Premier League

ယူကရိန်းကို အားပေးချင်ပေမယ့် တရုတ်က မကြိုက်ဘူးဆိုလို့ အားပေးတဲ့စာတမ်းဖြုတ်ပြီး ပြသမယ့် ပရီးမီးယားလိဂ်

ပြီးခဲ့တဲ့အပတ်က အင်္ဂလိပ်ထိပ်သီးပြိုင်ပွဲဟာ ယူကရိန်းအတွက် အားပေးထောက်ခံတဲ့ သတင်းစကားကို ပြသခဲ့တာကြောင့် သပိတ်မှောက်ခံရပြီးနောက်ပိုင်း ကြာသပတေးနေ့ညနေမှာ တရုတ်နိုင်ငံကို ပရီးမီးယားလိဂ် ရုပ်သံ ထုတ်လွှင့်ပြသမှုတွေ ပြန်လည်ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ပရီးမီးယားလိဂ်ရုပ်သံထုတ်လွှင့်ခွင့်ရထားတဲ့ iQiyi က ပြီးခဲ့တဲ့အပတ်မှာ ပရီးမီးယားလိဂ်က ရုပ်သံထုတ်လွှင့်မှုတွေထဲမှာ အပြင် ဘောလုံးကွင်းတိုင်းမှာ ယူကရိန်းအလံကို ပြသဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သပိတ်မှောက်တဲ့အနေနဲ့ တိုက်ရိုက် ရုပ်သံထုတ်လွှင့်မှုကို ရပ်ဆိုင်းထားခဲ့ပြီး တရုတ်အစိုးရကလည်း အဲဒီအပြုအမူဟာ နိုင်ငံရေးပါတဲ့ အမူအရာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ‘ယူကရိန်းအတွက် စည်းလုံးညီညွတ်မှု ပြသကြ’ဆိုတဲ့ စာတမ်းဟာ ကြာသပတေးနေ့(ယနေ့)မှာ ကစားမယ့် ပွဲစဉ် ၄ ပွဲစလုံးမှာ ဆက်လက်ပြသတော့မှာမဟုတ်ဘဲ လာမယ့် ၄ နှစ်အတွင်း ကလပ်အသင်းတွေကို ပေါင်သန်း ၁၂၀ တန်ကြေးရှိတဲ့ ရုပ်သံသဘောတူညီမှုကို မဆုံးရှုံးဖို့ ကယ်တင်နိုင်စေမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ရာသီတလျှောက်လုံး ပရဟိတနဲ့ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး လုပ်ဆောင်ချက် အများအပြားကို အားပေးထောက်ခံခဲ့ပြီးဖြစ်ပြီး ယခုအပတ်ပွဲစဉ် ပထမဆုံး ၂ ပွဲကို လူမျိုးရေးခွဲခြားမှုအတွက် နေရာမရှိ လှုံ့ဆော်ရေးအတွက် ပရိုမိုးရှင်းပြုလုပ်သွားမှာဖြစ်ပြီး ယခုရာသီအစောပိုင်း ၂ ပွဲတုန်းက စတုန်းဝေါလ်ရဲ့ Rainbow Laces လှုပ်ရှားမှုကို အားပေးထောက်ခံခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဟာ ယခုအပတ်အစောပိုင်းတုန်းက ယူကရိန်းပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးတဲ့အနေနဲ့ ပေါင် ၁ သန်းပေးလှူဖို့ ကတိပြုခဲ့ပြီး လာမယ့်ပွဲစဉ်တွေမှာ ယူကရိန်းနိုင်ငံအတွက် အားပေးထောက်ခံမှုပြသတာက တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုကို ခံခဲ့ရပြီး ရုပ်သံသဘောတူညီမှုကို ထိခိုက်မယ့် အလားအလာတွေ ဖြစ်ပေါ်စေကောင်း ဖြစ်ပေါ်စေနိုင်မှာဖြစ်ပါတယ်။

ကလပ်အသင်းတွေအနေနဲ့ ယူကရိန်းကို အားပေးထောက်ခံကြောင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လွတ်လပ်စွာ ဆက်လက်ပြသနိုင်မှာဖြစ်ပေမယ့် တစ်မိနစ် လက်ခုပ်တီးခြင်းနဲ့ ယူကရိန်းနိုင်ငံအလံ လက်ပတ်ဝတ်ဆင်မှုတွေအပါအဝင် လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ပူးပေါင်းချဉ်းကပ်မှုမျိုး ရှိမှာမဟုတ်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက လူဦးရေ ၁.၄ ဘီလီယံဆီကနေ ကြီးမားတဲ့ အကျိုးအမြတ်ရရှိနေပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေမှာ တရုတ်ဟာ ပရီးမီးယားလိဂ်အတွက် ရှုပ်ထွေးတဲ့ ရုပ်သံစျေးကွက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဆန်းနင်းအုပ်စု ပိုင်ဆိုင်ထားတဲ့ streaming ဝန်ထောင်မှုဖြစ်တဲ့ PPTV ဟာ ၂၀၁၉-၂၀၂၀ ရာသီအတွင်း ပေါင် ၁၅၇ သန်းတန်တဲ့ မူပိုင်ခွင့် ပေးချေမှု ၂ ခု လွဲချော်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဟာ ၂ ရာသီကျန်ရှိနေသေးတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး ငွေကြေးရရှိလိုမှုနဲ့ တရားရုံးမှာ ဥပဒေကြောင်းအရ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

အင်တာနက် အော်ပရေတာဖြစ်တဲ့ တန်းဆန့်က iQiyi Sports က ၂၀၂၁-၂၀၂၂ ကနေ ၄ နှစ်စာချုပ် မချုပ်ဆိုမီ ၂၀၂၀-၂၀၂၁ ရာသီကို ပြသခွင့် တစ်နှစ်သဘောတူစာချုပ်ကိုစျေးပေါပေါနဲ့ ရယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း iQiyi Sports နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ဟာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်းမှာ ပြဿနာတွေ ရှိနေခဲ့ပြီး ဖြစ်ပါတယ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ၿပီးခဲ့တဲ့အပတ္က အဂၤလိပ္ထိပ္သီးၿပိဳင္ပြဲဟာ ယူကရိန္းအတြက္ အားေပးေထာက္ခံတဲ့ သတင္းစကားကို ျပသခဲ့တာေၾကာင့္ သပိတ္ေမွာက္ခံရၿပီးေနာက္ပိုင္း ၾကာသပေတးေန႔ညေနမွာ တ႐ုတ္နိုင္ငံကို ပရီးမီးယားလိဂ္ ႐ုပ္သံ ထုတ္လႊင့္ျပသမႈေတြ ျပန္လည္ျပဳလုပ္သြားေတာ့မွာျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံက ပရီးမီးယားလိဂ္႐ုပ္သံထုတ္လႊင့္ခြင့္ရထားတဲ့ iQiyi က ၿပီးခဲ့တဲ့အပတ္မွာ ပရီးမီးယားလိဂ္က ႐ုပ္သံထုတ္လႊင့္မႈေတြထဲမွာ အျပင္ ေဘာလုံးကြင္းတိုင္းမွာ ယူကရိန္းအလံကို ျပသဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ သပိတ္ေမွာက္တဲ့အေနနဲ႔ တိုက္ရိုက္ ႐ုပ္သံထုတ္လႊင့္မႈကို ရပ္ဆိုင္းထားခဲ့ၿပီး တ႐ုတ္အစိုးရကလည္း အဲဒီအျပဳအမူဟာ နိုင္ငံေရးပါတဲ့ အမူအရာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ့ ‘ယူကရိန္းအတြက္ စည္းလုံးညီညြတ္မႈ ျပသၾက’ဆိုတဲ့ စာတမ္းဟာ ၾကာသပေတးေန႔(ယေန႔)မွာ ကစားမယ့္ ပြဲစဥ္ ၄ ပြဲစလုံးမွာ ဆက္လက္ျပသေတာ့မွာမဟုတ္ဘဲ လာမယ့္ ၄ ႏွစ္အတြင္း ကလပ္အသင္းေတြကို ေပါင္သန္း ၁၂၀ တန္ေၾကးရွိတဲ့ ႐ုပ္သံသေဘာတူညီမႈကို မဆုံးရႈံးဖို႔ ကယ္တင္နိုင္ေစမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ ရာသီတေလၽွာက္လုံး ပရဟိတနဲ႔ ခြဲျခားဆက္ဆံမႈ ဆန႔္က်င္ေရး လုပ္ေဆာင္ခ်က္ အမ်ားအျပားကို အားေပးေထာက္ခံခဲ့ၿပီးျဖစ္ၿပီး ယခုအပတ္ပြဲစဥ္ ပထမဆုံး ၂ ပြဲကို လူမ်ိဳးေရးခြဲျခားမႈအတြက္ ေနရာမရွိ လႈံ႔ေဆာ္ေရးအတြက္ ပရိုမိုးရွင္းျပဳလုပ္သြားမွာျဖစ္ၿပီး ယခုရာသီအေစာပိုင္း ၂ ပြဲတုန္းက စတုန္းေဝါလ္ရဲ့ Rainbow Laces လႈပ္ရွားမႈကို အားေပးေထာက္ခံခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြဟာ ယခုအပတ္အေစာပိုင္းတုန္းက ယူကရိန္းျပည္သူေတြကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးတဲ့အေနနဲ႔ ေပါင္ ၁ သန္းေပးလႉဖို႔ ကတိျပဳခဲ့ၿပီး လာမယ့္ပြဲစဥ္ေတြမွာ ယူကရိန္းနိုင္ငံအတြက္ အားေပးေထာက္ခံမႈျပသတာက တ႐ုတ္နိုင္ငံရဲ့ တုံ႔ျပန္မႈကို ခံခဲ့ရၿပီး ႐ုပ္သံသေဘာတူညီမႈကို ထိခိုက္မယ့္ အလားအလာေတြ ျဖစ္ေပၚေစေကာင္း ျဖစ္ေပၚေစနိုင္မွာျဖစ္ပါတယ္။

ကလပ္အသင္းေတြအေနနဲ႔ ယူကရိန္းကို အားေပးေထာက္ခံေၾကာင္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္ လြတ္လပ္စြာ ဆက္လက္ျပသနိုင္မွာျဖစ္ေပမယ့္ တစ္မိနစ္ လက္ခုပ္တီးျခင္းနဲ႔ ယူကရိန္းနိုင္ငံအလံ လက္ပတ္ဝတ္ဆင္မႈေတြအပါအဝင္ လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္း ပူးေပါင္းခ်ဥ္းကပ္မႈမ်ိဳး ရွိမွာမဟုတ္တာျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံက လူဦးေရ ၁.၄ ဘီလီယံဆီကေန ႀကီးမားတဲ့ အက်ိဳးအျမတ္ရရွိေနေပမယ့္လည္း ၿပီးခဲ့တဲ့ႏွစ္ေတြမွာ တ႐ုတ္ဟာ ပရီးမီးယားလိဂ္အတြက္ ရႈပ္ေထြးတဲ့ ႐ုပ္သံေစ်းကြက္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ဆန္းနင္းအုပ္စု ပိုင္ဆိုင္ထားတဲ့ streaming ဝန္ေထာင္မႈျဖစ္တဲ့ PPTV ဟာ ၂၀၁၉-၂၀၂၀ ရာသီအတြင္း ေပါင္ ၁၅၇ သန္းတန္တဲ့ မူပိုင္ခြင့္ ေပးေခ်မႈ ၂ ခု လြဲေခ်ာ္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ဟာ ၂ ရာသီက်န္ရွိေနေသးတဲ့ စာခ်ဳပ္ကို ဖ်က္သိမ္းၿပီး ေငြေၾကးရရွိလိုမႈနဲ႔ တရား႐ုံးမွာ ဥပေဒေၾကာင္းအရ ဦးတိုက္ေလၽွာက္ထားခဲ့ပါတယ္။

အင္တာနက္ ေအာ္ပေရတာျဖစ္တဲ့ တန္းဆန႔္က iQiyi Sports က ၂၀၂၁-၂၀၂၂ ကေန ၄ ႏွစ္စာခ်ဳပ္ မခ်ဳပ္ဆိုမီ ၂၀၂၀-၂၀၂၁ ရာသီကို ျပသခြင့္ တစ္ႏွစ္သေဘာတူစာခ်ဳပ္ကိုေစ်းေပါေပါနဲ႔ ရယူသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း iQiyi Sports နဲ႔ ခ်ဳပ္ဆိုထားတဲ့ သေဘာတူစာခ်ဳပ္ဟာ ႐ုရွားရဲ့ က်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ပိုင္းမွာ ျပႆနာေတြ ရွိေနခဲ့ၿပီး ျဖစ္ပါတယ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.