La Liga Match Report Premier League UCL&UEL

CR7 မကယ်တော့လို့ တီကို,ကို အိမ်ကွင်းမှာ ရှုံးပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ၄-၂-၃-၁ ပုံစံကို ပြန်သုံးခဲ့ပြီး ခံစစ်မှာ ဒဟေးယား၊ မက်ဂွိုင်းယား၊ ဗာရွန်း၊ ဒါလော့၊ အဲလက်စ် တဲလက်စ်တို့ကို ခင်းကျင်းခဲ့သလို ကွင်းလယ်မှာတော့ ဖရက်ဒ်၊ မက်တော်မီနေးနဲ့ သူတို့ရှေ့က ဘရူနို ဖာနန်ဒက်စ်ကို နေရာချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ရော်နယ်လ်ဒို၊ ဆန်ချိုနဲ့ အီလန်ဂါတို့ ကစားလာခဲ့ကြပါတယ်။

၃-၅-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့ကြတဲ့ အက်သလက်တီကိုတို့ကတော့ ရေးနယ်လ်ဒို၊ ဆာဗစ်ချ်၊ ဟီမီနက်ဇ်တို့ကို ခံစစ်မှာ ထားခဲ့ပြီး ရီနန် လိုဒီ၊ မားကို့စ် ယော်ရန်တေး၊ ဟက်တာ ဟာရဲရား၊ ကိုကီနဲ့ ဒီပေါလ်တို့ကို ကွင်းလယ်မှာ ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ ဂရစ်ဇ်မန်းနဲ့ ဂျာအို ဖဲလစ္စတို့ကို တွဲကစားပြီး အဝေးကွင်းမှာ ရလဒ်ကောင်းနိုင်ဖို့ ပြင်ဆင်လာခဲ့ကြတာပါ။

ပွဲချိန် ၃ မိနစ်မှာ ဒါလော့ တင်ပေးတာကို အီလန်ဂါ ပြေးထွက်ပြီး ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမားနဲ့ ထိပြီး ဖောင်းဖြစ်ခဲ့တာကြောင့် ယူနိုက်တက်တို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရသလို ပွဲချိန် ၁၃ မိနစ်မှာလည်း ညာတောင်ပံထွက်သွားတဲ့ ဖာနန်ဒက်စ်က ရော်နယ်လ်ဒိုကို မပေးဘဲ အီလန်ဂါကို ချိုးပေးခဲ့ရာမှာ ပိတ်သွင်းချက်က ဂိုးသမား အော့ဘ်လက်ခ်ရဲ့ ခေါင်းနဲ့ထိထွက်သွားခဲ့ပြန်ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ ဒီပေါလ်ရဲ့ တိကျတဲ့ အဝေးကန်ချက်ကို ဒဟေးယား ပုတ်ထုတ်ခဲ့ရပြီး ရော်နယ်လ်ဒိုကတော့ ခပ်စိပ်စိပ်နဲ့ ခပ်ကြမ်းကြမ်း ဝင်ဖျက်ဖို့ ကြိုးစားနေတဲ့ အက်သလက်တီကို ခံစစ်အောက်မှာ နစ်မြုပ်နေခဲ့ချိန်မှာ ဘရူနို ဖာနန်ဒက်စ် ပင်နယ်တီတောင်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း အမြင့်ဘောကို ပေါင်ကြားထဲကနေ ခြေထောက်နဲ့ထိအောင် ဖျက်နိုင်တဲ့ ရေးနယ်လ်ဒိုကြောင့် ပယ်ချခံခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ ဒါလော့ရဲ့ အဝေးကန်ချက်ကို ဂိုးသမား အော့ဘ်လက်ခ် အမိအရ ဖမ်းယူသွားနိုင်ခဲ့ပြီး ပွဲချိန် ၃၃ မိနစ်မှာတော့ အက်သလက်တီကိုတို့အတွက် တိုက်စစ်မှူး ဂျာအို ဖဲလစ္စက ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပေးပို့တဲ့ ယော်ရန်တေး လူကျွံနေတာကြောင့် ယူနိုက်တက်တို့ သက်သာခွင့်ရခဲ့ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ အက်သလက်တီကိုတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ကွင်းလယ်ကနေ ဒီပေါလ် ထုတ်ပေးလိုက်တဲ့ ဘောလုံးကို ဂရစ်ဇ်မန်းက ညာတောင်ပံကနေ အသာအယာ ဖြတ်တင်ပေးခဲ့ရာမှာ ဒါလော့ နောက်ကို သတိမထားဘဲ ရှေ့ကိုပဲ အာရုံစိုက်ပြီး ခေါင်းတိုက်ဖျက်ဖို့ ကြိုးစားနေခဲ့လို့ နောက်ကနေ လွတ်ထွက်သွားခဲ့တဲ့ ရီနန် လိုဒီက အနီးတိုင်ဘက်ကို မြေထောက်တိုက်သွင်းပြီး ဒဟေးယားကို အနိုင်ယူနိုင်ခဲ့တာပါ။

ဒီဂိုးကို စတင်စဉ်က အက်သလက်တီကိုကွင်းဘက်ခြမ်းမှာ ရီနန် လိုဒီရဲ့ တွန်းတိုက်မှုကို ဒူးမခိုင်ဘဲ လဲကျသွားတဲ့ အီလန်ဂါကို ပြပြီး ယူနိုက်တက်တို့ ဂိုးမပေးရဖို့ စောဒကတက်ခဲ့ကြပေမယ့် ဒိုင်လူကြီး ဗင်ချစ်ချ်ကတော့ စိတ်မဝင်စားဘဲ ပယ်ချသွားခဲ့သလို ဖာနန်ဒက်စ်ရဲ့ နာကျင်အချိန်ပို အဝေးကန်ချက်ကိုလည်း အော့ဘ်လက်ခ် ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဧည့်သည်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပါတယ်။

ဒုတိယပိုင်းစစချင်းမှာ ဖာနန်ဒက်စ် နောက်ပေါက်နဲ့ ချပေးတာကို အီလန်ဂါ တစ်ကိုယ်ကောင်းဆန်ပြီး လူမပေးဘဲ ကန်လို့ အခွင့်အရေးကောင်း ဆုံးရှုံးခဲ့ရသလို ပွဲချိန် ၅၂ မိနစ်မှာတော့ မက်ဂွိုင်းယား မအူမလည်နဲ့ နောက်ပြန်ပေးခဲ့တာကို ဒဟေးယား ရှင်းထုတ်ရာကနေ ဒီပေါလ် ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမားတည့်တည့်ကို ရောက်သွားခဲ့လို့ နောက်ထပ်ဂိုးမပေးရဘဲ သက်သာခဲ့ရတာပါ။

စပါးစ်ကို နိုင်တဲ့ ပွဲတုန်းက ပါမလာဘဲ ဒီနေ့ပွဲမှ ပြန်ပါလာတဲ့ ကစားသမားတွေကတော့ ရော်နယ်လ်ဒိုကို ဒုက္ခပေးမြဲပေးဆဲဖြစ်ခဲ့သလို တီကိုနဲ့ အမြဲတမ်း ရလဒ်ကောင်းတဲ့ ပေါ်တူဂီသားကြီးကတော့ ဂိုးသွင်းဖို့ ခက်နေခဲ့ပြီး ဘောလုံးသိပ်မရခဲ့သလို သူလိုချင်တဲ့ အနေအထားမျိုးတွေကလည်း တိုက်ဆိုင်စွာပဲ ပျောက်ဆုံးနေခဲ့ပြီး ဖရီးကစ်က ခေါင်းတိုက်ဖို့ကိုလည်း လွဲချော်ခဲ့ရပါသေးတယ်။

ရန်းနစ်ခ်ကတော့ ကွင်းလယ်က မက်တော်မီနေးအစား မာတစ်ချ်၊ ဖာနန်ဒက်စ်အစား ပေါ့ဘာနဲ့ တောင်ပံက အီလန်ဂါအစား ရက်ရှ်ဖို့ဒ်တို့ကို လဲကစားပေမယ့် အလုပ်မဖြစ်ခဲ့တာကြောင့် ဖရက်ဒ်အစား ဝါရင့်တိုက်စစ်မှူး ကာဗာနီကိုပါ ထပ်ထည့်ခဲ့ပြီး စပါးစ်နဲ့ပွဲကလို အထောင်နှစ်ယောက်နဲ့ အလုပ်ဖြစ်နိုင်မလားလို့ ကြွေပစ်လာခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ အဲလက်စ် တဲလက်စ်ရဲ့ ဖရီးကစ်ကနေ ဗာရွန်းရဲ့ ခေါင်းတိုက်ချက်နဲ့ ရော်နယ်လ်ဒိုရဲ့ ထောင့်ကျဉ်းကန်ချက်တွေကို အက်သလက်တီကိုဂိုးသမား အော့ဘ်လက်ခ်က နှစ်ဆင့်ကာကွယ်သွားနိုင်ခဲ့ပြီး ယူနိုက်တက်တို့ တိုက်စစ်ဆင်ခဲ့ပေမယ့် အလေအလွင့်တွေ များလွန်းသလို ဧည့်သည်တွေရဲ့ တန်ပြန်တိုက်စစ်တွေကတောင် ပိုရင်ခုန်ဖို့ ကောင်းခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာ မက်ဂွိုင်းယားအစား မာတာကို လဲပြီး တိုက်စစ်ထပ်မြှင့်ပေမယ့် အလုပ်မဖြစ်တော့သလို တီကိုတို့ဘက်က ကိုကီ၊ ဂျာအို ဖဲလစ္စနဲ့ ဂရစ်ဇ်မန်းတို့ နေရာတွေမှာ ကွန်ဒေါ့ဘီယာ၊ ဖလိပီနဲ့ အန်ဟဲလ် ကော်ရီးယားတို့ကို ထည့်ပြီး ထိန်းကစားသွားခဲ့တာကြောင့် ယူနိုက်တက်တို့ ချေပဂိုး မရှာဖွေနိုင်တော့ဘဲ အိမ်ကွင်းမှာ နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ၄-၂-၃-၁ ပုံစံကို ျပန္သုံးခဲ့ၿပီး ခံစစ္မွာ ဒေဟးယား၊ မက္ဂြိဳင္းယား၊ ဗာ႐ြန္း၊ ဒါေလာ့၊ အဲလက္စ္ တဲလက္စ္တို႔ကို ခင္းက်င္းခဲ့သလို ကြင္းလယ္မွာေတာ့ ဖရက္ဒ္၊ မက္ေတာ္မီေနးနဲ႔ သူတို႔ေရွ႕က ဘ႐ူႏို ဖာနန္ဒက္စ္ကို ေနရာခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳနဲ႔ အီလန္ဂါတို႔ ကစားလာခဲ့ၾကပါတယ္။

၃-၅-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၾကတဲ့ အက္သလက္တီကိုတို႔ကေတာ့ ေရးနယ္လ္ဒို၊ ဆာဗစ္ခ်္၊ ဟီမီနက္ဇ္တို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ရီနန္ လိုဒီ၊ မားကို႔စ္ ေယာ္ရန္ေတး၊ ဟက္တာ ဟာရဲရား၊ ကိုကီနဲ႔ ဒီေပါလ္တို႔ကို ကြင္းလယ္မွာ ခင္းက်င္းခဲ့သလို တိုက္စစ္မွာေတာ့ ဂရစ္ဇ္မန္းနဲ႔ ဂ်ာအို ဖဲလစၥတို႔ကို တြဲကစားၿပီး အေဝးကြင္းမွာ ရလဒ္ေကာင္းႏိုင္ဖို႔ ျပင္ဆင္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာ ဒါေလာ့ တင္ေပးတာကို အီလန္ဂါ ေျပးထြက္ၿပီး ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးသမားနဲ႔ ထိၿပီး ေဖာင္းျဖစ္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရသလို ပြဲခ်ိန္ ၁၃ မိနစ္မွာလည္း ညာေတာင္ပံထြက္သြားတဲ့ ဖာနန္ဒက္စ္က ေရာ္နယ္လ္ဒိုကို မေပးဘဲ အီလန္ဂါကို ခ်ိဳးေပးခဲ့ရာမွာ ပိတ္သြင္းခ်က္က ဂိုးသမား ေအာ့ဘ္လက္ခ္ရဲ႕ ေခါင္းနဲ႔ထိထြက္သြားခဲ့ျပန္ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ဒီေပါလ္ရဲ႕ တိက်တဲ့ အေဝးကန္ခ်က္ကို ဒေဟးယား ပုတ္ထုတ္ခဲ့ရၿပီး ေရာ္နယ္လ္ဒိုကေတာ့ ခပ္စိပ္စိပ္နဲ႔ ခပ္ၾကမ္းၾကမ္း ဝင္ဖ်က္ဖို႔ ႀကိဳးစားေနတဲ့ အက္သလက္တီကို ခံစစ္ေအာက္မွာ နစ္ျမဳပ္ေနခဲ့ခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ ပင္နယ္တီေတာင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း အျမင့္ေဘာကို ေပါင္ၾကားထဲကေန ေျခေထာက္နဲ႔ထိေအာင္ ဖ်က္ႏိုင္တဲ့ ေရးနယ္လ္ဒိုေၾကာင့္ ပယ္ခ်ခံခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဒါေလာ့ရဲ႕ အေဝးကန္ခ်က္ကို ဂိုးသမား ေအာ့ဘ္လက္ခ္ အမိအရ ဖမ္းယူသြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ အက္သလက္တီကိုတို႔အတြက္ တိုက္စစ္မႉး ဂ်ာအို ဖဲလစၥက ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ေပးပို႔တဲ့ ေယာ္ရန္ေတး လူကြၽံေနတာေၾကာင့္ ယူႏိုက္တက္တို႔ သက္သာခြင့္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ အက္သလက္တီကိုတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ကြင္းလယ္ကေန ဒီေပါလ္ ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို ဂရစ္ဇ္မန္းက ညာေတာင္ပံကေန အသာအယာ ျဖတ္တင္ေပးခဲ့ရာမွာ ဒါေလာ့ ေနာက္ကို သတိမထားဘဲ ေရွ႕ကိုပဲ အာ႐ုံစိုက္ၿပီး ေခါင္းတိုက္ဖ်က္ဖို႔ ႀကိဳးစားေနခဲ့လို႔ ေနာက္ကေန လြတ္ထြက္သြားခဲ့တဲ့ ရီနန္ လိုဒီက အနီးတိုင္ဘက္ကို ေျမေထာက္တိုက္သြင္းၿပီး ဒေဟးယားကို အႏိုင္ယူႏိုင္ခဲ့တာပါ။

ဒီဂိုးကို စတင္စဥ္က အက္သလက္တီကိုကြင္းဘက္ျခမ္းမွာ ရီနန္ လိုဒီရဲ႕ တြန္းတိုက္မႈကို ဒူးမခိုင္ဘဲ လဲက်သြားတဲ့ အီလန္ဂါကို ျပၿပီး ယူႏိုက္တက္တို႔ ဂိုးမေပးရဖို႔ ေစာဒကတက္ခဲ့ၾကေပမယ့္ ဒိုင္လူႀကီး ဗင္ခ်စ္ခ်္ကေတာ့ စိတ္မဝင္စားဘဲ ပယ္ခ်သြားခဲ့သလို ဖာနန္ဒက္စ္ရဲ႕ နာက်င္အခ်ိန္ပို အေဝးကန္ခ်က္ကိုလည္း ေအာ့ဘ္လက္ခ္ ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဧည့္သည္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္းစစခ်င္းမွာ ဖာနန္ဒက္စ္ ေနာက္ေပါက္နဲ႔ ခ်ေပးတာကို အီလန္ဂါ တစ္ကိုယ္ေကာင္းဆန္ၿပီး လူမေပးဘဲ ကန္လို႔ အခြင့္အေရးေကာင္း ဆုံးရႈံးခဲ့ရသလို ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ မက္ဂြိဳင္းယား မအူမလည္နဲ႔ ေနာက္ျပန္ေပးခဲ့တာကို ဒေဟးယား ရွင္းထုတ္ရာကေန ဒီေပါလ္ ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမားတည့္တည့္ကို ေရာက္သြားခဲ့လို႔ ေနာက္ထပ္ဂိုးမေပးရဘဲ သက္သာခဲ့ရတာပါ။

စပါးစ္ကို ႏိုင္တဲ့ ပြဲတုန္းက ပါမလာဘဲ ဒီေန႔ပြဲမွ ျပန္ပါလာတဲ့ ကစားသမားေတြကေတာ့ ေရာ္နယ္လ္ဒိုကို ဒုကၡေပးၿမဲေပးဆဲျဖစ္ခဲ့သလို တီကိုနဲ႔ အၿမဲတမ္း ရလဒ္ေကာင္းတဲ့ ေပၚတူဂီသားႀကီးကေတာ့ ဂိုးသြင္းဖို႔ ခက္ေနခဲ့ၿပီး ေဘာလုံးသိပ္မရခဲ့သလို သူလိုခ်င္တဲ့ အေနအထားမ်ိဳးေတြကလည္း တိုက္ဆိုင္စြာပဲ ေပ်ာက္ဆုံးေနခဲ့ၿပီး ဖရီးကစ္က ေခါင္းတိုက္ဖို႔ကိုလည္း လြဲေခ်ာ္ခဲ့ရပါေသးတယ္။

ရန္းနစ္ခ္ကေတာ့ ကြင္းလယ္က မက္ေတာ္မီေနးအစား မာတစ္ခ်္၊ ဖာနန္ဒက္စ္အစား ေပါ့ဘာနဲ႔ ေတာင္ပံက အီလန္ဂါအစား ရက္ရွ္ဖို႔ဒ္တို႔ကို လဲကစားေပမယ့္ အလုပ္မျဖစ္ခဲ့တာေၾကာင့္ ဖရက္ဒ္အစား ဝါရင့္တိုက္စစ္မႉး ကာဗာနီကိုပါ ထပ္ထည့္ခဲ့ၿပီး စပါးစ္နဲ႔ပြဲကလို အေထာင္ႏွစ္ေယာက္နဲ႔ အလုပ္ျဖစ္ႏိုင္မလားလို႔ ေႂကြပစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ အဲလက္စ္ တဲလက္စ္ရဲ႕ ဖရီးကစ္ကေန ဗာ႐ြန္းရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ေရာ္နယ္လ္ဒိုရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ေတြကို အက္သလက္တီကိုဂိုးသမား ေအာ့ဘ္လက္ခ္က ႏွစ္ဆင့္ကာကြယ္သြားႏိုင္ခဲ့ၿပီး ယူႏိုက္တက္တို႔ တိုက္စစ္ဆင္ခဲ့ေပမယ့္ အေလအလြင့္ေတြ မ်ားလြန္းသလို ဧည့္သည္ေတြရဲ႕ တန္ျပန္တိုက္စစ္ေတြကေတာင္ ပိုရင္ခုန္ဖို႔ ေကာင္းခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာ မက္ဂြိဳင္းယားအစား မာတာကို လဲၿပီး တိုက္စစ္ထပ္ျမႇင့္ေပမယ့္ အလုပ္မျဖစ္ေတာ့သလို တီကိုတို႔ဘက္က ကိုကီ၊ ဂ်ာအို ဖဲလစၥနဲ႔ ဂရစ္ဇ္မန္းတို႔ ေနရာေတြမွာ ကြန္ေဒါ့ဘီယာ၊ ဖလိပီနဲ႔ အန္ဟဲလ္ ေကာ္ရီးယားတို႔ကို ထည့္ၿပီး ထိန္းကစားသြားခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ေခ်ပဂိုး မရွာေဖြႏိုင္ေတာ့ဘဲ အိမ္ကြင္းမွာ ႏွစ္ေက်ာ့ေပါင္းရလဒ္ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးၿပီး ခ်န္ပီယံလိဂ္က ထြက္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.