှာ ပြုတ်တယ်၊ ဆီမီးဖိုင်နယ်မှာ တိုင်ပတ်တယ်၊ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တယ်။ ဒါက ဖြစ်ခဲ့တဲ့ဟာတွေပါ။ အဲဒါက လုပ်ဆောင်ပုံမမှန်တဲ့အသင်းဖြစ်နေပါတယ်။ သူတို့တွေ ကစားတဲ့ပုံစံနဲ့ပတ်သက်ပြီး ကောင်းကောင်း အဖြေပေါ်သွားခဲ့တာလို့ ကျွန်တော် ထင်ပါတယ်။ အဲဒီတော့ ခင်ဗျား တစ်ရာသီပြီး တစ်ရာသီ ဒီလိုဖြစ်ပျက်လာတဲ့အခါမှာ ပိုချက်တီနိုကိုပဲ အရမ်း လက်ညှိုးထိုးလို့မရနိုင်ဘူးလို့ ကျွန်တော် ထင်တယ်”

ဖာဒီနန်က ပီအက်စ်ဂျီအသင်းဟာ တိုက်စစ် ၃ ဦးအတွဲဖြစ်တဲ့ အမ်ဘာပေ၊ နေမာနဲ့ မက်ဆီတို့ကို သယ်ဆောင်ထားရတာကြောင့် နောက်ဆံငင်နေတာလို့ ပြောကြားခဲ့ပြီး ကိုယ်စီ ကြီးမားတဲ့ အတ္တတွေ လွယ်ပိုးပြီး ကစားနေခဲ့တာကြောင့် ဥရောပမှာ အောင်မြင်မှု မရရှိနိုင်တာလို့လည်း ထောက်ပြခဲ့ပါတယ်။

“ဒီအစဉ်အလာ(သူတို့တွေ မထိတ်လန့်တဲ့)ကို ဖန်တီးဖို့ နည်းပြအပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် ဒီအသင်းမှာကလည်း ထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ရာမှာ တစ်စိတ်တပိုင်းတွေ့ရတတ်တဲ့ ကြီးမားတဲ့ အတ္တတွေ ရှိနေပြီး စစ်မှန်တဲ့ စူပါစတား ကစားသမားတွေလည်း ရှိနေပါတယ်။ ခင်ဗျားမှာ အမ်ဘာပေရှိတယ်။ နေမာရှီတယ်။ အခုဆိုရင် ဒီအသင်းမှာ တိုက်စစ်မှာ ကစားဖို့ မက်ဆီပါရှိနေတယ်။ ဒီလိုကစားသမားတစ်ဦးချင်းဆီဟာ ခင်ဗျားရဲ့ အသင်းထဲမှာ ခရီးသည်တစ်ဦးအဖြစ် ခင်ဗျား အချိန်တစ်ခုမှာ ခွင့်ပြုထားရမှာဖြစ်ပြီး အဲဒီကစားသမားအတွက် ခင်ဗျားတို့အားလုံး အလုပ်လုပ်ပေးရမှာပါ”

“သူတို့ ၃ ဦးစလုံး ရှိနေတာက ထိပ်တန်းအဆင့်မှာ အောင်မြင်မှုရအောင် လုပ်နိုင်ဖို့အတွက် မဖြစ်နိုင်လုနီးပါး ဖြစ်စေပါတယ်။ ခင်ဗျား ပြင်သစ်လိဂ်မှာ နှစ်တိုင်း သူတို့လုပ်နေတဲ့အတိုင်းပဲ အောင်မြင်မှုတွေ ရအောင်လုပ်နိုင်ပါတယ်။ သူတို့တွေ လိဂ်ကိုတော့ အနိုင်ရနေတာပါပဲ။ ဒါပေမယ့် ဒီလိုအဆင့်မှာ ကစားသမား ၂ ဦးကို သယ်ဆောင်ထားဖို့ကတော့ ချန်ပီယံလိဂ်လိုမျိုး ပြိုင်ပွဲမှာ အနိုင်ရဖို့ လိုအပ်ကောင်း လိုအပ်တဲ့ ပြင်းထန်မှုမျိုး လုပ်နိုင်ဖို့အတွက်ကျတော့ အရမ်းအရမ်းကို ခက်ခဲသွားပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီယို ဖာဒီနန္ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ပီအက္စ္ဂ်ီအသင္း ထြက္ခြာခဲ့ရၿပီးေနာက္ အျပစ္တင္ရမယ့္သူက နည္းျပပိုခ်က္တီနိုမဟုတ္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဒုတိယပိုင္း ၁၇ မိနစ္အတြင္း ကာရင္ ဘန္ဇီးမားရဲ့ အံ့အားသင့္ဖြယ္ ဟက္ထရစ္သြင္းဂိုးေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ပထမအေက်ာ့က ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈကို ေခ်ဖ်က္နိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ ေမၽွာ္လင့္ေစာင့္စားေနခဲ့ရတဲ့ ခ်န္ပီယံလိဂ္ဖလားကို ရရွိနိုင္ဖို႔အတြက္ အနည္းဆုံး ေနာက္ထပ္တစ္ရာသီ ေစာင့္ဆိုင္းရဦးမယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္တုန္းက ဗိုလ္လုပြဲ တက္ေရာက္နိုင္ခဲ့တာက ၎တို႔ရဲ့ အေကာင္းဆုံး အဆုံးသတ္နိုင္မႈ ျဖစ္ေနဆဲျဖစ္ပါတယ္။

ပိုခ်က္တီနိုဟာ ဆန္တီေယဂို ဘာေနဗ်ဴးမွာ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး ရာထူးကေန ထုတ္ပယ္ခံခဲ့ရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း အာဂ်င္တီးနားလူမ်ိဳးနည္းျပနဲ႔ အားကစား ဒါရိုက္တာ လီယိုနာဒိုတို႔ ၂ ဦးစလုံးအေနနဲ႔ ရႈံးပြဲအတြက္ ေပးဆပ္ရလိမ့္မယ္လို႔ Le Parisien က ေဖာ္ျပခဲ့ပါတယ္။

အခုအပတ္ဟာ ပီအက္စ္ဂ်ီအသင္းက နည္းၿပ အူနိုင္း အမ္မရီလက္ေအာက္ ပထမအေက်ာ့မွာ ဘာစီလိုနာကို ၄-၀ နဲ႔ အနိုင္ရခဲ့ေပမယ့္ ၆-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ၅ ႏွစ္ျပည့္ ႏွစ္ပတ္လည္ျဖစ္ၿပီး အဲဒီပြဲစဥ္ဟာ အရင္နည္းျပေတြလက္ထက္တုန္းက ဥေရာပမွာ ျပင္သစ္ထိပ္သီးအသင္းႀကီး အရႈံးေပးခဲ့ရတဲ့ ဥပမာေတြထဲက တစ္ခုျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ေနာက္ခံလူ ရီယို ဖာဒီနန္က ပီအက္စ္ဂ်ီအသင္းရဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက သမိုင္းေၾကာင္းေတြအရ နည္းၿပ ပိုခ်က္တီနိုဟာ အျပစ္တင္လို႔ မရနိုင္တဲ့သူျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပေဟာင္းအေနနဲ႔ ျပစ္တင္ေဝဖန္မႈေတြ ခံေနရတာက တရားမၽွတရဲ့လားလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ ဖာဒီနန္က “ပီအက္စ္ဂ်ီအသင္းက သမိုင္းေၾကာင္းေတြအရေတာ့ ကၽြန္ေတာ္ကေတာ့ မထင္ပါဘူး။ ပီအက္စ္ဂ်ီမွာ နည္းျပေတြ အမ်ားႀကီး ကိုင္တြယ္ခဲ့ၿပီး လိဂ္ဖလားေတာ့ အနိုင္ရေပမယ့္ ခ်န္ပီယံလိဂ္မွာ က်ရႈံးခဲ့တယ္။ ကၽြန္ေတာ္တို႔ ဒီေန႔ အသင္းက ဘယ္လို ေခါက္ရိုးက်ိဳးေနလဲဆိုတာ ျမင္ေတြ႕ခဲ့ရၿပီး အဲဒါက တစ္ရာသီပဲ ျဖစ္ေနခဲ့တာမဟုတ္ဘူး”

“ဒီလိုျဖစ္တာက ႏွစ္တိုင္း ခင္ဗ်ားက “ခင္ဗ်ား သိလား။ ပီအက္စ္ဂ်ီမွာ ရွိေနတဲ့ ပါရမီရွင္ေတြနဲ႔ အထူးသျဖင့္ တိုက္စစ္ဧရိယာက အရည္အခ်င္းေတြနဲ႔ သူတို႔မွာ ရွိတဲ့ အေတြ႕အၾကဳံေတြနဲ႔၊ သူတို႔မွာရွိတဲ့ နိုင္ငံတကာက ႀကီးမားတဲ့ကစားသမားအစုအဖြဲ႕ေတြ၊ သူတို႔ေတြက ခ်န္ပီယံလိဂ္ဖလားကို ရဖို႔ အခြင့္အေရး ရေတာ့မယ္”ဆိုၿပီး ႏွစ္တိုင္း ဆက္တိုက္ျဖစ္ေနခဲ့တဲ့အရာပဲ။ ၿပီးေတာ့ သူတို႔ေတြ ကြာတားဖိုင္နယ္မွာ ျပဳတ္တယ္၊ ဆီမီးဖိုင္နယ္မွာ တိုင္ပတ္တယ္၊ ဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့တယ္။ ဒါက ျဖစ္ခဲ့တဲ့ဟာေတြပါ။ အဲဒါက လုပ္ေဆာင္ပုံမမွန္တဲ့အသင္းျဖစ္ေနပါတယ္။ သူတို႔ေတြ ကစားတဲ့ပုံစံနဲ႔ပတ္သက္ၿပီး ေကာင္းေကာင္း အေျဖေပၚသြားခဲ့တာလို႔ ကၽြန္ေတာ္ ထင္ပါတယ္။ အဲဒီေတာ့ ခင္ဗ်ား တစ္ရာသီၿပီး တစ္ရာသီ ဒီလိုျဖစ္ပ်က္လာတဲ့အခါမွာ ပိုခ်က္တီနိုကိုပဲ အရမ္း လက္ညႇိုးထိုးလို႔မရနိုင္ဘူးလို႔ ကၽြန္ေတာ္ ထင္တယ္”

ဖာဒီနန္က ပီအက္စ္ဂ်ီအသင္းဟာ တိုက္စစ္ ၃ ဦးအတြဲျဖစ္တဲ့ အမ္ဘာေပ၊ ေနမာနဲ႔ မက္ဆီတို႔ကို သယ္ေဆာင္ထားရတာေၾကာင့္ ေနာက္ဆံငင္ေနတာလို႔ ေျပာၾကားခဲ့ၿပီး ကိုယ္စီ ႀကီးမားတဲ့ အတၱေတြ လြယ္ပိုးၿပီး ကစားေနခဲ့တာေၾကာင့္ ဥေရာပမွာ ေအာင္ျမင္မႈ မရရွိနိုင္တာလို႔လည္း ေထာက္ျပခဲ့ပါတယ္။

“ဒီအစဥ္အလာ(သူတို႔ေတြ မထိတ္လန႔္တဲ့)ကို ဖန္တီးဖို႔ နည္းျပအေပၚမွာပဲ မူတည္ပါတယ္။ ဒါေပမယ့္ ဒီအသင္းမွာကလည္း ထိပ္တန္းအသင္းႀကီးေတြကို ကိုင္တြယ္ရာမွာ တစ္စိတ္တပိုင္းေတြ႕ရတတ္တဲ့ ႀကီးမားတဲ့ အတၱေတြ ရွိေနၿပီး စစ္မွန္တဲ့ စူပါစတား ကစားသမားေတြလည္း ရွိေနပါတယ္။ ခင္ဗ်ားမွာ အမ္ဘာေပရွိတယ္။ ေနမာရွီတယ္။ အခုဆိုရင္ ဒီအသင္းမွာ တိုက္စစ္မွာ ကစားဖို႔ မက္ဆီပါရွိေနတယ္။ ဒီလိုကစားသမားတစ္ဦးခ်င္းဆီဟာ ခင္ဗ်ားရဲ့ အသင္းထဲမွာ ခရီးသည္တစ္ဦးအျဖစ္ ခင္ဗ်ား အခ်ိန္တစ္ခုမွာ ခြင့္ျပဳထားရမွာျဖစ္ၿပီး အဲဒီကစားသမားအတြက္ ခင္ဗ်ားတို႔အားလုံး အလုပ္လုပ္ေပးရမွာပါ”

“သူတို႔ ၃ ဦးစလုံး ရွိေနတာက ထိပ္တန္းအဆင့္မွာ ေအာင္ျမင္မႈရေအာင္ လုပ္နိုင္ဖို႔အတြက္ မျဖစ္နိုင္လုနီးပါး ျဖစ္ေစပါတယ္။ ခင္ဗ်ား ျပင္သစ္လိဂ္မွာ ႏွစ္တိုင္း သူတို႔လုပ္ေနတဲ့အတိုင္းပဲ ေအာင္ျမင္မႈေတြ ရေအာင္လုပ္နိုင္ပါတယ္။ သူတို႔ေတြ လိဂ္ကိုေတာ့ အနိုင္ရေနတာပါပဲ။ ဒါေပမယ့္ ဒီလိုအဆင့္မွာ ကစားသမား ၂ ဦးကို သယ္ေဆာင္ထားဖို႔ကေတာ့ ခ်န္ပီယံလိဂ္လိုမ်ိဳး ၿပိဳင္ပြဲမွာ အနိုင္ရဖို႔ လိုအပ္ေကာင္း လိုအပ္တဲ့ ျပင္းထန္မႈမ်ိဳး လုပ္နိုင္ဖို႔အတြက္က်ေတာ့ အရမ္းအရမ္းကို ခက္ခဲသြားပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.