La Liga Ligue1 Match Report UCL&UEL

ဘန်ဇီးမားအစွမ်း အံ့မခန်းမှာ ရီးရဲလ်တို့ ဗိုလ်ဝင်ခံပြီး လက်မှိုင်ချခဲ့ရတဲ့ PSG

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ ဝါရင့်ကစားသမားတွေ ဦးဆောင်တဲ့ လူစာရင်းကိုပဲ ဒီနေ့မှာ ထုတ်သုံးခဲ့ပြီး ကူတွာ၊ ကာဗာဟယ်လ်၊ မီလီတို၊ အလာဘာ၊ နာချိုတို့ကို ခံစစ်မှာ ထားခဲ့သလို ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ မိုဒရစ်နဲ့ ဗယ်လ်ဗာဒီတို့ ပွဲထွက်ခဲ့ကြပြီး တိုက်စစ်မှာတော့ ဘန်ဇီးမား၊ အဆန်စီယိုနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့ ကစားလာခဲ့ကြပါတယ်။

ပီအက်စ်ဂျီကတော့ အဝေးဂိုးမရှိတော့တဲ့ ခေတ်မှာ ရီးရဲလ်ကို ဒဲ့ဖြည်ဖို့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကို အင်အားပြည့် ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာတော့ ဗာရက်တီ၊ ပါရေးဒက်စ်နဲ့ ပါရဲရားတို့ကို စိတ်ချရဖို့ ခင်းကျင်းခဲ့ချိန်မှာ ခံစစ်ကိုတော့ မားကင်ညို့စ်၊ ကင်ပမ်ဘီ၊ ဟာကီမီ၊ နူနို မန်ဒက်စ်နဲ့ ဂိုးသမား ဒွန်နာရမ်မာတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

ကစားသမားအင်အားနဲ့ စုဖွဲ့မှုမှာ ပီအက်စ်ဂျီကတောင် ပိုသာသလိုရှိခဲ့ပြီး ရီးရဲလ်ရဲ့ ဘယ်နောက်ခံမှာ ကစားတဲ့ နာချိုဟာ အတွင်းမှာပဲ ကစားတဲ့ မက်ဆီကြောင့် ကောင်းကောင်းလည်း မထိန်းလိုက်ရသလို အလုပ်လည်း မဖြစ်ခဲ့ဘဲ ဘယ်အတွင်းလူ အလာဘာက Overlap တက်လုပ်ရတဲ့အထိ သူ့ရဲ့ ကစားဟန်က ဆိုးရွားနေခဲ့ပြီး ပီအက်စ်ဂျီတို့က ပွဲကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့တာပါ။

ရီးရဲလ်တို့ရဲ့ နိုင်ပွဲရနိုင်ဖို့ ဗီနီးရှပ်စ်ရဲ့ အလိမ်အခေါက်တွေနဲ့ ပီအက်စ်ဂျီကို ဖိအားပေးနိုင်ခဲ့ပေမယ့် မက်ဆီရဲ့ မွှေနှောက်မှု၊ နေမာရဲ့ တိုးအား၊ အမ်ဘာပေရဲ့ မြန်နှုန်းမြင့် ထိုးဖောက်မှုတွေနဲ့ ဧည့်သည်တွေက တုံ့ပြန်နေခဲ့ပြီး အိမ်ရှင်ဘက်ကတော့ အဆန်စီယို၊ ကရူးစ်နဲ့ ကာဗာဟယ်လ်တို့ရဲ့ ညာခြမ်းက ခြေစွမ်းမပြနိုင်တာကြောင့် ဂိုးရဖို့ လမ်းကြောင်းတွေ မပွင့်ဘဲဖြစ်နေခဲ့ပါတယ်။

ပီအက်စ်ဂျီခံစစ်မှာ ကင်ပမ်ဘီက ခြေမငြိမ်ရတဲ့ကြားထဲ အသင်းခေါင်းဆောင် မားကင်ညို့စ်ရဲ့ ကစားပုံက မသပ်ရပ်ခဲ့တဲ့အတွက် လိုအပ်တာထက်ပိုပြီး ရုန်းကန်နေခဲ့ရချိန်မှာ ပွဲချိန် ၃၄ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ အမ်ဘာပေ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဖန်တီးပေးတဲ့ နူနို မန်ဒက်စ် လူကျွံနေခဲ့တာကြောင့် အိမ်ရှင်တွေ သက်သာခွင့်ရခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာတော့ အိမ်ရှင်နောက်တန်းကို မကြာခဏ ထိုးနှက်နေတဲ့ အမ်ဘာပေကပဲ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ရီးရဲလ်တို့ မပေးသင့်တဲ့ နေရာကို ဘောလုံးပေးပြီး ပျက်ရာကနေ နေမာ ပြန်ရသွားပြီး ခံစစ်ကို ကျော်ပြီး ကောင်တာစတင်ခဲ့ရာမှာ ပြင်သစ်ကြယ်ပွင့်က တောက်လျှောက်ပြေးဝင်ပြီး ဂိုးသမား ကူတွာကို အနိုင်ယူသွားခဲ့လို့ ပထမပိုင်းမှာ ပီအက်စ်ဂျီတို့ နှစ်ကျော့ပေါင်း နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပီအက်စ်ဂျီတို့ ဘောလုံးပိုကိုင်ကစားနိုင်ခဲ့ပေမယ့် မက်ဆီနဲ့ နေမာတို့ အလုပ်မဖြစ်သလို အမ်ဘာပေ တစ်ဦးကောင်းနဲ့ ကစားနေတဲ့ အသင်းပဲဖြစ်နေခဲ့တာကြောင့် သူ့ရဲ့ ပွဲချိန် ၅၄ မိနစ် သွင်းဂိုးကို လူကျွံဘော သတ်မှတ်ခံလိုက်ရအပြီးမှာ ရီးရဲလ်ဘက်က ကရူးစ်နဲ့ အဆန်စီယိုအစား ကာမာဗင်ဂါနဲ့ ရိုဒရီဂိုတို့ကို ထည့်ပြီး တိုက်စစ်မြှင့်တင်လာခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ ပေါ့ဆမှုကနေ ဘန်ဇီးမားက ဘောလုံးဝင်လုနိုင်ခဲ့လို့ ပျက်ထွက်လာခဲ့တာကို ဘယ်ခြမ်းက ဗီနီးရှပ်စ်က လိုက်လံရယူပြီး ဂိုးရှေ့ကို ပြန်ချိုးပေးရာမှာ မားကင်ညို့တစ်ယောက်တည်း ကာကွယ်ဖို့ မတတ်နိုင်ခဲ့တာကြောင့် ဘန်ဇီးမားကပဲ အေးအေးဆေးဆေး ပိတ်သွင်းပြီး တစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ကာမာဗင်ဂါနဲ့ ရိုဒရီဂိုတို့ ဝင်လာကတည်းက မိုဒရစ်ရဲ့ ကစားပေါက်က တော်တော်လေး ချောင်သွားခဲ့ပြီး ဖန်တီးမှုနဲ့ ဘောလုံးဆွဲပြေးမှုတွေ ပိုမိုလုပ်ဆောင်နိုင်ခဲ့သလို ပွဲချိန် ၆၆ မိနစ်မှာတော့ အန်ဆယ်လော့တီရဲ့ ကာဗာဟယ်လ်အစား လူးကပ်စ် ဗက်ဇ်ကေးဇ်ကို ထည့်လိုက်တာက ရီးရဲလ်တိုက်စစ်ကို အင်အားပိုကောင်းလာစေခဲ့ပြီး ပီအက်စ်ဂျီတို့ကတော့ ပါရေးဒက်စ်အစား ဂေးယီကို ထည့်ပြီး ထိန်းကစားဖို့ ကြိုးစားခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ နှစ်ကျော့ပေါင်း သရေကျစေမယ့်ဂိုးကို ဆက်တိုက်ဖိကစားနေတဲ့ ရီးရဲလ်တို့ ထပ်မံသွင်းယူနိုင်ခဲ့ပြီး နေမာရဲ့ မက်ဆီ,ဆီ ကရော်ကမယ် ဘောလုံးပေးပို့မှုကို မိုဒရစ်က ဖြတ်ယူဆွဲပြေးပြီး တန်ပြန်တိုက်စစ်ဆင်ခဲ့ရာမှာ ဧရိယာထိပ်ကနေ ပီအက်စ်ဂျီတို့ရဲ့ ကလေးကွက်သာသာ လူကျွံထောင်ချောက်ကို ဖြတ်ထွက်သွားခဲ့တဲ့ ဘန်ဇီးမားက အနီးကပ်ကန်သွင်းပြီး ဘာနေဗျူးမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ ပွဲအပေါ် ဖတ်ရှုနိုင်မှုနဲ့ တုံ့ပြန်မှုကတော့ ထိပ်တန်းနည်းပြအဆင့်မှာ ရှိမနေတာကို တွေ့ရပြီး ဒီမာရီယာကို ဒါနီလို ပါရဲရားအစား ထည့်လိုက်ပေမယ့် လုံးဝအကျိုးမပြုနိုင်ခဲ့သလို နှစ်မိနစ်အကြာ ပွဲချိန် ၇၈ မိနစ်မှာတော့ ဗီနီးရှပ်စ်ဆီက ဘောလုံးလုပြီး အတွင်းကို ပြန်ပေးဖို့ ကြိုးစားတဲ့ ပီအက်စ်ဂျီကပ္ပတိန် မားကင်ညို့စ်ရဲ့ အမှားကို ဘန်ဇီးမားက ထိန်းတောင်မနေဘဲ အမြန်ကန်သွင်းခဲ့ရာမှာ ရီးရဲလ်တို့ တတိယဂိုး ရရှိသွားခဲ့ပါတယ်။

ဘန်ဇီးမားရဲ့ ဟက်ထရစ်ကြောင့် ရီးရဲလ်တို့ နောက်ကနေ ပြန်လည်ဦးဆောင်နိုင်ခဲ့ချိန်မှာ ပီအက်စ်ဂျီဘက်ကတော့ ဟာကီမီအစား ဒရက်ဆလာကို ထည့်တာကလွဲလို့ ဗျူဟာမြောက် ပြောင်းလဲမှု မလုပ်နိုင်ခဲ့သလို အီကာဒီလို ကစားသမားမျိုးကို ထည့်ပြီး တွန်းတိုက်ကြိုးစားရမယ့်အစား အိုင်ဒီယာနည်းခဲ့တာကြောင့် ဘာနေဗျူးမှာ လက်မြှောက်အရှုံးပေးလိုက်ရတာပဲဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-နှစ်ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ပီအက်စ်ဂျီတို့ကတော့ ချန်ပီယံလိဂ်မှာ နာမည်ကြီး ထမင်းငတ်ဖြစ်နေခဲ့သလို မက်ဆီ၊ နေမာ၊ အမ်ဘာပေ၊ ဒွန်နာရမ်မာ၊ ဟာကီမီတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားလျက်သားနဲ့ စောစောစီးစီး ပြိုင်ပွဲက ထွက်ခဲ့ရတာကတော့ ရှုံးချက်ကယ် နာလွန်းခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဝါရင့္ကစားသမားေတြ ဦးေဆာင္တဲ့ လူစာရင္းကိုပဲ ဒီေန႔မွာ ထုတ္သုံးခဲ့ၿပီး ကူတြာ၊ ကာဗာဟယ္လ္၊ မီလီတို၊ အလာဘာ၊ နာခ်ိဳတို႔ကို ခံစစ္မွာ ထားခဲ့သလို ကြင္းလယ္မွာေတာ့ တိုနီ ခ႐ူးစ္၊ မိုဒရစ္နဲ႔ ဗယ္လ္ဗာဒီတို႔ ပြဲထြက္ခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဘန္ဇီးမား၊ အဆန္စီယိုနဲ႔ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔ ကစားလာခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီကေတာ့ အေဝးဂိုးမရွိေတာ့တဲ့ ေခတ္မွာ ရီးရဲလ္ကို ဒဲ့ျဖည္ဖို႔ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ကို အင္အားျပည့္ ထုတ္သုံးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗာရက္တီ၊ ပါေရးဒက္စ္နဲ႔ ပါရဲရားတို႔ကို စိတ္ခ်ရဖို႔ ခင္းက်င္းခဲ့ခ်ိန္မွာ ခံစစ္ကိုေတာ့ မားကင္ညိဳ႕စ္၊ ကင္ပမ္ဘီ၊ ဟာကီမီ၊ ႏူႏို မန္ဒက္စ္နဲ႔ ဂိုးသမား ဒြန္နာရမ္မာတို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

ကစားသမားအင္အားနဲ႔ စုဖြဲ႕မႈမွာ ပီအက္စ္ဂ်ီကေတာင္ ပိုသာသလိုရွိခဲ့ၿပီး ရီးရဲလ္ရဲ႕ ဘယ္ေနာက္ခံမွာ ကစားတဲ့ နာခ်ိဳဟာ အတြင္းမွာပဲ ကစားတဲ့ မက္ဆီေၾကာင့္ ေကာင္းေကာင္းလည္း မထိန္းလိုက္ရသလို အလုပ္လည္း မျဖစ္ခဲ့ဘဲ ဘယ္အတြင္းလူ အလာဘာက Overlap တက္လုပ္ရတဲ့အထိ သူ႔ရဲ႕ ကစားဟန္က ဆိုး႐ြားေနခဲ့ၿပီး ပီအက္စ္ဂ်ီတို႔က ပြဲကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ႏိုင္ခဲ့တာပါ။

ရီးရဲလ္တို႔ရဲ႕ ႏိုင္ပြဲရႏိုင္ဖို႔ ဗီနီးရွပ္စ္ရဲ႕ အလိမ္အေခါက္ေတြနဲ႔ ပီအက္စ္ဂ်ီကို ဖိအားေပးႏိုင္ခဲ့ေပမယ့္ မက္ဆီရဲ႕ ေမႊေႏွာက္မႈ၊ ေနမာရဲ႕ တိုးအား၊ အမ္ဘာေပရဲ႕ ျမန္ႏႈန္းျမင့္ ထိုးေဖာက္မႈေတြနဲ႔ ဧည့္သည္ေတြက တုံ႔ျပန္ေနခဲ့ၿပီး အိမ္ရွင္ဘက္ကေတာ့ အဆန္စီယို၊ က႐ူးစ္နဲ႔ ကာဗာဟယ္လ္တို႔ရဲ႕ ညာျခမ္းက ေျခစြမ္းမျပႏိုင္တာေၾကာင့္ ဂိုးရဖို႔ လမ္းေၾကာင္းေတြ မပြင့္ဘဲျဖစ္ေနခဲ့ပါတယ္။

ပီအက္စ္ဂ်ီခံစစ္မွာ ကင္ပမ္ဘီက ေျခမၿငိမ္ရတဲ့ၾကားထဲ အသင္းေခါင္းေဆာင္ မားကင္ညိဳ႕စ္ရဲ႕ ကစားပုံက မသပ္ရပ္ခဲ့တဲ့အတြက္ လိုအပ္တာထက္ပိုၿပီး ႐ုန္းကန္ေနခဲ့ရခ်ိန္မွာ ပြဲခ်ိန္ ၃၄ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန အမ္ဘာေပ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဖန္တီးေပးတဲ့ ႏူႏို မန္ဒက္စ္ လူကြၽံေနခဲ့တာေၾကာင့္ အိမ္ရွင္ေတြ သက္သာခြင့္ရခဲ့တာပါ။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အိမ္ရွင္ေနာက္တန္းကို မၾကာခဏ ထိုးႏွက္ေနတဲ့ အမ္ဘာေပကပဲ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ရီးရဲလ္တို႔ မေပးသင့္တဲ့ ေနရာကို ေဘာလုံးေပးၿပီး ပ်က္ရာကေန ေနမာ ျပန္ရသြားၿပီး ခံစစ္ကို ေက်ာ္ၿပီး ေကာင္တာစတင္ခဲ့ရာမွာ ျပင္သစ္ၾကယ္ပြင့္က ေတာက္ေလွ်ာက္ေျပးဝင္ၿပီး ဂိုးသမား ကူတြာကို အႏိုင္ယူသြားခဲ့လို႔ ပထမပိုင္းမွာ ပီအက္စ္ဂ်ီတို႔ ႏွစ္ေက်ာ့ေပါင္း ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ပီအက္စ္ဂ်ီတို႔ ေဘာလုံးပိုကိုင္ကစားႏိုင္ခဲ့ေပမယ့္ မက္ဆီနဲ႔ ေနမာတို႔ အလုပ္မျဖစ္သလို အမ္ဘာေပ တစ္ဦးေကာင္းနဲ႔ ကစားေနတဲ့ အသင္းပဲျဖစ္ေနခဲ့တာေၾကာင့္ သူ႔ရဲ႕ ပြဲခ်ိန္ ၅၄ မိနစ္ သြင္းဂိုးကို လူကြၽံေဘာ သတ္မွတ္ခံလိုက္ရအၿပီးမွာ ရီးရဲလ္ဘက္က က႐ူးစ္နဲ႔ အဆန္စီယိုအစား ကာမာဗင္ဂါနဲ႔ ႐ိုဒရီဂိုတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္တင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီဂိုးသမား ဒြန္နာရမ္မာရဲ႕ ကိုယ့္ကိုယ္ကို အထင္ႀကီးတဲ့ ေပါ့ဆမႈကေန ဘန္ဇီးမားက ေဘာလုံးဝင္လုႏိုင္ခဲ့လို႔ ပ်က္ထြက္လာခဲ့တာကို ဘယ္ျခမ္းက ဗီနီးရွပ္စ္က လိုက္လံရယူၿပီး ဂိုးေရွ႕ကို ျပန္ခ်ိဳးေပးရာမွာ မားကင္ညိဳ႕တစ္ေယာက္တည္း ကာကြယ္ဖို႔ မတတ္ႏိုင္ခဲ့တာေၾကာင့္ ဘန္ဇီးမားကပဲ ေအးေအးေဆးေဆး ပိတ္သြင္းၿပီး တစ္ဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။

ကာမာဗင္ဂါနဲ႔ ႐ိုဒရီဂိုတို႔ ဝင္လာကတည္းက မိုဒရစ္ရဲ႕ ကစားေပါက္က ေတာ္ေတာ္ေလး ေခ်ာင္သြားခဲ့ၿပီး ဖန္တီးမႈနဲ႔ ေဘာလုံးဆြဲေျပးမႈေတြ ပိုမိုလုပ္ေဆာင္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ အန္ဆယ္ေလာ့တီရဲ႕ ကာဗာဟယ္လ္အစား လူးကပ္စ္ ဗက္ဇ္ေကးဇ္ကို ထည့္လိုက္တာက ရီးရဲလ္တိုက္စစ္ကို အင္အားပိုေကာင္းလာေစခဲ့ၿပီး ပီအက္စ္ဂ်ီတို႔ကေတာ့ ပါေရးဒက္စ္အစား ေဂးယီကို ထည့္ၿပီး ထိန္းကစားဖို႔ ႀကိဳးစားခဲ့တာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ႏွစ္ေက်ာ့ေပါင္း သေရက်ေစမယ့္ဂိုးကို ဆက္တိုက္ဖိကစားေနတဲ့ ရီးရဲလ္တို႔ ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ေနမာရဲ႕ မက္ဆီ,ဆီ ကေရာ္ကမယ္ ေဘာလုံးေပးပို႔မႈကို မိုဒရစ္က ျဖတ္ယူဆြဲေျပးၿပီး တန္ျပန္တိုက္စစ္ဆင္ခဲ့ရာမွာ ဧရိယာထိပ္ကေန ပီအက္စ္ဂ်ီတို႔ရဲ႕ ကေလးကြက္သာသာ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ထြက္သြားခဲ့တဲ့ ဘန္ဇီးမားက အနီးကပ္ကန္သြင္းၿပီး ဘာေနဗ်ဴးမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပိုခ်က္တီႏိုရဲ႕ ပြဲအေပၚ ဖတ္ရႈႏိုင္မႈနဲ႔ တုံ႔ျပန္မႈကေတာ့ ထိပ္တန္းနည္းျပအဆင့္မွာ ရွိမေနတာကို ေတြ႕ရၿပီး ဒီမာရီယာကို ဒါနီလို ပါရဲရားအစား ထည့္လိုက္ေပမယ့္ လုံးဝအက်ိဳးမျပဳႏိုင္ခဲ့သလို ႏွစ္မိနစ္အၾကာ ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဗီနီးရွပ္စ္ဆီက ေဘာလုံးလုၿပီး အတြင္းကို ျပန္ေပးဖို႔ ႀကိဳးစားတဲ့ ပီအက္စ္ဂ်ီကပၸတိန္ မားကင္ညိဳ႕စ္ရဲ႕ အမွားကို ဘန္ဇီးမားက ထိန္းေတာင္မေနဘဲ အျမန္ကန္သြင္းခဲ့ရာမွာ ရီးရဲလ္တို႔ တတိယဂိုး ရရွိသြားခဲ့ပါတယ္။

ဘန္ဇီးမားရဲ႕ ဟက္ထရစ္ေၾကာင့္ ရီးရဲလ္တို႔ ေနာက္ကေန ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ခ်ိန္မွာ ပီအက္စ္ဂ်ီဘက္ကေတာ့ ဟာကီမီအစား ဒရက္ဆလာကို ထည့္တာကလြဲလို႔ ဗ်ဴဟာေျမာက္ ေျပာင္းလဲမႈ မလုပ္ႏိုင္ခဲ့သလို အီကာဒီလို ကစားသမားမ်ိဳးကို ထည့္ၿပီး တြန္းတိုက္ႀကိဳးစားရမယ့္အစား အိုင္ဒီယာနည္းခဲ့တာေၾကာင့္ ဘာေနဗ်ဴးမွာ လက္ေျမႇာက္အရႈံးေပးလိုက္ရတာပဲျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ ႏွစ္ေက်ာ့ေပါင္းရလဒ္ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ကြာတားဖိုင္နယ္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီး ပီအက္စ္ဂ်ီတို႔ကေတာ့ ခ်န္ပီယံလိဂ္မွာ နာမည္ႀကီး ထမင္းငတ္ျဖစ္ေနခဲ့သလို မက္ဆီ၊ ေနမာ၊ အမ္ဘာေပ၊ ဒြန္နာရမ္မာ၊ ဟာကီမီတို႔လို ကစားသမားေတြကို ပိုင္ဆိုင္ထားလ်က္သားနဲ႔ ေစာေစာစီးစီး ၿပိဳင္ပြဲက ထြက္ခဲ့ရတာကေတာ့ ရႈံးခ်က္ကယ္ နာလြန္းခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.