Premier League

လေ့ကျင့်ရေးမှာ ဆော်ပလော်တီးလွန်းတဲ့ အသင်းဖော်ကို လူသတ်သမားလို့ ကင်ပွန်းတပ်ခဲ့တဲ့ လာကာဇက်

အလက်ဇန်းဒါး လာကာဇက်ဟာ လေ့ကျင့်ရေးမှာ ဂါနာကွင်းလယ်ကြယ်ပွင့်ကြောင့် ဒဏ်ရာ ရရှိသွားခဲ့ပြီးနောက် အသင်းဖော် သောမတ်စ် ပါတေးကို လူသတ်သမားလို့ လူသိရှင်ကြား ကင်ပွန်းတပ်ခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ အာဆင်နယ်အတွက် ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အကောင်းဆုံးပုံစံ ပြသနေတဲ့ကစားသမားဖြစ်ပြီး ဂိုးမသွင်းယူနိုင်ပေမယ့်လည်း အာတီတာရဲ့ ကစားကွက်မှာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ပေးခဲ့တာဖြစ်ပါတယ်။ လာကာဇက်ဟာ အာဆင်နယ်အတွက် ယခုရာသီမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်သာ ပြုလုပ်ထားပေမယ့်လည်း ၎င်းရဲ့ တောင်ပံကစားသမားတွေနဲ့ ချိတ်ဆက်ကစားနိုင်စွမ်းက အာဆင်နယ်အသင်းကို အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်စေခဲ့တဲ့ အဓိကသော့ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေဟာ လာကာဇက်က အင်စတာဂရမ် စတိုရီမှာ ဒဏ်ရာဒဏ်ချက်တွေ ရထားတဲ့ ၎င်းရဲ့ ခြေချင်းဝတ်ပုံကို တင်ခဲ့ပြီးနောက် စိတ်လှုပ်ရှားခဲ့ကြမှာ ဖြစ်ပါတယ်။ လိုင်ယွန်တိုက်စစ်မှူးဟောင်းက ပုံနဲ့အတူ “တစ်လတာအကောင်းဆုံးကစားသမား၊ တစ်ရက်တာ လူသတ်သမား”ဆိုတဲ့ စာသားကို ရေးသားပြီး ပါတေးကို Tagged တွဲခဲ့တာဖြစ်ပါတယ်။ ဒုတိယပုံမှာ လာကာဇက်က ဖျက်ထုတ်မှုကြောင့် နာကျင်သွားတဲ့ ခြေထောက်ကို ကိုင်ထားပြီး မြက်ခင်းပေါ်မှာ ထိုင်နေတဲ့ ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

လာကာဇက်အနေနဲ့ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟောင်းရဲ့ လက်ချက်ကြောင့် ပိုမိုပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့တာလား ဒါမှမဟုတ် ပွန်းပဲ့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တာကို ပြသခဲ့တာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့မှာ လက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လာကာဇက်သာ ပါဝင်ကစားပေးနိုင်ခြင်းမရှိဘူးဆိုရင် အာတီတာအနေနဲ့ လူငယ်တိုက်စစ်မှူး နကီးတီးယားကို အမ်းမရိတ်စ်က ပွဲစဉ်အတွက် တိုက်စစ်ကို ဦးဆောင်ဖို့ အလှည့်ပေးကောင်း ပေးနိုင်ပါတယ်။

ဒါပေမယ့်လည်း လာကာဇက်ရဲ့နေရာမှာ အစားထိုးဖို့ဟာ အာဆင်နယ်အတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် စာရင်းထဲမှာ ကျိန်းသေပေါက်ပါဝင်နေမှာဖြစ်ပြီး အသက် ၃၀ အရွယ်တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ အမ်းမရိတ်စ်မှာ စာချုပ်သစ် ချုပ်ဆိုပြီး ဆက်နေဖို့ဟာ မဖြစ်နိုင်ဖို့ ပိုများတဲ့ပုံစံ စတင်ပေါ်နေပြီဖြစ်ပေမယ့်လည်း လာကာဇက်ရဲ့ ပုံစံကောင်း ပြသနေမှုကြောင့် အချို့က ငယ်ရွယ်သေးတဲ့ အာဆင်နယ်လူစာရင်းကို အတွေ့အကြုံတွေ မျှဝေပေးဖို့ အသက် ၃၀ အရွယ်တိုက်စစ်မှူးကို စာချုပ်သစ် ကမ်းလှမ်းဖို့ အရေးကြီးတယ်လို့ ယုံကြည်နေကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အလက္ဇန္းဒါး လာကာဇက္ဟာ ေလ့က်င့္ေရးမွာ ဂါနာကြင္းလယ္ၾကယ္ပြင့္ေၾကာင့္ ဒဏ္ရာ ရရွိသြားခဲ့ၿပီးေနာက္ အသင္းေဖာ္ ေသာမတ္စ္ ပါေတးကို လူသတ္သမားလို႔ လူသိရွင္ၾကား ကင္ပြန္းတပ္ခဲ့ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ အာဆင္နယ္အတြက္ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း အေကာင္းဆုံးပုံစံ ျပသေနတဲ့ကစားသမားျဖစ္ၿပီး ဂိုးမသြင္းယူနိုင္ေပမယ့္လည္း အာတီတာရဲ့ ကစားကြက္မွာ အေရးႀကီးတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္ေပးခဲ့တာျဖစ္ပါတယ္။ လာကာဇက္ဟာ အာဆင္နယ္အတြက္ ယခုရာသီမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္သာ ျပဳလုပ္ထားေပမယ့္လည္း ၎ရဲ့ ေတာင္ပံကစားသမားေတြနဲ႔ ခ်ိတ္ဆက္ကစားနိုင္စြမ္းက အာဆင္နယ္အသင္းကို အမွတ္ေပးဇယား အဆင့္ ၄ ေနရာအထိ တက္လွမ္းနိုင္ေစခဲ့တဲ့ အဓိကေသာ့ခ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ပရိသတ္ေတြဟာ လာကာဇက္က အင္စတာဂရမ္ စတိုရီမွာ ဒဏ္ရာဒဏ္ခ်က္ေတြ ရထားတဲ့ ၎ရဲ့ ေျခခ်င္းဝတ္ပုံကို တင္ခဲ့ၿပီးေနာက္ စိတ္လႈပ္ရွားခဲ့ၾကမွာ ျဖစ္ပါတယ္။ လိုင္ယြန္တိုက္စစ္မႉးေဟာင္းက ပုံနဲ႔အတူ “တစ္လတာအေကာင္းဆုံးကစားသမား၊ တစ္ရက္တာ လူသတ္သမား”ဆိုတဲ့ စာသားကို ေရးသားၿပီး ပါေတးကို Tagged တြဲခဲ့တာျဖစ္ပါတယ္။ ဒုတိယပုံမွာ လာကာဇက္က ဖ်က္ထုတ္မႈေၾကာင့္ နာက်င္သြားတဲ့ ေျခေထာက္ကို ကိုင္ထားၿပီး ျမက္ခင္းေပၚမွာ ထိုင္ေနတဲ့ ပုံကို တင္ခဲ့တာျဖစ္ပါတယ္။

လာကာဇက္အေနနဲ႔ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းရဲ့ လက္ခ်က္ေၾကာင့္ ပိုမိုျပင္းထန္တဲ့ ဒဏ္ရာ ရရွိခဲ့တာလား ဒါမွမဟုတ္ ပြန္းပဲ့ ဒဏ္ရာအနည္းငယ္သာ ရရွိခဲ့တာကို ျပသခဲ့တာလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ တနဂၤေႏြေန႔မွာ လက္စတာစီးတီးအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး လာကာဇက္သာ ပါဝင္ကစားေပးနိုင္ျခင္းမရွိဘူးဆိုရင္ အာတီတာအေနနဲ႔ လူငယ္တိုက္စစ္မႉး နကီးတီးယားကို အမ္းမရိတ္စ္က ပြဲစဥ္အတြက္ တိုက္စစ္ကို ဦးေဆာင္ဖို႔ အလွည့္ေပးေကာင္း ေပးနိုင္ပါတယ္။

ဒါေပမယ့္လည္း လာကာဇက္ရဲ့ေနရာမွာ အစားထိုးဖို႔ဟာ အာဆင္နယ္အတြက္ မျဖစ္မေနလုပ္ေဆာင္ရမယ့္ စာရင္းထဲမွာ က်ိန္းေသေပါက္ပါဝင္ေနမွာျဖစ္ၿပီး အသက္ ၃၀ အရြယ္တိုက္စစ္မႉးဟာ ယခုရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ အမ္းမရိတ္စ္မွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး ဆက္ေနဖို႔ဟာ မျဖစ္နိုင္ဖို႔ ပိုမ်ားတဲ့ပုံစံ စတင္ေပၚေနၿပီျဖစ္ေပမယ့္လည္း လာကာဇက္ရဲ့ ပုံစံေကာင္း ျပသေနမႈေၾကာင့္ အခ်ိဳ႕က ငယ္ရြယ္ေသးတဲ့ အာဆင္နယ္လူစာရင္းကို အေတြ႕အၾကဳံေတြ မၽွေဝေပးဖို႔ အသက္ ၃၀ အရြယ္တိုက္စစ္မႉးကို စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ အေရးႀကီးတယ္လို႔ ယုံၾကည္ေနၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.